← Chapters

အခန်း (၁၄၀၂-၁၄၀၄)

Vol. 94 Ch. 1402-1404

အခန်း (၁၄၀၂-၁၄၀၄)

Vol. 94 Ch. 1402-1404

အခန်း(၁၄၀၂)

"အခုငါက ဓားပညာရပ်ရဲ့ ဥပဒေသတွေကို စတင်နားလည်လာခဲ့ပြီ.. ဒါက အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်လာတာနဲ့အတူတူပဲ.. အခုငါ ကျင့်ကြံခြင်းမှာ အတွေ့အကြုံရမှတ်တွေ ရနိုင်မလား စမ်းသပ်ကြည့်ရမယ်"

အင်ပါယာယွင် နတ်သစ်သီးကို စားသုံးပြီး ဓားဥပဒေသကို နားလည်လာပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူက ဝိညာဥ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ကျင့်ကြံလိုက်သော်လည်း စနစ်ထံမှ အချက်ပေးသံကို အချိန်အတော်ကြာသည်အထိ မကြားခဲ့ပေ။

"ကြည့်ရတာ ကျင့်ကြံခြင်းမှာ အတွေ့အကြုံရမှတ်တွေ ထပ်မံရရှိဖို့ မဖြစ်နိုင်သေးဘူးဘထင်တယ်"

ကျန်းချန်က စိတ်ပျက်စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် အဆင့်နှင့် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်၏ တစ်ခုတည်းသောခြားနားချက်မှာ ကိုယ်ခံပညာနယ်မြေတွင် ဥပဒေသ၏ စွမ်းအားများ မွေးဖွားလာခြင်းပင် ဖြစ်သည်။

လက်ရှိတွင် သူမည်မျှပင် ကျင့်ကြံပါစေ၊ သူ၏ကျင့်ကြံခြင်းသည် တိုးတက်လာမည် မဟုတ်တော့ပေ။

သူ၏ခန့်မှန်းချက်သာ မမှားခဲ့လျှင် သူသည် ကိုယ်ခံပညာ၏ ဥပဒေသကို ပြီးပြည့်စုံသောအဆင့် အထိ နားလည်ပြီး ခြေလှမ်းတစ်ဝက် အင်ပါယာအဆင့်ကို ရောက်ရှိမှသာလျှင် ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်များကို ဆက်လက် ရရှိနိုင်ပြီး တစ်ချက်တည်းနှင့် အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။

အင်ပါယာတစ်ပိုင်းအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို အဆုံးမသတ်ခဲ့ဘဲ အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ဆက်လက် ကျင့်ကြံခဲ့သည်။

"ဒင်.. သင်က အင်ပါယာယွင်နတ်သစ်ပင်ရဲ့ စွမ်းအားကို ခံစားပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင့်ရဲ့ မီးနယ်မြေက အတွေ့အကြုံရမှတ် တစ်သန်းကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ မိုးကြိုးနယ်မြေက အတွေ့အကြုံရမှတ် တစ်သန်းကို အဆ ၁၀၀ ရရှိပါတယ်"

"........."

"ဒင်.. သင်က ဓားဥပဒေသကို တစ်ထောင်ပုံတစ်ပုံ နားလည်သွားခဲ့ပါပြီ"

တစ်နာရီခန့် ကြာပြီးနောက်တွင် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

သူက ကျင့်ကြံခြင်းတွင် မတိုးတက်လာသော်လည်း အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ဥာဏ်အလင်းရရှိရန် ကြိုးစားရင်း တခြားသော ကိုယ်ခံပညာ နယ်မြေများတွင် အတွေ့အကြုံများကို ဆက်လက် ရရှိခဲ့သည်။

ဤအင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ဥာဏ်အလင်း ရရှိရန် ကြိုးစားရင်း ဓားဥပဒေသပင် တစ်ထောင်ပုံတစ်ပုံ နားလည်မှုကို ရရှိခဲ့သည်။

ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်ပင်တွင် တစ်နာရီလျှင် တစ်ကြိမ်သာ နားလည်နိုင်ပြီး တစ်နေ့ကို တစ်ဆယ့်နှစ်ကြိမ်သာ နားလည်နိုင်သည်။

တစ်နည်းအားဖြင့် သူသည် အင်ပါယာယွင် နတ်သစ်ပင်ကို အသုံးပြုကာ ပြီးပြည့်စုံသော ဓားဥပဒေသကို နားလည်ရန်အတွက် အနည်းဆုံး ရက်ပေါင်း ၇၀၊၈၀ ခန့် လိုအပ်လိမ့်မည်ဖြစ်သည်။

သို့သော် နားလည်မှု မလွယ်ကူသည့်တိုင် ကျန်းချန်သည် လက်မလျှော့ခဲ့ပေ။

အကြောင်းအရင်းမှာ အင်ပါယာဥပဒေသကို နားလည်ရန်မှာ အလွန်တရာပင် ခက်ခဲလွန်းသော်လည်း ယခုအခါတွင် အင်ပါယာယွင် နတ်သစ်ပင်ကို အသုံးပြုကာ ဓားဥပဒေသများကို အဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နိုင်သောကြောင့်ပင်။

မိုးကြိုးနတ်ဘုရား၏‌ ရှေးဟောင်းကမ္ဘာကနေ ထွက်ခွာသွားခဲ့လျှင် သူ့အနေဖြင့် ဥပဒေသ၏ စွမ်းအားကို ဆက်လက်တိုးတက်အောင် လုပ်ရန် ပို၍ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် အခွင့်အရေးရရှိတုန်း အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ဥာဏ်အလင်းရရှိရန် အပတ်တကုတ် အားထုတ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

လဝက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် ကိုယ်ခံပညာစွမ်းအားများကို အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ဆက်လက် တိုးတက်ရန် လုပ်ဆောင်နိုင်ခဲ့သည်။

စတင်ကျင့်ကြံပြီး ငါးရက်မြောက်နေ့တွင် မိုးကြိုးဥပဒေသသည် သူ၏ မိုးကြိုးနယ်မြေတွင် မွေးဖွားလာခဲ့သည်။

ခုနစ်ရက်မြောက်နေ့တွင် လေနယ်မြေသည်လည်း လေဥပဒေသကို မွေးဖွားလာခဲ့၏။

ကျန်းချန်က အင်ပါယာယွင် နတ်သစ်သီးတစ်လုံးကို စားသုံးပြီးနောက်တွင် အင်ပါယာ ဥပဒေသကို နားလည်အောင် ကြိုးစားရာ၌ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူသွားသည်ကိုမြင်လျှင် နိဗ္ဗာန်မြို့တော်၏ ယခင်မြို့စား ယဲ့ထျန်းကျီပင် အံ့သြ တုန်လှုပ်သွားခဲ့သည်။

ဤကောင်လေးသည် စကားလုံးဖြင့်ပင် ဖော်ပြ၍ မရလောက်သည်အထိ နတ်ဆိုးဆန်လွန်းသည့် ပါရမီရှင် တစ်ယောက် ဖြစ်၏။

ယဲ့ထျန်းကျီက ခေါင်းခါရမ်းလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏‌ရှေ့မှ လူသားဧကရာဇ်သားတော်သည် အလွန်တရာပင် နတ်ဆိုးဆန်သော ပါရမီရှိပြီး သူထင်ထားသည်ထက်ပင် များစွာ ကျော်လွန်နေခဲ့သည်။

ဤတစ်ခေါက် ကြုံတွေ့ရမည့် ကပ်ဘေးအန္တရာယ်ကို ဖြတ်ကျော်ပြီးနောက်တွင် ထိုကောင်လေးသည် သူတို့နိဗ္ဗာန်မြို့တော်ကို ရွှယ်လင်ကုန်းမြေဆီသို့ ပြန်လည် ပို့ဆောင်ပေးရန် ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။

ကျန်းချန်က အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ရူးသွပ်စွာ အပတ်တကုတ်ကြိုးစားရင်း အချိန်များသည် တရွေ့ရွေ့ကုန်လွန်သွားခဲ့သည်။

လဝက်ဟူသော အချိန်သည် မသိလိုက်မသိဘာသာဖြင့်ပင် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်သည် သူ၏ အဓိကနယ်မြေ လေးခုဖြစ်သည့် လေနယ်မြေ၊ မီးနယ်မြေ၊ မိုးကြိုးနယ်မြေနှင့် အချိန်နယ်မြေတို့ အားလုံးကို ပြီးပြည့်စုံသော နယ်မြေအဆင့် အထိ အဆင့်မြင့်နိုင်ခဲ့ပြီး ဥပဒေသ၏ စွမ်းအားကိုပင် မွေးဖွားလာစေခဲ့သည်။

အားအနည်းဆုံးဖြစ်သည့် နေရာလွတ် နယ်မြေပင် အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိခဲ့၏။

ထို့အပြင် ဓားဥပဒေသကို နားလည်ရာတွင်လည်း ငါးပုံတစ်ပုံ အခြေအနေအထိ ရောက်ရှိခဲ့သည်။

ကျန်းချန်က လဝက်အတွင်း ရရှိခဲ့သည့် မယုံကြည်နိုင်စရာ ရလဒ်ကို အလွန်တရာပင် ကျေနပ်နေခဲ့သည်။

ယခုအခါတွင် သူ၏ ကိုယ်ခံပညာနယ်မြေ ငါးခုသည် အင်ပါယာဥပဒေသများကို မွေးဖွားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ထိုအထဲတွင် ဓားဥပဒေသကို ငါးပုံတစ်ပုံ အဆင့်ထိ နားလည်ထားခဲ့ပြီ ဖြစ်သည်။

ထိုဥပဒေသ စွမ်းအားများကိုသာ ပေါင်းစပ်လိုက်လျှင် အင်ပါယာတစ်ပိုင်းအဆင့်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထိုးဖောက်ခဲ့သည့် အင်အားကြီးမားသော ကျင့်ကြံသူများထက် သေချာပေါက် မနိမ့်လောက်‌ပေ။

သူ၏ ကိုယ်ခံပညာ နယ်မြေငါးခုစလုံး အဆပေါင်းများစွာ တိုးတက်လာခြင်းသည် ကျန်းချန်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတော်လေး ရှိလာစေခဲ့သည်။

သူက အင်ပါယာယွင် နတ်သစ်ပင်ကို အသုံးပြုကာ ဆက်လက်ကျင့်ကြံရန် ပြင်ဆင်နေစဥ်မှာပင် ယဲ့ထျန်းကျီသည် ရုတ်တရက် ကျန်းချန်ကို တားမြစ်လိုက်သည်။

ထိုအခါ ကျန်းချန်က စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ယဲ့ထျန်းကျီကို ကြည့်ကာ မေးလိုက်၏။

"အကြီးအကဲယဲ့ ဘာအကြောင်းကိစ္စရှိလို့လဲ"

"မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာမှာ တကယ်ကို ကြီးမားတဲ့ကိစ္စတွေ ဖြစ်လာတော့မယ်"

ယဲ့ထျန်းကျီက မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာအရှေ့ဘက်အရပ်ကို တိုက်ရိုက်ပင် လှမ်းကြည့်ကာ အသက်ကို ခပ်ပြင်ပြင်းရှူရှိုက်၍ ပြောလိုက်သည်။

"အဲဒီကို လှမ်းကြည့်လိုက်.. ဘာခံစားမိလဲ"

ကျန်းချန်က ယဲ့ထျန်းကျီ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။

ထိုအခါ သူတို့ရှိနေသော နေရာနှင့် အတော်ပင် ဝေးကွာသည့်ကောင်းကင်ယံတွင် ဆန်းကြယ်သောငါးရောင်ခြယ်အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။

ထိုအလင်းတန်းကနေ ကျန်းချန်သည် အလွန်ခမ်းနားသော အရှိန်အဝါကို ခံစားမိခဲ့သည်။

သူက ယခုအခါတွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သော်လည်း ထိုအလင်းတန်း၏ အရှိန်အဝါအောက်တွင် အသေးအမွှား ကဲ့သို့ ဖြစ်သွားသည့် ခံစားချက်မျိုးကို ရရှိခဲ့၏။

"ဒါက ဘာလဲ"

ကျန်းချန်က ကောင်းကင်ယံကနေ မြေပြင်ထက်ကို ထိုးကျနေသည့် ငါးရောင်ခြယ် အလင်းတန်းကို တအံ့တသြကြည့်ရင်း ယဲ့ထျန်းကျီကို မေးလိုက်သည်။

ယဲ့ထျန်းကျီက ငါးရောင်ခြယ် အလင်းကို စူးစိုက်ကြည့်နေရင်းကနေ အလေးအနက် ပြန်ဖြေလိုက်၏။

"ငါခန့်မှန်းတာမမှားရင် ဒီအရာက မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာထဲက အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူအားလုံး အိပ်မက်မက်နေတဲ့ ပြိုင်ဘက်ကင်း ရတနာတစ်ပါးပဲ"

ယဲ့ထျန်းကျီ၏ စကားကိုကြားလျှင် ကျန်းချန်သည် အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။

"အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူအားလုံးရဲ့ စိတ်ကူးအိပ်မက်ထဲက ရတနာဆိုတော့ ဒီငါးရောင်ခြယ် နတ်အလင်းထဲမှာ အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်စေနိုင်တဲ့ ရတနာတစ်ပါးပါးများ ရှိနေတာများလား"

"မင်း ခန့်မှန်းတာမှန်တယ်.. အဲဒီငါးရောင်ခြယ်အလင်းက သိပ်မကြာခင်မှာ ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ရတနာတစ်ပါးကို မွေးဖွားလာတော့မယ်.. မင်းသာ အဲဒီအရာကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မဲ့အပြင် အင်ပါယာနယ်ပယ် အဆင့်အထက်က အစစ်အမှန် နတ်ဘုရားနယ်ပယ်အဆင့်ကိုတောင် မရောက်ရှိနိုင်ဘူးလို့ မပြောနိုင်ဘူး"

ယဲ့ထျန်းကျီက အလေးအနက်ပင် ပြောလိုက်သည်။

ထိုသို့ ပြောနေရင်း သူ၏ မျက်ဝန်းထဲတွင် အလွန်တရာ တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

သူတစ်ယောက်တည်းအားဖြင့် ဆိုလျှင် ထိုရတနာအတွက် ယှဥ်ပြိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် ယခုအခါတွင် ကျန်းချန်က အင်ပါယာတစ်ပိုင်းနယ်ပယ် အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သည်။

ထို့အပြင် အင်ပါယာဥပဒေသ၏ စွမ်းအားအမျိုးမျိုးကို ကျွမ်းကျင်ထား၍ ကျန်းချန်၏ တိုက်ခုက်ရေးစွမ်းအင်သည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ယခုမှ ထိုးဖောက်ထားသည့် သာမန် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများထက် များစွာပို၍ အားကောင်းသည်။

သူနှင့် ကျန်းချန်သာ ပူးပေါင်းလိုက်လျှင် ထိုရတနာအတွက်တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီသွားလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က ငါးရောင်ခြယ် နတ်အလင်းတန်းကို ကြည့်နေခဲ့သည်။

သူ၏မျက်ဝန်းတွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

ယဲ့ထျန်းကျီ ပြောသလိုသာ တကယ်မှန်လျှင် ဤငါးရောင်ခြယ်နတ်အလင်းထဲမှ ရတနာသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသောရတနာ ဖြစ်လောက်၏။

သူက စိတ်ထဲမှ အံ့သြထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီးနောက်တွင် သူ့နံဘေးရှိ ယဲ့ထျန်းကျီကို ခေါင်းငဲ့ကာ မေးလိုက်သည်။

"အကြီးအကဲယဲ့...ဒီငါးရောင်ခြယ်နတ်အလင်းထဲမှာ ဘယ်လိုရတနာ ရှိနေတာလဲ"

"ငါသိရသလောက်တော့ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အချိန်ကဆိုရင် ကြယ်ငါးပွင့်အထက်က ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးတယ်.. ဒါ့အပြင် အဲဒီဂိုဏ်းကို မိုးကြိုးနတ်ဘုရားဂိုဏ်းလို့လည်း ခေါ်ခဲ့ကြတယ်"

ယဲ့ထျန်းကျီက ကျန်းချန်ကို စိတ်ပါလက်ပါပင် ရှင်းပြလိုက်သည်။

"အဲဒီ ငါးရောင်ခြယ်နတ်အလင်းထဲမှာ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်ရတနာ ရှိနေဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်.. သိပ်မကြာခင် အဲဒီ ရတနာဆီကို အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူတွေ ရောက်လာတော့မယ်"

အခန်း(၁၄၀၂)ပြီး၏။

အခန်း(၁၄၀၃)

ယဲ့ထျန်းကျီ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ကြယ်ငါးပွင့်အဆင့်ဂိုဏ်းထက် သာလွန်သည့် နတ်အဆင့်ဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ်သည် သာမန်မဟုတ်မှန်း သူသေချာပေါက် သိ၏။

မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် အနှစ်(၅၀၀)နီးပါး နေထိုင်ခဲ့သည့် ယဲ့ထျန်းကျီက သူ့ကို ဆက်လက် ရှင်းပြလိုက်သည်။

"ငါ့ခန့်မှန်းတာမမှားရင် အဲဒီငါးရောင်ခြယ် အလင်းတန်းက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်ဖြစ်တဲ့ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကနေ ထွက်လာတာ ဖြစ်နိုင်တယ်"

"အဲဒီရတနာက တကယ်ပဲ အဆင့်တက်အောင် အကူအညီပေးနိုင်လား"

ကျန်းချန်က သံသယဝင်သော လေသံဖြင့် မေးလိုက်သည်။

"သာမန် နတ်လက်နက် ဆိုရင်တော့ မဖြစ်နိုင်ဘူး"

ယဲ့ထျန်းကျီက ပြုံးရွှင်စွာပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ နတ်အသွင်ပြောင်း ဒယ်စောက်အိုးက သာမန်နတ်လက်နက်မဟုတ်ဘူး.. သူ့ရဲ့ နာမည်အတိုင်းပဲ ဒီနတ်လက်နက်က ခြေလှမ်းတစ်ဝက် အင်ပါယာအဆင့်ကို ကျော်လွန်သွားစေနိုင်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို ပြောင်းလဲပေးနိုင်တယ်လို့ ဆိုကြတယ်"

ထိုအချိန်တွင် ကျန်းချန်သည် မကြာသေးခင်က သူနှင့်ရင်ဆိုင်ခဲ့သည့် မိုးကြိုးဧကရာဇ်ကို ရုတ်တရက် သတိရသွားခဲ့သည်။

"အကြီးအကဲယဲ့.. မိုးကြိုးဧကရာဇ်က မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေလား"

"ဟုတ်တယ် မိုးကြိုးဧကရာဇ်က မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့မျိုးဆက်ပဲ"

ယဲ့ထျန်းကျီက အတည်ပြုပေးလိုက်ပြီး မိုးကြိုးနတ်ဘုရားဂိုဏ်း၏ သမိုင်းကြောင်း အချို့ကို ကျန်းချန်အား ရှင်းပြလိုက်သည်။

ဤဂိုဏ်းသည် နှစ်ပေါင်း(၁၀၀၀၀၀)ကျော် သက်တမ်းရှိသည့် ရှန်းဝူကုန်းမြေ၏ နတ်အဆင့် ဂိုဏ်းအနည်းငယ်ထဲမှ တစ်ဂိုဏ်း ဖြစ်သည်။

လွန်ခဲ့သော နှစ်‌ပေါင်း(၃၀၀၀၀)ခန့်တွင် အင်ပါယာတစ်ပါးသည် ထိုဂိုဏ်း၏ အဖိုးအတန်ဆုံး နတ်လက်နက်ဖြစ်သည့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ခိုးယူသွားခဲ့သောကြောင့် ဂိုဏ်း၏ စွမ်းအားများသည် တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။

မိုးကြိုးနတ်ဘုရားဂိုဏ်းသည် နှစ်ပေါင်း (၃၀၀၀၀)ကြာသည်အထိ ထိုနတ်လက်နက်ကို ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

လွန်ခဲ့သောနှစ်(၁၀၀)ခန့်တွင် ဤနတ်အသွင်ပြောင်းဒယ်စောက်အိုး၏ အရှိန်အဝါသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရမှသာ မိုးကြိုးဧကရာဇ်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ တည်နေရာကို သိခဲ့ရသည်။

ထိုလက်နက်ကို ခိုးယူသွားသော အင်ပါယာသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာထဲမှာပင် ဖွက်ထားခဲ့ပုံ ရ၏။

လွန်ခဲ့သည့် နှစ်(၁၀၀)လုံး မိုးကြိုးဧကရာဇ်သည် ထိုနတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ စည်းတံဆိပ်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်။

ယခုအခါတွင် ထိုစည်းတံဆိပ်ကို လုံးဝနီးပါး ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်၍ နတ်အသွင်ပြောင်း ဒယ်စောက်အိုးသည် ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်၏။

ယဲ့ထျန်းကျီ၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် ငြိမ်သက် တိတ်ဆိတ်သွားခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)ခန့်တွင် အင်ပါယာခွင်းရှသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းနယ်မြေကို ဝင်ပြီး ကောင်းကင်ကိုပင် ဆန့်ကျင်လောက်သည့် နတ်လက်နက်တစ်ခုကို ခိုးယူခဲ့ကာ မိုးကြိုးနတ်ဘုရား၏ရှေးဟောင်းနယ်မြေမှာပင် ဝှက်ထားခဲ့သည်။

ထိုသို့ ခိုးယူပြီးနောက်တွင် အင်ပါယာအဆင့် အထက်မှ ကျင့်ကြံသူ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

ဤအဖြစ်အပျက်သည် ယဲ့ထျန်းကျီ ပြောပြခဲ့သည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ဇာတ်လမ်းနှင့် လုံးဝကို ကိုက်ညီမှု ရှိနေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်သည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ နတ်လက်ကို ခိုးယူသွားသူမှာ အင်ပါယာခွင်းရှ ဆိုသည်ကို ၁၀၀ ရာခိုင်နှုန်းနီးပါး ယုံကြည်နေခဲ့ပြီ ဖြစ်သည်။

ခွင်းရှဂိုဏ်းကို ဖျက်ဆီးခဲ့သောသူသည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အင်ပါယာအဆင့်အထက်မှ ကျင့်ကြံသူသာ ဖြစ်နိုင်လောက်သည်။

"အင်ပါယာခွင်းရှ ဖွက်ထားတဲ့ နတ်လက်နက်က မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်နတ်လက်နက် ဖြစ်နေတာကိုး"

ကျန်းချန်က တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ရုတ်တရက် အံ့သြတုန်လှုပ်သွားခဲ့သည်။

ထိုအချိန်တွင် ယဲ့ထျန်းကျီ၏ အသံသည် အတွေးလွန်နေသော သူ့ကို လက်တွေ့ကမ္ဘာသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။

"နတ်အသွင်ပြောင်းဒယ်စောက်အိုးက ရှားပါးတဲ့ပြိုင်ဘက်ကင်း နတ်လက်နက်ပဲ.. အရင်က ငါတစ်ယောက်တည်းဆိုရင် ဒီလက်နက်အတွက် ရင်ဆိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး.. ဒါပေမဲ့ အခု အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီဖြစ်တဲ့ မင်းလည်း ရှိနေပြီဆိုတော့ ငါတို့နှစ်ယောက်သာ ပူးပေါင်းလိုက်ရင် ဒီနတ်လက်နက်အတွက် ယှဥ်ပြိုင်နိုင်ခြေရှိတယ်.. ဒီနတ်လက်နက်ကိုသာ ငါတို့ရခဲ့ရင် ကျိုးယိုကို နှိမ်နင်းပြီး ရွှယ်လင်ကုန်းမြေတိုက်ကို ပြန်သွားဖို့ ပိုမို လွယ်ကူသွားလိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

သူ၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ သူရောက်လာရခြင်း၏ မူလရည်ရွယ်ချက်မှာ အင်ပါယာခွင်းရှ ဖွက်ထားခဲ့သည့် ကောင်းကင်ကိုပင် ဆန့်ကျင်သော နတ်လက်နက်ကို ရယူရန် ဖြစ်သည်။

ယခုအခါတွင် ထိုနတ်လက်နက်က သူ၏ရှေ့တွင် ရှိနေပြီဖြစ်ရာ သူက မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

သူ့တွင် အင်ပါယာတစ်ပိုင်း အဆင့်စွမ်းအား ရှိသလို ယဲ့ထျန်းကျီကဲ့သို့ အစွမ်းထက်သော အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူလည်း နံဘေးတွင် ရှိသည်။

ထို့အပြင် သူ၏ သိုလှောင်လက်စွပ်ထဲတွင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို ယှဥ်နိုင်သည့် အင်ပါယာ ရုပ်အလောင်းပင် ရှိနေသေး၏။

ဤကဲ့သို့သော အင်အားဖြင့်ဆိုလျှင် သူတို့သည် အခြားသူများနှင့် ယှဥ်ပြိုင်ရန် လုံလောက်နေပြီ မဟုတ်ပါလော။

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ကျင့်ကြံနေသည့် ရှားယွင်ချုံးနှင့် အနက်ရောင်မြွေတို့ကို ချက်ချင်းပင် နှိုးလိုက်သည်။

ထိုနှစ်ယောက်လုံးသည်လည်း အင်ပါယာယွင် နတ်သစ်သီးကိုစားသုံးပြီးနောက်တွင် ကိုယ်ခံပညာ နယ်မြေအဆင့်သည် ပြီးပြည့်စုံသော နယ်မြေအဆင့်ကို ရောက်ရှိသွားကြပြီး ဥပဒေသ၏ စွမ်းအားကို သိရှိ နားလည်ကာ အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

"သခင် ဘာမိန့်ကြားစရာရှိလို့ပါလဲ"

အနက်ရောင်မြွေက ချက်ချင်းပင် မေးလိုက်သည်။

"ငါနဲ့ အကြီးအကဲယဲ့တို့က ကိစ္စတချို့ လုပ်စရာရှိနေတယ်.. မင်းတို့ဒီမှာ ဆက်ပြီး ကျင့်ကြံနေရင် လုံခြုံတော့မှာမဟုတ်ဘူး"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ရှားယွင်ချုံးကို လှမ်းကြည့်လိုက်သည်။

"အကြီးအကဲရှား.. ကျွန်တော်တို့နဲ့အတူ လိုက်ချင်သေးလား"

"မလိုက်တော့ဘူး နန်းတော်သခင်ကျန်း.. အင်ပါယာယွင် နတ်သစ်သီးရဲ့ စွမ်းအားကို ငါအခုထိ အပြည့်အဝ မချေဖျက်နိုင်သေးဘူး.. အခု ငါက မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းနယ်မြေကနေ တစ်ခါတည်း ထွက်သွားပြီး ဟောင်ထျန်းသူတော်စင်နယ်မြေမှာပဲ ဆက်လက် ကျင့်ကြံဖို့ ဆုံးဖြတ်ထားတယ်.. အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်အောင် ငါကြိုးစားမယ်"

ရှားယွင်ချုံးက ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။

"ဒီလိုဆိုရင် ရှောင်ဟေး.. မင်းလည်း အကြီးအကဲရှားနဲ့ အတူ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းနယ်မြေကနေ ထွက်သွားလိုက်ပါ.. အပြင်ရောက်ရင် ငါ့ကိုယ်စား လူသားဧကရာဇ်နန်းတော်ကို ကာကွယ်ပေးရမယ်"

ကျန်းချန်က သက်ပြင်းချရင်း အနက်ရောင်မြွေကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

အနက်ရောင်မြွေသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို မရောက်သေးပေ။

သူ့ကို ခေါ်သွားလျှင်လည်း နတ်လက်နက်အတွက် တိုက်ခိုက်ရာတွင် မည်သည့် အကူအညီမှ ဖြစ်မည်မဟုတ်ချေ။

ထို့အပြင် သူ၏ လူသားဧကရာဇ်နန်းတော်တွင် ထိပ်တန်းကျင့်ကြံသူ သိပ်မရှိပေ။

ထို့ကြောင့် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်နှင့် အလွန်နီးစပ်သည့် ဤသားရဲကိုသာ လူသားဧကရာဇ် နန်းတော်ကိုကာကွယ်ရန် တာဝန်ပေးခြင်းသည် သူ့ကို စိတ်အေးစေမည်ဖြစ်သည်။

အခန်း(၁၄၀၃)ပြီး၏။

အခန်း(၁၄၀၄)

အင်ပါယာယွင် နတ်သစ်ပင်ရှိရာ ချိုင့်ဝှမ်းကနေ ထွက်ခွာပြီးနောက်တွင် ကျန်းချန်နှင့် ယဲ့ထျန်းကျီတို့သည် အရှေ့ဘက်အရပ်ရှိ နတ်အလင်းတန်း ထွက်ပေါ်နေသောနေရာသို့ ဦးတည်သွားရောက်ခဲ့ကြသည်။

မကြာခင်မှာပင် သူတို့နှစ်ယောက်သည် ငါးရောင်ခြယ်နတ်အလင်းတန်းနှင့် ပေတစ်သောင်း အကွာနေရာသို့ ရောက်ရှိလာခဲ့ကြ၏။

အဝေးကနေ ကြည့်လိုက်သောအခါ ကြီးမာသော တောင်ကြီးတစ်လုံးကို ငါးရောင်ခြယ် နတ်အလင်းများက လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။

ဤပတ်ဝန်းကျင်ရှိ တောင်တန်းနှင့် လွင်ပြင်များသည် ပြင်ပကမ္ဘာတွင် တွေ့ရလေ့မရှိသည့် ရှားပါးသော နတ်ဆေးပင်များနှင့် ပြည့်နှက်နေကာ တောက်ပသော နတ်အလင်းရောင်များ ဖုံးလွှမ်းနေ၍ နတ်ဘုံ တစ်ခုလိုပင် ဖြစ်နေခဲ့သည်။

"ဒါက ဘာရတနာလဲ"

ကျန်းချန်က သူ၏ရှေ့မှ တောင်ကိုကြည့်ကာ အံ့အားသင့်သွားခဲ့ပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။

"ဒါက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်ဖြစ်တဲ့ နတ်အသွင်ပြောင်း ဒယ်စောက်အိုးရဲ့ စွမ်းအားပဲ"

ယဲ့ထျန်းကျီက လေးနက်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

"နတ်အသွင်းပြောင်း ဒယ်စောက်အိုးမှာ အင်ပါယာနယ်ပယ်ကို ထိုးဖောက်အောင် လုပ်ပေးနိုင်တဲ့ ကြောက်မက်ဖွယ်စွမ်းအား ရှိတယ်.. ဒါကြောင့် နှစ်ပေါင်း(၃၀၀၀၀) အတွင်းမှာ ဒီလိုရတနာကို ပြုစုပျိုးထောင်ပေးနိုင်ဖို့က မခက်ခဲပါဘူး"

ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

နတ်အသွင်ပြောင်း ဒယ်စောက်အိုးသည် နှစ်(၃၀၀၀၀)အတွင်းတွင် ဤကဲ့သို့ နတ်ပြည်နှင့် ဆင်တူသည့် တောင်တစ်လုံးကိုပင် ဖန်တီးပေးနိုင်ခဲ့သည်။

ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးတွင် ကောင်းကင်ကိုပင်ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအားမျိုး ရှိနေပုံရသည်။

"မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာထဲက အထွတ်အထိပ်ကျင့်ကြံသူတွေ ရောက်နေကြပြီ.. ငါတို့သွားကြစို့"

ယဲ့ထျန်းကျီက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်နှင့် ငါးရောင်ခြယ် အလင်းတန်းများဖြင့် လွှမ်းခြုံထားသော တောင်၏ အပြင်ဘက်သို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

တောင်၏ အပြင်ဘက်ရှိ လေထုထဲတွင် ပုံရိပ်ခြောက်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်ခြောက်ခုတွင် မတူညီသောအဖွဲ့သုံးဖွဲ့ ပါဝင်နေကြ၏။

ထိုအထဲတွင် အစွမ်းအထက်ဆုံး အဖွဲ့မှာ သုံးယောက် ရှိပြီး ၎င်းတို့မှာ မိုးကြိုးဧကရာဇ်၊ ငရဲတာအိုကျင့်ကြံသူနှင့် မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားသည့် အေးစက်စက် မျက်နှာထားရှိသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

ကျန်သုံးယောက်ထဲတွင်မူ ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူနှင့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတို့သည် တစ်ဖွဲ့တည်း ဖြစ်ကြသည်။

နောက်ဆုံးကျန်ရှိသည့် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျင့်ကြံသူကမူ တစ်ယောက်တည်း သီးသန့်ရပ်နေခဲ့၏။

ထိုခြောက်ယောက်စလုံး၏ ခန္ဓာကိုယ်ကနေ အလွန်အင်အားကြီးမားသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

လွန်ခဲ့သည့် လဝက်က ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည့် ငရဲတာအို ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည်လည်း ယခင်ထက် ပို၍ များစွာ အားကောင်းလာခဲ့သည်။

ငရဲတာအိုကျင့်ကြံသူသည် အင်ပါယာယွင် နတ်သစ်သီးကို မရခဲ့သော်လည်း မိုးကြိုးနတ်ဘုရားဂိုဏ်းမှ မိုးကြိုးဧကရာဇ်၏ အကူအညီဖြင့် လဝက်အတွင်း အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပုံ ရ၏။

ယခု ကျန်းချန်တို့၏ ရှေ့တွင် ရှိနေသည့် လူခြောက်ယောက်စလုံးသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ရောက်ရှိနေသည့် အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံသူများချည်း ဖြစ်ကြသည်။

"အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်ပါလား"

ကျန်ချန်းက လောကဓံ မုန်တိုင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော်လည်း ဤအချိန်တွင် အံ့အားသင့်နေခဲ့သည်။

သူနှင့် ယဲ့ထျန်းကျီကိုပါ ထည့်တွက်မည်ဆိုလျှင် ဤနေရာ၌ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ ရှစ်ယောက် စုဝေးနေခဲ့ကြပြီ ဖြစ်သည်။

အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ ရှစ်ပါး စုဝေးနေသည်ကို ထောက်လျှင် နတ်အသွင်ပြောင်း ဒယ်စောက်အိုးသည် အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူများ အတွက် အမှန်တကယ်ကြီးမားသော ဆွဲဆောင်မှု ရှိနေပုံရ၏။

ကျန်းချန်နှင့် ယဲ့ထျန်းကျီတို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လေထုထဲရှိ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူခြောက်ယောက်၏ အာရုံကို ချက်ချင်းဆိုသလို ဆွဲဆောင်သွားခဲ့သည်။

မိုးကြိုးဧကရာဇ်က ကျန်းချန်တို့ နှစ်ယောက်ကို မြင်လျှင် ၎င်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်များ ဖြစ်ပေါ်လာခဲ့၏။

နောက်တစ်ဖွဲမှ ကျင့်ကြံသူနှစ်ယောက်ကမူ ယဲ့ထျန်းကျီကို ပေါ့ပေါ့တန်တန်သာ ကြည့်လိုက်ကြပြီး ဘာစကားမှ မပြောခဲ့ကြပေ။

တစ်ယောက်တည်း ရပ်နေသည့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူကမူ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ခု ဖျတ်ခနဲ ဖြစ်ပေါ်လာပြီးနောက်တွင် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"ယဲ့ထျန်းကျီ မင်းလည်း ရောက်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"

မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူသည် တစ်ယောက်တည်း ဖြစ်နေ၍ အားနည်းနေသည်ကို သူ၏ စိတ်ထဲတွင် ကောင်းစွာ သိထားခဲ့သည်။

သို့ဖြစ်ရာ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို သိမ်းယူရန်မှာ သူ့အတွက် လွယ်ကူမည် မဟုတ်ချေ။

ယဲ့ထျန်းကျီနှင့် ပူးပေါင်းမှသာလျှင် ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ယှဥ်ပြိုင်ရန် အခွင့်အရေး ရှိလာမည်ဟု သူထင်ခဲ့၏။

ယဲ့ထျန်းကျီ၏ နံဘေးရှိ ကျန်းချန်ကိုမူ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူသည် လုံးဝကို လျစ်လျူရှုထားခဲ့ပြီး အလေးမထားခဲ့ပေ။

ယဲ့ထျန်းကျီက ပေါ့ပါးစွာပြုံး၍ ပြန်ဖြေလိုက်သည်။

"နတ်လက်နက်က ထွက်ပေါ်လာပြီလေ.. ဒီလို မြင်ကွင်းမျိုးက နှစ်(၁၀၀၀)မှာ ရှားပါးတဲ့ မြင်ကွင်းပဲ.. ငါ ယဲ့ထျန်းကျီလည်း လာကြည့်ရမှာပေ့ါ"

"ကောင်းပြီ အားလုံးလည်း ရောက်နေကြပြီဆိုတော့ ငါတို့ရှေ့က တောင်ထဲကို ဘယ်လိုဝင်ကြမလဲဆိုတာ ဆွေးနွေးကြရအောင်"

ထိုအချိန်မှာပင် မိုးကြိုးဧကရာဇ်ထံမှ အေးစက်စက် စကားသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နတ်အသွင်ပြောင်း ဒယ်စောက်အိုးသည် သူတို့ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အမွေအနှစ် နတ်လက်နက် ဖြစ်သည်။

ထို့ကြောင့် သူတို့၏ နတ်လက်နက်ကို ယူရန် ရောက်လာကြသည့်လူများကို မိုးကြိုးဧကရာဇ်သည် ကျေနပ်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို လွန်ခဲ့သော နှစ်(၃၀၀၀၀)ခန့်တွင် အင်ပါယာခွင်းရှသည် ဤနေရာတွင် စည်းတံဆိပ်ခတ်၍ ထားရှိခဲ့သည်။

လက်ရှိအချိန်တွင် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ စွမ်းအားဖြင့်ပင် ထိုစည်းတံဆိပ်ကို ဖျက်ဆီးကာ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ယူရန် မလုံလောက်ပေ။

ထို့ကြောင့် မိုးကြိုးဧကရာဇ်သည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင်ရှိသည့် အင်ပါယာတစ်ပိုင်း အဆင့်ပုဂ္ဂိုလ်များ၏ စွမ်းအားကို အားကိုးရုံသာ ရှိတော့သည်။

ယဲ့ထျန်းကျီသည် မိုးကြိုးဧကရာဇ်ကို လျစ်လျူရှုထားလိုက်ပြီး ကျန်းချန်ကို သူ၏ ရှေ့မှ အင်ပါယာတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် လျှို့ဝှက်စွာ မိတ်ဆက်ပေးလိုက်သည်။

မိုးကြိုးဧကရာဇ်အဖွဲ့မှ မိုးကြိုးဧကရာဇ်နှင့် ငရဲတာအို ကျင့်ကြံသူအပြင် ကျန်ရှိသည့် မိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူကို လဲ့ကျွင်းဟု ခေါ်သည်။

၎င်းသည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အင်ပါယာတစ်ပိုင်းအဆင့် အကြီးအကဲ တစ်ဦးလည်း ဖြစ်၏။

မိုးကြိုးနတ်ဘုရားဂိုဏ်းသည် လွန်ခဲ့သော နှစ်‌ပေါင်းသောင်းချီခန့်က ရှန်းဝူကုန်းမြေတိုက်၏ နတ်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

အမွေအနှစ် နတ်လက်နက် ပျောက်ဆုံးသွားပြီး ယခင်ထက် အင်အားချည့်နဲ့ သွားလျှင်ပင် ယခုအချိန်အထိ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေပါသေး၏။

ဆိုရလျှင် ရှန်းဝူကုန်းမြေတိုက်၏ နံပါတ်(၁)သူတော်စင်နယ်မြေ ဖြစ်သည့် ဟောင်ထျန်း သူတော်စင်နယ်မြေပင် မိုးကြိုးနတ်ဘုရားဂိုဏ်းကို ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

နောက်ထပ် တစ်ဖွဲ့မှ ကျင့်ကြံသူ နှစ်ယောက်မှာ လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက ရှေးဟောင်းကမ္ဘာကို ဝင်ရောက်ခဲ့ကြသည့် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူမှာ ရှားကျန့်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၂၀၀၀)က မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်ခဲ့သည့် ဟောင်ထျန်းသူတော်စင်နယ်မြေ၏ အထွတ်အထိပ် အကြီးအကဲတစ်ဦး ဖြစ်သည်။

၎င်း၏အဖော်ဖြစ်သည့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲ ချင်ထျန်းကျန့်သည်လည်း လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်တွင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်ခဲ့သည့် ကောင်းကင်ပဟေဠိ နယ်မြေမှ အထွတ်အထိပ် အကြီးအကဲ တစ်ယောက် ဖြစ်သည်။

နောက်ဆုံးကျန်ရှိသည့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူကမူ ဝမ်ဟန် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။

"မိုးကြိုးဧကရာဇ်.. မင်းအခုထိ ဒီစည်းတံဆိပ်ကို ဖျက်ဆီးတဲ့နည်းလမ်းကို ရှာမတွေ့သေးဘူးလား"

ရှားကျန့်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

ဤမိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် အင်ပါယာတစ်ပိုင်းအဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အရေးအတွက် တိုက်ပွဲဝင်နိုင်သည့်သူသည် သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။

ထို့ကြောင့် သူတို့သည် မိုးကြိုးဧကရာဇ်၏ စကားများကို အလွယ်တကူ ယုံကြည်နိုင်မည်မဟုတ်ချေ။

"ဒီနေရာက စည်းတံဆိပ်ကို လွန်ခဲ့တဲ့နှစ်(၃၀၀၀၀)က အင်ပါယာတစ်ပါးက ချမှတ်ထားတာပဲ.. ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖျက်ဆီးနိုင်မှာလဲ.. ငါက ဒီစည်းတံဆိပ်ရဲ့စွမ်းအားအများစုကို ဖျက်ဆီးခဲ့ပေမဲ့ သွေးစည်းတံဆိပ် တစ်ခုကျန်ရှိနေသေးတယ်.. အဲဒီအင်ပါယာရဲ့ မျိုးဆက်တွေမှပဲ ဒီစည်းတံဆိပ်ရဲ့ ကန့်သတ်မှုကနေ အတားအဆီးမရှိ ဝင်ရောက်နိုင်လိမ့်မယ်.. ငါတို့တွေ အထဲကို ဝင်ချင်တယ်ဆိုရင် ငါတို့ စွမ်းအားတွေ အားလုံးကို ပူးပေါင်းပြီး ဒီစည်းတံဆိပ်ကို ဖျက်ဆီးမှပဲ ဖြစ်နိုင်လိမ့်မယ်"

မိုးကြိုးဧကရာဇ်က စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။

"အင်ပါယာခွင်းရှ ချန်ထားခဲ့တဲ့ သွေးစည်းတံဆိပ်"

မိုးကြိုးဧကရာဇ်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

အင်ပါယာခွင်းရှ၏ သွေးမျိုးဆက်ကို ဆက်ခံသူက အထဲကို ဝင်နိုင်သည်ဆိုလျှင် အင်ပါယာခွင်းရှ၏ ရုပ်အလောင်းကို ကိုင်ဆောင်ထားသည့်သူသည် ထိုအထဲကို အလွယ်တကူ ဝင်ရောက်နိုင်သည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။

ရှားကျန့်က ခဏလောက် စဥ်းစားလိုက်ပြီးမှ အလေးအနက်ပြောလိုက်သည်။

"မိုးကြိုးဧကရာဇ် ဒီစည်းတံဆိပ်ကို ဘယ်လိုမျိုး ဖြေရှင်းမှာလဲ"

"ဖြေရှင်းနည်းက ရိုးရှင်းပါတယ် ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းမှာ အတွင်းအားပေါင်းစပ်တဲ့ နည်းလမ်းတွေရှိတယ်.. ငါတို့အားလုံးရဲ့ စွမ်းအားတွေသာ ပူးပေါင်းလိုက်မယ်ဆိုရင် အင်ပါယာအဆင့် စွမ်းအားနဲ့ ယှဥ်နိုင်လောက်တဲ့ တိုက်ခိုက်မှုကို ထုတ်ဖော်ဖို့ လုံလောက်တယ်.. ဒါဆိုရင် ဒီသွေးစည်းတံဆိပ်ကို ဖျက်ဆီးနိုင်လိမ့်မယ်"

"ကောင်းပြီ မင်းပြောတဲ့အတိုင်းလုပ်မယ်"

မိုးကြိုးဧကရာဇ်၏ နည်းလမ်းကို သဘောတူသည့် အနေဖြင့် ရှားကျန့်သည် ခေါင်းညိတ်လိုက်သည်။

ယခုအခါတွင် မိုးကြိုးဧကရာဇ်သည် သွေးစည်းတံဆိပ်ကို ဖျက်ဆီးရန်အတွက် သူတို့၏ စွမ်းအားကို အသုံးပြုရမည် ဖြစ်ရာ ထိုအချိန်တွင် သူတို့ကို လှည့်စားမှုများ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

မိုးကြိုးဧကရာဇ်က အပိုစကားများ မပြောတော့ဘဲ ကျန်းချန်တို့နှစ်ယောက်နှင့် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူကို တိုက်ရိုက်ပင် လှမ်းကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

"မင်းတို့သုံးယောက်ကရော ငါတို့နဲ့ ပူးပေါင်းမလား ဒါမှမဟုတ် ဒီကနေ ထွက်သွားမလား.. မင်းတို့ဘာသာ ရွေးချယ်လိုက်"

အခန်း(၁၄၀၄)ပြီး၏။

All Chapters