← Chapters

Will Not Chase (2)

Vol. 8 Ch. 115

Will Not Chase (2)

Vol. 8 Ch. 115

လာမည့်ပိတ်ရက်တွင် 'Yuexiu' မဂ္ဂဇင်းနှင့် Brand H တို့ပူးပေါင်းပြီး ကျင်းပသည့် ညစာစားပွဲ ရှိသည်။

အမျိုးသမီးအနုပညာရှင်များက အပြိုင်အဆိုင် ပြင်ဆင်ခြယ်သထားကြပြီး ဟန်ဆောင်အမူအယာများနှင့် စကားစမြည်ပြောဆိုကြမည်။

လုလီသည် ထိုနေရာသို့ မျက်နှာပြရုံသာ သွားခဲ့ခြင်းဖြစ်သော်လည်း မြို့တော်အတွင်းရှိ အမျိုးသမီးများမှ သူမထံ လာရောက်ပြီး ရင်းနှီးမိတ်ဖွဲ့မှုကို မရှောင်နိုင်ခဲ့ပေ။

သူတို့ ဆွေးနွေးလာသော ခေါင်းစဥ်များမှာ "လီလီနဲ့မစ္စတာလီတို့ အခုဆို အရမ်းကို ချစ်ချစ်ခင်ခင် ရှိနေကြတာနော်" နှင့် "လီလီ ပါဝင်ထားတဲ့ 'Idol Boy' ကို ကြည့်ဖြစ်တယ်" စသည့် အကြောင်းအရာများ ပါဝင်သည်။

လီလီဆိုသည်မှာ လုလီ၏ အင်္ဂလိပ်အမည်ဖြစ်ပြီး ရွယ်တူအမျိုးသမီးများသည် ရင်းနှီးမှုကိုဖော်ပြရန် ဤနာမည်ကို အသုံးပြုနေကြခြင်းဖြစ်သည်။

ချောင်ကျာယိသည် ထိုအတွက် ထူးဆန်းမနေဘဲ တိတ်ဆိတ်သော နေရာတစ်ခုကိုရှာကာ အချိုပွဲစားနေလိုက်သည်။ လုလီသည် ချီချန်းရန်၏ဇနီး ဖြစ်နေခြင်းဟူသည့် အချက်က လူအများကို သူ့နောက်လိုက်စေရန် လှုံဆော်နိုင်ခြင်း ဖြစ်သည်။

လုလီသည် ၎င်းတို့၏ ချီးကျူးပြောဆိုမှုများကို ပြန်လည်တုံ့ပြန်နေစဉ် အမျိုးသမီးတစ်ဦးသည် သူမ၏စကတ်ကို ညွှန်ပြပြီး “လီလီ ဒီဝတ်စုံက “YING” က ထွက်တဲ့ ဒီဇိုင်းနဲ့တူတယ်”

နောက်ထပ် အမျိုးသမီးတစ်ယောက်မှလည်း ဝင်ပြောလာသည်။ ” ဟုတ်တယ် ဟုတ်တယ် လီလီ ၊ ဒါနဲ့ ဟိုးတလောက S City မှာ “YING” ဖက်ရှင်ရှိုးလုပ်ခဲ့သေးတယ်၊ ရှင့်ကို အဲ့မှာ ဘာလို့ မတွေ့တာလဲ?”

လုလီသည် 'YING' ဆိုသည့် စကားလုံးကို ကြားလိုက်သည်နှင့် အလွန်အကဲဆတ်နေသည်။

သူမ စိတ်ပုံမှန် မဟုတ်သည့်အချိန်တွင် ပိုင်ရှန့်ယင်သည် ချီချန်းရန်၏ အထက်တန်းကျောင်းမှ ရည်းစားဟောင်း ဖြစ်သည်ကို သူမ သိလိုက်ရသည်။

သူမ၏ဝတ်စားဆင်ယင်မှုသည် ပိုင်ရှန့်ယင် ၏ 'YING' အမှတ်တံဆိပ်မှ ဒီဇိုင်းနှင့် ဆင်တူနေကြောင်း မသိသဖြင့် ခေါင်းငုံ့ကာ ကြည့်လိုက်သည်။

သူမ စိတ်မသက်မသာဖြစ်သွားပြီး မျက်ခုံးကိုပင့်ကာ “ကျွန်မဝတ်ထားတာ 'YING' တံဆိပ်မဟုတ်ပါဘူး”

ထိုအမျိုးသမီးများသည် လုလီ၏အလိုမကျသော အသံကိုသတိထားမိသွားပြီး နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ဘဲ အခြားအကြောင်းအရာတစ်ခုကို ပြောင်းလိုက်သည်။

လုလီသည် ခဏအကြာတွင် ထိုအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က သူမ၏နောက်မှ "ပိုင်ရှန့်ယင်လည်း ဒီကိုရောက်နေတယ်" ဟု ပြောလိုက်သည်။

ရုတ်တရက် လုလီမျက်နှာ တင်းမာသွားသည်။

ပိုင်ရှန့်ယင်လည်း သူမ ရောက်နေသည်ကို သတိထားမိဟန်ရှိပြီး သူမတို့စကားဝိုင်းသို့ ဝိုင်တစ်ခွက်ယူကာ ရောက်လာသည်။ လူတိုင်း လမ်းဖယ်ပေးလိုက်ကြသည်။

ပိုင်ရှန့်ယင် သည် ယနေ့တွင် ပွဲတက်ဝတ်စုံ ဝတ်ဆင်ထားခြင်းမရှိပဲ အဖြူရောင်ရှပ်အင်္ကျီနှင့်အဝါနုရောင် ခါးမြင့်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။ ဖြောင့်စင်းနေသော ဆံပင်ကို ပခုံးထက်ချထားပြီး နားကပ်ကြီးကြီးကို ၀တ်ထားသည်။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အမျိုးသမီး အုပ်စုကြားထဲတွင် သူမသည် အလွန်ထက်မြက်သော အသွင်အပြင်ကို ပေါ်လွင်စေသည်။

"မစ်လု" သူမသည် လုလီ၏မျက်လုံးကို ကြည့်ပြီး ဝိုင်ခွက်ကိုမြှောက်ပြလိုက်သည်၊ "တိုက်ဆိုင်လိုက်တာနော်၊ ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ"

လုလီသည် ပိုင်ရှန့်ယင်၏ မျက်နှာကို ကြည့်ပြီး ယခင်က အဖြစ်အပျက်များကို သတိရသွားသည်။

သူမသည် ချီချန်းရန်၏ဇနီး ဖြစ်ကြောင်းသိပါလျက်နှင့် အရှက်မရှိ သူမကို နှုတ်ဆက်ခဲ့သည်။ ယခင်က ထိုအမျိုးသမီးသည် သူမ ခင်ပွန်း၏ရည်စားဟောင်းမှန်း မသိခဲ့သော်လည်း ယခုမူ အခြေအနေ မတူတော့ချေ။

ဤခံစားချက်သည် သူမအား စိတ်မသက်မသာ ဖြစ်စေသည်။ ဒီတစ်ခါနဲ့ဆိုလျှင် သူမတို့ တတိယမြောက် တွေ့ဆုံခြင်းဖြစ်သည်။

ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှ ပိုင်ရှန့်ယင် အား ညစာစားပွဲဖိတ်ကြားခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

ယခင်တွေ့ဆုံစဉ်က လေထုမှာ မဆိုးလှသော်လည်း ယခုမူ လုလီ ရှောင်ထွက်ဖို့ပင် ပျင်းလွန်းနေသည်။

ထိုမိန်းမသည် မိမိချစ်သူဟောင်း၏ဇနီးနှင့် လက်ဆွဲနှုတ်ဆက်ရဲသည်ကို သူမနားမလည်နိုင်ပေ။ အဘယ်ကြောင့် သူမကို ရဲတင်းစွာ နှုတ်ဆက်ရဲသနည်း? ထိုမိန်းမစိတ်ထဲတွင် သူမခင်ပွန်းနှင့် မိတ်ဆွေဖြစ်ချင်နေသေးတာလား?

သူနှင့် ချီချန်းရန်တို့၏ခံစားချက်များ ပြန်လည် အသက်ဝင်လာစေရန် သူမခင်ပွန်းအား ဖြားယောင်းဖို့ ရည်ရွယ်ချက်ရှိနေတာလား? ဒါဆိုရင် ဘာလို့ သူမနဲ့ လက်ဆွဲနှုတ်ဆက်ရတာလဲ?

သူ စိတ်ပုံမှန်မဟုတ်တော့ဘူးလား?

လုလီသည် ပိုင်ရှန့်ယင်အား ပေါ်တင်လျစ်လျူရှုလိုက်ပြီး သူမနောက်မှ အမျိုးသမီးအား စကားလှမ်းပြောလိုက်သည်။ ထိုအမျိုးသမီးသည် ဝမ်းသာစွာဖြင့် စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။

ပတ်ဝန်းကျင်မှလူများသည် ၎င်းတို့နှစ်ယောက်ကြား ဆက်ဆံရေးကိုမသိကြသလို ၊ အချင်းချင်း သိကျွမ်းချင်းရှိမရှိ ကိုလည်း သိကြမည်မထင်ပေ။ သို့ဖြစ်ရာ ၎င်းတို့ကြား လေထုအား ထူးဆန်းသည်ဟုသာ ခံစားမိကြသည်။

ဝိုင်ခွက်ကိုင်ထားသော ပိုင်ရှန့်ယင်၏ လက်သည် လေထဲတွင် ရပ်တန့်သွားပြီး သူမမျက်နှာ တင်းမာသွားသည်။

သို့သော် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိပဲ သူမအား စောင့်ကြည့်နေသူများကို အဆင်ပြေကြောင်း ခေါင်းညိတ်ပြလိုက်သည်။

သူမ၏အပြုအမူအား အများအမြင်တွင် ယဉ်ကျေးဟန်ပြနေလေ လုလီအား ရိုင်းစိုင်းသည့်အမျိုးသမီးဟု ထင်ရလေဖြစ်သည်။ လုလီ ဤသည်ကို ဂရုမစိုက်ပေ။ သူမသည် မူမမှန်သော လူများကို ယဉ်ကျေးနေရန် မလိုအပ်ပေ။

ညစာစားပွဲ မပြီးဆုံးမီ လုလီ စောစီးစွာ ပြန်ထွက်လာခဲ့သည်။

Bentley ကားနောက်ခန်းတွင်၊ ချန်ရုံသည် ဥက္ကဌဇနီး၏မျက်နှာ အေးစက်နေသည်ကို သတိထားမိသော်လည်း မည်သည့်စကားမှ မပြောရဲပေ။

လုလီသည် သူမ၏လက်နှစ်ဖက်ကို ပိုက်ထားလျက် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူမ စိတ်ပုံမှန်မဟုတ်စဥ်က ပိုင်ရှန့်ယင်အား မည်သို့ တုံ့ပြန်ရမည်ကို မသိသလို အခုချိန်ထိလည်း မသိသေးပေ။

သူမသည် ထိုအမျိုးသမီးအား မေ့လုနီးပါးဖြစ်နေခဲ့ပေမယ့် ယခုလို ပြန်တွေ့ရန် မမျှော်လင့်ထားပေ။

အားလုံး၏ အရင်းအမြစ်သည် ချီချန်းရန်ကြောင့် ဖြစ်သည်။

ထိုအမျိုးသားသည် မကြာသေးမီက သူမအား မီသင်္ဂြိုဟ်စက်ထဲ လိုက်ဖမ်းရန် တွန်းအားပေးခဲ့သလို သူမခံစားချက်များကို ရင်ဆိုင်ရန်လည်း ဖိအားပေးနေခဲ့သည်။ လုလီ အသက်ကို ပြင်းပြင်းရှုလိုက်သည်။

ကောင်းပြီလေ...

လုလီ Suhe Bay သို့ ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ “YING “ ဒီဇိုင်းနှင့်တူသော သူမ၏ဝတ်စုံကို ချွတ်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်ခြင်းဖြစ်သည်။

ဤဝတ်စုံသည် ဥရောပမှ ထူးချွန်သောဒီဇိုင်နာ တစ်ယောက်၏လက်ရာဖြစ်ပြီး ပိုင်ရှန့်ယင်၏အမှတ်တံဆိပ်နှင့် လားလားမှ မဆိုင်ပေ။

လုလီ အဝတ်အစားများလဲဝတ်ပြီး ချီချန်းရန်၏စာကြည့်ခန်းသို့ ဦးတည်လိုက်သည်။

ချီချန်းရန် ခြေသံကြားလိုက်သဖြင့် ခေါင်းမော့ကြည့်လာပြီး "ဘာကိစ္စရှိလို့လဲ?" ဟု မေးလိုက်သည်။

လုလီသည် စာကြည့်ခန်းအဝင်ဝတွင် ရပ်ပြီး ချီချန်းရန်၏မျက်နှာကို ကြည့်ကာ "ဘာမှမဟုတ်ပါဘူး" ဟုပြောလိုက်သည်။

သူမ အခု ဒီလောင်ကုန်းကို မီးသင်္ဂြိုဟ်စက်ထဲထိ လိုက်ဖမ်းနေတာလား? အမှန်ပဲ...! သူက နွေးထွေးမှုလည်းမပြဘူး၊ သူမကိုမပွေ့ဖက်ဘူး၊ မနမ်းဘူး၊ အိပ်ရာထဲ ကိုယ်လုံးတီးနဲ့ ရှိနေတာတောင် တုံ့ပြန်မှုမရှိဘူး၊

ထိုသူသည် အထက်တန်းကျောင်းတွင် ကြောင်သူတော် မိန်းကလေးတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့သေးသည်။

ဟား....ဘယ်တော့မှ လိုက်မဖမ်းတော့ဘူး... လုလီ လှည့်ထွက်သွားသည်။

ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လုလီထံ တစ်စုံတစ်ခု အမှားအယွင်းရှိနေကြောင်း ချီချန်းရန် ဝိုးတဝါးခံစားမိနေသည်။

သူမ ဒီည ညစာစားပွဲ သွားတာ မဟုတ်ဘူးလား?

ချီချန်းရန်သည် အလုပ်ပြီးသည်နှင့် ဇနီးဖြစ်သူ၏တနေ့တာ အချိန်ဇယားကို ချန်ရုံအား မေးမြန်းပြီး ဖြစ်သည်။

ထို့နောက် ချောင်ကျာယိအား မေးလျှင် ပိုတိကျမည်ဟု ထင်သောကြောင့် သူမအား တိုက်ရိုက်မေးလိုက်သည်။

လက်ရှိတွင် ချောင်ကျာယိသည် WeChat ပေါ်၌ ပိုင်ရှန့်ယင်နှင့်ချီချန်းရန်အား ဆဲဆိုကြိမ်းမောင်းနေသော လုလီစကားများကို နားထောင်နေရသည်။ ထိုစဥ် ချီချန်းရန်ထံမှ မက်ဆေ့ချ်တစ်စောင် ရောက်လာသဖြင့် ရုတ်တရက် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ ခဏစဥ်းစားလိုက်ပြီး စာပြန်လိုက်သည်၊ [လုလီ ဒီနေ့ ရှင့်ရည်းစားဟောင်းနဲ့ ပွဲမှာ ထပ်တွေ့လာပြန်ပြီ]

ထို့နောက် သူမ လောလောလတ်လတ် လုလီဆဲဆိုထားသော မက်ဆေ့ကို screenshot ရိုက်ပြီး ပို့လိုက်သည်။

[ချီချန်းရန်က ဒီမိန်းမနဲ့အထက်တန်းကျောင်းတုန်းက ကြိုက်ခဲ့ကြတာ၊ ဒီခွေးသားက သူတော်ကောင်း ယောင်ဆောင်ထားတဲ့ ဒီ‌ကောင်မနဲ့ဘယ်လိုများတွေ့ပြီး ကြိုက်ခဲ့တာလဲ?]

[သူက ငါ့ကို ဝန်ခံစေချင်နေတာလား? ငါ့ကိုဖိအားပေးနေတာလား?]

[အရင်က သူ့ကို ကြိုက်ခဲ့ပေမယ့် အခုတော့ မကြိုက်တော့ဘူး။ မုန်းတယ်၊ အရမ်းမုန်းတယ်]

[မုန်းတယ်!]

ချီချန်းရန်သည် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ဖုန်းကိုချကာ လုလီအား ရှာရန်ထွက်လာသည်။

သူ အိပ်ခန်းသို့ ရောက်ချိန်တွင် သူ့အိပ်ရာက ဗလာဖြစ်နေသည်။

လုလီ သူ့အခန်းတွင် ပြန်သွားအိပ်နေသည်။

ချီချန်းရန် ကျိန်ဆဲလိုက်ပြီး အခန်းနှစ်ခန်းအား ဆက်သွယ်ထားသော တံခါးကို ဖွင့်လိုက်သည်။

သို့သော် ဖွင့်လို့မရခဲ့ပေ။ လုလီဘက်မှ လော့ချထားခြင်း ဖြစ်သည်။

ချီချန်းရန် စိတ်အေးအေးထားပြီး အဝတ်လဲခန်းနှင့် ရေချိုးခန်းတံခါးများကို သတိရသွားသည်။

၎င်းတို့နှစ်ယောက် စကားအေးဆေး ပြောဖို့လိုအပ်နေသည်။

ယခင်က သူတို့ စကားများခဲ့ကြသည့်အချိန်တွင် သူ ထိုတံခါးကိုပိတ်ကာ လုလီ သူ့အခန်းထဲမဝင်နိုင်အောင် လုပ်ခဲ့သည်။ ထို့ကြောင့် လုလီ ရေချိုးခန်းတံခါးမှဝင်လာပြီး ခေါင်းအုံးကိုပိုက်ကာ သူ့အိပ်ရာ အနားမှာရပ်ပြီး အိပ်ခွင့်တောင်းခဲ့သည်။

ချီချန်းရန်သည် ရေချိုးခန်းထဲသို့ အမြန်သွားကာ တံခါးဖွင့်ရန် ကြိုးစားလိုက်သည်။

သို့သော် ရေချိုးခန်းနှင့် အဝတ်လဲခန်းတံခါး ကိုလည်း အထဲမှ လော့ချထားသည်။

သူ့ အကြံကုန်သွားသည်။

All Chapters