← Chapters

Will Not Chase (1)

Vol. 8 Ch. 114

Will Not Chase (1)

Vol. 8 Ch. 114

လုလီသည် အမျိုးသား CEO ဝတ္ထုအများအပြားကို ဖတ်ထားသူဖြစ်သည်။

ထိုဝတ္ထုထဲတွင် အသုံးပြုသည့် “မီးသင်္ဂြိုဟ်စက်ထဲထိ မိန်းမကို လိုက်ဖမ်းမလို့လား?" ဟူသော စကားစုမှာ “မီးသင်္ဂြိုဟ်စက်ထဲထိ လောင်ကုန်းကို လိုက်ဖမ်းမလို့လား?”အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြားလိုက်ရသောအခါ သူမ အံ့ဩသွားသည်။

ဤသည်မှာ အမျိုးသားဇာတ်ဆောင်၏ အေးစက်သောဆက် ဆံမှုကြောင့် အမျိုးသမီးဇာတ်ဆောင် ထွက်ခွာသွားပြီးနောက် အမျိုးသားဇာတ်ဆောင်၏ နောင်တရခြင်းကို ဖော်ပြရာတွင် အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။

လုလီသည် ထိုအယူအဆကို မိမိအဖြစ်နှင့် နှိုင်းယှဉ်မိသည်။

သူမသည် အစောပိုင်းတွင် ချီချန်းရန်အား ယခင်အတိုင်း ပြန်လည်နေထိုင်ရန် ပြောခဲ့သော်လည်း သူ့ဘက်မှ အေးစက်စွာ ပြုမူနေသောအခါ သူထံသို့ WeChat မက်ဆေ့ခ်ျများ ပေးပို့ပြီး သူမ၏ ဝယ်ယူမှုများကို အသိပေးနေခဲ့သည်။

“...”

အနေထားက ထူးဆန်းနေသည်။

ချောင်ကျာယိ ဆက်ပြောလာသည် - "မဟုတ်ရင် နင် ဘာလို့ ချီချန်းရန်ကို ရုတ်တရက်ကြီး အဝတ်အစားတွေ ဝယ်ပေးပြီး မက်ဆေ့ချ်ပို့နေမှာလဲ? နင် ဘာလို့ ရုတ်တရက်ကြီး သူ့ကို ဒီလိုဆက်ဆံနေမှာလဲ?"

လုလီ အနည်းငယ် စိတ်ရှုပ်သွားပြီး ခေါင်းမာစွာဖြင့် ရှင်းပြလာသည်။

"ချီချန်းရန်ကို ငါ ဘာလို့ ဒီလို ဆက်ဆံလို့မရရမှာလဲ? ဒါက ပုံမှန်ပဲလေ၊ သူက ငါ့လောင်ကုန်း၊ သူများ လောင်ကုန်းမှ မဟုတ်တာ”

ချောင်ကျာယိစကားများကို သူမ လက်မခံနိုင်ပေ။ အဝတ်အ စားဝယ်ပေးခြင်း၊ မက်ဆေ့များပေးပို့ခြင်းသည် ဇနီးမောင်နှံကြားက ပုံမှန်လုပ်ရိုးလုပ်စဥ် များမဟုတ်ဘူးလား? မီးသင်္ဂြိုဟ်စက်ထဲထိ လောင်ကုန်းကို လိုက်ဖမ်းတော့ရော ဘာဖြစ်လဲ?

"တကယ်လား?"

ချောင်ကျာယိ အဓိပ္ပာယ်ရှိသော အပြုံးဖြင့် ဖြည်းဖြည်းချင်း မေးလိုက်သည်-“နင့်လောင်ကုန်းတဲ့လား? သူက နင့်ရဲ့ အတုအ ယောင် လောင်ကုန်းမဟုတ်တော့ဘူးလား? ဒါမှမဟုတ် နင်သူ့ကို ချစ်နေပြီလား?”

“ငါ…”

လုလီ စကားကို ဆုံးအောင်မပြောပဲ ပန်းကန်ပြားပေါ်ရှိ macaroon ကို ဇွန်းဖြင့်ခပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

"စားကြရအောင်"

အိမ်အပြန်လမ်းတွင် လုလီသည် ကားထဲတွင် ထိုင်ရင်းလက် ကိုင်ဖုန်းကို ဆုပ်ကိုင်ထားသည်။

သူ ဈေးဝယ်ထွက်ရင်း ချီချန်းရန်အတွက် အဝတ်အစားများ ဝယ်ခဲ့ခြင်းနှင့် ကော်ဖီဆိုင်ထိုင်ခြင်းအား သူ သိရှိရန် 'ပေါ့ပေါ့ပါးပါး' မက်ဆေ့ခ်ျတစ်စောင် ပို့ပေးခဲ့ခြင်းသာ ဖြစ်သည်။ ဒါက မီးသင်္ဂြိုဟ်စက်ထဲထိ သူ့နောက်ကိုလိုက်ဖမ်းခြင်း မဟုတ်ပေ။

သူ့ အတွေးမှန်ကန်၏။ သူ အခိုင်အမာပင် ခေါင်းကို ညိတ်လိုက်သည်။ မကြာသေးမီက ချီချန်းရန်ကြောင့် သူ ဝမ်းနည်းခဲ့ရသည်ကိုသတိရသွားသည်။ ဒါက ချီးကျူးစကားအနည်းငယ်ပဲလေ ? ဒီလိုသာ သူ ထင်သည်။

လုလီ ခေါင်းငုံ့ကာ မိမိ၏အစီအစဉ်ဇယားကို လှန်ကြည့်လိုက်သည်။ ယခုအပတ်တွင် သူမ ညစာစားပွဲတစ်ခု တက်ရောက်ရမည်ကို ရေးထားသည်။ နာမည်ကြီး ဇိမ်ခံအမှတ်တံဆိပ် H နှင့် ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှ ပူးပေါင်းကျင်းပမည့် ပွဲဖြစ်သည်။ မြို့တော်တွင်းရှိ နာမည်ကြီးအနုပညာရှင်များနှင့် အထက်တန်း လွှာအသိုင်းအဝိုင်းမှသူများကို သီးသန့်ဖိတ်ကြားခြင်းဖြစ် သည်။

သူ လက်မထပ်မီကတည်း ဟောင်ကောင်မြို့ရှိ H-Brand ၏ အမြင့်ဆုံး VIP ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ပုံမှန်အတိုင်း ဖိတ်ကြားလာခဲ့သည်။

ထိုသို့သော လူမှုရေးပွဲများတွင် သူမအား မကြာခဏ တွေ့ရလေ့မရှိသော်လည်း S မြို့တွင် နေထိုင်စဉ်အတွင်း မကြာခဏ လူလုံးထွက်ပြရန် လိုအပ်သည်။ ဤပွဲတွင် သူမ ယခုချိန်ထိ လူမှုရေးအသိုင်းအဝိုင်း၏ထိပ်ဆုံးနေရာတွင် ရှိနေဆဲဖြစ် ကြောင်း သက်သေပြရမည်ဖြစ်သည်။

အဆိုပါပွဲအား တစ်နှစ်လျှင် လေးကြိမ်ခန့် ကျင်းပကြသည်။

လုလီသည် ထိုအစီအစဉ်ကိုဖတ်ပြီး ထွေထွေထူးထူး စဉ်းစားမနေဘဲ အိမ်ရှိ ထိုအမျိုးသားအကြောင်းကိုသာ တွေးနေမိသည်။

သူမ အိမ်ပြန်ရောက်သောအခါ ချီချန်းရန်အား သူမဝယ်ခဲ့သော အဝတ်အစားများကို ပြသရန်အဝတ်လဲခန်းသို့ ခေါ်သွားခဲ့သည်။

အားလုံးမှာ ချီချန်းရန်ကဲ့သို့ စီးပွားရေးသမားများအတွက် အထူးထုတ်လုပ်ထားသည့် ဝတ်စုံများဖြစ်ပြီး အဝတ်အစားမှာ ပုံစံ အတူတူပင် ဖြစ်သည်။ ချီချန်းရန်၏ ဝတ်စားဆင်ယင်မှုသည် ထိုငယ်ရွယ်သော idol များနှင့် မတူပေ။

အဝတ်အစားများကြည့်ပြီး ချီချန်းရန် အံ့သြသွားဟန်မပြဘဲ ခေါင်းညိတ်ကာ “ကျေးဇူးပဲ” ဟု ပြောလိုက်သည်။

သူ အခြား ဘာမှထပ်မပြောလာတော့ပေ။

လုလီ အတော်ကြာစောင့်ဆိုင်းနေပြီးမှ “ကျေးဇူးပဲ” ဟူသော စကားတစ်ခွန်းသာ ပြန်ကြားရသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ မည်သို့ပြန်ပြောရမှန်းမသိဖြစ်သွားသည်။

ဒါ… ဒါ… ဒါပဲလား?

ငါ သူ့အတွက် အဝတ်အစားတွေ ဝယ်ပေးခဲ့တာလေ...

အဆုံးမှာ “ကျေးဇူးပဲ” ဆိုတဲ့ စကားတစ်ခွန်းတည်းလား ?

သူ နမ်းရမှာ၊ ပွေ့ဖက်ရမှာ၊ ငါ့ကို မြှောက်ပြီး ချီ"မ"ပေးရမှာ မဟုတ်ဘူးလား?

လုလီ၏ခေါင်းထဲတွင် မိုးခြိမ်းလိုက်သကဲ့သို့ မြည်ဟီးသွားသံကို ကြားလိုက်ရပြီး ဖန်သားကဲ့သို့ နုနယ်သော သူမနှလုံးသားမှာ အက်ကွဲလုနီးပါး ဖြစ်သွားသည်။

ချီချန်းရန် - "ဒါပဲ မဟုတ်လား? ကိုယ် အရင်သွားနှင့်မယ်”

“ခဏလေး!” လုလီ မခံမရပ်နိုင်ဖြစ်နေရာမှ ချီချန်းရန်၏ လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။

ချီချန်းရန် ရပ်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။

လုလီသည် မျက်ရည်များရစ်ဝဲနေသော မျက်နှာဖြင့် သူ့အား မော့ကြည့်လာကာ စိတ်ထဲတွင် မေးခွန်းထုတ်လိုက်သည်။ ‘သူ ဘာလို့ ငါ့ကိုဒီလို ဆက်ဆံနေတာလဲ?’

"ကျွန်မ ရှင့်ကို ချီးကျူးတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တောင်းပန်ပြီးပြီပဲ”

သူမ မျက်ရည်များဝဲကာ “ရှင် ကျွန်မကို သဘောမကျတော့ဘူးလား?”

အားလုံး အတုအယောင်များသာဖြစ်သည်။ သူမအား မည်မျှချစ်ခင်မြတ်နိုးကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး မီးဖိုချောင်ထဲက သူ၏ဝန်ခံချက်အားလုံးသည် အတုအယောင်များသာဖြစ်ပြီ ယောင်္ကျားတိုင်းသည် လှည့်စားတတ်‌သူများဖြစ်သည်။

ထိုစကားကိုကြားပြီးနောက် ချီချန်းရန်သည် အသက်ကို ပြင်းပြင်းရှုကာ လုလီမျက်နှာကို လှည့်ကြည့်လိုက်သည်။

"ကိုယ့်နှလုံးသားက လွယ်လွယ်နဲ့ မပြောင်းလဲတတ်ဘူး"

သူ့နှလုံးသားကို မပြောင်းလဲဘူးတဲ့လား? လုလီသည် စိတ်ထဲမှ တုန်လှုပ်ချောက်ချားမှုကို အနည်းငယ် ဖြေလျှော့လိုက်ပြီး မကျေမနပ်ဖြင့် မေးလိုက်သည်။

“ ဒါဆို ရှင့်နှလုံးသားက အခု ဘယ်လိုရှိလဲ?”

ချီချန်းရန်လည်း မေးခွန်းပြန်ထုတ်လာသည်။

“ကိုယ်တို့ အရင်တိုင်းပဲလို့ မင်းထင်နေသေးတာလား?” သူ လုလီ၏မျက်လုံးကို တည့်တည့်ကြည့်ရင်း

“ကိုယ့်ကြောင့် မင်း အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တယ်”

လုလီ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

"အနှောင့်အယှက်ဖြစ်မှာ?"

ချီချန်းရန်က 'အင်း' ခပ်တိုးတိုး တုံ့ပြန်သည်။

လုလီ ဦးနှောက်ထဲရှိ CPU ဆားကစ်များ အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာသည်။

အနှောင့်အယှက်ဖြစ်တယ်ဆိုတာ ဘာကိုပြောတာလဲ? အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို သဘောကျပေမယ့် ထိုအမျိုးသမီးမှ လက်မခံပါက အမျိုး သား၏ရင်းနှီးသော အပြုအမူများသည် အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ဆိုလိုသည်။

အလားတူပင် ချီချန်းရန်သည် သူမအား နှစ်သက်သော်လည်း သူမသည် ယခင်ကတည်းက ချီချန်းရန်ကို မကြိုက်ခဲ့သောကြောင့် သူပွေ့ဖက်နမ်းရှုံ့ပါက သူမ စိတ်အနှောင့် အယှက်ဖြစ်မည်ဟု ထင်နေပုံရသည်။

သူက တကယ့်ကို ရိုးသားတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်နေပါလား...?

သူ့ဆီက ဟာကွက်တစ်ခုမှ ရှာလို့မတွေ့ပေ။

လုလီသည် သူမ မည်သည့် အနှောင့်အယှက်မှ မဖြစ်ကြောင်း ပြောချင်နေသည်။

ချီချန်းရန်သည် လုလီ၏ ရှုပ်ထွေးနေသော မျက်နှာကို ကြည့်နေလိုက်သည်။

“မင်း ကိုယ့်ကို တစ်ခုခု ပြောချင်တာမျိုးရှိလား?” သူ မေးလိုက်သည်။

သူစကား၏ အဓိပ္ပါယ်သည် အလွန်ရှင်းလင်းနေသည်။ သူ ပွေ့ဖက်ချင်သော်ငြားလည်း ပေါ့ပေါ့ဆဆ မလုပ်နိုင်ဘဲ သူမ၏ သဘောထားကို အရင်သိဖို့ လိုအပ်နေသည်။

ချီချန်းရန်အနေဖြင့် သူ့အား လက်မခံသော မိန်းကလေးအပေါ် မည်သည့်အခါမှ အနှောင့်အယှက် ပေးမည် မဟုတ်ပေ။

လုလီ ဦးနှောက်အတွင်းရှိ CPU သည် အရှိန်ပြင်းပြင်း လည်ပတ်မှုကြောင့် အလွန်အမင်းပူကျစ်လာပြီး ပေါက်ကွဲထွက်လာသည်။

ငါ ဘာလုပ်ချင်တာလဲ?

သူမ ဦးနှောက် အလုပ်မလုပ်တော့ပဲ တကျည်ကျည်မြည်နေသည်။

ချီချန်းရန် ခေါင်းကို ခါယမ်းလိုက်ပြီး မစောင့်တော့ဘဲ ခန္ဓာကိုယ်ကိုဆန့်တန်းကာ ထွက်သွားသည်။

လုလီ မျက်မှောင်ကြုတ်လျက် သူ့နောက်ကျောကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။

ညဘက်…

ချီချန်းရန် ရေချိုးခန်းထဲက ထွက်လာသည်။

လုလီ အိပ်ပျော်သွားပုံရပြီး စောင်ကို တင်းတင်းကြပ်ကြပ် အုပ်ထားကာ ခေါင်းကိုသာ ဖော်ထားသည်။

ချီချန်းရန်လည်း စောင်ကိုဆွဲယူပြီး အိပ်ရာပေါ်လှဲလိုက်သည်။

လုလီသည် ကုတင်၏အလယ်နေရာနှင့် အလွန်နီးကပ်စွာအိပ်နေပြီး သူ လှဲချလိုက်သည်နှင့် မလွှဲမသွေ သူမအား ထိမိသွားသည်။

ချီချန်းရန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် လုလီအား လက်ဖြင့်ထိကြည့်လိုက်ရာ သူမ၏နွေးထွေးသော အရေပြားကို ထိမိသွားပြီး ချက်ချင်းပင် သူ့နှလုံးသားကို ကျိန်ဆဲလိုက်သည်။

သူမရဲ့ ညဝတ်အင်္ကျီ ဘယ်ရောက်နေတာလဲ?

လုလီ အိပ်မပျော်သေးဘဲ ချီချန်းရန်အား စိတ်အားထက်သန်စွာဖြင့် လှမ်းကြည့်လာသည်။

သူ တကယ်ပဲ ငါ့ကို အနှောင့်အယှက်မဖြစ်စေချင်တာလား?

ငါကတော့ သူ အနှောင့်အယှက်ပေးတာ လိုချင်တယ်...

ချီချန်းရန် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး "လုလီ "

လုလီ : "အွန်း..."

ချီချန်းရန် အံကြိတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ဤလအတွက် ဘဏ္ဍာရေးစာရင်းများကို အာရုံစိုက်ရန် ကြိုးစားလိုက်သည်။

လုလီသည် တည်ငြိမ်နေသော ချီချန်းရန်၏မျက်နှာကို ကြည့်ပြီး သူမ ထပ်မံကျရှုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူမ ရှက်စိတ်ဖြင့် ခေါင်းကို စောင်နှင့်ဖုံးအုပ်လိုက်သည်။

သူ ဘာလို့ သူမကို ဒီလိုအရှက်ရစေတာလဲ? ဘာလို့ သူမကို ဒီလို လုပ်ဖို့ ဖိအားပေးရတာလဲ?

လုလီ တိတ်ဆိတ်စွာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက် သူမနိုးလာချိန်တွင် ကိုယ်လက်များ နာကျင်နေပြီး ပေါင်အတွင်းပိုင်းမှ မအီမသာဖြစ်နေသည်ကို ခံစားလိုက်ရသည်။

သူမ ထိုထူးဆန်းသော အိပ်မက်ကို ထပ်မက်ခဲ့သည်။ သို့သော် သူ လိုချင်သည့်အရာသည် လက်တွေ့တွင်မဟုတ်ပဲ အိပ်မက်ထဲတွင် ဖြစ်နေသည့်အတွက် ထိုအခြေအနေကို သူ မုန်းတီးမိသည်။ သို့ဖြစ်ရာ သူ ချီချန်းရန်နှင့် ထပ်ပြီး ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်လိုက်သည်။

ချီချန်းရန် လုလီ ရှေ့မှ ဖြတ်သွားစဉ် သူမ၏ဇဝေဇဝါဖြစ်နေသော အကြည့်ကိုမြင်ပြီး ပါးစပ်ကိုအုပ်ကာ ချောင်းဆိုးလိုက်သည်။

All Chapters