Happy.jpg (1)
Vol. 7 Ch. 112
လုလီသည် စိတ်ရှုပ်ထွေးစွာဖြင့် ချီချန်းရန်၏ စာကြည့်ခန်းရှိ ကွန်ပျူတာရှေ့သို့ ခေါ်ဆောင်ခံခဲ့ရသည်။
ကွန်ပျူတာထဲတွင် ဗီဒီယိုတစ်ခု ပွင့်နေသည်။
သူမ ရိုက်ကူးရေးဗီဒီယိုသည် ချီချန်းရန်ကွန်ပြူတာထဲသို့ လျင်မြန်စွာရောက်ရှိနေမည်ကို လုလီမျှော်လင့်မထားသဖြင့် ချီချန်းရန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ချီချန်းရန်သည် မည်သည့်စကားမှ မဆိုလာပဲ သူမအား ဆက်ကြည့်ရန် အမူအရာဖြင့် ညွှန်ပြနေသည်။
လုလီသည် အစီအစဉ်ရိုက်ကူးနေစဉ်အတွင်း ပြိုင်ပွဲဝင်များအား ချီးကျူးပြောဆိုနေသော မိမိကိုယ်ကို မြင်လိုက်ရသည်။
သူမသည် အစပိုင်းတွင် မည်သည့်အမှားအယွင်းမှ မရှိဟု တွေးနေခဲ့သော်လည်း အနောက်တွင် ရပ်နေသော အမျိုးသား၏အေးစက်သည့် အငွေ့ အသက်များကို ခံစားလိုက်ရကာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူမ စိတ်ပုံမှန်မဟုတ်သောအချိန်က ချီချန်းရန်အား ထိုကဲ့သို့သော ချီးကျူးစကားများ နေ့တိုင်းပြောဆိုခဲ့သည်ကို သူမမှတ်မိသွားသည်။
ပြိုင်ပွဲဝင်များအား ပြောခဲ့သည့် စကားများနှင့် အတူတူပင်ဖြစ်သည်။
“...”
အခြေအနေမှာ လုံးဝပြောင်းပြန်ဖြစ်သွားသည်။
လုလီသည် စားပွဲအစွန်းကို ကိုင်ထားရင်း ထိုအမျိုးသား၏ အေးစက်နေသောမျက်နှာကို ဖြည်းညှင်းစွာ လှည့်ကြည့်ကာ တံတွေးမျိုချလိုက်သည်။
ချီချန်းရန်သည် မျက်ခုံးပင့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
"ရှင်းပြပါဦး”
လုလီသည် သူ၏တုံ့ပြန်မှုကို မြင်ရသည်နှင့် ငိုချင်လာသည်။
သူ မတရားနှိပ်စက်ခံနေသလို ခံစားရသည်။
လောင်ကုန်းအတုသည် ယခင်က ဤစကားများကို မကြားဖူးပဲ သူမ၏ချီးကျူးစကားများကို အလေးအနက်ထားနေသည်ကို သူ မည်သို့သိနိုင်မည်နည်း။
ပိုထိတ်လန့်ဖွယ်ကောင်းသည်မှာ ယခင်က သူ့အားပြောခဲ့ဖူးသော ချီးကျူးစကားများကိုအတိအကျမှတ်မိနေခြင်းဖြစ် သည်။
လုလီသည် ရုတ်တရက် သူခိုးတစ်ယောက်အား ရဲများမှ ချောင်ပိတ်ဖမ်းနေသကဲ့သို့ ခံစားချက်မျိုးဝင်လာသည်။
အကယ်၍ သူမသည် ဝတ္ထုတစ်ပုဒ်ထဲ ရောက်နေပါက ချီချန်းရန်သည် သူမအား 'Slag Girl (လှည့်ဖြားတဲ့မိန်းကလေး)' အဖြစ် တံဆိပ်ခတ်မည်ဖြစ်သည်။
လုလီ ရှင်းပြရန် ကြိုးစားလိုက်သည်- "အဲ့တုန်းက ရှင်က ကျွန်မကို အေးတိအေးစက် ဆက်ဆံနေတော့ ရှင့်စိတ်ကျေနပ်အောင် ဒီစကားတွေပြောခဲ့တာပါ”
ချီချန်းရန်၏တုံ့ပြန်မှုကို သူမ သတိထားကြည့်နေလိုက်သည် - "တောင်းပန်ပါတယ် ၊ ရှင် ဒါကို အလေးအနက်ထားလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”
ချီချန်းရန်သည် သူမ၏ဖြေရှင်းချက်ကို မကျေမနပ်ဖြစ်နေ သည်မှာ ထင်ရှားသည်။ သူ့မျက်နှာမှာ တင်းမာမှုများ ပေါ်လွင်လာပြီး အသံကိုမြှင့်ကာ - "ဘာ?"
ရှင်းလင်းချက်မှာ အကျိုးမရှိကြောင်း လုလီ သဘောပေါက်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို စူထားလိုက်သည်။
ထို့နောက် သူ့ ရုတ်တရက် ခန္ဓာကိုယ်ကိုပိုပြီးဖြောင့်တန်းလိုက်ပြီး သူမ၏သေးသွယ်သော ခါးကို ဆန့်တန်းကာ- "ဟုတ်တယ်လေ၊ ရှင်က ကျွန်မကို အေးတိအေးစက် ဆက်ဆံခဲ့တာပဲကို”
သူ မှန်ကန်ကြောင်း ယုံကြည်ချက်အပြည့်ရှိသော်လည်း သူ့အကြောင်းပြချက်မှာ အနည်းငယ်မဖြောင့်မတ်မှန်း သူ သိသည်။
ယခင်က အတုအယောင်ဇနီးသည် ရုတ်တရက် တွယ်ကပ်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။ ချီချန်းရန်သည် သူမအား မတွန်းထုတ်ခဲ့ခြင်းမှာ ယဉ်ကျေးမှုအရဖြစ်သည်။ ၎င်းတို့၏ အေးစက်ပြီး နွေးထွေးမှုမရှိသော ဆက်ဆံရေးမှာ ပုံမှန်ပင်ဖြစ်သည်။
ချီချန်းရန်သည် ထိုသို့ ယုံကြည်မှုရှိနေသော လုလီအား ရင်ဆိုင်ရသောအခါ သူ၏ရင်ဘတ်ထဲတွင် နာကျင်မှုအနည်းငယ်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ရှေ့သို့တစ်လှမ်းတိုးလာသည်။ လုလီကလည်း နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။ ချီချန်းရန်သည် သူ့လက်ကို ဆန့်တန်းကာ သူမအား စားပွဲနှင့် သူ့ခန္ဓာကိုယ်ကြားတွင် ညင်သာစွာ ပိတ်ထားလိုက်သည်။
လုလီခါးသည် စားပွဲထောင့်စွန်းနှင့် ထိမိသွားသည်။
ချီချန်းရန်သည် ခေါင်းကိုငုံ့ကာ မေးလာသည် - "ကိုယ် မင်းကို အရင်က နွေးနွေးထွေးထွေး မဆက်ဆံခဲ့တာ ဝန်ခံတယ်၊ ဒါပေမယ့် နောက်ပိုင်းရောအခုရော ကောင်းကောင်းမဆက်ဆံလို့လား?"
လူလီသည် ထိုမေးခွန်းကို ကြားသောအခါ စားပွဲကြားရှိ သူမ၏လက်များကို နောက်ဘက်သို့ပစ်လိုက်ပြီး ကျောကိုကျုံ့ကာ ခေါင်းငုံ့လျက် မျက်နှာမှာ နီရဲလာသည်။
သူပြောတာလည်း မှားနေသည်တော့ မဟုတ်ပေ။ အစပိုင်းတွင် သူ နွေးနွေးထွေးထွေး မဆက်ဆံခဲ့သော်လည်း နောက်ပိုင်းတွင် သူမအား အလွန်နွေးထွေးစွာ ဆက်ဆံခဲ့သည်။ သူမ စိတ်ပုံမှန်မဟုတ်ခဲ့သည့်အချိန်က ထိုသို့ ဆက်ဆံပေးခဲ့သော်လည်း ယခုမူ သူမပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်ငြား သူမအပေါ် အလွန်ကောင်းနေသေးသည်။
ချီချန်းရန်သည် အရင်က သူမအား ချစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့သော်လည်း သူမကတော့ လိပ်တစ်ကောင်ကဲ့သို့ ခေါင်းကိုငုံ့ကာ မည်သည့် တုံ့ပြန်မှုမှမလုပ်ဘဲ နှုတ်ဆိတ်နေပြီး သူနှင့်အတူ အိပ်စက်ခဲ့ခြင်းဖြစ်သည်။
လုလီ မည်သို့ဖြေရှင်းရမှန်း မသိတော့ချေ။
သူမ ယခုဖြစ်နေသော စိတ်အခြေအနေမှာ တီဗွီပေါ်တွင် သူ၏ လူသိရှင်ကြား ဖွင့်ဟဝန်ခံချက်ကို မြင်လိုက်ရစဉ်က အတိုင်းပင် ဖြစ်သည်။ သူမ စိတ်ရှုပ်ထွေးကာ အိမ်တွင် နေချင်စိတ်ပင် မရှိတော့ချေ။
သူမသည် တစ်နေ့တွင် ခင်ပွန်းအတုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။
ချီချန်းရန်သည် လုလီ၏ နီရဲနေသော ပါးပြင်ကို ငုံ့ကြည့်နေသည်။
သူ ဘာမှထပ်မပြောတော့ဘဲ သူမအနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
လုလီသည် ချီချန်းရန်၏ အသက်ရှုသံကို ခံစားရပြီး သူမ၏လက်ချောင်းများဖြင့် စားပွဲအစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။ ထို့နောက် သူမ ခေါင်းကို အနည်းငယ်မော့ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ယခုအနေထားလောက်ဆို အဆင်ပြေပြီဟု သူမထင်သည်။
သူမ တိတ်တဆိတ် စောင့်နေလိုက်သည်။
၎င်းတို့ကြား အကွာအဝေးမှာ စင်တီမီတာအနည်းငယ်သာ ကျန်တော့သည်။
ချီချန်းရန်သည် မျက်လုံးမှိတ်ထားသော လုလီ၏မျက်လွှာထပ်မှ မျက်တောင်များ အနည်းငယ် တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။
သူ အနည်းငယ် စဉ်းစားပြီးနောက် ရုတ်တရက် အနားမကပ်လာဘဲ ခန္ဓာကိုယ်ကို ဖြောင့်တန်းကာ နောက်သို့ပြန်ဆုတ်လိုက်သည်။
လုလီမျှော်လင့်ထားသော ထိတွေ့မှုကို မရရှိခဲ့ပေ။
လုလီ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ချီချန်းရန်သည် သူမရှေ့တွင် ရပ်နေပြီး ကြည်လင်သောမျက်လုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် မျက်လုံးမှိတ်ကာ ခေါင်းကိုအသင့်မော့ပေးထားရင်း သူ၏အနမ်းကို ခံယူရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ထိုမှသာ လုလီ လှည့်စားခံရကြောင်း သိလိုက်ရပြီး မျက်နှာ ပူထူသွားခဲ့သည်။
သူ ဘာဖြစ်ချင်နေတာလဲ ?!
ချီချန်းရန်သည် လုလီ၏ရှက်ရွံ့ပြီး စိတ်ဆိုးနေသော အမူအရာကို ကြည့်နေသည်။
ယခင်က သူမသည် ရှက်တက်သူဖြစ်သောကြောင့် အလျင်မလိုပဲ စောင့်ဆိုင်းရမည်ဟု သူထင်ထားသော်လည်း ယခုမူ သူ၏အတွေးများ မှားယွင်းနေကြောင်း နားလည်လာသည်။
သူ ဤမျှ နက်နက်နဲနဲမတွေးခဲ့ဖူးသော်လည်း ယခု သူတွေ့ရှိရသည်မှာ သူ့အား ပြောခဲ့သော စကားများသည် သူမ ကြယ်ပွင့်နောက်လိုက်စဥ်က အသုံးပြုခဲ့သော ချီးမွန်းစကားများ ဖြစ်နေသည်။
ဤသည်ကို ကြည့်ပါက သူမ စိတ်ပုံမှန်မဟုတ်စဉ်က အလွန်အ မင်း ချဲ့ကားပြောဆိုနိုင်ခဲ့ပြီး ယခု ပြန်လည်ကောင်းမွန်လာချိန်တွင် သူမ၏လှည့်စားနိုင်စွမ်းသည် နှစ်ဆတိုးလာနိုင်မည့် သဘောမျိုး သက်ရောက်နေသည်။
သူမသည် မိုက်မဲသူလို ဟန်ဆောင်ကာ သူနှင့်အတူ တစ်သက်လုံး 'အိပ်စက်' သွားမည်ကို ချီချန်းရန်ကြောက်သည်။
သို့သော် အစစ်အမှန်လောင်ကုန်းသည် သူမအား တာဝန်မဲ့စွာ အတူ 'အိပ်စက်' ခွင့်ပေးသင့်သလား?
ချီချန်းရန် ဤသည်ကို စဉ်းစားပြီး လုလီကို ကြည့်လိုက်သည်။
ချီချန်းရန်သည် မိမိကိုယ်ကို မုန်းတီးမိသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က သူမအား အေးစက်စွာ ဆက်ဆံခဲ့သည့် အတွက် ယခု သူ့ကို ဤကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။
သူသည် ကိုယ့်ကို ပို၍တင်းကြပ်စွာ ထိန်းချုပ်ရင်း လှည့်ထွက်သွားလိုက်သည်။
လုလီသည် ထိုအနေထားတိုင်း ရပ်နေခဲ့ပြီး ချီချန်းရန် အတွေးကို စဉ်းစားရန် အချိန်မရှိပဲ သူမ လှည့်စားခံရသည်ကိုသာတွေးပြီး စိတ်ဆိုးနေခဲ့သည်။