← Chapters

Changes (2)

Vol. 8 Ch. 119

Changes (2)

Vol. 8 Ch. 119

'Idol Boy' အစီအစဉ်သည် အလွန်ရေပန်းစားလျက်ရှိပြီး စတူဒီယိုအပြင်ဘက်တွင် ပြိုင်ပွဲဝင်များ ထွက်လာမည့်အချိန်ကို စောင့်မျှော်နေကြသော ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။ တော်တော်များများ လက်ထဲတွင် ကင်မရာများကို ကိုင်ဆောင်ထားကြသည်။

ယာဥ်မောင်းသည် ကားကို ၎င်းတို့ဆီ မောင်းလာသည်။ လုလီနှင့်ချီချန်းရန်သည် စတူဒီယိုထဲမှ ပထမဆုံးထွက်လာခဲ့သည်။ ၎င်းတို့ ထွက်ပေါက်ကို ဖြတ်လျှောက်လာကြပြီး အပြင်ဘက်တွင် မှောင်နေပြီဖြစ်ရာ မည်သူမှ သတိမထားကြပေ။ မဝေးလှသော စတူဒီယိုအပြင်ဘက်တွင် ပရိသတ်အများအပြား စောင့်မျှော်နေဆဲ ဖြစ်သည်။

ကျော်ကြားသူများသည် ပုံမှန်အားဖြင့် ပရိသတ်များအား ကြိုဆိုရန် သာမန်ထွက်ပေါက်မှသာ ဖြတ်သန်းလေ့ရှိသည်။ ဤနေရာသည် ပုံမှန်နေရာဖြစ်ပြီး အချို့ပရိသတ်များသည် အော်ဟစ်ပြီး ပြေးလာကြသော်လည်း တစ်ချို့ကမူ မိမိတို့အားပေးသော ပြိုင်ပွဲဝင်များ ရောက်လာမည့်အချိန်ကို စောင့်မျှော်ရင်း စုဝေးနေကြသည်။

လုလီသည် မည်သည့်ပြိုင်ပွဲဝင် ထွက်လာမည်ကို သိချင်စိတ်ဖြင့် လူအုပ်ဘက်သို့ လည်ပင်းကို ဆန့်ထုတ်လိုက်သည်။ ချီချန်းရန် လုလီကိုကြည့်ပြီး သူမ မျက်လုံးများကို လက်ဖြင့် ပိတ်ထားလိုက်သည်။

လုလီ : "ရှင် ဘာလို့ ကျွန်မကို နှောင့်ယှက်နေတာလဲ?"

ချီချန်းရန် - "မကြည့်နဲ့။"

လုလီ : "ဘာလို့ မကြည့်ရမှာလဲ? ဒီလောက် ချောတဲ့ ကောကောလေးတွေကို ကြည့်ချင်တယ်"

ချီချန်းရန် - "ကြည့်ချင်ရင် ကိုယ့်ကိုကြည့်။"

လုလီ : “…”

သူမသည် မူလက ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း ခေါင်းမော့လိုက်သောအခါ ချီချန်းရန်၏မျက်နှာကို မြင်ပြီး ဘာမှပြန်မပြောနိုင်တော့ပေ။

အိုမို....သူက အရမ်းချောတာပဲ....

ချီချန်းရန် - "မင်း ကိုယ့်ကို ပြောစရာ တစ်ခုခုမရှိဘူးလား?"

လုလီ " ဒီလိုရှိုးတွေ ကြည့်ရတာ ကျွန်မ ရဲ့ဝါသနာတစ်ခုပဲ၊ အိမ်ထောင်ပြုပြီးသား မိန်းမတစ်ယောက်က ကိုယ်ဝါသနာပါရာ လုပ်ပိုင်ခွင့်မရှိဘူးလား?"

သူ မေးကိုငေါ့ကာ "ရှင် အရင်က ဒါကို မသိခဲ့ပေမယ့် အခုတော့ သိသွားပြီမဟုတ်လား?"

"ရှင့်မှာ ချစ်သူရှိခဲ့တယ်ဆိုတာလည်း ကျွန်မ အရင်က သိခဲ့တာမဟုတ်ဘူးလေ"

"အရင်က ကျွန်မ ရှင့်ကို အိုင်ဒေါလ်တွေ နောက်လိုက်သလိုမျိုး အရူးအမူး လိုက်ခဲ့တာ။"

“ဒီကောကောလေးတွေကို အားပေးလို့မရဘူးလို့ ဘယ်သူပြောလဲ?”

"ရှင် ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ကျွန်မတို့ အရင်တိုင်းပဲ ဆက်ဆံကြမယ်"

ချီချန်းရန်သည် လုလီ၏သေးသွယ်သော မျက်နှာလေးကို စိုက်ကြည့်နေလိုက်သည်။

သူမသည် သစ်တော်သီးစုံတွဲ စူပါချတ်ကို ဖန်တီးခဲ့ကြောင်းနှင့် 'သစ်တော်အရသာနတ်သမီး' မှ နတ်သမီးဖြစ်ကြောင်းကို ချီချန်းရန် သိထားသည်။ သူ မည်သည့်တုံ့ပြန်မှုမှ မပြပေ။ လုလီ သူ့ကို လှမ်းကြည့်လိုက်သည်။

သူမ ပြိုင်ပွဲဝင်များအား စိတ်ရင်းမှန်ဖြင့် အားပေးလိုကြောင်း ဝန်ခံခဲ့ပြီး အခြားတစ်ဖက်တွင် သူမ၏ ယိုင်နဲ့နေသောမာန်မာနကို ကာကွယ်လိုစိတ် ပြင်းပြနေခဲ့သည်။

သူမသည် ထိုလောင်ကုန်းမရှိလည်း အသက်ရှင်နိုင်သည်ဟု ကြွေးကြော်နေသော်ငြား နေ့တိုင်းလိုလို သူ့အား ပွေ့ဖက်ထားချင်ပြီး မီးသဂြိုလ်ရုံထိ လိုက်သွားချင်စိတ်များ ပြင်းပြနေသည်။

ချီချန်းရန်သည် သက်ပြင်းချလိုက်ပြီး သူမ စကားအား ထောက်ခံကြောင်း ပြသလိုက်သည်။ စတူဒီယိုအ၀င်ဝတွင် ပရိသတ်များ စောင့်မျှော်နေကြသည်။ လုလီသည် သူ့တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူ့ဘေးမှ ဖြတ်လျှာက်ကာ "ဘယ်သူထွက်လာတာလဲ" ချီချန်းရန် သူမကို ပြန်ဆွဲထားလိုက်သည်။

လုလီ မကျေမနပ်ဖြင့် ပြန်မော့ကြည့်လာပြီး တစ်ခုခုပြောရန် ပြင်လိုက်စဥ် ရုတ်တရက် သူမ၏နှုတ်ခမ်းတွင် အပူရှိန်တက်လာသည်။ သူ သူမကို နမ်းလိုက်ခြင်းဖြစ်သည်။ ချီချန်းရန်သည် သူမခါးအား တင်းကျပ်စွာပွေ့ဖက်လျက် မည်သည့်စကားမှ မပြောပဲ သူ၏မနာလိုစိတ်ကို အနမ်းထဲထည့်သွင်းကာ ပြင်းပြင်းထန်ထန်နမ်းလိုက်သည်။

ဤနည်းဖြင့် သူမ အခြားမည်သူ့ကိုမှ မကြည့်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။

လုလီသည် ချီချန်းရန်၏ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် နှစ်ကြိမ်ရိုက်ပုတ်လိုက်ပြီး နောက်ဆုံးတွင် သူမမျက်လုံးများကို မှိတ်ထားလိုက်ပြီး အလိုက်သင့်ပါသွားခဲ့သည်။ သူမသည် သူ၏နမ်းရှုံ့မှုကို ခုခံရန် မတတ်နိုင်တော့ပေ။ ကြမ်းတမ်းလိုက်တာ ဟုသာ သူမစိတ်ထဲတွင် ပြောနေမိသည်။

အိုင်ဒေါလ်နှင့် လောင်ကုန်း၏ အဓိပ္ပါယ်သက်ရောက်မှု မတူညီပေ။ အိုင်ဒေါလ်များစွာရှိနိုင်သော်လည်း လောင်ကုန်းဟူသည် တစ်ဦးတည်းသာရှိသည်။

…

'Idol Boy' ၏ တတိယမြောက် ဖျော်ဖြေတင်ဆက်မှုသည် အလွန်အောင်မြင်ခဲ့ပြီး ပရိသတ်များ၏ မဲပေးမှုများလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။ ပြည်တွင်းဈေးကွက်မှလည်း အဆိုပါ ဖျော်ဖြေပွဲကို အခြားသော ဗီဒီယိုဆိုဒ်များတွင် ထပ်မံပြသရန် မျှော်လင့်နေကြသည်။ ယခင်အပိုင်းများနှင့် နှိုင်းယှဉ်ပါက ဆွေးနွေးမှု အရေအတွက် နှစ်ဆတိုးလာခဲ့သည်။

ပရိသတ်များသည် အလွန်စိတ်လှုပ်ရှားနေခဲ့ကြပြီး မိမိတို့အကြိုက်ဆုံး ပြိုင်ပွဲဝင်များ ပွဲဦးထွက်ခွင့်ရရန် ဆက်ပြီးမဲပေးကြဖို့ တစ်ဦးကိုတစ်ဦး တိုက်တွန်းနေခဲ့ကြသည်။

'Idol boy' ၏ စိတ်လှုပ်ရှားဖွယ်ပရိသတ်များနှင့် နှိုင်းယှဉ်ပါက 'သစ်တော်သီးစုံတွဲ' ၏ CP ပရိသတ်များ ဝမ်းနည်းကြေကွဲနေကြသည်ကို တွေ့ရမည်။

အခြားသူများသည် ၎င်းတို့၏အိုင်ဒေါလ်များ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များကို အောင်ပွဲခံနေကြစဉ် CP ပရိသတ်များသည် ဤအတွဲ၏ ချိုမြိန်မှုသည် အစစ်အမှန် ဟုတ် ၊ မဟုတ် စတင်သံသယဝင်လာကြသည်။

သေချာသည်မှာ သစ်တော်သီးစုံတွဲ၏ Cp Fan များသည် တခြားFan များ၏ ကြွေးကြော်မှုကို မြင်သောအခါ ဆူညံသည်ဟု ခံစားလာရခြင်းပင်။

'Idol Boy' အစီအစဉ်၏ ပရိသတ်များသည် ဝမ်းနည်းနေသော "သစ်တော်သီးစုံတွဲ" CP fan များ၏ အာရုံကို ဆွဲဆောင်သွားသည်။ အခြားသူများသည် ၎င်းတို့၏ Idol များအကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဥ် 'သစ်တော်သီးစုံတွဲ' ၏ စိမ်းသက်သော လေထုကို မြင်ရသော Cp Fan များသည် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

အခြားပရိသတ်များသည် ထိုစုံတွဲအား အားမပေးကျသည့်တိုင် CP Fan များ၏ စိတ်ပျက်နေသော ခံစားချက်ကိုမူ နားလည်ကြသည်။ ထို့အပြင် ၎င်းတို့အား လှောင်ပြောင်ရန် မသင့်တော်ဟု ခံစားရသည်။

စိတ်ပျက်လက်ပျက် ဖြစ်နေကြသော CP ပရိသတ်များသည် အခြား စိတ်လှုပ်ရှားနေသော ပရိသတ်များနှင့် ရောနှောနေပြီး ၎င်းတို့ကြားတွင် သရဲတစ္ဆေများကဲ့သို့ လွင့်မျောနေကြသည်။ အဆုံးတွင် 'Idol Boy' ပရိတ်သတ်များ စိတ်ညစ်လာကြပြီး ဓာတ်ပုံနှစ်ပုံကို ပစ်ထုတ်လိုက်သည်။

[ကျေးဇူးပြုပြီး ဒီက ထွက်သွားပေးပါ!]

[မင်းတို့စုံတွဲက ချိုမြိန်နေတုန်းပဲ!]

[မယုံရင် ဒီဓာတ်ပုံတွေကို ကြည့်လိုက်!]

CP ပရိသတ်များ ထိုဓာတ်ပုံကို ကြည့်လိုက်ကြသည်။ စတူဒီယိုတံခါး အပြင်ဘက်ရှိ ညအမှောင်ထုအောက် လူနှစ်ယောက်ရှိနေသည်။ ဓာတ်ပုံထဲတွင် မည်သည့်စကားမှ မဆိုပဲ ချီချန်းရန်သည် ဇနီးဖြစ်သူ၏ခါးအား တင်းကျပ်စွာပွေ့ဖက်ထားသည်ကို တွေ့လိုက်ရသည်။

All Chapters