အခန်း (၁၃၉၉-၁၄၀၁)
Vol. 94 Ch. 1399-1401
အခန်း(၁၃၉၉)
"ဘာ ဘယ်လို"
ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် လန့်ဖျပ်သွားကြသည်။
သူတို့က မယုံကြည်နိုင်သော အကြည့်များဖြင့် ကျန်းချန်ကို ကြည့်လိုက်ကြ၏။
အင်ပါယာတစ်ပိုင်းအဆင့်ကျင့်ကြံသူနှင့်ရင်ဆိုင်ရသောအခါတွင် တိုက်ခိုက်ရေးတွင် အစွမ်းထက်သည့် ကျန်းချန်ပင် အလျှော့ပေးရလိမ့်မည်ဟု မူလက သူတို့ထင်ခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်က အလျှော့ပေးရန် မရွေးချယ်ခဲ့ရုံသာမက အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူကိုပါ စိန်ခေါ်လိုက်မည်ဟု သူတို့ လုံးဝ မတွေးမိခဲ့ပေ။
"ဒီကောင်လေး ဘယ်လိုလုပ်ပြီး အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူကိုတောင် စိန်ခေါ်ရဲရတာလဲ.. ဒီကောင်လေးက တိုက်ခိုက်ရေးစွမ်းအားမှာ ဘယ်လောက်ပဲ နတ်ဆိုးဆန်နေပါစေ.. အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ"
"မင်းက ငါ့ကို မလေးမစား လုပ်ရဲမှတော့ ငါမင်းကို ဒီကမ္ဘာလောကကြီးကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"
ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်တွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများသည် အရူးအမူး လှိုင်းထလာခဲ့သည်။
ကောင်းကင်ကိုပင် တုန်လှုပ်စေသည့် မိုးခြိမ်းသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့ပြီး ငွေရောင်မိုးကြိုးဖြင့် ဖွဲ့စည်းထားသည့် သေခြင်းဟူသော စကားလုံးသည် ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
ထိုသေခြင်းဟူသော စကားလုံးသည် မိုးကြိုးနတ်ဘုရား၏ ဆန္ဒကို ကိုယ်စားပြုနေသကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ထိုစကား၏အောက်တွင် ပတ်ဝန်းကျင်မှ အရာအားလုံးသည် အရှုံးပေးရတော့မည်ဟု ထင်ရသည်။
စကားလုံးတစ်လုံးတည်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုပြီး အရာအားလုံးကို ဖိနှိပ်နိုင်သောစွမ်းရည်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ စွမ်းဆောင်နိုင်သော စွမ်းရည်မဟုတ်ပေ။
ဤသည်မှာ အင်ပါယာဥပဒေသပင် ဖြစ်၏။
"ဒါက အင်ပါယာဥပဒေသလား...တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ"
လူတိုင်းက ကောင်းကင်ယံမှ သေခြင်း ဟူသော စာလုံးကိုကြည့်ကာ အကြီးအကျယ် တုန်လှုန်သွားကြသည်။
သူတို့က ထိုသေခြင်း ဟူသော စကားလုံး၏ အရှိန်အဝါကို ခံစားမိရုံဖြင့် တုန်လှုပ်သော ခံစားချက်ကို ရရှိခဲ့ကြသည်။
ဤကဲ့သို့သော စွမ်းအားမျိုးသည် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။
ဤအချိန်တွင် လူတိုင်းသည် ကျန်းချန်ကို ကရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဤတစ်ခေါက်တွင် တိုက်ခိုက်ရေးစွမ်းအင်တွင် ပြိုင်ဘက်ကင်းသည့် ကျန်းချန် ဟူသော လူငယ်လေးသည် လုံးဝ အဖိနှိပ်ခံရမည်မှာ သေချာသလောက်ပင်။
ထို့နောက်တွင် မိုးကြိုးဥပဒေသဖြင့် ပေါင်းစပ်ထားသည့် သေခြင်း ဟူသောစကားလုံးသည် အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားနှင့်အတူ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
"ဟားဟား အင်ပါယာဥပဒေသက တကယ်ကို ထူးခြားတာပဲ.. ဒီနေ့ ငါကျန်းချန်က မင်းရဲ့ မိုးကြိုးဥပဒေသကို ရင်ဆိုင်ရသေးတာပေ့ါ"
လေထဲကနေ သူ့ဆီသို့ ဦးတည်လာသည့် မိုးကြိုးဥပဒေသကို ကြည့်ရင်း ကျန်းချန်က ရယ်မောကာ ပြောလိုက်သည်။
သူက မိုးကြိုးဥပဒေသကို လုံးဝ စိုးရိမ်ထိတ်လန့်နေပုံ မရပေ။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ ဝှက်ဖဲအားလုံးကို တစ်ပြိုင်နက် ထုတ်သုံးလိုက်တော့သည်။
"တိမ်တိုက်ဝါးမျိုနည်းစနစ်"
"အချိန်နှင့်အာကာသ ဓားနယ်မြေ"
"သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်.. ကမ္ဘာဖျက်စီးနဂါးမီးလျှံ"
"နယ်မြေခြောက်ခု ပေါင်းစပ် စွမ်းအား"
"..............."
ကျန်းချန်က သူ၏ အားထားရသော ဝှက်ဖဲအားလုံးကို အသုံးပြုကာ သူ့ကို ပြင်းထန်စွာ ဖိနှိပ်လာသည့် မိုးကြိုးဥပဒေသကို ရင်ဆိုင်လိုက်၏။
"ဒီကောင်လေးမှာ အစွမ်းထက် ဝှက်ဖဲတွေ အများအပြား ရှိနေပါလား"
ကျန်းချန် ထုတ်သုံးလိုက်သည့် စွမ်းရည်များကိုမြင်လျှင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို အသက်(၂၀)အရွယ် ကောင်လေးတစ်ယောက်က ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ခဲ့ကြပေ။
ကျန်းချန်က သူ၏ခွန်အားကို အစွမ်းကုန် ထုတ်ဖော်ကာ နယ်မြေစွမ်းအား အမျိုးမျိုးကို အသုံးပြုခဲ့သည်။
ထိုအချိန်မှာပင် မိုးကြိုးဥပဒေသဖြင့် ပေါင်းစပ်ထားသော သေခြင်း ဟူသော စကားလုံးကြောင့် မိုင်တစ်ရာ ပတ်ဝန်းကျင်အတွင်းရှိ နေရာလွတ်သည် ရုတ်တရက် ပြိုကျသွားခဲ့ပြီး အနက်ရောင်ကမ္ဘာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအနက်ရောင်ကမ္ဘာ ထဲတွင် ငွေရောင်မိုးကြိုးများ လင်းလက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရောယှက်နေခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ နယ်မြေစွမ်းအားများဖြင့် အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် သေခြင်းဟူသော စကားလုံးပေါ်ရှိ မိုးကြိုးအလင်းသည် တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူအားအကိုးရဆုံး ဖြစ်သည့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ သေခြင်း စကားလုံးကို တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ပြိုကွဲလုနီးပါးဖြစ်သော သေခြင်းဟူသည့် စကားလုံးသည် ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်အောက်တွင် အဆုံးသတ်၌ လုံးဝကို ပေါက်ကွဲထွက်သွားခဲ့သည်။
"ဟားဟား မင်းရဲ့ အင်ပါယာဥပဒေသက ဒီလောက်ပဲ အစွမ်းရှိတာလား"
ကောင်းကင်ယံမှ မိုးကြိုးဥပဒေသကို ဖြိုခွင်းပြီးနောက်တွင် ကျန်းချန်သည် ခပ်ထေ့ထေ့ ရယ်မောကာ လှောင်ပြောင်လိုက်သည်။
သူတို့ရှေ့မှ အံ့သြထိတ်လန့်စရာ မြင်ကွင်းကို မြင်လျှင် လူတိုင်းသည် အသက်ရှူ ရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအားကို အသုံးပြုကာ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားဖြင့် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်၏ အင်ပါယာ ဥပဒေသကို တားမြစ်နိုင်ခဲ့သည်။
သိထားရမည့် အချက်မှာ ရှန်းဝူကုန်းမြေတိုက်တွင် အင်ပါယာဥပဒေသများသည် စွမ်းအင် အားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိ၏။
အင်ပါယာ ဥပဒေသသည် နတ်ဘုရားများ၏ ဆန္ဒကဲ့သို့ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်တွင် ရှိသည့် ကျင့်ကြံသူ အတွက်ပင် ယှဥ်၍ ရမည် မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားကို အသုံးပြုကာ အင်ပါယာ ဥပဒေသကို ပိတ်ဆို့နိုင်ခဲ့သည်။
ဤသည်မှာ အရမ်းကို လက်ဖျားခါလောက်စရာ ကောင်းသော စွမ်းရည်ပင် မဟုတ်ပါလော။
"ဒီကောင်လေးက တကယ်ကို သာမန် မွန်းစတားတစ်ကောင်မဟုတ်ဘူးပဲ"
သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ငရဲတာအို ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ အင်ပါယာဥပဒေသသည် သူ့ကိုပင် နောက်ဆုတ်စေနိုင်၏။
သို့သော်လည်း ကျန်းချန်သည် မိုးကြိုးဧကရာဇ်၏ မိုးကြိုးဥပဒေသကို ဖြိုခွဲပစ်ခဲ့ပြီး ဒဏ်ရာပင် မရရှိခဲ့ပေ။
ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားကို ကြောက်မက်ဖွယ်ရာကောင်းသည်ဟုပင် ဖော်ပြနိုင်တော့သည်။
ကံကောင်းစွာပင် သူက မိုးကြိုးဧကရာဇ်ကို တိုက်ရိုက် ဆင့်ခေါ်ခဲ့သည်။
ထိုသို့မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားလိမ့်မည် ဖြစ်၏။
"စိတ်ဝင်စားစရာပဲ.. ရှန်းဝူကုန်းမြေတိုက်မှာ အင်ပါယာဥပဒေသကို ရင်ဆိုင်နိုင်တဲ့ မင်းလို နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် မွေးဖွားလာလိမ့်မယ်လို့ တကယ် ထင်မထားခဲ့ဘူး.. ဒါက အရမ်း အံ့အားသင့်ဖို့ကောင်းတယ်.. မင်းရဲ့ပါရမီက သာမန်ဟုတ်ဘူး ဒီအတိုင်းသတ်လိုက်ရင် အရမ်းနှမြောစရာကောင်းတယ်.. မင်းငါ့ကို အညံ့ခံဖို့ ဆန္ဒရှိသရွေ့ ငါမင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးနိုင်တယ်"
လေထုထဲမှ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်၏။
"အင်ပါယာတစ်ပိုင်း အဆင့်လောက်နဲ့ ငါ့ကို သိမ်းသွင်းချင်တယ်လား.. ငါ့ကိုအညံ့ခံခိုင်းဖို့ မင်းမှာ အရည်အချင်း မပြည့်မီသေးဘူး"
"ကောင်လေး မင်းက အေးအေးဆေးဆေး ညှိနှိုင်းနေတာကို သဘောမပေါက်ဘူးကိုး.. ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တာနဲ့ပဲ ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း ရှိတယ်လို့ မင်းကိုယ်မင်း ထင်နေတာလား.. ငါမင်းကို အခွင့်အရေး ပေးခဲ့တယ်.. ဒါပေမဲ့ မင်း ဒီလောက်တောင် သေချင်နေမှတော့ မင်းကို ငါ့ရဲ့အစစ်အမှန် စွမ်းအားကို မြင်စေမယ်"
ငွေရောင်ဝတ်စုံကို ဝတ်ဆင်သောသူက အေးစက်စက် ပြောလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီး အလင်းရောင်သည် တစ်ဖန် လှိုင်းထလာခဲ့သည်။
"အင်ပါယာတစ်ပိုင်း အဆင့်က အတော်လေး အင်အားကြီးတာပဲ"
နောက်ထပ် တိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်နေသည့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူကို ကြည့်ကာ ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်တော့ပေ။
သူက သူ၏ခွန်အားကို အပြည့်အဝ အစွမ်းကုန် ထုတ်သုံးသည့်တိုင် အင်ပါယာတစ်ပိုင်း အဆင့်ကို ယှဥ်ပြိုင်နိုင်ရုံလေးသာ ဖြစ်ပြီး အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကံကောင်းစွာဖြင့် သူသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူတွင် အင်ပါယာခွင်းရှ၏ အလောင်းကောင်ကို သိမ်းပိုက်ခဲ့သည်။
ထိုသို့မဟုတ်ဘဲ ကျန်းချန်သည် သူ့ရှေ့မှ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်လျှင် အမှန်တကယ် ပြဿနာအနည်းငယ် ရှိလာလိမ့်မည် ဖြစ်၏။
သို့သော်လည်း ကျန်းချန်က အင်ပါယာ အလောင်းကောင်ကို ဆင့်ခေါ်ရန် ပြင်ဆင်နေစဥ်မှာပင် လေထုထဲကနေ လှောင်ပြောင်သော အသံတစ်သံရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟားဟား မိုးကြိုးဧကရာဇ်.. မင်းက အသက်ပိုရှည်လာလေလေ ပိုပိုပြီး အရှက်မရှိတော့လေလေပဲ.. မင်းလို အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်က နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို တိုက်ခိုက်နေတာ မရှက်ဘူးလား"
အခန်း(၁၃၉၉)ပြီး၏။
အခန်း(၁၄၀၀)
ကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာသည့် ရယ်သံသည် ချိုင့်ဝှမ်းထဲမှ လူတိုင်းကို မှင်တက်သွားစေခဲ့သည်။
လူတိုင်းက ရုတ်တရက် မော့ကြည့်လိုက်ရာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ချိုင့်ဝှမ်းအပြင်ဘက်ကနေ လှမ်းဝင်လာသည်ကို တွေ့လိုက်ရသည်။
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ ပုံသဏ္ဍာန်သည် အလွန်ပင် ရိုးရှင်းပြီး သာမန်လူတစ်ယောက်နှင့် ဆင်တူ၏။
သို့သော်လည်း ဤနေရာတွင် ရှိနေသည့် မည်သူကမှ ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို သာမန်လူတစ်ယောက်အဖြစ် မသတ်မှတ်ဝံ့ကြပေ။
သူတို့၏ အတွင်းစိတ်ထဲကနေ ဤရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ် ဖြစ်နိုင်ခြေ အရမ်းများသည်ဟု ပြောပြနေခဲ့သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် ရှန်းဝူကုန်းမြေတိုက်၏ ထိပ်တန်းကျင့်ကြံသူများ စုဝေးသောနေရာ ဖြစ်သည်မှာ သေချာ၏။
အပြင်ဘက်ကမ္ဘာတွင် တွေ့ရလေ့ မရှိသည့် အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်နှစ်ယောက်သည် ရှားရှားပါးပါးပင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ဒီလူက.."
"သူများလား သူက ဘယ်လိုလုပ်ပြီး မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာမှာ ရှိနေရတာလဲ"
သူ၏ ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးထဲတွင် မရေရာသော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
သူ၏ရှေ့မှ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ကနေ ကျန်းချန်သည် အလွန်ရင်းနှီးသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။
ထိုအရှိန်အဝါသည် ယဲ့ချန်ကျွင်း သူ့ကို ပေးခဲ့သည့် နေရာလွတ် ကျောက်စိမ်းတံဆိပ်ပြားထဲမှ အရှိန်အဝါနှင့် အတိအကျပင် ထပ်တူကျနေ၏။
တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့မှ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် နိဗ္ဗာန်မြို့တော်၏ ယခင်မြို့သခင် ယဲ့ထျန်းကျီ ဖြစ်နိုင်ခြေ အလွန်များ၏။
သို့သော်လည်း ယဲ့ထျန်းကျီက လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)ခန့်တွင် နိဗ္ဗာန်မြို့တော်ကနေ ထွက်ခွာသွားခဲ့သည်ဟု ယဲ့ချန်ကျွင်း ပြောခဲ့ဖူးသည်ကို ကျန်းချန် ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။
ဆိုရလျှင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် နှစ်(၁၀၀၀)တွင် တစ်ကြိမ်သာ ဖွင့်လှစ်၏။
သို့ဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ခန့်က နိဗ္ဗာန်မြို့တော်ကနေ ထွက်ခွာသွားခဲ့သည့် ယဲ့ထျန်းကျီသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် မည်ကဲ့သို့ ထွက်ပေါ်လာရပါသနည်း။
"ယဲ့ထျန်းကျီ.. မင်းနဲ့ငါက ကိုယ့်စည်းနဲ့ကိုယ် အမြဲတမ်း နေထိုင်ခဲ့ကြတယ်.. မင်းငါ့ရဲ့ ကိစ္စကို ဝင်စွက်မဖက်တာ ကောင်းမယ်လို့ထင်တယ်"
မိုးကြိုးဧကရာဇ်က ရုတ်တရက် ပေါ်ထွက်လာသော ယဲ့ထျန်းကျီကို မြင်လျှင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ယဲ့ထျန်းကျီက ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"တကယ်ပဲ သူဖြစ်နေတာကိုး"
မိုးကြိုးဧကရာဇ်၏ လူလတ်ပိုင်းအရွယ် အမျိုးသားအား ပြောလိုက်သည့်စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"နိဗ္ဗာန်မြို့တော်ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀)က ထွက်သွားခဲ့တဲ့ ယဲ့ထျန်းကျီက တကယ်ပဲ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာထဲကို ရောက်နေခဲ့တယ်လား"
"နိဗ္ဗာန်မြို့တော်ရဲ့ ယခင်မြို့စား ယဲ့ထျန်းကျီပါလား"
ကောင်းကင်ယံတွင် ရှိနေသည့် ယဲ့ထျန်းကျီကို မြင်လျှင် ရှားယွင်ချုံး၏ မျက်ဝန်းထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ဟောင်ထျန်းသူတော်စင်နယ်မြေ အထွတ်အထိပ်အကြီးအကဲ ဖြစ်၍ နိဗ္ဗာန်မြို့တော်၏ ယခင်မြို့စားနှင့် မစိမ်းပေ။
ဆိုရလျှင် ရှားယွင်ချုံးသည် ယဲ့ထျန်းကျီက မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် လက်ရှိ အခြေအနေအရ ယဲ့ထျန်းကျီသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီဟု ထင်ရသည်။
ကျန်းချန်သည် နိဗ္ဗာန်မြို့တော်ကို သိမ်းပိုက်ပြီးနောက်တွင် နိဗ္ဗာန်မြို့တော်နှင့် အတော်လေး နီးစပ်ခဲ့သည်။
ထို့ကြောင့် ယဲ့ထျန်းကျီ၏ အကူအညီသာ ရလျှင် သူတို့သည် အင်ပါယာယွင်နတ်သစ်သီး အတွက် ယှဥ်ပြိုင်ရန် မျှော်လင့်ချက် ရှိလာနိုင်ပေသည်။
"ငါ ယဲ့ထျန်းကျီက မင်းရဲ့ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်ဖို့ စိတ်မဝင်စားဘူး"
ယဲ့ထျန်းကျီက မဲ့ပြုံးပြုံး၍ မိုးကြိုးဧကရာဇ်ကို ပြောပြပြီးနောက်တွင် ကျန်းချန်ကို လက်ညှိုး ညွှန်ပြလိုက်သည်။
"ဒါပေမဲ့ မင်းသူ့ကို ထိလို့မရဘူး.. ဘယ်သူမဆို သူ့ရဲ့ ဆံချည်တစ်မျှင်ကို ထိဝံ့တာနဲ့ အဲဒီလူက ငါ့ရဲ့ရန်သူပဲ"
"ယဲ့ထျန်းကျီ မင်းစကားက ဘာကိုဆိုလိုတာလဲ"
ယဲ့ထျန်းကျီ၏ စကားကိုကြားလျှင် မိုးကြိုးဧကရာဇ်၏ မျက်နှာသည် ချက်ချင်း ဆိုသလိုပင် အလွန်တရာအကျည်းတန်လာခဲ့သည်။
"ဘာလဲ.. ငါ့စကားက နားလည်ဖို့ ခက်ခဲနေလို့လား"
ယဲ့ထျန်းကျီက အေးစက်စက် မေးလိုက်သည်။
ယဲ့ထျန်းကျီ၏ စကားကြောင့် မိုးကြိုးဧကရာဇ်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ခဏအကြာတွင် သူက သက်ပြင်းချလိုက်ပြီး ယဲ့ထျန်းကျီကို ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ.. ငါမင်းကို မျက်နှာသာပေးပြီး သူ့ကို သွားခွင့်ပြုလိုက်မယ်.. ဒါပေမဲ့ အင်ပါယာယွင် နတ်သစ်ပင်ပေါ်က သစ်သီးကတော့ ငါ့ရဲ့အပိုင်ပဲ"
ယဲ့ထျန်းကျီသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို သိပ်မကြာခင်ကမှ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။
မဖြစ်မနေ တိုက်ခိုက်ရမည့် အခြေအနေမျိုး မရောက်သ၍ မိုးကြိုးဧကရာဇ်သည် ယဲ့ထျန်းကျီနှင့် ပြဿနာ မတက်ချင်ခဲ့ပေ။
ယဲ့ထျန်းကျီက ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီလေ.. မင်းသူ့ကို ဘာမှမလုပ်သရွေ့ အင်ပါယာယွင်နတ်သစ်သီးကို မင်းမှာ အရည်အချင်းရှိရင် ယူသွားနိုင်တယ်"
ယဲ့ထျန်းကျီ၏ စကားကိုကြားလျှင် မိုးကြိုးဧကရာဇ်သည် ချက်ချင်းပင် အင်ပါယာယွင်နတ်သစ်ပင် ရှိရာသို့ ပျံသန်းသွားခဲ့သည်။
ယခုအခါတွင် တတိယမြောက် အင်ပါယာယွင် နတ်သစ်သီးသည် ရင့်မှည့်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
အင်ပါယာယွင်နတ်သစ်ပင်၏ စွမ်းအားသည် အင်ပါယာဥပဒေသကို နားလည်ထားသည့် သူတို့ အတွက် အတားအဆီးသိပ်မဖြစ်စေတော့ပေ။
ထို့ကြောင့် မိုးကြိုးဧကရာဇ်က လုံးဝ တုံ့ဆိုင်းမနေဘဲ ရှေ့ကို တိုက်ရိုက် ပျံသန်းကာ အင်ပါယာယွင် နတ်သစ်သီးကို ခူးဆွတ်ရန် ကြိုးစားခဲ့သည်။
"စိတ်မကောင်းပါဘူး ဒီအင်ပါယာယွင် နတ်သစ်သီးက ငါ့ရဲ့အပိုင်ပဲ.. ဘယ်သူ့ကိုမှ ငါ့ဆီကနေ လုယူခွင့်ပြုမှာ မဟုတ်ဘူး"
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ ပုံရိပ်သည် လင်းလက်သွားခဲ့ပြီး လဲ့ယင်ခွမ်း၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"သေချင်နေပြီလား"
သူ၏ သွားလမ်းကို ကျန်းချန်က ပိတ်ရပ်ထားသည်ကိုမြင်လျှင် မိုးကြိုးဧကရာဇ်၏ မျက်လုံးကနေ ရုတ်တရက် အေးစက်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
သို့သော်လည်း မိုးကြိုးဧကရာဇ်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသောအချိန်မှာပင် ယဲ့ထျန်းကျီ၏ ပုံရိပ်သည် ကျန်းချန်၏ရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့ပြီး မိုးကြိုးဧကရာဇ်၏ အရှိန်အဝါအားလုံးကို ခုခံလိုက်သည်။
"ဟမ့် မိုးကြိုးဧကရာဇ်.. ဘယ်သူမဆို သူ့ကို ထိဝံ့ရင် င့ါရဲ့ရန်သူပဲလို့ ငါခုနက ပြောခဲ့ပြီးပြီ.. မင်းက ငါ့ရဲ့ စကားကို ဂရုမစိုက်တာလား"
ယဲ့ထျန်းကျီက ကျန်းချန်၏ ရှေ့တွင် ရပ်နေသည်ကို မြင်လျှင် မိုးကြိုးဧကရာဇ်သည် ဒေါသအကြီးအကျယ် ထွက်သွားခဲ့သည်။
"ယဲ့ထျန်းကျီ မင်းငါ့ကို လှည့်စားရဲတယ်"
မိုးကြိုးဧကရာဇ်သည် ယဲ့ထျန်းကျီကို ဒေါသ မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးကနေလည်း အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ဤအချိန်တွင် မိုးကြိုးဧကရာဇ်သည် သူ့ကို ယဲ့ထျန်းကျီက လှည့်စားခဲ့မှန်း အဆုံးသတ်၌ သဘောပေါက်သွားခဲ့သည်။
ယဲ့ထျန်းကျီက အင်ပါယာယွင်နတ်သစ်သီးနှင့် ပတ်သက်၍ ဝင်မစွက်ဖက်ဟု ပြောခဲ့သော်လည်း တကယ်တမ်းတွင် ကျန်းချန်က သူ့ကို တားမြစ်ရန် ခွင့်ပြုခဲ့သည်။
သူက ကျန်းချန်ကို တစ်ခုခု လုပ်လိုက်သည်နှင့် ယဲ့ထျန်းကျီသည် ကျန်းချန် ဘက်ကနေ ရပ်တည်ရန် တုံ့ဆိုင်းမှု မရှိဘဲ ရှေ့ထွက်လာပေလိမ့်မည်။
ဤသည်က သူ့ကို အင်ပါယာယွင်နတ်သစ်သီးအား ခူးဆွတ်ရန် ခွင့်မပြု ဟူသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။
"ငါမင်းကို လှည့်စားတော့ရော.. မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"
ယဲ့ထျန်းကျီက မထီမဲ့မြင် အမူအရာဖြင့် မိုးကြိုးဧကရာဇ်ကို ကြည့်ကာ ပြောလိုက်သည်။
"မကျေနပ်ရင် စိန်လိုက်လေ.. မိုးကြိုးဧကရာဇ်လို့ခေါ်တဲ့ မင်းရဲ့မိုးကြိုးဥပဒေသက ဘယ်လောက်ထိ အစွမ်းထက်လဲ ဆိုတာ ကြည့်ရသေးတာပေ့ါ"
ထိုစကားကိုကြားလျှင် မိုးကြိုးဧကရာဇ်သည် ခဏမျှ စဥ်းစားခန်းဝင်လိုက်သည်။
သို့သော်လည်း အဆုံးသတ်တွင် သူသည် ယဲ့ထျန်းကျီနှင့်တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။
သူ၏ရှေ့မှ ယဲ့ထျန်းကျီ၏ ခွန်အားသည် နားမလည်နိုင်လောက်အောင် နက်ရှိုင်း၏။
ဆိုရလျှင် ယဲ့ထျန်းကျီသည် အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်သည်မှာ မကြာသေးသော်လည်း မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာရှိ အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်တစ်ဦးကို အပြတ်အသတ် အနိုင်ယူခဲ့ဖူးသည်။
ဤကဲ့သို့ အစွမ်းထက် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် မိုးကြိုးဧကရာဇ်သည် အလွယ်တကူ မစွန့်စားလိုခဲ့ပေ။
"ကောင်းပြီလေ.. ယဲ့ထျန်းကျီ ငါဒီကိစ္စကို မှတ်ထားလိုက်မယ် ငါတို့သွားကြစို့"
မိုးကြိုးဧကရာဇ်က ယဲ့ထျန်းကျီနှင့် ကျန်းချန်ကို အေးစက်စက်တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ငရဲတာအို ကျင့်ကြံသူနှင့်အတူ ကောင်းကင်ထဲကို တိုးဝင်ကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
"ကောင်လေး ဒီနေရာမှာ ငါနဲ့ အရမ်းရင်းနှီးတဲ့ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတာကို ငါခံစားမိလိုက်တယ်.. ငါခန့်မှန်းမမှားရင် မင်းက အဲဒီစွမ်းအားကို ထုတ်ဖော်လိုက်တာပဲ"
ယဲ့ထျန်းကျီက မိုးကြိုးဧကရာဇ်နှင့် ငရဲတာအို ကျင့်ကြံသူတို့ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက်တွင် သူ၏ အကြည့်ကို ကျန်းချန်ပေါ်သို့ လွှဲပြောင်းလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ် အကြီးအကဲ ကျွန်တော်ပါ"
ကျန်းချန်က သူ၏ ရှေ့မှ ယဲ့ထျန်းကျီကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"အကြီးအကဲက နိဗ္ဗာန်မြို့တော်ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀)က ထွက်ခွာသွားတယ်လို့ ယဲ့ချန်ကျွင်း တစ်ခါပြောခဲ့ဖူးတယ်.. မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာက တစ်ကြိမ်ပဲဖွင့်လှစ်တာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး အကြီးအကဲက မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာမှာ ရှိနေရတာလဲ"
"ချန်ကျွင်းက မင်းကို ဒီအကြောင်းတွေ ပြောပြထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ယဲ့ထျန်းကျီ၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအမူအရာတစ်ခု လင်းလက်သွားခဲ့သည်။
"ကောင်လေး မင်းကနိဗ္ဗာန်မြို့တော်က မဟုတ်ပေမဲ့ မင်းမှာ ငါတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတဲ့ပုံပဲ.. ဒါ့အပြင် ငါတို့နဲ့ဆင်တူတဲ့ စွမ်းအားလည်း ရှိနေတယ်.. မင်းဘယ်သူလဲ"
အခန်း(၁၄၀၀)ပြီး၏။
အခန်း(၁၄၀၁)
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အရာအားလုံးကို ယဲ့ထျန်းကျီအား ပြောပြလိုက်သည်။
ကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်မှ လူသားဧကရာဇ်၏ သားတော်ဖြစ်မှန်း သိလျှင် ယဲ့ထျန်းကျီ၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းက တကယ်ပဲ လူသားဧကရာဇ်ရဲ့ သွေးသားလား"
ထိုမေးခွန်းကို ကြားလျှင် ကျန်းချန်က ချက်ချင်းဆိုသလို ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ကို ထုတ်ဖော်၍ ပြသလိုက်သည်။
"ဒါက လူသားဧကရာဇ်စည်းတံဆိပ် အစစ်အမှန်ပဲ"
ယဲ့ထျန်းကျီ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ဤအချိန်တွင် သူသည် ကျန်းချန်၏ ဇာစ်မြစ်ကို လုံးဝသံသယ မဝင်တော့ပေ။
"အကြီးအကဲယဲ့.. နှစ်ပေါင်း(၁၀၀၀၀)ကာလက နီးကပ်နေပြီ သွေးဝိညာဥ်မျိုးနွယ်စုက ရှန်းဝူကုန်းမြေတိုက်ကို သိပ်မကြာခင် ပြန်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်.. ဒီတစ်ကြိမ် ကျွန်တော်နဲ့အတူ လူသားဧကရာဇ်နန်းတော်ကို ပြန်လိုက်လာပြီး သွေးဝိညာဥ်မျိုးနွယ်စုကို နှိမ်နင်းပေးဖို့ မျှော်လင့်ပါတယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက်တွင် အလေးအနက် ပြောလိုက်သည်။
ယဲ့ထျန်းကျီသည် ယခုအခါတွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၏။
၎င်းသာ လူသားဧကရာဇ် နန်းတော်ကို လိုက်လာခဲ့လျှင် သွေးဝိညာဥ်မျိုးနွယ်စုကို ရင်ဆိုင်ရာတွင် အကြီးအကျယ် အကူအညီ ဖြစ်မည်မှာ သေချာသလောက်ပင်။
ယဲ့ထျန်းကျီက ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့.. ငါလွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀)က မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်ပြီး အဆင့်တက်ဖို့ အခွင့်အလမ်းကို ရှာဖွေခဲ့တာက ဒီကိစ္စ အတွက်ပါပဲ"
ထို့နောက်တွင် ကျန်းချန်သည် သူသိလိုချင်သော ကိစ္စတစ်ခုကို မေးမြန်းလိုက်သည်။
"အကြီးအကဲယဲ့.. မိုကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာက နှစ်(၁၀၀၀)မှာ တစ်ကြိမ်ပဲ ဖွင့်တယ်မဟုတ်လား.. အကြီးအကဲယဲ့က လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀)က ဘယ်လိုလုပ်ပြီး ဒီထဲကို ဝင်လာနိုင်ခဲ့တာလဲ"
"ရွှယ်လင်တိုက်က လူသားမျိုးနွယ်စုတွေမှာ ကျန်း၊ ကျီနဲ့ ယဲ့တို့က လေးစားခံရတဲ့ အဆင့်မြင့် မျိုးနွယ်စုသုံးစုပဲ.. ဒီမျိုးနွယ်စု သုံးစုမှာ အထူးစွမ်းအင်တွေ ကိုယ်စီ ရှိကြတယ်.. ငါက ယဲ့မျိုးနွယ်စုရဲ့ စွမ်းအင်အချို့ကို ဆက်ခံထားတာကြောင့် ဒီမိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ခဲ့တာပဲ"
ယဲ့ထျန်းကျီက ပြုံးရွှင်စွာပင် ရှင်းပြလိုက်သည်။
သူတို့နှစ်ဦးသား စကားပြောဆိုနေစဥ်မှာပင် ကောင်းကင်နှင့်မြေကြီးကြားရှိ ထူးဆန်းသော စွမ်းအားတစ်ခုသည် အင်ပါယာယွင် နတ်သစ်ပင်ကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
ကျန်းချန်နှင့်အခြားသူများက အင်ပါယာယွင် နတ်သစ်ပင်ကို လှမ်းကြည့်လိုက်ရာ မရင့်မှည့်သေးသော တတိယမြောက်အင်ပါယာယွင် နတ်သစ်သီးတွင် အလင်းရောင်များ တောက်ပနေသည်ကို တွေ့လိုက်ရသည်။
သိပ်မကြာခင်မှာပင် အင်ပါယာယွင် နတ်သစ်သီးပေါ်ရှိ အလင်းရောင်များသည် လုံးဝကို ပျောက်ကွယ်သွားခဲ့၏။
ထို့နောက်တွင် တတိယမြောက် အင်ပါယာယွင် နတ်သစ်သီးသည် တခြား ရင့်မှည့်ပြီးသား အင်ပါယာယွင် နတ်သစ်သီးနှစ်လုံးကဲ့သို့ သာမန်သစ်သီးတစ်လုံး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယဲ့ထျန်းကျီက အင်ပါယာယွင် နတ်သစ်ပင်ပေါ်မှ အခြေအနေကို ကြည့်လိုက်ပြီးနောက်တွင် ပြုံးရွှင်စွာ ပြောလိုက်သည်။
"တတိယမြောက် အင်ပါယာယွင်နတ်သစ်သီး ရင့်မှည့်နေပြီ.. သစ်သီးကို အရင်ခူးလိုက်ပါဦး"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်ပင်ပေါ်ရှိ အင်ပါယာယွင် နတ်သစ်သီး သုံးလုံးစလုံးကို တိုက်ရိုက်ပင် ခူးဆွတ်လိုက်၏။
"အင်ပါယာယွင် နတ်သစ်သီးက အထူး သိမ်းဆည်းနိုင်တဲ့ပစ္စည်း မရှိရင်.. အင်ပါယာယွင်နတ်သစ်ပင်ကနေ အဝေးကိုထွက်သွားတာနဲ့ သစ်သီးရဲ့ အတွင်းထဲမှာ ရှိတဲ့ စွမ်းအားတွေက အလျင်အမြန် ပျောက်ကွယ်သွားလိမ့်မယ်.. ဒီသစ်သီးကို အင်ပါယာယွင် နတ်သစ်ပင်အောက်မှာ စားသုံးမှပဲ အကျိုးသက်ရောက်မှုကို အပြည့်အဝ ရရှိစေနိုင်တယ်.. မင်း အင်ပါယာယွင်နတ်သစ်သီးကို စားလိုက်တော့.. ငါမင်းကို ကာကွယ်ပေးထားမယ်"
ထိုအချိန်မှာပင် ယဲ့ထျန်းကျီ၏ အသံသည် ကျန်းချန်၏ ကျောဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
"ဒါဆို အင်ပါယာယွင်နတ်သစ်သီးကို သိမ်းထားလို့မရဘူးပေါ့"
ကျန်းချန်က သူ၏လက်ထဲမှ အင်ပါယာယွင်နတ်သစ်သီးသုံးလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် တစ်လုံးကို ရှားယွင်ချုံးထံ ပေးလိုက်သည်။
ရှားယွင်ချုံးသာ လမ်းမပြခဲ့လျှင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်ခွင့် ရခဲ့လျှင်ပင် အင်ပါယာယွင်နတ်သစ်ပင် ရှိသည့်နေရာကို သူ့အနေဖြင့် သိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ရှားယွင်ချုံးသည် အင်ပါယာယွင် နတ်သစ်သီးတစ်လုံးနှင့် ထိုက်တန်မှုရှိပေသည်။
ကျန်ရှိသည့် အင်ပါယာယွင်နတ်သစ်သီးကိုမူ ကျန်းချန်သည် တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ အနက်ရောင်မြွေကို ပေးလိုက်သည်။
မူလက အင်ပါယာယွင်နတ်သစ်သီး သုံးလုံးကို ရရှိလျှင် တစ်လုံးကို ရှားယွင်ချုံးအတွက် ပေးကာ တစ်လုံးကို သူ့အတွက် ချန်ထားပြီး ကျန်တစ်လုံးကို မုန့်ချင်းရွှယ် အတွက် သိမ်းထားရန် စီစဥ်ခဲ့သည်။
အဆုံးသတ်တွင် မုန့်ချင်းရွှယ်သည် လနတ်ကြမ္မာခန္ဓာကိုယ်ကို နိုးထပြီး အင်ပါယာရွှယ်ယဲ့၏ အမွေအနှစ်ကို ဆက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ခွန်အားသည် ကြောက်မက်ဖွယ်ရာကောင်းသောအဆင့်ထိ အမှန်တကယ် ကြီးထွားလာလိမ့်မည်မှာ သေချာ၏။
မုန့်ချင်းရွှယ်၏ အရည်အချင်းဖြင့်သာ ဆိုလျှင် အင်ပါယာယွင် နတ်သစ်သီးကို ရရှိသည်နှင့် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည်မှာ သေချာသလောက်ပင်။
ကံမကောင်းစွာဖြင့် ကျန်းချန်ထံတွင် အထူး ထိန်းသိမ်းနိုင်သည့် ပစ္စည်းမရှိ၍ အင်ပါယာယွင် နတ်သစ်သီးကို သယ်ဆောင်သွားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူက မုန့်ချင်းရွှယ်ကို ပေးရန် ရည်ရွယ်ထားသည့် အင်ပါယာယွင်နတ်သစ်သီးကို သူသိမ်းသွင်းထားသည့် အနက်ရောင်မြွေကိုသာ ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ဤအနက်ရောင်မြွေ၏ ခွန်အားသည် ရှားယွင်ချုံးထက် မနိမ့်သည့် အဋ္ဌမအဆင့် အထွတ်အထိပ် သားရဲတစ်ကောင် ဖြစ်ပြီး အဆင့်တက်ရန် အခွင့်အရေး အများအပြား ရှိသည်။
သူ၏ လူသားဧကရာဇ်နန်းတော် အင်အားစုထဲကို အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့် သားရဲတစ်ကောင် ထပ်ထည့်နိုင်ခဲ့လျှင် အင်ပါယာယွင် နတ်သစ်သီးကို ဖြုန်းတီးသည်ဟု ဆို၍ မရတော့ပေ။
"ကျေးဇူးတင်ပါတယ်သခင်"
သူ၏ သခင်က အင်ပါယာယွင်နတ်သစ်သီးအား စွန့်ကြဲလိုက်သည်ကို မြင်လျှင် အနက်ရောင်မြွေ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ခေါက် အင်ပါယာယွင် နတ်သစ်သီး ရင့်မှည့်သောအချိန်တွင် အထွတ်အထိပ် အင်ပါယာများသာမက အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် အနက်ရောင်မြွေသည် ကျန်းချန်နှင့် အခြားသူများ၏ စွမ်းရည်မပါဘဲ သူ့အနေဖြင့် အင်ပါယာယွင် နတ်သစ်သီးကို ရရှိရန် မဖြစ်နိုင်သလောက် အခြေအနေတွင် ရှိမှန်း ကောင်းစွာ နားလည်ထား၏။
အစောပိုင်းက ကျန်းချန်ထံတွင် အညံ့ခံလိုက်ရသောကြောင့် ကံဆိုးမှုအဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ အင်ပါယာယွင် နတ်သစ်သီး တစ်လုံးကို ရရှိခဲ့သည်။
ထို့ကြောင့် ဤအချိန်တွင် အနက်ရောင်မြွေသည် ကျန်းချန်ကို သူ၏ တကယ့်သခင် အဖြစ် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုခဲ့သည်။
ဤကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင် တစ်ယောက်၏ လက်အောက်တွင် ရှိနေရခြင်းသည် လက်မခံနိုင်သောအရာမဟုတ်ပေ။
အင်ပါယာယွင် နတ်သစ်သီးကို ခွဲဝေပြီးနောက်တွင် ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်ပင်အောက်၌ တစ်ခါတည်း ထိုင်ချလိုက်ပြီး သူ၏ လက်ထဲမှ အင်ပါယာယွင် နတ်သစ်သီးကို စားသုံးလိုက်သည်။
"ဒင်.. သင်က အင်ပါယာယွင် နတ်သစ်သီးကို စားသုံးပြီး ဓားနယ်မြေ အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာယွင် နတ်သစ်သီးကို စားသုံးပြီး မီးနယ်မြေ အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်"
"............."
"ဒင်.. သင့်ရဲ့ ဓားနယ်မြေက ပြီးပြည့်စုံတဲ့နယ်မြေ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"
"ဒင်.. သင်က ဓားဥပဒေသရဲ့ ၁ရာခိုင်နှုန်းကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"
စနစ်၏ အချက်ပေးသံ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ ဓားနယ်မြေသည် အဆုံးသတ်တွင် ပြီးပြည့်စုံသော နယ်မြေအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ဓားဥပဒေသ၏ ၁ရာခိုင်နှုန်းကိုပင် နားလည်နိုင်ခဲ့၏။
"ဒါက ဓားဥပဒေသရဲ့ စွမ်းအားလား"
ယခုလေးတွင် သူနားလည်လိုက်သည့် ဓားဥပဒေသကို ခံစားမိလျှင် ကျန်းချန်သည် အင်ပါယာဥပဒေသ၏ စွမ်းအားကို နားလည်မှုတွင် ပိုမို နက်ရှိုင်းလာခဲ့သည်။
ကိုယ်ခံပညာရှင် တစ်ယောက်သည် နယ်မြေစွမ်းအားကို ပြီးပြည့်စုံသော နယ်မြေအဆင့်အတန်းသို့ ရောက်ရှိပြီးနောက်တွင် လုံလောက်သည့် အခွင့်အရေးနှင့် နားလည်မှုရှိလျှင် နယ်မြေစွမ်းအားကနေ ဥပဒေသ စွမ်းအားကို ထုတ်ဖော်နိုင်သည်။
ထိုသို့ နယ်မြေစွမ်းအားကနေ ဥပဒေသ စွမ်းအားကို ထုတ်ဖော်နိုင်သည့် ကျင့်ကြံသူကို အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူဟု ခေါ်ဆိုကြ၏။
အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ၎င်း၏ ကိုယ်ခံပညာ နယ်မြေထဲတွင် မွေးဖွားလာသည့် ဥပဒေသ များပြားလေလေ ခွန်အားက ပိုကောင်းလေလေ ဖြစ်သည်။
ကိုယ်ခံပညာနယ်မြေကနေ ကိုယ်ခံပညာ ဥပဒေသများ အဖြစ် လုံးဝ ပြောင်းလဲနိုင်သည်နှင့် သာမန် အခြေအနေအောက်တွင် ကောင်းကင်နှင့်မြေကြီး၏ ကပ်ဘေးကို ဖြစ်ပေါ်စေပြီး ထိုကပ်ဘေးကို ဖြတ်ကျော်ကာ အင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။
သို့သော်လည်း လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က တိုက်ပွဲတွင် မဟာအင်ပါယာ ဟောင်ထျန်းသည် ရွှမ်းဝူကောင်းကင် အစီအရင်တွင် ရှန်းဝူတိုက်၏ မူလစွမ်းအင်ကို အသုံးပြုထားခဲ့သည်။
ထို့ကြောင့် ရှန်းဝူကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် ကပ်ဘေးကို ဖြတ်ကျော်ကာ အင်ပါယာအဆင့်ကို မထိုးဖောက်နိုင်ခဲ့ကြပေ။
သူတို့ ရောက်ရှိနိုင်သည့် အကန့်အသတ် အဆင့်မှာ ပြီးပြည့်စုံသော ကိုယ်ခံပညာ ဥပဒေသကို နားလည်ထားသည့် အင်ပါယာတစ်ပိုင်း အဆင့်ပင် ဖြစ်၏။
ထိုကဲ့သို့ ပြီးပြည့်စုံသော ကိုယ်ခံပညာ ဥပဒေသကို နားလည်ထားသည့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် အင်ပါယာနယ်ပယ်ထဲသို့ ခြေလှမ်းတစ်ဝက် ရောက်ရှိနေပြီ ဖြစ်၍ ခြေလှမ်းတစ်ဝက် အင်ပါယာဟုလည်း ခေါ်ဆိုကြ၏။
ယခုအခါတွင် ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်သီးကို မျိုချပြီး ဓားဥပဒေသကို တစ်ခဏအတွင်း နားလည်နိုင်ခဲ့ကာ အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်။
ဤအချိန်တွင် မမြင်နိုင်သော ဓားအရှိန်အဝါတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့ပြီး ပေထောင်ပေါင်းများစွာ ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင် ပြည့်နှက်သွားခဲ့သည်။
"ဒီကောင်လေးက ဓားပညာရဲ့ ဥပဒေသတွေကိုတောင် နားလည်သွားပြီလား"
ကျန်းချန်၏ ခန္ဓာကိုယ်မှ ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို ခံစားမိလျှင် ယဲ့ထျန်းကျီသည် အံ့အားသင့်ကာ မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။
ကျန်းချန်က အင်ပါယာယွင် နတ်သစ်သီးကို စားလိုက်ရုံမျှဖြင့် ချက်ချင်းဆိုသလို ဓားဥပဒေသများကို နားလည်ကာ တစ်ခဏအတွင်းမှာပင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"မွန်းစတား ဒီလို ပါရမီရှင်မျိုးက တကယ့်ကို မွန်းစတားပဲ"
ဤကောင်လေးသည် အမှန်တကယ်ပင် လူသားဧကရာဇ်၏သွေးသားဟုပင် ဆိုရပေတော့မည်။
အခန်း(၁၄၀၁)ပြီး၏။