← Chapters

Clever (1)

Vol. 7 Ch. 104

Clever (1)

Vol. 7 Ch. 104

တီဗီတွင် အင်တာဗျူး ပြီးဆုံးသွားပြီးနောက် ကြော်ငြာများ ဝင်ရောက်လာသည်။

"Fuck...ဒီဘဲကြီး ဖြေသွားတာ စောက်ရမ်းမိုက်တယ်"

ချောင်ကျာယိသည် သက်ပြင်းချချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သူမခေါင်းကို ဖြည်းညှင်းစွာလှည့်လိုက်ရာ လုလီ၏ မှောင်မည်းနေသော မျက်နှာအမူအရာကို သတိပြုမိလိုက်သည်။

“ဟေး...ဟေး...” သူမ လုလီအား တံတောင်ဆစ်ဖြင့် တွတ်လိုက်ပြီး သတိရလာစေရန် အရိပ်အမြွက်ပြလိုက်သည်။

"အာ..." လုလီ ရုတ်တရက် သတိပြန်ကပ်လာသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။

ထို့နောက် သူမ၏ ဖြူစွတ်သောလည်ပင်းတစ်ဝိုက်တွင် အနီရောင်များ စိမ့်တက်လာပြီး နောက်ဆုံးတွင် သူမ၏နားရွက်ထိပ် အထိ ပျံ့နှံ့သွားသည်။

ချော့ကျာယိ - "ဟင်...နင် မျက်နှာတစ်ခုလုံး နီရဲနေတာပဲ"

"အမ်?!" လုလီသည် နို့လက်ဖက်ရည်ခွက်ကို သူမ၏ပါးပြင်နှင့်ထိကပ်လိုက်ပြီး နို့လက်ဖက်ရည်၏ အေးမြသောအပူချိန်နှင့် ပါးပြင်ကြားက အပူချိန်ကွာခြားမှုကို ခံစားလိုက်ရသည်။

ချောင်ကျာယိသည် တီဗီဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး "နင် ပြောတော့ သူက ဘာမှမပြောဘူးဆို၊ အခုကြည့်ပါလား?.. ဥက္ကဋ္ဌကြီးက ဥက္ကဋ္ဌကြီးပါပဲ နင်ဘာတွေတွေးနေတာလဲ"

လုလီ စကားထစ်ကာ "ငါ..ငါ..."

လုလီကိုကြည့်ရင်း ချောင်ကျာယိ အဖြေကို သိလိုက်သည်။ သူမ ခေါင်းငုံ့ကာ Weibo ကိုဝင်ကြည့်ပြီးနောက် "မင်း Hot search ပေါ်ရောက်နေပြီ"

"ဟင်?" လုလီသည် သူ့အင်တာဗျူးကို ကြည့်ပြီး ရုတ်တရတ် ဘာကြောင့်တုန်လှုပ်နေသည်ကို နားမလည်သေးပဲ ဖုန်းထုတ်ကာ Weibo ကို ကြည့်လိုက်သည်။

'ချီချန်းရန်၊ ကျွန်တော့် မိန်းမကို အရမ်းချစ်တယ်' ဟူသောခေါင်းစဥ်ဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်နေသည်။

သူမ ၎င်းကို နှိပ်လိုက်သည်နှင့် အဓိကမီဒီယာအကောင့်များစွာမှ ထိုအင်တာဗျူးအား ဖော်ပြထားသည်ကို တွေ့ရသည်။ ခေါင်းစဉ်မှာ -

'အံ့သြစရာပဲ! ချီချန်းရန်က လုလီအပေါ် ဒီလိုခံစားချက်ရှိနေတာလား? ဒါ လုံးဝခွေးစာအစစ်ပဲ!'

'ဘားက ကိစ္စအပြီး ချီချန်းရန်က သူ့ဇနီးလုလီကို သူဘယ်လောက် ချစ်မြတ်နိုးကြောင်း လူသိရှင်ကြားပြသလိုက်ပြီ! လွှမ်းမိုးချုပ်ကိုင်နိုင်သောဥက္ကဋ္ဌကြီးနဲ့ ချစ်ဇနီးလေးလုလီ!'

ထိုပို့စ်များအောက်တွင် မှတ်ချက်များစွာရှိပြီး ကြက်ပေါက်ကလေးများ တစ်စီစီ အော်ဟစ်နေသကဲ့သို့ စာမျက်နှာတစ်ခုလုံး ပြည့်နှက်လို့နေသည်။

[အား... ဥက္ကဋ္ဌကြီးက နောက်ဆုံးတော့ သူ့အချစ်ကို အများပြည်သူရှေ့မှာ ချပြခဲ့ပြီ]

[လုလီ ဘယ်မှာလဲ? မင်း လောင်ကုန်းကို အဖြေပြန်ပေးဖို့ ဘာလို့ ထွက်မလာတာလဲ?]

[မင်းမိန်းမကို မနမ်းဘူးလား? ဘယ်ခေတ်ကို ရောက်နေတာလဲ ချီချန်းရန်ရေ။ နည်းပညာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်နေပါလျက် ဘာလို့ အဲ့လောက်ရိုးသားနေရတာလဲ? ဟား...ဟား...]

[လုလီရဲ့လောင်ကုန်းက ဘယ်လောက်ပဲရိုးသားနေပါစေ ခံစားချက်က တကယ့်ကိုချိုမြိန်စေတယ်! ငါတော့ sour Lemon (အီမိုဂျီ)ပဲ ]

[လုလီရဲ့အီမိုဂျီလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ၊ ချီချန်းရန်ရေ နောက်ထပ် အီမိုဂျီတွေလည်း မြန်မြန်ထုတ်ပြပါတော့!]

[ဟုတ်တယ်! မြန်မြန်လေး! မင်းချစ်ဇနီးလေးရဲ့ အီမိုဂျီတွေကို ငါတို့ကိုလည်း မျှဝေပေးပါဦး]

…

'လုလီ သီးသန့် emoticon pack' သည်လည်း Hot search ၏ ရှာဖွေမှုအများဆုံးစာရင်းတွင် ပါဝင်လာပြီး အောက်တွင် ချီချန်းရန်အား အခြားအီမိုဂျီများပါ ထုတ်ပြရန် တောင်းဆိုနေကြသည်။

ချောင်ကျာယိသည်လည်း စပ်စုချင်လာပြီး လုလီအား "နင့် အီမိုဂျီ pack က ဘယ်လိုပုံစံလဲ၊ ငါ့ကို ပြပါလား?"

လုလီ ထိတ်လန့်သွားပြီး သူမ ဖုန်းကို ရင်ဘတ်နှင့်ထိကပ်ကာ "မပြဘူး!"

"ငါအားလုံးဖျက်လိုက်ပြီ"

ချောင်ကျာယိ နှာခေါင်းရှုံလျက် ပြောလိုက်သည်။ "တွန့်တိုလိုက်တာ"

လုလီသည် Weibo တွင် '@' အများအပြားရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ ချစ်ခင်ကြင်နာမှုကို တုံ့ပြန်ရန် တောင်းဆိုနေကြသည်။

လုလီသည် ချီချန်းရန်၏အင်တာဗျူးကို ကြည့်ပြီး ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။

သူမ ဘာလုပ်သင့်လဲ?

ချီချန်းရန်... ရှင် ဒါတကယ်လား?

ချီချန်းရန် အင်တာဗျူးခဲ့သည်မှာ မနေ့ကဖြစ်ပြီး သူမလည်း ပြန်ကောင်းနေပြီဖြစ်ကာ သူ့အနေဖြင့် ချစ်ခင်ကြင်နာတတ်သည့် လောင်ကုန်းတစ်ယောက်အဖြစ် ဟန်လုပ်နေစရာ မလိုတော့ပေ။

လုလီ နို့လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

ချောင်ကျာယိ: "ဟိတ်...နင် ရှက်နေတာ မဟုတ်လား?"

လုလီ : "အာ...မဟုတ်ဘူး!"

ချောင်ကျာယိသည် နို့လက်ဖက်ရည်ကို နှုတ်ခမ်းဖြင့် အနည်းငယ်စုပ်ယူရင်း သူမအားကြည့်ကာ "နောက်ကျနေပြီ၊ ပြန်တော့လေ၊ အိမ်ပြန်ပြီး နင်လောင်ကုန်းနဲ့တွေ့ဖို့ အချိန်ရောက်ပြီ"

လုလီ: “…”

သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ဤတစ်ကြိမ်တွင် သူမ အိမ်ပြန်ရမည်ကို စိတ်လှုပ်ရှားနေကာ ချီချန်းရန်နှင့် တွေ့ရမည်ကိုလည်း ကြောက်ရွံ့နေမိသည်။

ယခင်က သူမအား မကြိုက်ဟုထင်ပြီး အိမ်မှထွက်ပြေးခဲ့ဖူးသည်။ ယခုတစ်ခါတွင်တော့ ရုတ်တရက် ချစ်ကြောင်းဖွင့်ဟခံရပြီး သူ့နှင့်တွေ့ရမည်ကို ကြောက်နေမိသည်။

အကြောင်းမှာ သူနှင့် မျက်နှာချင်းဆိုင်ပြီး မည်သည့်စကားဆိုရမှန်း မသိသောကြောင့်ဖြစ်သည်။

ထိုစဥ် လုလီ ဖုန်းမြည်လာသည်။

သူမ၏ WeChat တွင် ချီချန်းရန်၏အမည်ကို ပြောင်းလဲထားသော်လည်း ဖုန်း Contact တွင်မူ ' Dear Husband' ဟု ရှိနေဆဲဖြစ်သည်။"

လုလီသည် ဖုန်းမျက်နှာပြင်ပေါ်ရှိ 'Dear Husband' ဟူသော စကားလုံးကို စိုက်ကြည့်နေသည်။

ချောင်ကျာယိ: "နင်ဘာလုပ်နေတာလဲ၊ မြန်မြန်ကိုင်လိုက်လေ"

လုလီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ထိန်းကာ ဘာမှမဖြစ်သကဲ့သို့ အေးဆေးဆေးဆေး တုံပြန်မည်ဟု သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက် သူ ဖုန်းကိုကောက်ယူကာ "ဟယ်လို" ဟု ဖြေလိုက်သည်။

ချီချန်းရန်သည် လုလီ ဒီနေ့ အကစတူဒီယိုသို့သွားကြောင်း သိထားပြီးဖြစ်ရာ "ကိုယ် ခဏနေ ကုမ္ပဏီက ထွက်လာတော့မယ်၊ မင်းကို စတူဒီယိုမှာ ဝင်ခေါ်မယ်"

လုလီ ဤသည်ကို နားထောင်ပြီးနောက် စိတ်ကို အေးအေးထားရန် မေ့သွားကာ "မလိုဘူး၊လာ မခေါ်နဲ့"

"ကျွန်မ ဘာသာပြန်ခဲ့မယ်"

"ရှင် ကျွန်မကို လာခေါ်စရာ မလိုဘူး"

ကံကောင်းစွာပင် ချီချန်းရန် ဆက်မတောင်းဆိုတော့ဘဲ စကားအနည်းငယ်ပြောကာ ဖုန်းချသွားသည်။

လုလီ ဖုန်းချပြီးနောက် သူ့အား စောင့်ကြည့်နေသော ချောင်ကျာယိဘက်သို့ လှည့်ကာ မျက်စောင်း ထိုးလိုက်သည်။

All Chapters