Generation Gap (2)
Vol. 7 Ch. 107
သူမသည် အနည်းနှင့်အများ နာမည်ကြီးသူဖြစ်သောကြောင့် ရုပ်သံအစီအစဉ်များစွာမှ သူမထံ ဖိတ်စာများ ပေးပို့ခဲ့ကြသည်။ အများစုမှာ ‘Wife’s Travel’, ‘My Dear’, ‘Wedding Diary’ စသည့် အစီအစဉ်များဖြစ်သည်။ ဤအစီအစဉ်များသည် များသောအားဖြင့် အိမ်ထောင်ရေးဘဝ၊ ခင်ပွန်းနှင့်ပတ်သက်သော မေးခွန်းများနှင့် ချမ်းသာသောဇနီးမောင်နှံ၏ နေထိုင်မှုပုံစံများကို မျှဝေလေ့ရှိသည်။
အမှန်မှာ အချမ်းသာဆုံး အတုအယောင်စုံတွဲအတုသည် နာမည်ကြီးနေပြီး လူတိုင်းက ၎င်းတို့၏ဆက်ဆံရေးကို သိချင်နေကြသည်။
သို့သော် လုလီသည် ထိုအစီအစဉ်များကို စဉ်းစားနေစရာပင် မလိုဘဲ ငြင်းပယ်ခဲ့သည်။ သူမတွင် ငွေကြေးမလိုအပ်သလို နာမည်ကြီးလိုသည့် ဆန္ဒလည်း မရှိပေ။ ထိုအစီအစဉ်များတွင် ပါဝင်ကာ ဟန်ဆောင်ပြီး ချစ်ပြခြင်း သို့မဟုတ် အမျိုးသမီးများ အားကျစေရန် သူမ၏ ချမ်းသာသော ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းအား မျှဝေရခြင်းကို သူမ မနှစ်သက်ပေ။
ထိုအပြင် ယခုချိန်တွင် ချီချန်းရန်နှင့် တွဲပြစရာ ဘာမှမရှိချေ။
သူမ စိတ်ဝင်စားခြင်းမရှိနိုင်သော အစီအစဉ်နှင့်ပတ်သက်ပြီး မူလအတိုင်း လျစ်လျူရှုလောက်မည်ဟု ချင်ရုံ စဉ်းစားထားသော်လည်း လုလီသည် အစီအစဉ်အမည်ကို မြင်သောအခါ ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။
'Idol Boy' အမည်ရ အကြီးစား အမျိုးသားအိုင်ဒေါလ်ပြိုင်ပွဲနှင့် ဖွံ့ဖြိုးရေး Reality Show အစီအစဉ်မှ သူမအား ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားလာခြင်းဖြစ်သည်။
အဆိုပါ ‘Idol Boy’ အစီစဥ်သည် နိုင်ငံခြားမှ ရှိုးတစ်ခုဖြစ်ပြီး ၎င်း၏နာမည်တူအတိုင်း မူပိုင်ခွင့်ကို ပြန်လည်ဝယ်ယူထားခြင်း ဖြစ်သည်။ လုလီသည် မနှစ်က "Idol Boy’၏ နိုင်ငံခြားဗားရှင်းကို ကြည့်ရှုခဲ့သည်။ နေ့တိုင်း သူမကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်အတွက် မဲပေးခဲ့ပြီး ရန်ပုံငွေများ စုဆောင်းပေးခဲ့သည်။ သူမ ကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်တစ်ဦး ထုတ်ပယ်ခံရသည့်အခါ ငိုခဲ့ရသည်။ ချီချန်းရန်သည် သူမ၏ နီရဲနေသော မျက်လုံးများကို မြင်သောအခါ အပြင်တွင် အနိုင်ကျင့်ခံလာရသည်ဟု ထင်မှတ်ကာ ချင်ရုံကိုပင် ခဏကြာ စစ်ဆေးမေးမြန်းခဲ့သေးသည်။ လုလီသည် ဤအစီအစဉ်ကို အရူးအမူး နှစ်သက်ခဲ့ပြီး မူပိုင်ခွင့်ဝယ်ယူကာ ပြည်တွင်းဗားရှင်း တစ်ခု ပြုလုပ်လိုသည့် စိတ်ကူးပင်ရှိခဲ့သည်။
ပရိုဂရမ်အဖွဲ့သည် သူမအား အမျိုးသားကိုယ်စားလှယ်အဖြစ် ဖိတ်ကြားလာခဲ့သည်။ ‘Idol Boy’၏ ယှဉ်ပြိုင်မှုပုံစံမှာ ပြိုင်ပွဲတွင် ပါဝင်မည့် အမျိုးသား ၁၀၁ ယောက်အပြင် နည်းပြများ၊ PD တစ်ဦးနှင့် အမျိုးသားကိုယ်စားလှယ်နှစ်ဦးတို့ ပါဝင်မည်ဖြစ်သည်။
အမျိုးသားကိုယ်စားလှယ်များသည် ပြိုင်ပွဲဝင်များ၊ နည်းပြများနှင့်မတူဘဲ ၎င်းတို့ပါဝင်မှုမှာ အတိုင်းအတာတစ်ခု အထိသာ ရှိသည်။ ၎င်းတို့၏အဓိကတာဝန်မှာ ပြိုင်ပွဲဝင်လူငယ်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုရန်ဖြစ်ပြီး သာမန်ပရိသတ်များနှင့် မတူဘဲ ဖျော်ဖြေမှုတစ်ခုပြီးတိုင်း မိမိတို့၏ထင်မြင်ယူဆချက်များကို ပြောပြနိုင်သည်။
လုလီအား ဤအကြိမ်တွင် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားလာခဲ့ခြင်းဖြစ်သည်။
သူမအား ဖိတ်ကြားရသည့် အကြောင်းရင်းမှာ သူမ၏ ကြည့်ရှုသူ သန်းနှင့်ချီသော 'This is Love' အကဗီဒီယိုကြောင့် ဖြစ်ကြောင်း ပရိုဂရမ်အဖွဲ့မှ ဖော်ပြထားသည်။
“မစ်လုရဲ့ အကဗီဒီယိုထဲမှာ ကောင်းကောင်းကပြနိုင်ခဲ့တဲ့အတွက် idol လောကနဲ့ အနည်းငယ် ထိတွေ့နိုင်မယ်လို့ ထင်ပြီး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ"
အမျိုးသားကိုယ်စားလှယ်၏ အခန်းကဏ္ဍသည် လုလီအား အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်။
သူမအနေဖြင့် ရိုက်ကူးရေးတွင် ပါဝင်ခွင့်ရှိမရှိ ၊ စကားပြောခွင့်ရမရကို စိတ်မဝင်စားပဲ VVIP ထိုင်ခုံတွင် ထိုင်ပြီး ထိုပြိုင်ပွဲဝင်လူငယ်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုရန်သာ လိုလားသည်။
သူမသည် ‘Idol Boy’ ၏ နိုင်ငံခြားဗားရှင်းကို ကြည့်ရှုစဉ်က ထိုကိုယ်စားလှယ်များကို အလွန် အားကျခဲ့ဖူးသည်။
လုလီသည် မကြာသေးမီကာလအတွင်း အိုင်ဒေါလ်များနှင့် ဝေးကွာနေခဲ့သော်လည်း ဤကဲ့သို့သော အစီအစဉ်မျိုးတွင် စိတ်အားထက်သန်မှုရှိနေဆဲဖြစ်ကြောင်း သတိထားမိခဲ့သည်။
လုလီသည် အစီအစဉ်၏ ရိုက်ကူးမှုအချိန်ဇယားနှင့် အသေးစိတ်အချက်အလက်များကို အနီးကပ်ကြည့်ရှုခဲ့သည်။ ပိုကြည့်လေ သူမနှင့် ကိုက်ညီမှုရှိလေဟု ခံစားရသည်။
သူမသည် ချင်ရုံထံသို့ အီးမေးလ် ပြန်လိုက်ပြီး ပရိုဂရမ်အဖွဲ့နှင့် ဆက်သွယ်ခိုင်းလိုက်သည်။
ချင်ရုံသည် ဥက္ကဋ္ဌ၏ဇနီးသည် ဤကဲ့သို့သော အပျော်တမ်းအစီအစဉ်တစ်ခုကို စိတ်ဝင်စားမည်ဟု မထင်ထားသဖြင့် သူ့အနေဖြင့် အချိန်အတော်ကြာမှသာ အကြောင်းပြန်ခဲ့သည်။
လုလီသည် 'Idol Boy' ၏ ပြည်တွင်းဗားရှင်းထွက်ရှိပြီဖြစ်ကြောင်း သိရသည်နှင့် အင်တာနက်ပေါ်တွင် အချက်အလက်များကို ရှာဖွေလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် စျေးကွက်ရှာဖွေရေး အကောင့်အများအပြားသည် လွန်ခဲ့သော ရက်အနည်းငယ်က အဆိုပါသတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
လုလီ မောက်စ်ကိုချလိုက်ပြီး ကွန်ပျူတာထိုင်ခုံပေါ်တွင် ထိုင်လျင် ခုံကို လှည့်လိုက်ပြီး ခေါင်းမော့ကာ ကျေနပ်စွာ ပြုံးနေသည်။
အမှန်မှာ သူမ ချက်ချင်းပင် သဘောတူလိုက်ချင်ပေမယ့် ချမ်းသာပြီး မြင့်မြတ်သော အမျိုးသမီးတစ်ဦးအနေဖြင့် စိတ်လှုပ်ရှားနေသည့်ပုံစံ မပေါ်လွင်စေရန် တည်ငြိမ်နေဖို့ လိုအပ်နေသေးသည်။ ဒုတိယအချက်အနေနှင့် လောင်ကုန်းဖြစ်သူ ချီချန်းရန်ကို အရင်ပြောပြသင့်သည်ဟု သူမထင်သည်။
မွန်းလွဲပိုင်းတွင် ချီချန်းရန်သည် အလုပ်မှ ပြန်ရောက်လာပြီး လုလီက ပရိုဂရမ်အဖွဲ့မှ ပေးပို့သော အီးမေးလ်ကို သူ့အား ပြလိုက်သည်။
ချီချန်းရန်သည် လုလီအား “husband and wife” reality showတစ်ခုမှ ဖိတ်ကြားလာသည်ဟုထင်ပြီး ယင်းကိုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
ထိုအမျိုးသားသည် ဘဏ္ဍာရေးအစီရင်ခံစာကို ကြည့်ရှုနေသကဲ့သို့ လေးနက်သော အမူအရာဖြင့် အချက်အလက်အားလုံးကို စကားလုံးတစ်လုံးမှ မလွတ်ဘဲ ဖတ်ရှုနေသည်။
လုလီ: "ရှင် ဘယ်လိုထင်လဲ?"
ချီချန်းရန်သည် မျှော်လင့်ချက်အပြည့်ရှိနေသော မျက်နှာအမူအရာနှင့် လုလီကို ကြည့်လိုက်သည်။
သူမ တကယ်ကြိုက်နှစ်သက်သော အရာများကို သူ မသိခဲ့ပေ။
သူသည် 'အမျိုးသားကိုယ်စားလှယ်' နှင့်ပတ်သက်သော အချက်အလက်များကို နောက်တကြိမ် ပြန်ကြည့်လိုက်သည်။
တာဝန်မှာ ရိုးရှင်းလှသည်။ လေ့ကျင့်သင်ကြားနေသော ပြိုင်ပွဲဝင်များ၏ သွားရောက်ကြည့်ရှုရန်သာ ဖြစ်သည်။ လုလီသည် ကိုယ်စားလှယ်တစ်ဦးသာဖြစ်ပြီး နည်းပြလုပ်ရမည် မဟုတ်ပေ။
ချီချန်းရန်သည် သူမ၏ iPad ကို ချလိုက်ပြီး - "မင်းသွားချင်လို့လား?" ဟု မေးလိုက်သည်။
လုလီ ခေါင်းညိတ်ပြလိုက်သည် - "အွန်း... မဟုတ်ရင် ရှင့်ကို ဘာလို့ ပြရမှာလဲ? ကျွန်မသွားချင်တယ်"
ချီချန်းရန်သည် ခဏစဉ်းစားလိုက်ပြီးနောက်- "ဒါဆိုလည်း မင်းသွားချင်ရင် သွားလေ "
ဤသည်မှာ ဖျော်ဖြေမှုကို ကြည့်ရှုရုံသာ ဖြစ်ပြီး သူမ၏ ပျင်းရိမှုကိုလည်း ဖြေဖျောက်နိုင်မည် ဖြစ်သည်။
လုလီသည် သူ့စကားကိုကြားတော့ ချက်ချင်းပြုံးလိုက်ပြီး - "ကျေးဇူးပဲ လောင်..." သူမ နောက်ဆုံးစကားတွင် ရပ်သွားသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း၊ 'ကျေးဇူးတင်ပါတယ်လောင်ကုန်း'၊ 'လောင်ကုန်းကိုချစ်တယ်' စသည့် စကားများသည် သူမအတွက် နေ့စဉ်အလေ့အထတစ်ခုဖြစ်လာခဲ့ပြီး သူ့ဘေးတွင် အိပ်စက်ခြင်းကဲ့သို့ပင် အလွယ်တကူ ပြောင်းလဲ၍မရတော့ပေ။
ချီချန်းရန်သည် မျက်ခုံးကိုပင့်ကာ သူမနောက်ဆုံးစကားကို စောင့်ဆိုင်းနေခဲ့သည်။
လုလီ မေးစေ့ကို မြှောက်လိုက်သည်။
ယခု သူမသည် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်လည်း ၎င်းတို့သည် အတုအယောင်ဖြစ်စေ ချီချန်းရန်သည် သူမ၏လောင်ကုန်းအဖြစ်ရှိနေဆဲဖြစ်သည်။
ဤအကြိမ်တွင် သူမအား အစီအစဉ်တွင် ပါဝင်ခွင့်ပြုခဲ့သည်။ သူမသည် ယခုအခါ ဂုဏ်ယူဝင့်ကြွားသော အမျိုးသမီးဖြစ်နေသော်ငြားလည်း ချီချန်းရန်မှ ငြင်းပယ်ခဲ့လျှင်တောင် သူမ ဆက်သွားမည်ဖြစ်သည်။ အလုပ်ခရီးစဉ်တုန်းကကဲ့သို့ ငိုကြွေးနေမည်မဟုတ်ပေ။
သို့သော် ထောက်ခံမှုရသည့် ခံစားချက်သည် အမြဲကောင်းမွန်နေသည်။
သို့ဖြစ်ရာ လောင်ကုန်းဟု မခေါ်နိုင်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် လုလီသည် သူမလည်ချောင်းကို ရှင်းထုတ်လိုက်ပြီး ကျောကို တည့်မတ်ကာ “ကျေးဇူးပဲ လောင်ကုန်း”
ချီချန်းရန် နူးညံ့စွာ ပြုံးလိုက်သည်။
ညဘက်တွင် လုလီ စောစောအိပ်ယာဝင်ခဲ့သည်။
ချီချန်းရန်သည် 'Idol Boy' ၏အချက်အလက်များကို ထပ်မံရှာဖွေခဲ့သည်။
အစီအစဉ်အား ထုတ်လွှင့်ခြင်း မပြုသေးသောကြောင့် သတင်းအများစုမှာ နိုင်ငံခြားဗားရှင်းနှင့် ပတ်သက်သော အကြောင်းအရာများ ဖြစ်နေသည်။
ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများသည် ပြိုးပြိုးပြက်ပြက်ဖြစ်နေပြီး ချီချန်းရန်သည် လတ်တလော 'ပြိုင်ပွဲဝင်များ၏ ပထမဆုံးဖျော်ဖြေမှု' ဗီဒီယိုကို နှိပ်လိုက်သည်။
ပြိုင်ပွဲဝင်များသည် စင်ပေါ်တွင် သီချင်းများ သီဆိုခြင်း၊ ကခုန်ခြင်းနှင့် ရက်ပ်ရွတ်ခြင်းများ ပြုလုပ်နေကြသည်။
ဆံပင်များကို ထင်ရှားသောအရောင်များ ဆိုးထားပြီး လက်ချောင်းများဖြင့် နှုတ်ခမ်းကို ပွတ်သပ်ကာ ကင်မရာရှေ့တွင် ဆွဲဆောင်မှုရှိသော အပြုံးများကို ပြသနေကြသည်။
သို့သော် ဖန်သားပြင်ပေါ်တွင် မိန်းကလေးများသည် ထိုအပြုံးကို မြင်တွေ့ပြီးနောက် လက်များကိုမြှောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် အပြုံးကြောင့် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားရင်း “သေပြီ” ဟု ဆိုကာ မူးမေ့လဲကျသွားသည်။ ကံကောင်းထောက်မစွာ လူတစ်ယောက်မှ မြေပြင်ပေါ် လုံးဝလဲမကျခဲ့ပေ။
စိတ်လှုပ်ရှားနေသော ပရိသတ်များကို မြင်တွေ့ရသောအခါ ချီချန်းရန် ရုတ်တရက် ရပ်တန့်သွားပြီး မည်သည့်အမူအရာမှ ထုတ်ပြခြင်း မရှိဘဲ စိုက်ကြည့်နေသည်။
'မျိုးဆက်ကွာဟမှု (‘generation gap)’ ဟူသော စကားလုံးသည် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ရုတ်တရက် သူ့စိတ်အခြေအနေ ရှုပ်ထွေးသွားသည်။
သူသည် သူ့ဘေးတွင် အိပ်ပျော်နေပြီဖြစ်သော လုလီကို ငုံ့ကြည့်လိုက်သည်။
သို့သော် ချီချန်းရန်သည် သူ၏ဇနီးလေးသည် ပြိုင်ပွဲဝင်တစ်ဦး၏အပြုံးကြောင့် မည်သို့သော အခြေအနေဖြစ်နေမည်ကို စိတ်ကူးကြည့်မိသည်။
"..."