← Chapters

A Good Wife and Mother (2)

Vol. 7 Ch. 101

A Good Wife and Mother (2)

Vol. 7 Ch. 101

လုလီသည် ချီချန်းရန် ကိုယ်ပေါ်သို့ စောင်အပါးတစ်ထည် ဖုံးအုပ်ပေးလိုက်ပြီးနောက် သေချာစွာ နေရာချပေးလိုက်သည်။ ဤညတွင် သူ အေးနေမည်မဟုတ်ကြောင်း သေချာစစ်ဆေးပြီးမှ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လိုက်သည်။

သူမ ထွက်သွားရန် ပြင်လိုက်စဥ် ချီချန်းရန်၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်ကို မြင်လိုက်ရသည်။

လုလီ ထိတ်လန့်သွားပြီး "ကျွန်မ ရှင့်ကို စောင်ခြုံပေးနေတာပါ"

သူမသည် ချီချန်းရန်၏စူးရှသော မျက်ဝန်းများနှင့် အကြည့်ချင်းစုံရင်း "ရှင် နိုးပြီလား...အိပ်ရာထဲ ဝင်အိပ်ပါလား?" ဟု သတိထားပြီး မေးလိုက်သည်။

ချီချန်းရန်သည် မည်သည့်တုံ့ပြန်မှုမှ မပြပဲ မျက်တောင်မခတ် သူမကိုသာ ငေးကြည့်နေသည်။

လုလီသည် ချီချန်းရန် သူမအား လှည့်စားနေလေသလားဟု သံသယဝင်ကာ သတိထားပြီး သူမလက်ကို ဆန့်ထုတ်ကာ သူမျက်လုံးရှေ့တွင် လှုပ်ယမ်းကြည့်လိုက်သည်။

ထိုစဥ် ချီချန်းရန်သည် သူမ၏လှုပ်ရှားနေသော လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

လုလီ ကြောင်နေချိန်တွင် ထိုအမျိုးသားသည် အားသုံးကာ သူမအား ရှေ့သို့ဆွဲယူလိုက်ရာ သူမတစ်ကိုယ်လုံး သူ၏ရင်ခွင်ထဲသို့ ပစ်ဝင်သွားသည်။

လုလီသည် ချီချန်းရန်၏တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခြင်းကို ခံလိုက်ရပြီး သူမမျက်နှာသည် သူ၏ရင်ခွင်ထဲတွင် နစ်မြုပ်နေကာ သူ၏အဝတ်အစားမှ ပြင်းရှသောအရက်နံ့များကို ရှူမိလိုက်သည်။

သူမ ထိုအနံကို မနှစ်သက်ချေ။

သူမ ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး ရုန်းထွက်ရန် ကြိုးစားလိုက်သည် "ချီချန်းရန်... လွှတ်ပါ..."

"ရှင့်ကိုယ်က အရက်နံက နံစော်နေတာပဲ"

"ဘယ်လောက်တောင် သောက်လာတာလဲ?"

…

"နားငြီးတယ်..!'

ပြန်ရောက်ကတည်းက တိတ်ဆိတ်နေခဲ့သော ထိုအမျိုးသားသည် ရုတ်တရက် သူမစကားများကို ဖြတ်တောက်လိုက်သည်။

လုလီ အံ့အားသင့်သွားသည်။

သူဘာပြောလဲ?

နားငြီးတယ်လို့ ပြောလိုက်တာလား?

သူမအား အဘယ်ကြောင့် ထိုသို့ ပေါ့ပေါ့တန်တန် "နားငြီးတယ်" သည်ဟု ပြောရက်ရသနည်း?

လုလီသည် ချီချန်းရန်အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီး သူမ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဥ် ရုတ်တရက် သူမနှုတ်ခမ်းကို ပိတ်ဆို့ခြင်းခံလိုက်ရသည်။

ချီချန်းရန်သည် သူ့လက်ဖဝါးအား လုလီ၏ခေါင်းနောက်ဘက်တွင် ဖိကပ်လျက် သူမနှုတ်ခမ်းကို စုပ်ယူလိုက်သည်။

"အိုး…”

သူ၏လျှာသည် သူမနှုတ်ခမ်းကြားသို့ ဝင်ရောက်လာခဲ့သည်။

လုလီသည် အရက်နံ့ကြောင့် ဤနမ်းရှုံ့မှုကို မနှစ်သက်ပဲ နဖူးတွန့်လိုက်ပြီး သူ့နှုတ်ခမ်းကို ကိုက်ချင်သော်လည်း ကိုယ့်ကိုကိုယ် စိတ်ထိန်းလိုက်သည်။

ချီချန်းရန်သည် မိသားစုအတွက် အလုပ်ကြိုးစားနေရသည့်ကို နားလည်ပေးရန် သူကိုယ်သူ နှစ်သိမ့်လိုက်သည်။

အရက်မူးနေသော ချီချန်းရန်၏နမ်းရှုံ့မှုသည် ယခင်ကထက် ပိုမိုကြမ်းတမ်းနေပြီး နက်ရှိုင်းလွန်းကာ ယခင်ကကဲ့သို့ နူးညံ့မှုလည်းမရှိ။

လုလီ လှုပ်ရှား၍မရပဲ အချိန်အတော်ကြာ နမ်းရှုံ့ပြီးမှ သူမကို လွှတ်ပေးခဲ့သည်။

သူ့ လက်မှလွှတ်လာသည်နှင့် အသက်ရှုရန် မအောင့်နိုင်တော့ဘဲ လေကိုပြင်းပြင်းရှူထုတ်လိုက်ပြီး မကျေမနပ်ဖြင့် ချီချန်းရန်၏ အေးစက်သောမျက်နှာကို ကြည့်လိုက်သည်။

သူမသည် မူလက သူ့အား စာရင်းရှင်းရန် စိတ်ကူးထားသော်လည်း၊ ရုတ်တရက် သူ၏အခွင့်အရေးယူမှုကို ခံလိုက်ရသည်။

အကယ်၍ ထိုအမျိုးသားသည် သူမ ယာယီစိတ်ရှုပ်ထွေးနေချိန်အတွင်း ကောင်းမွန်စွာဆက်ဆံခဲ့ခြင်း မဟုတ်ပါက ယခုအချိန်တွင် သူမ ဤမျှ သည်းခံနေမည် မဟုတ်ပေ။

နမ်းရှုံ့မှုအပြီးတွင် ချီချန်းရန်၏ ဆုပ်ကိုင်ထားသော လက်များ ပြေလျော့သွားသည်။

လုလီ မတ်တတ်ရပ်လိုက်ပြီး ဆိုဖာပေါ်တွင် ပက်လက်အနေထားဖြင့် ရှိနေသော ချီချန်းရန်အား မျက်နှာမူကာ "ထ"ဟု ပြောလိုက်သည်။

လုလီသည် သူ၏လက်တစ်ဖက်ကိုဆွဲကာ "အိပ်ခန်းထဲသွားအိပ်"

ချီချန်းရန် မလှုပ်ပေ။

လုလီ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

သူမသည် သူ့အား စောင်ကို သေချာဖုံးအုပ်ပေးလိုက်ပြီးနောက်- "ဒါဆို ရှင်ဒီမှာအိပ်လိုက်တော့၊ အအေးမိမှ ကျွန်မကို အပြစ်မတင်နဲ့"

သူမျက်လုံးများကို မှိတ်လိုက်သည်။

လုလီ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် ဆိုဖာပေါ်ရှိ ချီချန်းရန်အား ပြန်လှည့်ကြည်ကာ နောက်ဆုံးတွင် သူမ၏စိတ်ကိုလက်ခံလိုက်ရတော့သည်။

သူမသည် ချီချန်းရန်၏လက်အား ထပ်မံဆုပ်ကိုင်လိုက်ပြီး- "လာ၊ အိပ်ခန်းထဲမှာ သွားအိပ်ရအောင်"

"ဒီဆိုဖာပေါ်မှာ အိပ်ရင် သက်တောင့်သက်သာ မရှိဘူး"

ချီချန်းရန် မျက်လုံးများပွင့်လာသည်။

လုလီ သူ့လက်မောင်းကို ဆွဲတင်လိုက်သည်။

ထိုအမျိုးသားသည် စိတ်ရှုပ်သွားပုံရပြီး နောက်ဆုံးတွင် မတ်တပ်ရပ်လိုက်သည်။

လုလီ ဘေးမှ ဟန်ချက်ထိန်းလိုက်ပြီး သူ့အား အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနောက် သူ့အား အိပ်ရာပေါ်ချပေးလိုက်ပြီး အပေါ်အင်္ကျီချွတ်ပေးကာ၊ စိုစွတ်သော အဝတ်စဖြင့် လက်နှင့်မျက်နှာကို သုတ်ပေးပြီးနောက်၊ စောင်သေချာခြုံပေးလိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လုလီသည် မာရသွန်ပြေးထားသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည်ကို သတိထားမိလိုက်သည်။

သူမ အိပ်ရာပေါ်တွင် အိပ်ပျော်နေဟန်ရှိသော ချီချန်းရန်အား ကြည့်ရင်း ရုတ်တရက် လက်မခံနိုင်သောအရာကို ခံစားလိုက်ရသည်။

သူမသည် ဇနီးကောင်းတစ်ယောက် ဖြစ်ကြောင်းကို သူမကိုယ်တိုင် သတိထားမိလိုက်သည်။

ချမ်းသာသောမိသားစုမှ ဆင်းသက်လာသူတစ်ဦးတွင်၊ ဤကဲ့သို့ အိမ်ရှင်မတစ်ဦး၏ စရိုက်လက္ခဏာများ ရှိနေသည်မှာ အံ့ဩစရာပင် ဖြစ်သည်။

ကိုယ့်ကိုကိုယ်ပင် မသိလိုက်ပဲ သူမ၏ကိုယ်ပိုင်အပြုအမူနှင့် အတွေးများကြောင့် စိတ်လှုပ်ရှားခဲ့ရသည်။

ချီချန်းရန် ရှင် အရင်ဘဝက ဘယ်လို သီလကောင်းတွေ လုပ်ခဲ့လို့ ကျွန်မလို မိန်းမကောင်းတစ်ယောက်နဲ့ လက်ထပ်ခွင့်ရခဲ့တာလဲ?

လုလီသည် လက်ထပ်စဉ်က အချိန်များကို ရုတ်တရက် သတိရသွားသည်။

ချီချန်းရန်သည် သူမနှင့် မကြာခဏ အိပ်လေ့မရှိဘဲ၊ အတူအိပ်သည့်အခါတွင်လည်း လုပ်ငန်းစဉ်ပြီးဆုံးသည်နှင့် သူ၏ကိုယ်ပိုင်ခန်းသို့ ပြန်သွားလေ့ရှိသည်။

သူမသည် ဟန်ဆောင်ကောင်းသူမဟုတ်ပေ။ သူမသည် ချီချန်းရန်ထက် အသက်ငယ်သော်လည်း ဤသည်မှာ မိသားစုနှစ်စု၏ အကျိုးတူ စီးပွားရေးအိမ်ထောင်တစ်ခုသာ ဖြစ်ကြောင်း နားလည်လောက်အောင် ရင့်ကျက်ပြီးဖြစ်သည်။ စိတ်ခံစားမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို လုံးလုံးလျားလျား ခွဲခြားနိုင်ရမည်ကို သူမ သိသည်။ ၎င်းတို့ ပြီးဆုံးသွားသည့် အခါတိုင်း သူမမျက်နှာနီရဲနေတတ်သည်။ ဤသည်မှာ ချစ်သူများအကြား အရင်းနှီးဆုံးအရာဖြစ်သည်ကို သိထားပြီးဖြစ်ရာ သူမစိတ်ထဲတွင် ထူးဆန်းသောခံစားမှုများ ဝင်လာတတ်သည်။ သူမနှလုံးသားသည် အမြဲတမ်း လစ်ဟာနေပြီး သူ့အား ပွေ့ဖက်ချင်သည်ဟု ပြောရန် ရှက်နေမိသည်။

ထိုနေ့မှစ၍ မိခင်ဖြစ်သူနှင့်ဖုန်းပြောပြီးနောက် သူနှင့် အခန်းခွဲနေခဲ့ကြသည်။

မိန်းမကောင်းတစ်ယောက်နှင့် လက်ထပ်ရပါလျက် တန်ဖိုးမထားတတ်သော လင်ယောက်ျား...

လက်ထပ်ခါစအချိန်များကို ပြန်တွေးမိသောအခါ လုလီ ရင်ထဲတွင် မကျေနပ်မှုများ ပေါ်ထွက်လာပြီး ချီချန်းရန်၏ နားရွက်ကို ဆွဲလိမ်လိုက်သည်။

"သတင်းထောက်ကို ကျွန်မရဲ့ အီမိုဂျီတွေ ထုတ်ပြခဲ့တာ ဘာသဘောလဲ? ရှင့် ဇနီးအတုဆီက ခွင့်ပြုချက်ရလို့ အဲ့လိုလုပ်တာလား? ကျွန်မနေပြန်ကောင်းနေပြီဆိုတာ မေ့သွားတာလား?

"ဒါပေမယ့် ကျွန်မ ဘယ်လောက် အိမ်ရှင်မကောင်းပီသတယ် ဆိုတာ မေ့ထားရင်တော့ ရှင်လဲသေလိုက်တော့"

"ကျွန်မ ရှင့်ကို ကွာရှင်းပစ်မယ်။ ဒီလောက် နူးညံ့သိမ်မွေ့ပြီး၊ထက်မြက်တဲ့မိန်းမကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ ရှင်သိအောင်ပြမယ်"

"ပြောရရင် ဟောင်ကောင်မှာ ကျွန်မကိုလက်ထပ်ဖို့ တန်းစီနေကြတဲ့ 'ကောကော' လေးတွေမှ တစ်ပုံကြီး၊ ကွာရှင်းထားတဲ့ မိန်းမတစ်ယောက်ဟာ စျေးကွက်ထဲမှာ ဘယ်လောက်နာမည်ကြီးလဲဆိုတာ ရှင်သိလား?"

ချီချန်းရန် အိပ်ပျော်နေပြီဖြစ်သည်။

လုလီ စိတ်ရှိလက်ရှိပြောဆိုပြီးနောက် ချီချန်းရန် ဘေးရှိ လွတ်နေသောနေရာကို ကြည့်လိုက်သည်။

လုလီသည် သူ့ကိုယ်ပေါ်က အရက်နံ့စွဲနေသော အဝတ်အစားများကို ချွတ်ပေးပြီးနောက် မလုံမလဲဖြင့် ဘယ်ညာ ကြည့်ကာ နောက်ဆုံး သူ့ဘေးတွင် လှဲအိပ်လိုက်သည်။

သူမသည် ချီချန်းရန်နှင့်ကပ်လျက် လှဲလျောင်းနေရင်း စဉ်းစားလိုက်သည် - ငါ့လို အိမ်ရှင်မကောင်း တစ်ယောက်အတွက် ဒီလောက်ကတော့ အလွန်အကျွံ မဖြစ်လောက်ပါဘူးလေ...

All Chapters