Unattractive (1)
Vol. 8 Ch. 120
လုလီနှင့်ချီချန်းရန်တို့ အိမ်ပြန်လာခဲ့ကြသည်။ ရိုက်ကူးမှုပြီးဆုံးပြီးနောက် ၎င်းတို့ စတူဒီယိုအပြင်ဘက်တွင် အချိန်အနည်းငယ် ကုန်ဆုံးခဲ့ကြပြီး Suhe Bay သို့ ပြန်ရောက်ချိန်တွင် ညနက်နေပြီဖြစ်သည်။
ချီချန်းရန်သည် လုလီ လက်အား ဆုပ်ကိုင်လျက် ဓာတ်လှေကားမှ တစ်ဆင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။ လုလီသည် ထိုအမျိုးသား၏ လက်ဖဝါးမှ အပူချိန်ကို ခံစားမိပြီး စတူဒီယိုရှေ့တွင် နမ်းခဲ့သော အဖြစ်အပျက်ကို ပြန်တွေးနေမိသည်။ကောင်းပြီလေ...အားလုံး အခိုင်အမာဖြစ်သွားတာပေါ့။
လုလီသည် စတူဒီယိုသို့ နေ့လည်ပိုင်းကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး အဖွဲ့သားများမှ ပေးပို့သော နေ့လယ်စာမှာ သိပ်စားမကောင်းလှသဖြင့် အသံသွင်းနေစဉ် တစ်လျှောက်လုံး ဘာမှစားသောက်ခဲ့ခြင်းမရှိပေ။ ယခု သူမ စိတ်လျှော့လိုက်မှ ဝမ်းဗိုက်ထဲတွင် ဆာလောင်မှုကို ခံစားရလာသည်။
၎င်းတို့ အထဲဝင်ရင်း ဖိနပ်လဲနေစဥ် "ကျွန်မ ဗိုက်ဆာတယ်" ဟု သူမ ညည်းတွားလိုက်၏။
ချီချန်းရန် "မင်း ဘာစားချင်လဲ?"
လုလီ ခဏစဉ်းစားပြီး "မသိဘူး၊ ဒါပေမယ့် ပေါ့ပေါ့ပါးပါးလေးပဲ စားချင်တယ်၊ ဝိတ်တက်မှာစိုးလို့"
ချီချန်းရန် ပြုံးလိုက်ပြီး "ကောင်းပြီလေ"
…
မီးဖိုချောင်ထဲတွင် ခေါက်ဆွဲပြုတ်သံများ ထွက်လာသည်။ တပွက်ပွက် ဆူနေသော အိုးထဲမှ အငွေ့များထွက်လာပြီး အမြင့်သို့ ပျံတက်သွားကာ လေထုထဲ ပျောက်ကွယ်သွားသည်။
လုလီသည် စားပွဲဘေးတွင် နာခံစွာထိုင်နေရင်း၊ မီးဖိုရှေ့တွင် အလုပ်ရှုပ်နေသော ထိုအမျိုးသားကို စိုက်ကြည့်နေမိသည်။ သူမ၏မျက်လုံးထဲတွင် ကျေနပ်ပီတိဖြစ်နေသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
နေ့စဥ်နှင့်အမျှ သန်းနှင့်ချီသော စာချုပ်များကို လတ်မှတ်ထိုးနေရသော စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးသည် အိမ်တွင် ထိုသို့ချက်ပြုတ် စားသောက်တတ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ချီချန်းရန်းသည် ဟင်းသီးဟင်းရွက်များကို ဆေးကြောနေရင်း စားပွဲရှေ့တွင် စောင့်ဆိုင်းနေသူကို လှမ်းကြည့်ကာ "ခရမ်းချဉ်သီး စားလား" ဟု မေးလိုက်သည်။ လုလီ ခေါင်းညိတ်ပြလိုက်ပြီး "အင်း စားတယ်"
လုလီ လက်ထဲတွင် သံပရာရည်ထည့်ထားသော ဖန်ခွက်ကိုကိုင်ထားရင်း ကျေနပ်စွာပြုံးကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ ထိုစဥ် စားပွဲပေါ်တွင်တင်ထားသော ဖုန်းမှ အသံမြည်လာသည်။ ဒီလောက် နောက်ကျနေတာကို ဘယ်သူဖုန်းဆက်နေတာလဲ?
လုလီ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ခေါ်ဆိုသူကို ကြည်လိုက်ရာ "မား" ဟူသော နာမည် ပေါ်နေသည်ကို တွေ့လိုက်ရသည်။ လုလီ အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ရိုက်ကူးရေး၌ လက်ကို မြှောက်ကာ ပြိုင်ပွဲဝင်များအား အော်ဟစ်အားပေးခဲ့သည့် သူ့ပုံရိပ်ကို သတိရသွားသည်။
ငါ ဒါကို ဘာလို့ မေ့သွားတာလဲ?
လုလီ အလွန်ထိတ်လန့်သွားပြီး ဖုန်းကိုင်ထားသော လက်များ တုန်လှုပ်သွားကာ လွတ်ကျလုနီးပါး ဖြစ်သွားသည်။ ထို့နောက် သူမသည် ဆက်တိုက် မြည်နေသောဖုန်းကို ကောက်ကိုင်လိုက်ပြီး ချီချန်းရန်ထံသို့ ကမန်းကတန်းပြေးလာခဲ့သည်။ ချီချန်းရန်သည် ဖုန်းသံအား ကြားနေပါလျှက်နှင့် အဘယ်ကြောင့် ဖုန်းမကိုင်ရသည်ကို လုလီအား မေးတော့မည့်ဆဲဆဲတွင် လုလီ သူ့လက်ထဲသို့ ဖုန်းကို တိုက်ရိုက် ပေးလာသည်။
“မားဆီက ဖုန်းလာတယ်၊ ရှင် ကူပြောပေးပါဦး" ချီချန်းရန်းသည် ဖုန်းခေါ်ဆိုသူ အမည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြစ်နေသော လုလီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အပြုအမူသည် အရင်အတိုင်း ဘာမှမပြောင်းလဲခြင်းမရှိပေ။ အိမ်ထောင်သည် ဘဝရောက်နေသည်တောင် ထိန်းချုပ်ခံရသည့် အလေ့အကျင့်များ သူမထံ ကျန်ရှိနေဆဲဖြစ်သည်။
၎င်းတို့ အိမ်ထောင်သက် သုံးနှစ်ရှိပြီဖြစ်သော်လည်း သူမပုံစံသည် ကျောင်းမတက်ချင်သဖြင့် အတန်းပြေးသည်ကို မိဘများမှ ဖမ်းမိသွားသော ကျောင်းသူလေးနှင့်ပိုတူနေသည်။ လုလီ ထိုပုံစံခွက်ထဲ မည်သို့ ကြီးပြင်းလာခဲ့သနည်းဟု ချီချန်းရန် တွေးလိုက်သည်။ ဖုန်းသံမှာ ဆက်မြည်နေဆဲဖြစ်ပြီး လုလီ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
" မြန်မြန်ကိုင်လိုက်လေ" ချီချန်းရန် မီးပိတ်လိုက်ပြီး လက်ထဲမှ ရေများကို သုတ်ကာ ဖုန်းကိုင်ပြီး "မား" ဟု ဖြေလိုက်သည်။ ယောက္ခမဖြစ်သူနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သော ချီချန်းရန်အားကြည့်ပြီး လုလီ ခဏစိတ်သက်သာရာ ရသွားသည်။ လုလီသည် ၎င်းတို့ ဖုန်းပြောနေသည်ကို နားမထောင်ရဲဘဲ မီးဖို၏ အဝေးဆုံးထောင့်တစ်နေရာသို့ သွားကာ ဖုန်းပြောနေသော ချီချန်းရန်အား လှမ်းကြည့်နေ၏။
ချီချန်းရန် ဖုန်းပြောနေစဥ်အတွင်း သူမအား မကြာခဏ လှမ်းကြည့်နေမိသည်။ သူ၏ အမူအရာကို ကြည့်ပြီး လုလီ စိုးရိမ်နေမိ၏။ ငါးမိနစ်ကြာပြီးနောက် ချီချန်းရန် ဖုန်းချလိုက်သည်။ လုလီ ဘေးသို့တိုးလာပြီး သူ့လက်မောင်းအား ဆုပ်ကိုင်ကာ "မား ဘာပြောသေးလဲ? ကျွန်မကို ဆူနေတာလား?"
ချီချန်းရန် ဖုန်းကို သူ့လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး - "အင်း"
လုလီ : “…”
ဒါပဲလား? သူ့ကို အားကိုးတကြီး ဖုန်းပြောခိုင်းလိုက်တဲ့ အဆုံးသတ်က မား ရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရသည်တဲ့လား?
သူမ ဖုန်းကိုလှမ်းမယူပဲ မယုံကြည်နိုင်သော အကြည့်များဖြင့် နားကို လက်ဖြင့် ဖုံးအုပ်ကာ "တကယ်လား? ရှင်နဲ့ မားရဲ့ဆက်ဆံရေးက ကောင်းတယ်မဟုတ်ဘူးလား? ကျွန်မကို ဆူပူနေတာ ရှင် ဒီတိုင်းကြည့်နေတာလား?"
ချီချန်းရန်သည် သဘောကျစွာ ပြုံးလိုက်ပြီး နားနှစ်ဖက်အား ဖုံးအုပ်ထားသော သူမလက်ကို ဖယ်ရှားလိုက်သည်။ "စိတ်အေးအေးထားနော်၊ ဘာပြဿနာမှ မရှိဘူး" သူ ဖုန်းကိုဖွင့်ကာ ဓာတ်ပုံနှစ်ပုံကို ပြလိုက်သည်။
"မင်းအမေ ဒါတွေတွေ့သွားတယ်" လုလီ ကြည့်လိုက်သည်။
ဓာတ်ပုံမှာ စတူဒီယိုအပြင်ဘက်တွင် သူနှင့်ချီချန်းရန်တို့ နမ်းနေကြ သော ပုံဖြစ်သည်။ ဓာတ်ပုံ၏ အရည်အသွေးကို ကြည့်ပါက ပရိတ်သတ်တစ်ယောက်ယောက်မှ ရိုက်ကူးထားခြင်းဖြစ်နိုင်သည်။ သစ်တော်သီး CP ပရိသတ်များ၏ ညည်းညူသံများကြောင့် ပရိသတ်တစ်ဦးမှ စိတ်ပျက်လာပြီး ပါးစပ်ပိတ်ရန် ထိုဓာတ်ပုံများကို ပစ်ပေးလိုက်ခြင်းဖြစ်သည်။
[အားလုံး ဒီထဲဓာတ်ပုံကို သေချာကြည့်ကြ၊ လုလီ ပြိုင်ပွဲဝင်တွေကို အားပေးတာ ဘာမှားနေလို့လဲ? CP အတွက်ပဲ ရှိနေရမယ်လို့ ဘယ်သူ အမိန့်ထုတ်ထားလဲ? မနာလိုပြီးလိုက်လာတဲ့ ဥက္ကဌကြီးနဲ့ လုလီတို့ ပွေ့ဖက်နေလိုက်ကြတာများ ဘယ်လောက်တောင် ချိုမြိန်လိုက်လဲ? CP Fan တွေ သူ့ လောင်ကုန်း ဘယ်လောက်တောင် မနာလိုဖြစ်နေလဲဆိုတာ သေချာကြည့်စမ်းပါ... ပြီးရင် ဒါကို ယူပြီး မြန်မြန်ထွက်သွားကြ... ငါတို့ကို ထပ်မနှောင့်ယှက်ပါနဲ့တော့။]
ဓာတ်ပုံထဲတွင် သစ်တော်သီးစုံတွဲ ပွေ့ဖက်ထားပုံမှာ ကြည်နူးစရာကောင်းလှသည်။ သို့သော် ၎င်းတို့ နမ်းနေသည့်ပုံပါ ဖမ်းမိလိမ့်မည်ဟု မထင်ခဲ့ကြပေ။ ယခုချိန်တွင် CP Fan တွေထက် ပိုပျော်မယ့်သူ ရှိလောက်မည် မထင်ပေ။ ၎င်းတို့ ချက်ချင်းပင် super chat သို့ အရူးအမူး ပြေးသွားကြသည်။
The photos had the caption: မနာလိုနေတဲ့ဥက္ကဌကြီး x ကြယ်နောက်လိုက်နေတဲ့ ဇနီးလေးလုလီ...
လုလီ : “…”
"ရှင် ကျွန်မကို နောက်ဘယ်တော့မှ အပြင်မှာ နမ်းဖို့ မကြိုးစားနဲ့"
သူမ၏ နားရွက်များ နီရဲလာပြီး စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပြန်ယူကာ - "အခု ဒီပုံတွေ ထွက်လာတော့ လူပြောစရာဖြစ်ကုန်ပြိ"
ချီချန်းရန် ပြုံးရယ်ရင်း " ဒါဆို ကိုယ်တို့ အိမ်မှာ လုပ်ရမှာလား?"
လုလီမျက်နှာ ပို၍ နီရဲလာကာ သူ့ကို တွန်းထုတ်လိုက်ပြီး "ရှင် ခေါက်ဆွဲမပြုတ်တော့ဘူးလား?" သို့မှသာ ချီချန်းရန် ဟင်းသီးဟင်းရွက်များကို ဆက်ပြင်ဆင်လိုက်သည်။ လုလီ စားပွဲပေါ်တွင် ပြန်ထိုင်လိုက်၏။
ချောင်ကျာယီထံမှ WeChat မက်ဆေ့ရောက်လာသည်။
[Fuck...ဒီညလည်း နင် ချီချန်းရန်နဲ့ ရန်ဖြစ်နေမယ်လို့ ငါထင်ထားတာ]
[ဒါပေမယ့် နင်က ငါ့ကို နင်တို့အချိုတွေကို မြင်ပြီး သွေးတက်အောင်လုပ်နေတာလား?]
[သစ်တော်သီးစုံတွဲ szd အနမ်းပုံ.jpg]
[အရမ်းတွေ ပျော်နေတယ်ပေါ့လေ]
[ဒီရက်ထဲ ငါ့ကို နားပူအောင် အနှောင့်ယှက်ပေးခဲ့ပြီးမှ နောက်ဆုံးရတာ ခွေးစာတဲ့လား?။]
[မနေ့ကဖြင့် သူ့ကိုဆဲဆိုနေလိုက်တာများ အခုတော့ နမ်းတောင် နမ်းနေကြပြီပေါ့လေ]
[နင် ဘာလို့ စာမပြန်တာလဲ? နင်တို့ အခုလုပ်နေကြတာလား?]
လုလီ : [မဟုတ်ဘူး!]
ချောင်ကျာယိ: [ မလုပ်သေးဘူးလား? နင်တို့ မလုပ်တာကြာပြီ မဟုတ်လား?] သူ ဓာတ်ပုံ ထပ်ပို့လိုက်သည်။
[လူတိုင်း ဒါကို မြင်ပြီးလောက်ပြီ၊ အခု နင်တို့ အိမ်မှာ လုပ်နေကြလောက်မှန်း လူတိုင်းသိတယ်]
လုလီ ဟစ်အော်လိုက်သည် - [နင့်စိတ်က နောက်ကျိနေတာကိုး၊ ဒီလိုပဲ မြင်မှာပေါ့]
ချောင်ကျာယိ: [အနည်းဆုံးတော့ နင့်ထက်တော့ ပိုကောင်းသေးတယ်လေ]
လုလီ မည်သူနှင့် အသည်းအသန် စကားပြောနေမှန်း ချီချန်းရန် မသိပဲ ခေါက်ဆွဲပန်းကန်ကို ယူလာပြီး သူမရှေ့သို့ ချပေးလိုက်သည်။ ခေါက်ဆွဲပန်းကန် သူရှေ့ ရောက်လာသည်အထိ လက်ထဲမှဖုန်းကို မချသေးပေ။ ချောင်ကျာယိကျေးဇူးကြောင့် သူမစိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်သွားသည်။ ချီချန်းရန်သည် လုလီ၏အလိုမကျဖြစ်နေသော မျက်နှာအမူအရာကို သတိထားမိပြီး "ဘာဖြစ်နေတာလဲ?" ဟု မေးလိုက်သည်။
လုလီ : "ဘာမှမဖြစ်ပါဘူး!"
ထို့နောက် သူမရှေ့က ပန်းကန်ကို ဆွဲယူပြီး တူဖြင့်ခပ်ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ခေါက်ဆွဲပေါ်တွင် ဟင်းခတ်မှုန့်နှင့် ကြက်သွန်မိတ်ဆော့စ် ဖုံးအုပ်ထားသည်။ ချီချန်းရန် ချက်ချင်း သတိပေးလိုက်သည်။
"မွှေလိုက်ဦး"
"ဟင်?...အို..." လုလီ တုံ့ပြန်လိုက်သည်။