← Chapters

Changes (1)

Vol. 8 Ch. 118

Changes (1)

Vol. 8 Ch. 118

ချီချန်းရန်သည် ကီးဘုတ်မှ ရေများကို အလျင်အမြန်သုတ်လိုက်ပြီး ဖန်သားပြင်အား စိုက်ကြည့်လိုက်သည်။

ဖန်သားပြင်ပေါ်တွင် လုလီ၏မျက်နှာကို ကင်မရာမှ ဖမ်းနေသည့် အခိုက်အတန့်၌ ရပ်တန့်နေသည်။

ချီချန်းရန်သည် ဖန်သားပြင်ကို စိုက်ကြည့်ရင်း၊ တိုက်ရိုက်ထုတ်လွှင့်မှု၌ တက်လာသော ပရိသတ်များ၏ မှတ်ချက်များကို မြင်လိုက်ရသည်။

[လုလီ ဒီနေ့အရမ်း စိတ်လှုပ်ရှားနေသလိုပဲ]

[သူ ရှိုးမှာ အေးစက်ပြီး မောက်မာတဲ့ပုံမျိုးနဲ့ ရှိနေတာမဟုတ်လား? ပြိုင်ပွဲဝင် ကောကောလေးတွေကို သူ စိတ်မဝင်စားခဲ့ဘူးလေ ]

[Ah….သူက အရမ်းချစ်ဖို့ကောင်းတာပဲ!]

[လုလီရေ အနုပညာလောကထဲ ခြေစုံပစ်ဝင်လိုက်ပါတော့လား?]

[ဝိုး…ဝိုး…ဝိုး... ဖျော်ဖြေသွားတာ အရမ်းမိုက်သောပဲ! အားလုံး စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ဘူး!]

[အားလုံးပဲ၊ ရှိုးမှာ လုလီ ကပြတာ ကြည့်ရဖို့ ငါတို့ ပရိုဂရမ်အဖွဲ့ကို တောင်းဆိုကြရအောင်]

မကြာမီတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ချမ်းသာသောဇနီးသည် ပုံမှန်မဟုတ်သော အပြုအမူကြောင့် မီဒီယာများ၏အာရုံစိုက်မှုကို ခံရပြီး နောက်ထပ် စိတ်ဝင်စားမှု အများဆုံးစာရင်းတွင် ပါဝင်လာပြန်သည်။

အေးစက်ပြီး ဂုဏ်သိက္ခာရှိသော သူဌေးသမီး လုလီသည် ပြိုင်ပွဲဝင်များကို အားပေးရာတွင် အောက်မှ အော်ဟစ်အားပေးနေကြသော ပရိတ်သတ်များနှင့် မခြားနားပေ။ ၎င်းတို့သည် လေးနက်သောမျက်နှာများဖြင့် သေချာဂရုတစိုက် မဲပေးနေကြသည်။ သူမ ထိုကဲ့သို့ ပြုမူခဲ့သည်မှာ နောက်ဆုံးအကြိမ် ရှန့်ကျင်၏ သတင်းစာရှင်းလင်းပွဲတွင် ဖြစ်သည်။ ယခင်က သူသည် ထိုပြိုင်ပွဲဝင်များကို စိတ်မဝင်စားခဲ့ဘဲ သူ့စိတ်ထဲတွင် ‘သစ်တော်သီးစုံတွဲ’ ၏ ချိုမြိန်မှုများဖြင့်သာ ပြည့်နှက်နေသည်။

ယခုမူ ထိုသို့မဟုတ်တော့ပေ။

ဤအခြေအနေသည် ‘သစ်တော်သီးစုံတွဲ’ CP ပရိသတ်များအား အန္တရာယ်ရှိသည့် အရိပ်အယောင်ကို ခံစားရစေသည်။

[ဘာမှားနေတာလဲ? ရှောင်းလီလီရဲ့ မျက်လုံးက ဥက္ကဌကြီးဆီမှာပဲ မဟုတ်ဘူးလား?]

[ရှောင်းလီလီ မင်း ဘာဖြစ်နေတာလဲ? မင်း ငါတို့ကို စိတ်ဆိုးနေတာလား?]

[ရုတ်တရက်ကြီး အချိုတွေ ပျောက်ဆုံးသွားသလို ခံစားရတယ်]

[ရှောင်းလီလီက ဥက္ကကြီးတစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတာ မဟုတ်တော့ဘူးပဲ အိုး၊ အိုး]

[ရှောင်းလီလီရေ ကိုယ့်ကိုယ်ကို ထိန်းပါဦး၊ …တော်ကြာ ကောကောလေးတွေ လန့်ဖြတ်ပြီးထွက်ပြေးသွားပါဦးမယ်]

[ဒီညတော့ သစ်တော်သီးစုံတွဲရဲ့ အချိုတွေ ပျက်စီးကုန်တော့မှာပဲ ….TT]

လုလီ ပြိင်ပွဲဝင်များအား အားပေးနေသည်ကို တွေ့ရသောအခါ "ဒီည သစ်တော်သီးစုံတွဲရဲ့ အချိုတွေ ပျက်စီးကုန်တော့မယ်" ဟူသော အကြောင်းအရာမှာ ပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိလာခဲ့သည်။ ၎င်းတို့သာ လင်မယားဆက်ဆံရေးမရှိပါက လုလီ၏ ယနေ့ညက အပြုအမူမျိုးကို ‘ CP များအား သတ်ဖြတ်သည့်နည်းလမ်း”ဟုပင် ခေါ်ဆိုနိုင်သည်။ လောင်ကုန်းရှိသော လုလီသည် အဘယ်ကြောင့် ဤသို့ပြုမူရသနည်း။

တစ်ချိန်တည်းမှာပင် ပရိသတ်များသည် “သစ်တော်သီးစုံတွဲ”၏ နံပါတ်တစ်ပရိသတ်ဖြစ်သော 'I Love Pears' ကို '@' လုပ်ကာ အချက်အလက်များကို မေးမြန်းနေခဲ့ကြသည်။

ချီချန်းရန် '@' များကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး ထလိုက်သည်။

ထို့နောက် သူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

…

'Idol Boys' ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုသည် ပရိသတ်များ၏ အထူးစိတ်ဝင်စားမှုကို ရရှိခဲ့ပြီး လုလီလည်း ထိုစာရင်းတွင် ပါဝင်နေသည်။ အစီအစဉ်တင်ဆက်သူသည် လုလီအား မှတ်ချက်ပေးရန် ဖိတ်ခေါ်လိုက်သည်။

"မစ်လုကြည့်ရတာ အရှေ့အပိုင်းတွေထက် ဒီနေ့ ပိုပြီး စိတ်လှုပ်ရှားနေတဲ့ပုံပဲ”

ဤသည်မှာ လုလီ၏ တတိယမြောက် ပါဝင်မှုဖြစ်ပြီး သူမ မိုက်ကရိုဖုန်းကိုယူကာ ပြန်လည်ပြောကြားခဲ့သည် - "ဟုတ်လား? ဒီနေ့ ဖျော်ဖြေမှုက အရမ်းကောင်းနေလို့ ဖြစ်မယ်”

အစီအစဉ်တင်ဆက်သူ သဘောကျသွားပြီး - "ဒီနေ့ မစ်လုရဲ့တုံ့ပြန်မှုက အရင်နေ့ကနဲ့ မတူဘူးနော်၊ အိမ်က “ဂုဏ်သရေရှိလူကြီးမင်း ” မကျေမနပ်ဖြစ်နေမှာကို မစိုးရိမ်ဘူးလား?”

ဤသည်မှာ မည်သူ့ကို ရည်ညွှန်းမှန်း အားလုံးသိကြသည်။ ပရိသတ်များ စိတ်လှုပ်ရှားလာကြသည်။

လုလီ ကင်မရာကိုကြည့်ကာ ရိုးသားစွာဖြေကြားခဲ့သည် "ကျွန်မ ဒီအစီအစဉ်ကို အရမ်းကြိုက်တယ်။ အနာဂတ်မှာ တောက်ပလာတော့မဲ့ idol တွေကို အားပေးရတာကိုလည်း နှစ်သက်တယ်။ တခြားပရိသတ်တွေ ကိုယ်စား ဒီမှာထိုင်ပြီး အားပေးရတာ အရမ်းပျော်တယ်။"

“ဟား…ဟား ကောင်းတယ်” ဧည့်သည်များ လက်ခုပ်တီးကာ ချီးကျူးလိုက်ကြသည်။

ပရိသတ်များသည် သူမ၏စကားကို အလွန်သဘောကျနေကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသော CP ပရိသတ်များမှာမူ နာကျင်နေကြသည်။

လုလီသည် ပြိုင်ပွဲဝင်များကိုသာ သည်းကြီးမဲကြီး အားပေးနေပြီး အိမ်ရှိ “ဂုဏ်သရေရှိလူကြီးမင်း” ဆိုသူကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပဲ ထိုလူ မည်သို့ ခံစားရမည်ကိုလည်း စိုးရိမ်ပုံမပေါ်ပေ။

‘သစ်တော်သီးစုံတွဲ’ ၏ အခြေအနေမှာ အဘယ်ကြောင့် အေးစက်နေရသနည်း? အင်တာနက်ပေါ်ရှိ ယခင်ချိုမြိန်မှုများသည် အတုအယောင်များဖြစ်နေခဲ့သည်။ “စုံတွဲအတုအယောင်” ၏ အရိပ်မှာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

အားလုံး စိုးရိမ်ပူပန်လာကြသည်။

အတုအယောင်စုံတွဲက အရင်လို ပြန်ဖြစ်သွားကြပြီလား? သူတို့ရဲ့ အချိုတွေက ရက်ပိုင်းပဲ ကြာတာလား?

…

အစီအစဉ်တင်ဆက်သူသည် ဖျော်ဖြေမှုပြီးဆုံးပြီးနောက် XX ဝဘ်ဆိုဒ်သို့ ဝင်ရောက်နိုင်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များကို မဲပေးနိုင်ကြောင်း ကြေညာပြီး ပံ့ပိုးကူညီသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဖျော်ဖြေပွဲ ပြီးဆုံးပြီးနောက် ပရိသတ်များနှင့် ကိုယ်စားလှယ်များ အားလုံး လူစုခွဲသွားကြသည်။

လုလီသည် သူအကြိုက်ဆုံး ပြိုင်ပွဲဝင်နှင့် ဓာတ်ပုံများ ရိုက်ခဲ့သည်။

ဓာတ်ပုံများစွာ ရိုက်ပြီးသော်လည်း အတောမသတ်နိုင်သေးသော လုလီအား ကြည့်ပြီး ချင်ရုံ မနေနိုင်ပဲ သတိပေးလိုက်သည်။ -“မဒမ် အခုပြန်ရမယ့်အချိန်ရောက်ပြီ"

လုလီ : "ဘာတွေလောနေတာလဲ?"

သူမ ပြပွဲပိုစတာရှေ့တွင် ရပ်ကာ ခေါင်းကိုမော့ပြီး နောက်ထပ်ဓာတ်ပုံရိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်သည် လက်ထောက်ကင်မရာ၏ ဦးတည်ရာကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာမှာ အေးခဲသွားသည်။

လုလီသည် မရယ်မပြုံးဖြစ်နေသော ထိုပြိုင်ပွဲဝင်၏ အကြည့်နောက်ကို လိုက်သွားရာ ၎င်းတို့ ဓာတ်ပုံရိုက်နေသည်ကို ကြည့်နေသော ချီချန်းရန်အား တွေ့လိုက်ရသည်။

သင်တန်းသား၏ မျက်နှာသည် အေးစက်သော အမူအရာဖြစ်လာပြီး ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်သည်။- “ဟိုလေ...ကျဲ ကျွန်တော်တို့ ဓာတ်ပုံဆက်မရိုက်ရင် ကောင်းမယ်ထင်တယ်”

လုလီ : "ဟင်?"

ထိုသင်တန်းသားသည် ဘေးဘီကို ကြည့်ကာ “အကဆရာ ကျွန်တော့်ကို ခေါ်နေပြီနဲ့တူတယ်။ စိတ်မရှိပါနဲ့နော်၊ ကျွန်တော် အရင်သွားနှင့်တော့မယ်’ ဟု ပြောကာ အပြေးတပိုင်းထွက်သွားခဲ့သည်။

လုလီ : “…”

သူ ချီချန်းရန်ကို ကြည့်ကာ နှုတ်ခမ်းကို စူပြီး ပြောလိုက်သည် "ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ"

ချီချန်းရန် "မင်းကို လာခေါ်တာလေ"

လုလီ "ဒရိုင်ဘာ လွှတ်လိုက်လို့မရဘူးလား? ဘာလို့ လူကိုယ်တိုင်လိုက်လာတာလဲ?”

ချီချန်းရန် ချဉ်းကပ်လာပြီး လုလီ၏ လက်ကောက်ဝတ်ကို ဆွဲကာ "သွားကြရအောင်"

လုလီသည် ချီချန်းရန် ဆွဲခေါ်ရာနောက်ကို ပါသွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဘေးတွင် ရှိနေသော ဝန်ထမ်းများမှ အံ့သြတကြီး ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

လုလီသည် ချီချန်းရန်ကို ကိုင်ထားလျက် ပခုံးတွန့်လိုက်သည်။

ဟမ်... ဇာတ်လမ်းစလာပြန်ပြီ၊ သူလည်း အရင်က ရည်းစား ထားခဲ့တာပဲလေ၊ ငါ idol တွေကို အားပေးတာ ဘာပြဿနာရှိလို့လဲ?

ဤဟန်ဆောင်ကောင်းသော အမျိုးသားသည် သူမအား ထိုအတွက်နှင့် စိတ်ဆိုးပိုင်ခွင့်မရှိပေ။

All Chapters