← Chapters

Unattractive (2)

Vol. 8 Ch. 121

Unattractive (2)

Vol. 8 Ch. 121

ညစာ စားပြီးသောအခါ၌ လုလီ အားလုံးကုန်အောင် စားခဲ့သော်လည်း အရသာအစစ်အမှန်ကို သေချာမမြည်းစမ်းမိခဲ့ကြောင်း သတိထားမိလိုက်သည်။ ချီချန်းရန် ပန်းကန်များကို ဆေးကြောရန် ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်သည်။ လုလီ အပေါ်ထပ်သို့ အရင်တက်လာပြီး အခန်းနှစ်ခန်းကြား ဒွိဟဖြစ်နေရာမှ သူ၏ 'ကိုယ်ပိုင်အိပ်ခန်း' ထဲသို့ ဝင်လာခဲ့သည်။

သူမ ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး 'ဒါ' ကို မလုပ်ဖြစ်ခဲ့ကြသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း သူမ သတိထားမိသည်။ သူမတို့ အိပ်ရာတစ်ခုထဲတွင် အတူအိပ်ခဲ့သည်သာ ရှိသည်။

လုလီ မူလက ရှက်နေခဲ့ပြီး ချီချန်းရန်အား ဒီည 'ဒါ' လုပ်မလားဟု မေးရန် စဥ်းစားခဲ့သော်လည်း သူ၏ခပ်ခွာခွာနေခဲ့သော အခိုက်အတန့်ကို ရုတ်တရက် သတိရသွားပြီး သူမ ချက်ချင်း ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။

သူ သေချာစဉ်းစားလိုက်သည်။ ငါတို့ 'ဒါ' မလုပ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ? ပြီးတော့ သူပဲ နမ်းတုန်း ဒီည 'ဒါ' လုပ်ကြမယ်လို့ ပြောခဲ့တာ မဟူတ်ဘူးလား? သူ့ရဲ့ချုပ်တည်းနိုင်စွမ်းပဲ ကောင်းနေလို့လား? ဒါမှမဟုတ် ငါကပဲ ဆွဲဆောင်မှု မရှိလို့လား? ချီချန်းရန်၏ချုပ်တည်းနိုင်မှုကို သူ မခန့်မှန်းနိုင်သော်ငြား သူမ၏ ဆွဲဆောင်မှုကင်းမဲ့သည်ဟူသော အချက်မှာ ထိချက်ပြင်းထန်သွားသည်။

လုလီ လေ့ကျင့်ခန်းသို့ အပြေးသွားကာ ကိုယ်အလေးချိန် ချိန်ကြည့်လိုက်သည်။ ပုံမှန်အလေးချိန်ထက် တစ်ပေါင်ပိုနေသည်ကို တွေ့လိုက်ရသည်။ သူမ လက်မခံနိုင်ပဲ နောက်တစ်ကြိမ် ထပ်တိုင်းကြည့်လိုက်သည်။ ရလဒ်မှာ အတူတူပင် ဖြစ်သည်။ ထို့နောက် အလျင်အမြန်ပဲ အဝတ်လဲခန်းသို့ ဝင်သွားသည်။ သူမ အဝတ်များကို ချွတ်ပစ်ကာ အတွင်းခံသာ ချန်ထားလိုက်ပြီး မှန်ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ လက်မောင်း၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် ခြေထောက်များကို စစ်ဆေးလိုက်သည်။

တစ်ပေါင်ဆိုသည်မှာ မပြောပလောက်သော ပမာဏဖြစ်ပေမယ့် ဤမျှနှင့် သူမ၏ဆွဲဆောင်မှုတို့က ပျောက်ဆုံးသွားပြီလား? သို့သော် သူမကိုယ်တိုင်လဲ ကိုယ့်ကိုကိုယ် ဆွဲဆောင်မှုရှိ၊မရှိ မခွဲခြားနိုင်ချေ။ မည်သူ့အား မေးမြန်းရမည်ကိုလည်း မသိချေ။ ချီချန်းရန်ကို မေးရမှာလား?

သို့သော် ဤလေးနက်သော မေးခွန်း၏ ဦးတည်ချက်မှာ သူဖြစ်နေသည်။ သို့ဖြစ်ရာ မေးလို့မဖြစ်ပေ။ ဒါဆို ချောင်ကျာယိကို မေးရမှာလား? ပိုတောင်ဆိုးသေးသည်။ ထိုအမျိုးသမီး၏ ဦးနှောက်ထဲတွင် အညစ်အကြေးများဖြင့် ပြည့်နှက်နေရာ မေးလို့မဖြစ်ချေ။

လုလီ အသက်ကို ပြင်းပြင်းရှုထုတ်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ မှန်ထဲတွင် သူ့ကိုယ်သူ ထိတွေ့ကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ ဘယ်နေရာမှာ ပြဿနာရှိနေတာလဲ? ဒါမှမဟုတ် အဖြောင့်က ရုတ်တရက် ဂေး ဖြစ်သွားတာလား?

လုလီသည် သူမ၏ အဓိပ္ပါယ်မဲ့သော အတွေးကို ဖယ်ထုတ်ကာ ခေါင်းကိုခါယမ်းလိုက်သည်။ သူမ ပုံမှန်အတိုင်းရေချိုးခန်းဝင်ရင်း ခေါင်းမှ ခြေဖျားထိ ထိလိုက်သည်။ အိစက်ညက်ညောသော သူမအသားအရည်ကို ထိကြည့်ပြီး အလွန်ကောင်းမွန်သည်ဟု ခံစားရသည်။ သူမသည် body lotion ကို အမြဲတစေ ဂရုတစိုက် လိမ်းထားသဖြင့် အစိတ်အပိုင်းတိုင်းသည် ချောမွေ့နူးညံ့နေသည်။

ချီချန်းရန် အခန်းထဲ ဝင်မလာသေးသဖြင့် သူ ဘာလုပ်နေသည်ကို သူမ မသိပေ။ လုလီ စိတ်ဓာတ်ကျလာပြီး ညအိပ်ဝတ်စုံအား လဲဝတ်ကာ သူ့အခန်းဆီသို့ ထွက်လာခဲ့သည်။ ဤအိမ်အား ဒီဇိုင်းရေးဆွဲသူသည် အမျှော်အမြင်ကြီးသူတစ်ယောက် ဖြစ်နိုင်သည်ဟု သူမထင်သည်။

အသက်နှစ်ဆယ်ကျော် ဇနီးမောင်နှံအတွက် ဤကဲ့သို့သော သီးခြားအခန်းမျိုး အသုံးပြုရန် မဖြစ်နိုင်ကြောင်း သိသော်ငြားလည်း ဒီဇိုင်းရေးဆွဲသူသည် ၎င်းနှစ်ယောက် အတူနေဖြစ်လောက်မည် မထင်ဟု ခန့်မှန်းမိခဲ့ဟန်ရှိသည်။

သူမတို့သည် အသက်သုံးဆယ်မပြည့်သေးသော်လည်း လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်မှ သူမတို့ အခန်းများကို မြင်သွားပါက လင်မယားကြား ဆက်ဆံရေးမှာ မှားယွင်းနေပြီ ဖြစ်ကြောင် ထင်ရှားစွာ သိရှိသွားနိုင်သည်။

လုလီသည် သူမ၏ဆံပင်ကို လက်ဖြင့် ဆုပ်ကိုင်ကြည့်လိုက်ပြီး နောက်ထပ် ခန္ဓာကိုယ်ကို ထိကြည့်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ "ဟူး...." သူမ သက်ပြင်းချကာ မစောင့်တော့ဘဲ အိပ်ပျော်သွားသည်။

အောက်ထပ်တွင်

သြစတြေးလျနိုင်ငံရှိ လုပ်ငန်းခွင်၌ ပြဿနာအနည်းငယ် ရှိနေသည်။ အချိန်ကွာခြားမှုကြောင့် ဌာနခွဲမန်နေဂျာက ညဘက်မှ ဖုန်းဆက်လာခဲ့သည်။ ချီချန်းရန်သည် မလွဲမသွေ တက်ရောက်ရမည့် ရိုးရှင်းသော အစည်းအဝေး၌ ရှိနေပြီး အချိန်နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်။ နောက်ဆုံး အစည်းအဝေးပြီးဆုံးသွားသောအခါ သူ အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူအခန်းသို့ ရောက်ချိန်တွင် အိပ်ရာမှာ ဗလာဖြစ်နေပြီး လုလီသည် သူမ၏ အခန်းတွင်သာ အိပ်နေပုံရသည်ကို သိလိုက်ရသည်။

လုလီသည် ယနေ့ည လုပ်ရမည့်အရာကို သိထားပြီး သူ့အား စောင့်နေလောက်မည်ဟု ချီချန်းရန် ထင်ထားသော်လည်း ဗလာဖြစ်နေသော သူ့အခန်းအားကြည့်ကာ လုလီအခန်းဆီသို့ ထွက်လာသည်။ သူ ရောက်ရှိချိန်တွင် အခန်းမှာ မှောင်မည်းနေပြီး လုလီ တစ်ယောက်တည်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ချီချန်းရန် မျက်မှောင်ကြုတ်လိုက်မိ၏။ သူ ချဉ်းကပ်လာပြီး ကုတင်ဘေး စားပွဲပေါ်ရှိ မီးအိမ်ကို ဖွင့်လိုက်သည်။

လုလီ အိပ်မောကျနေစဥ် သူမခန္ဓာကိုယ် အိပ်ရာထဲ နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ နိုးလာကာ အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်သပ်လိုက်ပြီး ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ရာ အိပ်ရာဘေးတွင် ထိုင်နေသော ချီချန်းရန်ကို တွေ့လိုက်ရသည်။ ချီချန်းရန်၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်ပြီး ငြိမ်သက်နေဟန် ရှိနေသည်ကို လုလီ မြင်လိုက်ရသည်။

ချီချန်းရန်သည်လည်း လုလီ၏မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်ရာ အေးဆေးတည်ငြိမ်လွန်းနေပြီး သူနှင့်ထိတွေ့ချင်စိတ် လုံးဝမရှိသည်ကို တွေ့ရှိခဲ့သည်။ အမှန်ဆို ဤအချိန်တွင် သူမ အနည်းငယ်တော့ ရှက်ကိုးရှက်ကန်း ဖြစ်နေသင့်သည် မဟုတ်ပါလား? လုလီ သမ်းဝေလိုက်ကာ ခန္ဓာကိုယ်အား ဘေးသို့ ရွေ့ကာ နေရာဖယ်ပေးလိုက်ပြီး ခေါင်းအုံးကို ရွှေ့ပေးလိုက်သည်။

"အိပ်တော့လေ"

ချီချန်းရန်သည် လုလီ ရွှေ့ပေးလိုက်သော ခေါင်းအုံးကို ကြောင်ပြီး ကြည့်နေလိုက်သည်။

“...”

သူ သည်းမခံနိုင်တော့ပဲ သူမကို တက်ဖိလိုက်သည်။

လုလီသည် သူမနဖူးပေါ်သို့ တရစပ်ကျရောက်လာသော အနမ်းများကြောင့် သေချာနိုးလာသည်။ သူမ မျက်မှောင်ကြုတ်ကာ မျက်လုံးများဖွင့်လာပြီး ထိုအမျိုးသား၏ နက်ရှိုင်းသော မျက်လုံးများကို ကြည့်လိုက်သည်။

လုလီ အနည်းငယ် ရှုပ်ထွေးသွားသည်။

သူမ၏ မျက်လုံးထဲတွင် ရုတ်တရက် ထိုအကြည့်မျိုး ပြန်ပေါ်လာသည်။ ချီချန်းရန် သူမကို နမ်းနေဆဲ ဖြစ်သည်။

“ရပ်ပါဦး” လုလီ အသက်ရှုကြပ်လာပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ့အား ရပ်ခိုင်းလိုက်သည်။

“ရပ်လို့ ပြောနေတယ်လေ”

ချီချန်းရန် - "ဟမ်?"

လုလီ "ရှင် ဒီနေ့ ဘာလို့ဒီလိုဖြစ်နေတာလဲ?"

ချီချန်းရန် - "အမ်?"

လုလီ - "ရှင် အရင်တုန်းက ဒါကိုမလိုချင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား?" သူမ ယခင်အခြေအနေကို ထပ်မံရှင်းပြလိုက်သည်။ "အရင်တုန်းက ကျွန်မဘက်က စခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူးလေ"

လုလီ ရဲတင်းစွာ သူ့ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်သည်။ နောက်ဆုံးတွင် သူမလက်ဖြင့် သူလက်ဖဝါးကို ဆုပ်ကိုင်ပြီး တစ်နေရာသို့ ပို့ဆောင်လိုက်သည်။ လုလီ မှိန်းမောသွားသည်။ ချီချန်းရန် ဘာမှပြန်မပြောဘဲ သူမကို ထပ်နမ်းလိုက်သည်။ ၎င်းတို့ လှုပ်ရှားနေရင်း လုလီ ရုတ်တရက် သူ၏ထူးဆန်းသော အိပ်မက်ထဲက အဖြစ်အပျက်ကို သတိရသွားသည်။

လုလီ အောက်ကိုငုံကြည့်လိုက်သည်။ ပြီးနောက် သူမလက်ကို ကြည့်လိုက်ပြီး ပူးကပ်နေသော သူမပေါင်များကိုလည်း ကြည့်လိုက်သည်။ သူမ စိတ်ရှုပ်ထွေးသွားကာ မှားယွင်းနေသောအရာကို နားလည်သွားသည်။

ချီချန်းရန် သူမ မျက်နှာနားကပ်လာပြီး "ဒီနား နည်းနည်းယားနေတယ်" ဟု ပြောလိုက်သည်။

လုလီ အံ့သြသွားသည်။ ထိုအဖြစ်အပျက်များသည် သူမ၏ဖြူစင်သော စိတ်ထဲတွင် ဘယ်သောအခါမျှ မတွေးမိသောအရာ ဖြစ်နေသည်။ လုလီ မှုန်ကုပ်နေသောအမူအရာဖြင့် အပြစ်ရှိသူ ချီချန်းရန်အား မျက်နှာ ချင်းဆိုင်ထားသည်။ ထို့နောက် သူမမျက်နှာ ရုတ်တရက် နီရဲလာသည်။

"အား..အား.. ချီချန်းရန် ရှင်က မကောင်းတဲ့သူပဲ!"

"ရှင့်ကို ရဲတိုင်မယ်"

All Chapters