← Chapters

Happy.jpg (2)

Vol. 8 Ch. 113

Happy.jpg (2)

Vol. 8 Ch. 113

ထိုည၌...

လုလီသည် ထုံးစံအတိုင်း အိပ်ပျော်နေရင်း လမ်းထလျှောက်သည့် ပုံစံဖြင့် သဘာဝကျစွာ ချီချန်းရန်၏ အိပ်ရာပေါ်တွင် ဝင်အိပ်နေသည်။

ချီချန်းရန်လည်း မျက်လုံးများ မှိတ်ထားလိုက်သည်။

လုလီသည် ချီချန်းရန် မျက်လုံးများမှိတ်ထားသည်ကို မြင်သောအခါ မကျေမနပ်ဖြစ်နေကြောင်း ပြသသည့် ပုံစံဖြင့် "ဟင်း"ဟု အသံပြုကာ ဘေးသို့လှည့်လိုက်ပြီး သူ့အား ကျောပေးထားလိုက်သည်။

ချီချန်းရန်လည်း ဘာမှမပြောဘဲ မီးပိတ်လိုက်သည်။

အိပ်ခန်းတစ်ခုလုံး မှောင်မည်းသွားသည်။

လုလီ မျက်လုံးများကို ဖွင့်လိုက်သည်။ ချီချန်းရန်၏တုံ့ပြန်မှုကို စောင့်နေသော်လည်း နံဘေးရှိ အမျိုးသား၏ တည်ငြိမ်သော အသက်ရှူသံကိုသာ သူမကြားနေရသည်။

သူ တကယ် အိပ်ပျော်သွားပြီလား?

သူမကို ချော့မြူဖို့ စကားတစ်ခွန်းမှ မပြောတော့ဘူးလား?

သူမကို မပွေ့ဖက်ထားပေးဘူးလား?

အရင်လို သူမ ခါးကိုဆွဲကာ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ပွေ့ဖက်မထားတော့ဘူးလား?

လုလီ အတော်ကြာ စောင့်ဆိုင်းပြီးနောက် ချီချန်းရန် အနေအထားကို ကြည့်ရန် တိတ်တဆိတ်လှည့်လိုက်သည်။

ထိုအမျိုးသား၏ ကျောပြင်ကိုသာ မြင်ရပြီး အသက်ရှုသံများ တည်ငြိမ်လျက် ငြိမ်သက်စွာ အိပ်ပျော်နေသည်ကို သူမ မြင်လိုက်ရသည်။

လုလီ စိတ်ရှုပ်သွားသည်။

ချီချန်းရန် ဘာလို့ ဒီလိုဖြစ်နေတာလဲ?

ဇနီးဖြစ်သူအား ချစ်မြတ်နိုးသော ခင်ပွန်းအနေနှင့် ဤသို့သော အပြုအမှုမျိုး လုပ်ရက်လေသလား?

ပြိုင်ပွဲဝင်များအား ချီးကျူးစကားပြောပေးခဲ့ခြင်းမှာ အဘယ်ကြောင့် အမှားအယွင်းဖြစ်သွားရသနည်း?

လုလီ ထိုအကြောင်းကို စဉ်းစားလေ မကျေနပ်ဖြစ်လေလေ ဖြစ်သည်။ ချီချန်းရန် ဤသို့ အိပ်ပျော်သွားခြင်းကို သူမခွင့်မပြုနိုင်ပေ။ လုလီသည် ချီချန်းရန် ၏ ခန္ဓာကိုယ်ပေါ်သို့ သူမ၏ ခြေထောက်နှင့် လက်များကို တင်လိုက်ပြီး ထိုလူ၏အသက်ရှူသံပြောင်းလဲသွားသည်ကို ကြားသောအခါ ခဏရပ်သွားသည်။ ထို့နောက် သူကိုယ်ပေါ်သို့ လက်သီးဆုပ်များဖြင့် ထုရိုက်လိုက်သည်။

နောက်ဆုံးတော့ ချီချန်းရန် လှည့်လာပြီး သူမဘက်သို့ မျက်နှာမူလိုက်သည်။

လုလီ ဆန္ဒအတိုင်း သူနှင့် နီးကပ်သွားသည်။

ချီချန်းရန်သည် သူမအား ပွေ့ဖက်မထားသော်လည်း လုလီ ဂရုမစိုက်ဘဲ တမင်သက်သက် သူ့ခန္ဓာကိုယ်အား ထိတွေ့နေလိုက်သည်။ သူမ၏အရိပ်အမြွက်မှာ အလွန်ထင်ရှားနေသည်။

ဤသို့ အေးစက်နေသော ယောက်ျားမျိုးကို လန်းဆန်းစေမည့် အစာကောင်းတစ်ခု ကျွေးလိုက်ရုံပင်။

ယနေ့ သူမ သေချာဆေးကြောသန့်စင်ထားပြီး ခန္ဓာကိုယ်တွင် Lotion နံ့များ သင်းပျံ့နေသည်။ သူမတို့ ‘ဒါ’ ကို မလုပ်ဖြစ်သည်မှာ အတော်ကြာပြီဖြစ်သည်။

လုလီ အရိပ်အမြွက်ပေးနေခဲ့သည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုအမျိုးသားသည် လုံးဝလှုပ်ရှားလာခြင်းမရှိပေ။

နောက်ဆုံးတွင် သူ ကုတင်ဘေးရှိ မီးအိမ်ကို ဖွင့်လိုက်သည်။ နွေးထွေးသော ဝါဖန့်ဖန့် အလင်းရောင်အောက်တွင် ချီချန်းရန် သည် သူ့အား အရိပ်အမြွက်ပေးနေသော လုလီအား မည်သည့်အမူအရာမှမပြပဲ တိတ်တဆိတ်ကြည့်နေခဲ့သည်။

“...”

စိတ်ပျက်ဖို့ကောင်းလိုက်တာ...

မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေသော လုလီအား အပြင်းအထန် ထိခိုက်သွားစေသည်။

သူမသည် ထိုအမျိုးသား၏လက်မောင်းကို တိတ်တဆိတ် လွှတ်လိုက်သည်။

ချီချန်းရန် မီးအိမ်ကိုပြန်ပိတ်လိုက်သည်။

လုလီ စောင်ကိုဆွဲလိုက်ရင်း ဝမ်းနည်းလာကာ နှာရည်များထွက်လာသည်။

သူ ငါနဲ့မအိပ်ချင်တော့ဘူး၊ သူ ငါ့ကို မချစ်တော့ဘူး..

လုလီသည် အတွေးများစွာဖြင့် ဝမ်းနည်းနေရင်း အိပ်ငိုက်လာကာ ဟန်ချက်ညီစွာ အသက်ရှူရင်း တဖြည်းဖြည်း အိပ်ပျော်သွားသည်။

ချီချန်းရန် ချက်ချင်း မျက်လုံးဖွင့်လာသည်။

တောက်လောင်နေသော မီးသည် မငြိမ်းသတ်ရသေးသဖြင့် သူ့စိတ်ထဲ နာကျင်မှုကို ခံစားနေရသည်။

သူသည် သိမ်မွေ့သော အသွင်အပြင်ရှိသည့် ကျားသစ်တစ်ကောင်ကဲ့သို့ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူမအား ထိတွေ့လိုက်သည်။

သူမ အိပ်ပျော်နေပုံရသည်။ သူသည် သူမ၏ရနံ့ကို လောဘတကြီး ရှူရှိုက်လိုက်ပြီး သူနှင့်ထိကပ်နေသော နူးညံ့သည့်ကိုယ်ခန္ဓာကို ခံစားမိသည်နှင့် သူ့ကိုယ်သူ ထိန်းချုပ်မှုများ ဆုတ်လျော့လာသည်ကို ခံစားရသည်။

သူမ အိပ်မောကျနေပြီဖြစ်သည်။

သူ၏ မျက်လုံးများသည် ပိုပြီး နက်ရှိုင်းလာသည်။

နောက်တစ်နေ့တွင် ချီချန်းရန်သည် ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြုမှုနေခဲ့သည်။

လုလီသည် သူမ ခေါင်းကို ဖိနှိပ်ရင်း မနေ့ညက ထူးဆန်းသော အိပ်မက်မက်ခဲ့ဟန် ရှိသည်။

မနက်မိုးလင်းတော့ အိပ်မက်သည် အမှန်တကယ်ဖြစ်ထားသကဲ့သို့ သူမ၏လက်များ အနည်းငယ် နာကျင်ကိုက်ခဲနေသည်။

လက်တင်မကဘဲ ပေါင်နေရာတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

ချီချန်းရန် သူမရှေ့မှ ဖြတ်သွားတော့ ဝေခွဲမရသော အမူအရာဖြင့် ကုတင်ပေါ်တွင်ထိုင်နေသော လုလီကို တွေ့လိုက်ရသည်။

…

'Idol Boy' အစီအစဉ်၏ နောက်တစ်ကြိမ်ထုတ်လွှင့်မှုတွင် လုလီ၏ ပြီးပြည့်စုံသော ချီးကျူးစကားများမှ စကားနှစ်ခွန်းကိုသာ ထည့်သွင်းထုတ်လွှင့်ခဲ့သည်။

ထုံးစံအတိုင်း ကြီးကြီးမားမား သတင်းထွက်လာတာမျိုး မရှိပေ။

သို့သော် လုလီ ဤအရာကို ဂရုမစိုက်ပေ။

သူမ ဂရုစိုက်သည်မှာ မကြာသေးမီကာလများအတွင်း ချီချန်းရန်သည် သူမအပေါ် အလွန်အေးစက်စွာ ပြုမူနေခြင်းကိုပင်။

ဤသည်ကို ဆိုးဆိုးရွားရွား ပြုမှုခြင်းဟု မဆိုနိုင်သော်လည်း ဤကာလများအတွင်း သူမအတွက် အသားလုံးများ မလုပ်ပေးတော့ဘဲ၊ ညဘက်တွင်လည်း သူမအား ပွေ့ဖက်ရန် အစပြုလာခြင်း မရှိခဲ့ပေ။

၎င်းတို့သည် အတုအယောင်စုံတွဲအချိန်သို့ ပြန်ရောက်သွားသလို ဖြစ်နေသည်။

ထိုအပြုအမှုများကြောင့် သူ၏နွေးထွေးမှုကို အလေ့အကျင့်ရှိထားပြီးဖြစ်သော သူမအား စိတ်မသက်မသာ ဖြစ်စေသည်။

လုလီသည် ချီချန်းရန်အား မည်သို့ စကားစပြောရမည်ကို မသိဘဲ သူမအ‌ပေါ် နွေးထွေးမှုမရှိတော့ကြောင်းကိုလည်း ပြောမထွက်ပေ။

လုလီသည် သူအလုပ်များနေသည်ဟုသာ မိမိကိုယ်မိမိ နှစ်သိမ့်လိုက်သည်။ ချီချန်းရန်အား သူမစိတ်ထဲမှ ခံစားချက်များကို ဝန်မခံချင်ပေ။

သို့သော် သူမ ဝန်မခံချင်သော်လည်း လုပ်ရပ်များက ထင်ရှားစွာ ပြသလျက်ရှိသည်။

ယနေ့ လုလီ Shopping ထွက်မည့် ရက်ဖြစ်သည်။ လုလီသည် သူမအတွက် သိပ်မဝယ်ပဲ ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် အမျိုးသားဝတ်စုံနေရာသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

ချီချန်းရန်၏အဝတ်အစားများသည် နာမည်ကြီးအမှတ်တံဆိပ်များမှ သုံးလတစ်ကြိမ် ကြိုတင်ရွေးချယ် ထားပေးပြီးဖြစ်ရာ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူရန် မလိုအပ်သော်လည်း လုလီ သူ့အတွက် အများအပြားဝယ်ယူနေခဲ့သည်။

ချောင်ကျာယိသည် ဆိုဖာပေါ်တွင်ထိုင်ကာ သူမအား စောင့်ဆိုင်းရင်း အရောင်းဝန်ထမ်းမှာ ချပေးထားသော ကော်ဖီကို သောက်နေသည်။ လုလီသည် နှုတ်ခမ်းကို စူလျက် ချီချန်းရန်အတွက် အဝတ်အစားများကို အာရုံစိုက်ကာ ရွေးချယ်နေသည်။

အများအပြားဝယ်ယူထားသောကြောင့် သူမ ကိုယ်တိုင်သယ်သွားစရာမလိုပဲ အိမ်အရောက် တိုက်ရိုက်ပို့ဆောင် ပေးမည်ဖြစ်သည်။

လုလီသည် အဝတ်အစားများဝယ်ပြီးနောက် ချီချန်းရန်အတွက် နာရီအသစ်တစ်လုံးဝယ်ရန် စဉ်းစားလိုက်သည်။

သူမအတွက်လည်း တစ်လုံးလိုအပ်နေရာ စုံတွဲနာရီဆို အဆင်ပြေနိုင်သည်။

လုလီ ကတ်ကို ဆွဲပြီးနောက် အနားယူခန်းတွင် ရှိနေသော ချောင်ကျာယိထံသွားကာ- "လာ နာရီသွားဝယ်ရအောင်”

ချောင်ကျာယိ၏အမူအရာမှာ ရှုပ်ထွေးနေသည်- "ချီချန်းရန်အတွက် ထပ်ဝယ်ဦးမလို့လား?"

လုလီ ခေါင်းညိတ်ပြလိုက်သည် “အင်း”

"ငါ သူ့အတွက် အများကြီးဝယ်ပေးချင်လို့..ဟဲ..ဟဲ" သူမသည် အနည်းငယ် ဂုဏ်ယူနေပုံရပြီး၊ ချီချန်းရန်၏ တုံ့ပြန်မှုကို စဉ်းစားနေဟန်ရှိသည်။ သူ့အတွက် စဉ်းစားပြီး ဝယ်ပေးထားသည်ကို မြင်ပါက သူ ပျော်ရွှင်နေမှာ သေချာသည်။

ချောင်ကျာယိ : "နင် သူ့ပိုက်ဆံနဲ့ သူ့အတွက် ပစ္စည်းတွေအများကြီး ဝယ်နေတာ သူသိရင် သဘောကျပါ့မလား?”

လုလီ: “…”

နောက်ဆုံးတွင် နှစ်ဦးသား ကော်ဖီဆိုင်ထိုင်လိုက်ကြပြီး ၎င်းတို့ရှေ့တွင် macaroon တစ်ခွက်နှင့် black coffeeတစ်ခွက် ရှိနေသည်။

Macaroon နှင့် black coffee သည် အမျိုးသမီးများအတွက် နေ့လည်စာလက်စွဲဖြစ်သည်။ black coffee သည် Macaroon ၏ အချိုကဲမှုကို ချေဖျက်ပေးနိုင်သည်။

လုလီသည် သူမ ဖုန်းကို မြှောက်ကာ အလင်းရောင်ကောင်းသောနေရာတွင် အစားအသောက်များကို ဓာတ်ပုံ ရိုက်ယူနေသည်။

ချောင်ကျာယိသည် သူမ၏ tiramisu (အချိုပွဲ)ကို ဇွန်းဖြင့် ဖဲ့ယူရင်း စိတ်ပျက်လက်ပျက်ဖြင့် - "ဒါကို Moments မှာ တင်မလို့လား?"

လုလီသည် ဓာတ်ပုံအတွက် ကြည့်ကောင်းသော filter ကို ရွေးချယ်နေသည်- "ဘယ်သူကဒါကို Moments မှာ တင်မယ်လို့ ပြောနေလို့လဲ?"

ချောင်ကျာယိ စိတ်ပျက်နေဆဲဖြစ်သည်- "Weiboမှာလား?"

လုလီသည် သူမအား လျစ်လျူရှုကာ ခေါင်းငုံ့ပြီး ဓါတ်ပုံဆက်ရိုက်နေသည်။

သူမ စိတ်ကျေနပ်မှု မရမီအထိ filter အမျိုးမျိုးကို စမ်းကြည့်နေခဲ့သည်။

ချောင်ကျာယိသည် လုလီ၏ဖုန်းကို ချောင်းကြည့်လိုက်ရာ Weibo မဟုတ်ဘဲ WeChat ဖွင့်ထားသည်ကို တွေ့ လိုက်ရသည်။

သူမသည် contact list ထဲမှ တစ်စုံတစ်ယောက်ထံ ကော်ဖီဆိုင်မှ ဓာတ်ပုံများကို ပို့လိုက်ပြီး စာတစ်ကြောင်း ရိုက်ထည့်လိုက်သည်။

ချောင်ကျာယိ လည်ပင်းကို ဆန့်ကာ ချောင်းကြည့်လိုက်သည်။

ထိုစာမှာ- "ကျွန်မ အခု ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေတယ်၊ Happy အီမိုဂျီ”

ချောင်ကျာယိ ပေးပို့သူ၏နာမည်ကို ကြည့်လိုက်သည်။ - ချီချန်းရန်

ချောင်ကျာယိ: "...?"

ကမ္ဘာကြီး လည်ပတ်နေသလို ချောင်ကျာယိ ခံစားလိုက်ရသည်။

သူမသည် စျေးဝယ်ထွက်ပြီး ကော်ဖီဆိုင်ဝင်နေသည့် အသေးအဖွဲအကြောင်းအရာများကို ချီချန်းရန်ထံ မက်ဆေ့ချ်ပို့နေခြင်းဖြစ်သည်။

သူမ ပြန်လည်ကောင်းမွန်လာပြီးနောက် သူမ၏ ယခင်အသွင်အပြင်အတိုင်း ဂုဏ်သိက္ခာရှိပြီး အေးစက်သော သူဌေးသမီးပုံစံကို ပြန်လည်ရယူခဲ့ပြီး လောင်ကုန်းအတု၏ လူသိရှင်ကြားဝန်ခံမှုကိုပင် မလှုပ်မယှက်နေခဲ့သည်။

သို့သော် ယနေ့တွင် လုလီ အလွန်တက်ကြွနေခဲ့သည်။ ဤသည်မှာ သူမနှင့် ချီချန်းရန် အိမ်တွင် ပြဿနာရှိနေနိုင်သည်ဟု ချောင်ကျာယိ ယူဆမိသည်။

၎င်းတို့၏အခြေအနေသည် ခွေးသွေးဇာတ်လမ်းများကဲ့သို့ ဖြစ်နေသည်ကို သူမ မတွေးဘဲမနေနိုင်တော့ပေ။

ချောင်ကျာယိ မျက်လုံးများလှိမ့်လိုက်ပြီး မေးလိုက်သည်။- “ နင် နင့်လောင်ကုန်းကို ပြန်ပြီး တွယ်ကပ်နေတာလား?”

All Chapters