A Person Who Is Not Important (2)
Vol. 8 Ch. 117
လုလီ ခုံပေါ်တွင် ထိုင်လျက်အနေထားဖြင့် ချီချန်းရန်၏ ရင်ဘတ်အား လက်သီးဖြင့် ထပ်မံ ထုရိုက်လိုက်ပြန်သည် - "ကျွန်မကို လွှတ်၊ မဟုတ်ရင် ရှင့်ကို ရဲတိုင်မယ်၊ ကျွန်မကို အိမ်တွင်းအကြမ်းဖက်နေပါတယ်လို့ ပါးပါးကိုပြောပြီး မီဒီယာတွေကိုလည်း ကြေငြာပစ်မယ် “
ချီချန်းရန် : “…”
အိမ်တွင်းအကြမ်းဖက်မှုများ ရှိနိုင်သော်လည်း အကြမ်းဖက်ခံရသူမှာ သူမ မဟုတ်ကြောင်း ထင်ရှားနေသည်။
ချီချန်းရန် သူမလက်ကို ဖမ်းဆုပ်ကာ မေးလိုက်သည်။ "ဘယ်သူက အကြမ်းဖက်တာလဲ?"
လုလီ ခေါင်းကိုမော့ကာ ပြောလာသည်။ “ရှင်လေ...ရှင်ကျွန်မကို အကြမ်းဖက်နေတာ”
"ရှင် ကျွန်မကို နှိပ်စက်တယ်၊ မီးသင်္ဂြိုဟ်ရုံအထိ လိုက်ခိုင်းတယ်၊ ပြီးတော့ အရှက်မရှိနှုတ်ဆက်ရဲတဲ့ ရည်းစားဟောင်းလဲ ရှိတယ်"
“ကိုယ် မင်းကိုချစ်တယ်၊ ကိုယ် ဒါကို အရင်က ထုတ်မပြောခဲ့ပေမယ့် ကိုယ့်နှလုံးသားထဲမှာ မင်းကို တကယ်ချစ်နေခဲ့တာ”
"ရှင့်လို ခွေးကောင်က ကျွန်မလို ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ နတ်သမီးလေးနဲ့ မထိုက်တန်ဘူး”
"ကျွန်မတို့ အတုအယောင်ဆက်ဆံရေးအတိုင်းပဲ ပြန်နေကြမယ်”
ချီချန်းရန် သူ့စကားကြောင့် ထိတ်လန့်သွားပြီး - "ကိုယ် တောင်းပန်ပါတယ်"
လုလီ - "ခွေးတစ်ကောင်က ဖြူစင်သန့်ရှင်းတဲ့ နတ်သမီးလေးရှေ့မှာ စကားပြောခွင့်မရှိဘူး။ ပြီးတော့ သူ့မှာ ဟန်ဆောင်ကောင်းတဲ့ ရည်စားဟောင်းလည်း ရှိခဲ့သေးတယ်”
“ရှင် ဘာပဲပြောပြော အကျိုးရှိမှာမဟုတ်ဘူး”
"ဟုတ်ပါတယ်၊ ကိုယ် မှားခဲ့ပါတယ်"
ချီချန်းရန် အမှားရှိကြောင်း ဝန်ခံလိုက်သည်။
“အဲ့မိန်းမက မာယာများတဲ့သူပါ” လုလီ မည်သည့် တုံ့ပြန်မှုမှ မပြုခဲ့ပေ။
ချီချန်းရန် - "ဒါပေမယ့် ကိုယ်နဲ့သူက ကျောင်းပြီးကတည်းက အဆက်သွယ် မရှိတော့ဘူးဆိုတာ မင်းလည်း သိပါတယ်”
“ပြီးတော့ ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ခဲ့တဲ့ကိစ္စပါ၊ ကိုယ်တို့ စာသင်နှစ်ဝက်လောက်ပဲ တွဲဖြစ်ခဲ့တာ၊ တွဲနေတုန်းကလည်း သူ့လက်ကို ကိုင်လည်း မကိုင်ခဲ့သလို နမ်းလည်း မနမ်းခဲ့ဘူး”
လုလီ၏ မျက်နှာအမူအရာ အနည်းငယ်ပျော့ပျောင်းသွားသော်လည်း ဆက်ပြောလာသည် - "ဒါပေမယ့် သူက ရှင့်ရဲ့အချစ်ဦး ဖြစ်ခဲ့တယ်ဆိုတဲ့အချက်က ပြောင်းလဲလို့မရဘူး" ဟု ပြောရင်း ရုတ်တရက် သူမစိတ်ထဲတွင် ချဉ်လာမိသည်။
"သူ့ဘွဲ့ရတုန်းက ရှင့်အတွက် ရည်ရွယ်ပြီး အမှတ်တရလုပ်ခဲ့တာ ရှိတယ်၊ အဲ့ဒါနဲ့ ဆုတောင် ရခဲ့သေးတယ်”
"ကျွန်မလည်း မနက်ဖြန်ကျရင် ကျွန်မ သူငယ်တန်းတုန်းက ရည်းစားဟောင်းနဲ့ လူတွေရှေ့မှာ အမှတ်တရလုပ်ပြမယ်"
ပိုင်ရှန့်ယင်အကြောင်း ပြောလာသည့်အခါ ချီချန်းရန် ပါးစပ်ပိတ်သွားသည်။ သူ ခေါင်းကိုငုံ့ကာ မကျေမနပ်ဖြစ်နေသော လုလီကို ကြည့်လိုက်သည်။
သူ သက်ပြင်းတစ်ချက်ချကာ လုလီ၏လက်ကို ဖမ်းယူပြီး သူ့လက်ဖဝါးဖြင့် ညှစ်လိုက်သည်။
လုလီ သူမလက်ကို ပြန်ဆွဲထုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ကျွန်မလက်ကို မထိနဲ့”
ချီချန်းရန် "သူက ကိုယ့်အတွက် ရည်းစားဟောင်း ဖြစ်ခဲ့တာကလွဲပြီး ဘာမှမပိုဘူး”
ဤသည်ကို ကြားသောအခါ လုလီ ထပ်ပြီး ဒေါသထွက်လာပြန်သည်။
"ဟုတ်တယ်လေ၊ သူက ရှင့်ရဲ့ရည်းစားဟောင်း။ ရှင်ရည်းစား ထားခဲ့တာ ရှင့် အပြစ်မဟုတ်ပါဘူး၊ ဒါပေမယ့် တစ်ချို့ကျတော့ တစ်စုံတစ်ယောက်ကို ချီးကျူးစကားပြောမိတာနဲ့ ကိုယ့်ဂုဏ်သိက္ခာတွေကို ခဝါချပြီး မီးသင်္ဂြိုလ်စက်ထဲထိ လိုက်ပြီး တောင်းပန်ခဲ့ရတယ်၊ အဟက်...”
ချီချန်းရန်သည် လုလီ၏ထူးဆန်းသောအမူအရာကို ကြည့်ရင်း ခေါင်းကို ခါယမ်းကာ ပြောသည်။
"ဟုတ်ပါတယ်၊ ကိုယ် မှားပါတယ်၊ ဒါပေမယ့် ကိုယ် ထိတွေ့ခဲ့တာ တစ်ယောက်တည်းပဲ၊ ပွေ့ဖက်တာ နမ်းခဲ့တာလည်း တစ် ယောက်တည်းကိုပဲ..”
သူ တိုးကပ်လာပြီး ပါးလွှာသော နှုတ်ခမ်းဖျားသည် သူမပါးပြင်အား ထိလုနီးပါးဖြစ်ကာ တိုးညှင်းစွာပြောလိုက်သည်။ -
“ပြီးတော့ တစ်ယောက်သော သူနဲ့ပဲ အဲ့ဒါကို လုပ်ခဲ့ဖူးတာ” ရုန်းကန်နေရင်း ရုတ်တရက်တိတ်ဆိတ်သွားသည်။
လုလီ ထိုစကားများကို နားထောင်ရင်း ယောက်ျားတစ်ယောက်၏ပြင်းရှသော အသက်ရှုသံသည် သူ့မျက်နှာအား လာရောက်ထိတွေ့နေသလို ခံစားလိုက်ရသည်။ လုလီ သူ့ နောက် ဆုံးစကားကိုနားလည်သွားပြီး မျက်နှာတဖြည်းဖြည်း နီရဲလာသည်။ လုလီ၏နှလုံးသားသည် ရင်ဘတ်ထဲမှ ပေါက်ထွက်လုမတက် တဒိန်းဒိန်းခုန်နေသည်ကို ခံစားရသည်။
ချီချန်းရန် ၊ ဒီခွေးကောင်...သူ ဒီစကားတွေကို ဘယ်ကနေသင်လာတာလဲ?
နွေးထွေးသော အနမ်းတစ်ခု သူမ၏ နားထင်စပ်ပေါ်သို့ ကျရောက်လာသည်- "မင်း ကိုယ့်ကို စိတ်တိုင်းကျ ဖက်လို့ရတယ်၊ အသားလုံးတွေလည်း မင်းကြိုက်သလောက်စားလို့ရတယ်၊ ကိုယ်ချက်ကျွေးမယ်”
လုလီ ယိမ်းယိုင်သွားသော်လည်း နှုတ်ခမ်းမှာတော့ တင်းမာနေဆဲဖြစ်သည်- "မစားပါဘူး"
ချီချန်းရန် “ဘာပဲဖြစ်ဖြစ် ကိုယ်အကောင်းဆုံး ဖြည့်ဆည်းပေးမယ်"
လုလီ သူမဘက်မှ ပြန်လည်အလေးသာနေသည်ကို သတိပြုမိပြီး သူ့ပခုံးကို နှစ်ချက်လောက် ထုရိုက်လိုက်သည် - "အိုကေလေ၊ ဒါပေမယ့် ကျွန်မ ရှင့်ကို ကျွန်မခွင့်မလွှတ်သေးဘူး"
ချီချန်းရန်သည် လက်သည်းများထုတ်ကာ ရန်လိုနေသော ကြောင်မလေးတစ်ကောင်နှင့် တူနေသည့် လုလီကို ကြည့်လိုက်သည်။
အကယ်၍ သူ အလုပ်သွားရန် မလိုအပ်ပါက ဤနေရာမှာပင် သူမအား ဖိလျက် နူးညံသောနှီးနှောဖလှယ်မှုများ ပြုလုပ်မိမှာ သေချာသည်။
ဤနေရာ၌ ၎င်းတို့ လုပ်ဖြစ်ခဲ့သည့်နှစ်ကြိမ်လုံးတွင် တကယ့်ကို ကောင်းမွန်သည့် အခိုက်အတန့်များ ရရှိခဲ့သည် မဟုတ်ပါလား?
လုလီသည် ချီချန်းရန်အတွေးကို ရိပ်မိသွားပြီးနောက် သူ့ပွေ့ ဖက်မှုအောက်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ထူးဆန်းတာတစ်ခုရှိတယ်"
ချီချန်းရန် - "ဘာဖြစ်တာလဲ?"
လုလီ - "ကျွန်မ ဒီရက်ပိုင်း ထူးဆန်းတဲ့အိပ်မက်တွေ မက်နေတယ်။ ဟိုလိုမျိုး... အိပ်မက်တွေပေါ့။ ကျွန်မ ဘယ်လိုရှင်းပြရမှန်းမသိဘူး။ တစ်စုံတစ်ခုက ကျွန်မကိုနှောင့်ယှက်နေသလိုပဲ။ ကျွန်မ ပုန်းနေပေမယ့် လိုက်ရှာပြီးနှောင့်ယှက်တယ်။ ပြီးတော့ မနက်နိုးရင် ခန္ဓာကိုယ်ကထူးဆန်းတဲ့ ခံစားချက်မျိုးရနေတယ်"
ချီချန်းရန် မျက်နှာအမူအရာသည် အနည်းငယ် ရှက်သလိုဖြစ်သွားသည်။
လုလီ သူ့ကိုကြည့်ပြီး "ရှင်ရော ဘယ်လိုထင်လဲ ?"
ချီချန်းရန် အနည်းငယ်ချောင်းဟန့်ကာ အာရုံလွှဲပြီး ပြောလိုက်သည် - "မပြောတတ်ဘူး"
ထို့နောက် တစ်စက္ကန့်အကြာတွင် "ထူးဆန်းတဲ့အိပ်မက်ပဲဖြစ်မယ်" ဟု ထပ်ပြောလိုက်သည်။
လုလီသည် သံသယဖြစ်နေသော အမူအရာဖြင့် သူ့အားကြည့်လိုက်ပြီး တစ်စုံတစ်ခုဖုံးကွယ်ထားသလို ခံစားရသော်လည်း ဆက်မမေးတော့ပေ။
…
လုလီ သံသယဝင်နေသော်လည်း ဘာမှဆက်မပြောတော့ပေ။ အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိပဲ သူနှင့် အငြင်းပွားရန် မသင့်တော်သလို ခံစားရသည်။
လုလီသည် ချီချန်းရန်အား စိတ်ထဲတွင်သာ ထပ်မံကြိမ်းမောင်းလိုက်ပြီး သူ့သံသယများကို မှတ်စုစာအုပ်တွင် ရေးမှတ်ထားလိုက်သည်။
'Idol Boy' ၏ တတိယမြောက် ရိုက်ကူးရေးနေ့သို့ ရောက်ရှိလာသည်။
ယခင် ဖျော်ဖြေပွဲနှစ်ခုအား ကြိုတင်ရိုက်ကူးကာ ထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။ တတိယမြောက် ဖျော်ဖြေပွဲမှစ၍ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး ထုတ်လွှင့်နေစဉ်အတွင်း အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ပါက တည်းဖြတ်၍မရပေ။ ရှိုး၏အရေးပါမှုမှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။
ယခင်ဖျော်ဖြေပွဲနှစ်ခုတွင် လုလီသည် မည်သူ့ကိုမျှ ဝေဖန်ခြင်းမပြုဘဲ ပြိုင်ပွဲဝင်များကိုသာ ချီးကျူးစကားဆိုခဲ့သည်။
ယနေ့ တတိယမြောက် ဖျော်ဖြေပွဲ စတင်မည်ဖြစ်ပြီး လုလီ နေ့လည်ပိုင်းတွင် ထိုနေရာသို့ သွားရောက်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် စင်ပေါ်တွင် အစမ်းလေ့ကျင့်နေကြပြီး သီချင်းသံများဖြင့် အလွန်ဆူညံနေသည်။ လုလီသည် ဖုန်းထဲတွင် ချီချန်းရန်ထံမှ မက်ဆေ့ဂျ်တစ်စောင် ဝင်နေသည်ကို တွေ့လိုက်သည်။ သူ ညနေပိုင်းတွင် စောစောအိမ်ပြန်လာမည်ဟု အသိပေးထားခြင်း ဖြစ်သည်။ လုလီ ပခုံးတွန့်ကာ လျစ်လျူရှုလိုက်သည်။
ကလေးဆန်သော ဤလောင်ကုန်နှင့် မည်သို့ ပြုမူရမည်ကို မစဉ်းစားရသေးခင် သူ့ဘက်မှ ရင်းနှီးစွာ ပြုမူလာခဲ့ပြီဖြစ်သည်။ လုလီသည် သူ့အားကပ်တွယ်မနေပဲ သူ မရှိလည်း ပျော်ရွင်မှုကို ရှာတွေ့နိုင်ကြောင်း ပြသလိုသည်။ လုလီသည် မိတ်ကပ်နှင့်ဆံပင် ပြင်ဆင်ခြယ်သမှုများ ပြုလုပ်ပြီးနောက် ကိုယ်စားလှယ် နေရာတွင် ထိုင်လိုက်၏။
ည ၈ နာရီတွင် 'Idol Boy' ၏ တတိယအဆင့် တရားဝင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်။
ချီချန်းရန်သည် အိမ်တွင်ရှိနေပြီး ဝဘ်ဆိုဒ်ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည်။ ချီချန်းရန်သည် ဆယ်မိနစ်ကြာ အဖွင့်ဖျော်ဖြေပွဲကို ကြည့်ရှုပြီးနောက်တွင် ဤကဲ့သို့သော Show များသည် သူ့အတွက် အသစ်အဆန်းတစ်ခုလို ဖြစ်နေကြောင်းတွေ့ရှိခဲ့ပြီး လုလီ၏ရိုက်ချက်များကို စောင့်မျှော်နေခဲ့သည်။
ယခင်က ဂုဏ်သိက္ခာရှိပြီး အေးစက်ကာ သင်တန်းသားများကို ချီးကျူးစကားတစ်ခွန်း၊နှစ်ခွန်းသာ ပြောလေ့ရှိသော လုလီပုံစံမှာ ကောင်းမွန်သည်ဟု ချီချန်းရန်ထင်သည်။ သူမ ပြောခဲ့သည့်စကားများနှင့် လိုက်လျောညီထွေရှိမည်ဆိုပါက လက်ခံရန် သူ့ကိုယ်သူ ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် မြူးမြူးကြွကြွ သီချင်းများဖြင့် သီဆိုကခုန်ကာ ၎င်းတို့၏ အရည်အချင်းများကို ထုတ်ပြခဲ့ကြပြီး ပရိသတ်များကို အရူးအမူးဖြစ်စေခဲ့သည်။ ပရိသတ်များက အော်ဟစ်နေခဲ့ကြပြီး စင်မြင့်အောက်ရှိ ဒိုင်သူကြီးများနှင့် ကိုယ်စားလှယ်များသည် ချဲ့ကားသောအသုံးအနှုန်းများဖြင့် ချီးကျူးပြောဆိုနေကြသည်။
ကင်မရာသည် လုလီဘက်သို့ လှည့်လာသည်။
ချီချန်းရန် လုလီကို မြင်သောအခါ ရေခွက်ကို ကိုင်ထားရင်း အနည်းငယ်ပြုံးလိုက်သည်။ သူ၏ဇနီးလေးသည် ထိုနေရာတွင် အေးဆေးတည်ငြိမ်စွာဖြင့် ရှိုးကို ကြည့်ရှုနေမည်ကို သူမျှော်လင့်ခဲ့သော်ငြားလည်း သူမ၏အေးစက်သောအသွင်အပြင်နှင့်ကွဲထွက်ကာ လက်များကိုမြှောက်လျက် သီချင်းစာသားများအား လိုက်ဆိုနေသည်ကို တွေ့လိုက်ရသည်။
"ရော့ခ်! Swag! Real! Skr~ bang!"
"ဖူး~..."
ချီချန်းရန်၏ပါးစပ်ထဲမှ ရေများ ပြန်ကန်ထွက်လာပြီး ကီးဘုတ်ပေါ်သို့ ပက်ဖြန်းလိုက်သည်။