Pear Couple szd! (1)
Vol. 7 Ch. 108
ချမ်းသာသော အထက်တန်းစား အမျိုးသမီးတစ်ဦးဖြစ်သည့် လုလီသည် နောက်တစ်နေ့အထိ သူမ၏တည်ငြိမ်နေမှုကို ထိန်းချုပ်ထားခဲ့သည်။ သူမသည် မနက်စောစောထပြီး ပရိုဂရမ်အဖွဲ့၏စာချုပ်ကိစ္စဖြင့် ပတ်သတ်ပြီး ချန်ရုံနှင့် ဆွေးနွေးရင်း အလုပ်များနေခဲ့သည်။
ထို့ထက်ပိုပြီး အချိန်အကြာကြီး ဆွဲထားပါက သူမ မပါဝင်လိုဟု ပရိုဂရမ်အဖွဲ့မှ ထင်သွားနိုင်ပြီး အခြားသူအား ဖိတ်ကြားသွားမည်ကို စိုးရိမ်သည်။ ထိုသို့ဖြစ်ပါက အလွန်နှောင့်နှေးသွားမည်ဖြစ်သည်။
ထို့နောက် သူမသည် ဖိတ်စာကို ချောင်ကျာယိအား ပြသခဲ့သည်။
ချောင်ကျာယိသည် မနာလိုဖြစ်နေသော “kao” ဟူသော စာလုံးဖြင့် ပြန်ဖြေလာသည်ကို မြင်သောအခါ လုလီ ကျေနပ်သွားသည်။
ချီချန်းရန်သည် ယနေ့ ဝတ်ဆင်မည့် လည်စည်းကို ကိုင်လျက် အဝတ်လဲခန်းမှ ထွက်လာချိန်တွင် လုလီ ပျော်ရွှင်စွာ ပြုံးနေသည်ကို မြင်လိုက်ရသည်။
လုလီ ဖုန်းကြည့်နေစဉ် ချီချန်းရန် သူမရှေ့သို့ လျှောက်သွားလိုက်ပြီး လည်စည်းအား သူမထံ လှမ်းပေးလိုက်သည်။
လုလီ သူမဖုန်းကိုချလိုက်ပြီး ကြိုးကို အလိုအလျောက်ယူလိုက်ကာ ချီချန်းရန်၏ လည်ပင်းတွင် စည်းနှောင်ပေးခဲ့သည်။
လုလီသည် ချီချန်းရန်၏ရင်ဘတ်နား ရောက်သောအခါ လျင်မြန်စွာ တုံ့ပြန်ပြီး ခေါင်းကိုမော့လိုက်သည်။
သူမသည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ဤအရာကို ကျင့်သားရနေပြီး ဖြစ်သည်။
ချီချန်းရန်သည် သူမ၏လှုပ်ရှားမှုကို တိတ်တဆိတ် စောင့်ဆိုင်းနေသကဲ့သို့ သူမအား ကြည့်နေခဲ့သည်။
လုလီသည် ပါးပြင်ကို ဖောင်းထားလျက် လည်စည်းကို ဆက်စည်းနေခဲ့သည်။
ချီချန်းရန်သည် နက်ကတိုင်အား ဂရုတစိုက်ချည်ပေးနေသည့် ဇနီးဖြစ်သူအား ကြည့်ပြီး "စာချုပ်ချုပ်ရင် ရှေ့နေခေါ်သွားနော်၊ ကိုယ် မင်းအတွက် စီစဉ်ပေးထားတယ်”
လုလီသည် သူ့စကားကို ကြားပြီးနောက် ခေါင်းမော့ကြည့်လိုက်ပြီး ခဏအကြာတွင် နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “အွန်း”
ရှေ့နေမှ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် လုလီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အစီအစဉ်၏ ပဏာမပြင်ဆင်မှုများသည် အခြေခံအားဖြင့် ပြီးစီးခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲဝင်များ၊ နည်းပြများနှင့် အမျိုးသားကိုယ်စားလှယ်များ ရွေးချယ်ပြီးဖြစ်သည်။ ပရိုဂရမ်၏တရားဝင် Weiboသည် ပထမဆုံးအနေဖြင့် နည်းပြများနှင့် ပြိုင်ပွဲဝင်များ၏ စာရင်းကို ထုတ်ပြန်ခဲ့သည်။ နည်းပြရွေးချယ်မှု တစ်ခုတည်းနှင့်ပင် ရှာဖွေမှုအများဆုံးစာရင်းဝင်ခဲ့သည်။ အမျိုးသားကိုယ်စားလှယ်များအတွက်မူ လုပ်ငန်းနယ်ပယ်နှင့် အကျွမ်းတဝင်ရှိသူများကို ရွေးချယ်မည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။
မကြာမီ ' Idol Boy ' ၏ ပထမဆုံး အသံသွင်းနေ့ ရောက်လာခဲ့သည်။
ပထမဆုံးမှတ်တမ်းတင်မှုတွင် ပြိုင်ပွဲဝင် ၁၀၁ ဦး၏ ပထမဆုံးအဆင့်အတွက် ပြသမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသစ်များသာမက ယခင်ကတည်းက လူသိများပြီး fandom များ ထူထောင်ထားသော သူများလည်းပါဝင်သည်။
လုလီသည် အများအမြင်တွင် ကြည့်ကောင်းနေရန် အခန်းတစ်ခန်းတွင် မိတ်ကပ်နှင့် ဆံပင်ကို ပြုလုပ်နေခဲ့သည်။ မိတ်ကပ်ပညာရှင်သည် စုတ်တံအသေးဖြင့် သူမ၏မျက်နှာပေါ်ကို ဂရုတစိုက် ခြယ်သပေးနေသည်။ သူမသည် ဒူးထိရှည်သော အနက်ရောင် ဖဲသားဝတ်ဆုံနှင့် ရှစ်စင်တီမီတာမြင့်သော ဒေါက်ဖိနပ်ကို ၀တ်ဆင်ထားသည်။ သူမ၏ဆံပင် တစ်ချောင်းချင်းစီတိုင်းကို ဂရုတစိုက်စီမံထားပြီး ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးအဖြစ် ဖော်ပြနေသကဲ့သို့ ရှိနေသည်။
ဤသည်မှာ ယခင်က သန်းနှင့်ချီကြည့်ရှုမှုရှိခဲ့သော ဗီဒီယိုထဲက ယူနီဖောင်းကဲ့သို့သော အဝတ်အစားများဝတ်ကာ အမျိုးသမီး Idolအဖွဲ့၏ သီချင်းကို မိန်းကလေးနှင့် လုံးဝကွဲပြားနေသည်။
အပြင်ဘက်စင်မြင့်ပေါ်မှ အစမ်းလေ့ကျင့်သံကိုကြားရသောအခါ လုလီသည် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ဖျော်ဖြေမှုကိုသာ ကြည့်ရှုရမည်ဖြစ်၍ စိတ်မလှုပ်ရှားရန် မိမိကိုယ်ကို ပြောလိုက်သည်။
ဒါရိုက်တာသည် လုပ်ငန်းစဉ်ကို ရှင်းပြထားပြီးဖြစ်သည်။ သူမ၏ အဓိကတာဝန်မှာ ဖျော်ဖြေမှုကိုကြည့်ရှုပြီး ပရိသတ်များနှင့်အတူ မဲပေးရန်ဖြစ်သည်။ အကယ်၍ အစီအစဉ်တင်ဆက်သူမှ စကားပြောရန် အချက်ပြလာပါက စာကြောင်းအနည်းငယ်သာ ပြောရန်လိုအပ်သည်။
လုလီ အလှပြင်ပြီးနောက် အစီအစဉ် စတင်ခဲ့သည်။
အမျိုးသားကိုယ်စားလှယ် အယောက်နှစ်ဆယ်သည် နည်းပြများ၏ ထိုင်ခုံဘေးတွင် ရှိကာ နည်းပြနေရာထက် အနည်းငယ်သာနိမ့်ပြီး ၎င်းတို့ရှေ့တွင် စားပွဲမရှိပေ။ လုလီသည် ပထမတန်း၏အလယ်တွင် သူမထိုင်ခုံကို ရှာတွေ့ခဲ့သည်။ ပရိုဂရမ်အဖွဲ့သည် သူမအား အလယ်ဗဟိုနေရာကို ပေးထားခြင်းဖြစ်သည်။
လုလီသည် အခြားသူများအား ယဉ်ကျေးစွာ ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပြီးနောက် ခုံတွင် ထိုင်လိုက်သည်။
ကျန်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြပြီဖြစ်သည်။ အချို့မှာ အေဂျင်စီများမှ ပိုင်ရှင်များ၊ မဂ္ဂဇင်းအမျိုးမျိုးမှ အယ်ဒီတာချုပ်များနှင့် ရုပ်သံအစီအစဉ်မှ သူများလည်း ပါဝင်သည်။ ကိုယ်စားလှယ်အားလုံးသည် လုလီအား မြင်သောအခါ အံ့သြသွားကြသည်။
၎င်းတို့သည် ပရိုဂရမ်အဖွဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားကြသည်။
ကျော်ကြားမှုနှင့် ပြောရလျှင် လုလီသည် ပထမ၊ ဒုတိယနှင့် တတိယအဆင့် ကြယ်ပွင့်များထက် မလျော့နည်းပေ။ မကြာသေးမီက သူမ၏လောင်ကုန်းဖြစ်သူ ချီချန်းရန်သည် စုံတွဲအတုအယောင်များဖြစ်သည် ဟူသော ကောလာဟလများကို ဖြေရှင်းခဲ့သည်။ ထိုအချိန်က သူတို့၏ ချစ်ခြင်းမေတ္တာ ပြသမှုနှင့်ပတ်သက်ပြီး ရှာဖွေမှုအများဆုံးစာရင်းဝင်ခဲ့သည်။ လုလီအား ဤကိုယ်စားလှယ်ရာထူးတွင် ထိုင်ခိုင်းထားခြင်းသည် ရှိုးပွဲအပေါ် အာရုံစိုက်မှု ပိုမိုရရှိစေရန်အတွက် ဖြစ်သည်။
ထို့အပြင် ကိုယ်စားလှယ်များသည် ထိုင်ခုံပေါ်တွင် လှပကျော့ရှင်းစွာ ထိုင်နေသော လုလီကို ကြည့်နေကြသည်။
ဤအစီအစဉ်သည် ယောက်ျားလေးအဖွဲ့အတွက် ရွေးချယ်မှုဖြစ်သော်လည်း ရုပ်ချောသော အမျိုးသားများကိုသာ ကြည့်နေရပါက ပရိသတ်များ ပျင်းရိသွားနိုင်သည်။ တစ်ဦးတည်းသော အမျိုးသမီးနည်းပြမှာ အရည်အချင်းရှိသော အဆိုတော် ချန်ယန်ဖန့် ဖြစ်သည်။ သူမအပြင် ကိုယ်စားလှယ်များထဲတွင် ယန်ရီလည်း ပါဝင်လာသည်။ ကင်မရာရှေ့တွင် ကြည့်ကောင်းသော အလှမယ်တစ်ဦးနှင့် ပရိုဂရမ်အဖွဲ့၏ mascot ဖြစ်လာမည့် လုလီကို ဤနေရာတွင် ထားရှိထားခြင်း ဖြစ်သည်။
ပရိသတ်များသည် လုလီအား သတိပြုမိသွားပုံရသည်။ တရားဝင်ကြေညာပြီးဖြစ်သော နည်းပြများနှင့်နှိုင်းယှဉ်ပါက အားလုံးသည် လုလီ၏ရှိရာသို့ လှမ်းကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
လုလီသည် သူမအား စိုက်ကြည့်နေသော မျက်လုံးများကို ခံစားမိသွားပြီး ဦးရေပြားတွင် စပ်ဖျဉ်းဖျဉ်းဖြစ်လာကာ ခါးကို ပိုပြီး မတ်မတ်ထားလိုက်သည်။
ကံကောင်းထောက်မစွာ ပရိုဂရမ်၏ အဓိကဇာတ်ဆောင်သည် သူမ မဟုတ်ခဲ့ပေ။ ခဏအကြာတွင် အစီအစဉ်စတင်ခဲ့သည်။
ပရိသတ်တို့၏ အာရုံသည် ပြိုင်ပွဲဝင်များဆီသို့ ပြောင်းသွားခဲ့သည်။
ပထမဆုံးအဆင့်တွင် အကောင်းနှင့်အဆိုး ရောနှောနေသည်။ လေ့ကျင့်သင်ကြားနေသော ပြိုင်ပွဲဝင်တစ်ဦးသည် အလွန်ကောင်းမွန်စွာ ဖျော်ဖြေနိုင်ခဲ့ပြီး ပရိသတ်များကို အထပ်ထပ် အော်ဟစ်စေခဲ့ကြသည်။
ပြိုင်ပွဲ၏ ကတ်တလောက်ကို စင်မြင့်ပေါ်တွင် ပြသထားသည်။ Class A ၏ ထိုင်ခုံနေရာအတွက် ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များသည် အကပြိုင်ပွဲကို ဖြတ်ကျော်ရမည်ဖြစ်သည်။
ဂီတသံသည် လုံးဝကို တက်ကြွနေပြီး ပြိုင်ပွဲဝင်အားလုံး၏ ကကွက်များမှာ အလွန်ကောင်းမွန်နေကာ စင်ပေါ်တွင် မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသည်။
ပရိသတ်များ၏ကျယ်လောင်စွာ အော်ဟစ်သံများအပြင် သူ့ဘေးမှ ကိုယ်စားလှယ်များပင် ပြိုင်ပွဲဝင်နှစ်ဦးအတွက် အော်ဟစ်နေကြကို လုလီ ကြားနေရသည်။ နည်းပြဆရာတစ်ယောက်ဆိုလျှင် မတ်တပ်ထရပ်ကာ တေးဂီတ၏ စည်းချက်အတိုင်း လိုက်ပါလှုပ်ရှားနေသည်။ ပြိုင်ပွဲဝင်နှစ်ဦး၏ ပြိုင်ဆိုင်မှုအတွင်း လူတိုင်း နှစ်မြုပ်နေခဲ့ကြသည်။
လုလီသည် ကိုယ်စားလှယ်များဆီသို့ မျက်နှာမူနေသော ကင်မရာကို မရှောင်နိုင်ပဲ တစ်ချက်တစ်ချက် လှမ်းကြည့်နေမိသည်။
ဤ ရုပ်သံအစီအစဉ်ရိုက်ကူးမှုသည် အခြားကိုယ်စားလှယ်များ၊ နည်းပြများနှင့် မတူဘဲ သူမအတွက် ပထမဆုံးအကြိမ် အတွေ့အကြုံဖြစ်သည်။ အစတွင် VIP ဧည့်သည်အဖြစ် ထိုင်ရပြီး ပျော်ရွှင်စွာကြည့်ရှုမည်ဟု တွေးထားခဲ့သော်လည်း ထိုင်လိုက်သည်နှင့် သူမဆီသို့ မျက်နှာမူနေသော ကင်မရာကို တွေ့လိုက်ရသည်။
သူမ၏ ငယ်ဘဝအချိန်များကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ လမ်းလျှောက်နေရင်း ပါပါရာဇီနှင့် မြင်လိုက်ရသည့် အခိုက်အတန့်တွင် မိခင်ဖြစ်သူသည် သူမအား ချက်ချင်းပင် အနေထားကိုပြင်ခိုင်းကာ လေ့ကျင့်ရေးဆရာမက လမ်းလျှောက်နည်းကို မည်သို့ သင်ပေးထားသနည်းဟု မေးမြန်းခဲ့သည်။
ယခင်က ဂုဏ်ယူဝင့်ကြွားသော အထက်တန်းစား အမျိုးသမီးပုံရိပ်သည် ယခုချိန်တွင် ပြိုလဲလုနီးပင် ဖြစ်နေသည်။ ချီချန်းရန်သည် ယောက္ခမဖြစ်သူနှင့် ကောင်းမွန်သော စေ့စပ်ညှိနှိုင်းနိုင်ခဲ့သည့်အတွက် ကြီးကြီးမားမား အကျိုးဆက်များ မရှိခဲ့ပေ။ သို့သော် သူမသည် အိုင်ဒေါလ် နောက်လိုက်တတ်သည့် အလေ့အထကို ထုတ်ဖော်ခံရပါက သူမ မိဘအိမ်သို့ ပြန်ရန် သတ္တိရှိမည်မဟုတ်တော့ပေ။
ထို့ကြောင့် လုလီသည် ကျောကို တည့်တည့်မတ်မတ်ထားပြီး စိတ်တည်ငြိမ်ရန်နှင့် အလွန်အမင်း မပြုမူမိစေရန် သူမကိုယ်သူမ သတိပေးလိုက်သည်။
သူမသည် ပြိုင်ပွဲဝင်များကို ကြည့်ရှုနေစဉ်အတွင်း အသံကျယ်ကျယ်ဖြင့် လက်ခုပ်တီးသော်လည်း လက်များကို တင်းကြပ်စွာဆုပ်ထားပြီး လုံးဝမလှုပ်ရှားခဲ့ပေ။
လုလီသည် အသက်ကို ပြင်းပြင်းရှုသွင်းကာ ယဉ်ကျေးသော တုံ့ပြန်မှုတစ်ခုတော့ ပြသရန် တွေးလိုက်သည်။ သူမသည် လူမှုရေးအခမ်းအနားများတွင် အသုံးပြုလေ့ရှိသော သူမ၏စံပြ အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။