Interview (2)
Vol. 7 Ch. 103
Break Time....
အကစတူဒီယိုတွင် အထောက်အပံ့ပစ္စည်း အပြည့်အစုံပါရှိပြီး အနားယူရန်နှင့် စားသောက်ခန်းလည်း ပါဝင်သည်။
လုလီသည် ဆိုဖာပေါ်တွင်ထိုင်ကာ နို့လက်ဖက်ရည်သောက်နေသည်။
ချောင်ကျာရီ ကိုယ်လက်သန့်စင်ပြီးနောက် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
အနားယူခန်းတွင် တီဗီတစ်လုံးရှိပြီး ရီမုခလုတ်သည် ကော်ဖီစားပွဲပေါ်တွင် ရှိနေ၏။
ချောင်ကျာယိသည် ရီမုကိုကောက်ယူပြီး တီဗီကိုဖွင့်လိုက်ကာ ချန်နယ်ကို ချိန်ညှိလျက် "မနေ့က နင့်လောင်ကုန်း အင်တာဗျူးလုပ်ခဲ့တယ်မဟုတ်လား?" လုလီ ခေါင်းညိတ်ပြလိုက်သည်။
ချောင်ကျာယိသည် ဘဏ္ဍာရေးချန်နယ် (Finance Channel )သို့ လှည့်လိုက်သည်။ သတင်းအစီအစဉ်ဖြစ်သည့်အတွက် ရိုးရှင်းသော အင်တာဗျူးတစ်ခုကို အလျင်အမြန်တည်းဖြတ်ပြီး နောက်တစ်နေ့တွင် ပြသခဲ့သည်။ ချီချန်းရန် နှင့် အင်တာဗျူးကို ယနေ့ နေ့လည်ပိုင်း People Weekly တွင် ထုတ်လွှင့်ပြသခဲ့ပြီး ချောင်ကျာယိ မှ ပြန်လည်ကြည့်ရှုရန် ရွေးချယ်လိုက်သည်။
'People Weekly' အစီအစဥ်အတွက် ယခုအပတ်မှာ ဖိတ်ကြားထားတဲ့ ဧည်သည့်ကတော့ ရှန့်ကျင်ရဲ့ဥက္ကဌ ချီချန်းရန်ပဲ ဖြစ်ပါတယ်။