Brother (1)
Vol. 8 Ch. 122
"ရဲတွေ အလုပ်များနေတယ်၊ ဒီလိုအသေးအဖွဲ့ ကိစ္စတွေအတွက် ဖြေရှင်းဖို့ သူတို့မှာ အချိန်မရှိဘူး"
ထိုသို့ဆိုပြီးနောက် သူ လုလီ၏နားကို နမ်းလိုက်ပြီး ရုန်းကန်နေသည့် သူမအား အတင်းအကြပ် ပွေ့ဖက်လိုက်သည်။ ချီချန်းရန်နှင့်လုလီတို့ လက်ထပ်ပြီးနောက် အတူနေဖြစ်သော အချိန်အများစုမှာ ချီချန်းရန်၏အခန်းထဲတွင်သာ ကုန်ဆုံးလေ့ရှိသည်။ ချီချန်းရန်သည် သူမအခန်းထဲကို ဝင်ခဲပြီး သူမကိုယ်တိုင်ကလည်း သူ့အား အထဲဝင်ရန် အစပြုလေ့မရှိပေ။ သူမ စိတ်ပုံမှန်မဟုတ်သော ကာလများ၌ပင် မသိစိတ်ဖြင့် ချီချန်းရန်၏အခန်းသို့ အလိုအလျောက် ရောက်ရှိသွားသည်။
သူမ၏နှလုံးသားထဲတွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေသကဲ့သို့ မြို့တော်နောက်ရှိ နူးညံ့သောနယ်မြေကို စောင့်ကြပ်နေရသည့် စစ်သားတစ်ဦးပမာ ထိုထောင့်ကျဉ်းလေးကို တိတ်တဆိတ် စောင့်ကြပ်နေခဲ့သည်။
ယခုချိန်တွင် သူမသည် မိသားစုအကျိုး စီးပွားရေးအတွက် တိုင်းပြည်တစ်ဝက်ကို ဖြတ်သန်းကာ အခြားမြို့တစ်မြို့သို့ လက်ဆက်ပေးခြင်းခံခဲ့ရသော သူဌေးသမီး မဟုတ်တော့သလို အတုအယောင်ခင်ပွန်းနှင့် ချစ်ကြိုက်နေသူလည်း မဟုတ်တော့ပဲ အသက်နှစ်ဆယ်အရွယ် ကြယ်ပွင့်နောက်လိုက်ရင်း အခန်းထဲဝှက်ကာ စာအုပ်ဝါများကို ခိုးဖတ်ခဲ့သည့် လုလီသက်သက်သာ ဖြစ်သည်။
ယခုဆို မြို့စောင့်တပ်များ ရှုံးနိမ့်သွားပြီဖြစ်ပြီး ရန်သူများ ဓားလက်နက်များ ကိုင်ဆောင်ကာ ရက်စက်စွာ ချည်းနင်းဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့သည် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာကြပြီး နူးညံ့သောနယ်မြေကို အလွှာလိုက်ခွာယူကာ၊ စောင့်ရှောက်သူမရှိသော အလှလေးကို တွေ့ရှိပြီးနောက် အောင်ပွဲခံသီချင်းများ သီဆိုခဲ့ကြသည်။
....
ယနေ့ မိုးရွာနေသောကြောင့် မိုးရည်စက်များသည် ကြမ်းပြင်မှ မျက်နှာကျက်အထိ ရှည်လျားသော ပြတင်းပေါက်ထက်ဝယ် တွဲလွဲခိုနေကြပြီး မြင်ကွင်းကို မှုန်ဝါးစေသည်။
လုလီ အိပ်ရာထဲတွင် ပင်ပန်းထိုင်းမှိုင်းလျက် သူမတစ်ကိုယ်လုံးကို စောင်ဖြင့်ရစ်ပတ်ထားကာ ခေါင်းသာ ဖော်ထားပြီး သူမ၏ရှည်လျားသော ဆံပင်များသည် ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသည်။
ထိုစဥ် တံခါးအား ညင်သာစွာ တွန်းဖွင့်လိုက်သံကို ကြားလိုက်ရသည်။ အသံမှာတိုးလျသော်လည်း မျက်လုံးမှိတ်ထားသော သူမ၏ မျက်တောင်များ အနည်းငယ် တုန်ခါသွားသည်။ လုလီ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရှပ်အင်္ကျီလက်ကြယ်သီးများ တပ်နေရင်း နက်ကတိုင်ကို ကိုင်ကာ ရေချိုးခန်းထဲမှ ထွက်လာသော ချီချန်းရန်ကို သူမ တွေ့လိုက်ရသည်။
ရုတ်တရက် မနေ့ညအဖြစ်အပျက်ကို သတိရသွားပြီး တုန်ယင်နေသော ခန္ဓာကိုယ်အား စောင်ဖြင့် တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်သည်။ ကြောက်ဖို့ကောင်းတယ်...ဒီလူက တကယ်ကြောက်ဖို့ကောင်းတယ်။ သားရဲတိရစ္ဆာန်များပင် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း၊ ထိုလူသည် မနေ့ညက ထိန်းချုပ်နိုင်စွမ်းမရှိပဲ စိတ်ရှိတိုင်း သောင်းကျန်းခဲ့သည်။
ယခင် အတုအယောင်စုံတွဲ ဖြစ်ခဲ့စဉ်ကတော့ ဤကိစ္စကို သူ သည်းခံနိုင်သေးသည်ဟု ခံယူဆထားသည်။ နှစ်ယောက်လုံးသည် အရွယ်ရောက်သူများဖြစ်ကြပြီး ရံဖန်ရံခါ မိမိတို့၏ ကိုယ်ပိုင်လိုအပ်ချက်များ ရှိတတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ နောက်ပိုင်းတွင် ပြဿနာတစ်ခုခုရှိလာတိုင်း ဤသည်မှာ မိမိအားနည်းချက်ဖြစ်နေမလားဟု သံသယဝင်ခဲ့မိသည်။ ဘားမှ အိမ်ပြန်ခေါ်သွားခံရသည့် ညကပင် ၎င်းတို့လှုပ်ရှားမှုသည် ရိုးရှင်းလွယ်ကူပြီး အကန့်အသတ်ရှိသည်ဟု ယူဆခဲ့သည်။ သို့သော် မနေ့ညကမှသာ 'ယောက်ျားတို့၏ ဆာလောင်မှုသည် အဆုံးမရှိ' ဟူသော စကားကို သူမ နားလည်သဘောပေါက်ခဲ့ရသည်။
ရဲတိုင်မည့်ကိစ္စမှာ အဓိပ္ပါယ်မရှိကြောင်း သူမသိလိုက်ရသည်။ ထိုယောက်ျားသည် ဓားဖြစ်နေချိန် သူမက ငါးတစ်ကောင်သဖွယ်၊ သူကကြမ်းတမ်းသော ဝံပုလွေကြီးဖြစ်နေချိန် သူမက ဖြူစင်သော ယုန်ကလေးတစ်ကောင်သဖွယ် မကြာမီ အင်အားကြီးသူလက်ထဲတွင် သေရတော့မည်အဖြစ်ကို တွေးလိုက်မိသည်။
လုလီ မျက်လုံးများဖွင့်လာပြီး သူ့အားမြင်လိုက်သည်နှင့် ခန္ဓာကိုယ်အား စောင်အောက်ထဲသို့ တိုးဝင်လိုက်သည်။ သူမခန္ဓာကိုယ်အား စက္ကန့်ပိုင်းမျှပင် မြင်ခွင့်မပြုပဲ စောင်ပုံထဲသို့ နှစ်မြှုပ်လိုက်သည်။ သူမ စိတ်ထဲတွင် သူ့အား ကျိန်ဆဲနေမည်ကို ချီချန်းရန် သေချာပေါက်သိသည်။ သူ နက်ကတိုင်ကို ချလိုက်ပြီး ကုတင်ဘေးသို့ လျှောက်လာကာ ကိုယ်ကို ကိုင်းညွှတ်လျက် သူမ ခါးတစ်ဝိုက်ကို လက်ဖြင့် ပွေ့ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
လုလီ၏ သေးသွယ်သော ခေါင်းလေးသည် စောင်ပုံထဲမှ ထွက်လာသည်။ သူမ စကားမပြောဘဲ သူ့အား စူးစူးစိုက်စိုက် ကြည့်နေသည်။ ထိုအမူအရာကို မြင်ရသောအခါ ချီချန်းရန်၏စိတ်ထဲတွင် ရယ်ချင်လာပြီး "ကိုယ် အလုပ်သွားတော့မယ်"
လုလီ: "အင်း"
ချီချန်းရန် သူမ၏ပါးပြင်ကို ခပ်ဖွဖွ ဆွဲညစ်လိုက်ပြီး နက်ကတိုင်အား သူမ လက်ထဲထည့်ပေးလိုက်သည်။ လုလီ နက်ကတိုင်ကို ယူလိုက်သည်။ သူမစိတ်ထဲရှိ အတွေးများကို ချီချန်းရန် မခန့်မှန်းနိုင်ပေ။ သူမ ကုတင်စွန်းတွင် ထိုင်နေသော ချီချန်းရန်အား ကြည့်ကာ နက်ကတိုင်ကို သူ့လည်ပင်းတွင် သပ်သပ်ရပ်ရပ် စီးပေးလိုက်သည်။ သူ့ပုံစံသည် မတရားညှဉ်းပန်းနှိပ်စက်ခံရသော အိမ်ထောင်ရှင်မလေးကဲ့သို့ ဖြစ်နေသည်။
ချီချန်းရန် သူမနဖူးအား နမ်းလိုက်ပြီး အိမ်အကူမှ နံနက်စာ လာပို့ပေးမည်ဖြစ်ကြောင်း ပြောသည်။ထိုအရာကို ကြားသည့်အခါ လုလီက ပြောလာ၏ "အမ်... .ကျွန်မ.. သန့်ရှင်းရေးလုပ်မှဖြစ်မယ်..."
ညက သူမတို့၏ လှုပ်ရှားမှုသည် အိပ်ခန်းမှ ရေချိုးခန်း၊ ထိုမှတဆင့် အိပ်ခန်းထဲပြန်ရောက်လာပြီး ရှုပ်ပွမှုနှင့် မထင်မရှားအမှတ်အသားများ ကျန်ရစ်နေသည်။ ဤသည်မှာ လင်မယားကြား သာမာန် ဖြစ်ရိုးဖြစ်စဥ်တစ်ခု သာ ဖြစ်သော်ငြားလည်း ထိုရှက်ဖွယ်ကောင်းသော မြင်ကွင်းအား တစ်ပါးသူများ မြင်သွားမည်ကို သူမ မလိုချင်ပေ။
ချီချန်းရန် သဘောကျစွာ ပြုံးရယ်လျက် "ကောင်းပြီလေ"
…
ချီချန်းရန် ထွက်သွားပြီးနောက် သူမ ပြတင်းလိုက်ကာကို တစ်ဝက်ဖွင့်လိုက်သည်။ ပြတင်းအပြင်ဘက်တွင် မိုးရေစက်များကြောင့် မှုန်ဝါးနေသည်။ လုလီ ကုတင်ခေါင်းရင်းတွင် မှီလျက်အနေထားဖြင့် ရှိနေပြီး အိမ်အကူအား ကွန်ပျူတာယူလာပေးရန် ခိုင်းစေလိုက်သည်။
သူမ ရင်းနှီးမြှုပ်နှံထားသော "The Class Next Door" ဇာတ်ကား ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ဇာတ်လမ်းမှာ မြို့ငယ်လေးရှိ တစ်ခုတည်းသော အလယ်တန်းကျောင်းကို အဓိက ဇာတ်အိမ်ယူထားခြင်း ဖြစ်သည်။ထိုအစိုးရကျောင်းအား အဆောက်အအုံ ဖြိုဖျက်ရန် အမိန့်ကျလာပြီး ကျောင်းသားများကို မြို့တော်ရှိ အလယ် တန်းကျောင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြသည်။ သို့သော် ကျောင်းသားများသည် ကျောင်းနှင့် ဆရာဆရာမများအပေါ် ထားရှိသည့် နက်ရှိုင်းသော ခံစားချက်များကြောင့် ဆန့်ကျင်ခဲ့ကြသည်။ ထို့နောက် ကျောင်းအား မဖြိုဖျက်ရန် ကြိုးစားအားထုတ်ကြပုံနှင့် မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ အချစ်ရေးရာများကို အခြေခံထားသော ဇာတ်လမ်းတစ်ခုအဖြစ် ပုံဖော်ထားသည်။
လူငယ်ဇာတ်ကားများတွင် ယေဘုယျအားဖြင့် အထူးပြုလုပ်ချက်များ မပါဝင်သောကြောင့် တည်းဖြတ်ခြင်းနှင့်ထုတ်လုပ်ခြင်းသည် မြန်မြန်ဆန်ဆန်ပင် အပြီးသတ်နိုင်ခဲ့သည်။ ခွေးသွေးများလည်း မပါဝင်ဘဲ ပေါ့ပေါ့ပါးပါး အကြောင်းအရာများသာ ပါဝင်သည်။ စိစစ်ခြင်းပြီးဆုံးပါက ထုတ်ဝေရန်အတွက် ကြေညာရေးကုမ္ပဏီတစ်ခုနှင့် ဆက်သွယ်ကာ ရုံတင်ပြသသွားမည်ဖြစ်သည်။
လုလီ သမ်းဝေလိုက်ရင်း မူကြမ်းကို ကြည့်ကာ သဘောကျစွာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ သူမသည် ဇာတ်ကား၏ အကျိုးအမြတ်ကို ဂရုမစိုက်ဟု ဆိုသော်ငြား ဒါရိုက်တာမှာမူ ၎င်းကို သေချာပေါက် ဂရုစိုက်နေသေးသည်။ ဤသည်မှာ ၎င်း၏ ဂုဏ်သိက္ခာအတွက် အလွန်အရေးပါသော မစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်သည်။ လုလီသည် ရုပ်ရှင်ကုမ္ပဏီအား ကြော်ငြာရေးနှင့် ဖြန့်ချီရေးကုမ္ပဏီတစ်ခုနှင့် အရင်ဆုံး ဆက်သွယ်ရန် အကြံပြုခဲ့သည်။
ထိုစဥ် စားပွဲပေါ်တွင် တင်ထားသော ဖုန်းဖန်သားပြင်မှ အချက်ပေးသံမြည်လာပြီး ရုတ်တရက် ပွင့်သွားသည်။ လုလီ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သော်လည်း ရုတ်တရက် မြင်လိုက်ရသော နာမည်ကြောင့် တုန်လှုပ်သွားသည်။ နာရီဝက်အကြာတွင် ဘေစင်ရှေ့၌ အလုပ်ရှုပ်နေသော ပုံရိပ်တစ်ခု ပေါ်လာသည်။ လုလီ မှန်ရှေ့တွင် မိတ်ကပ်ပြင်ဆင် ချယ်သပြီးနောက် အဝတ်လဲခန်းထဲမှ ၀တ်စုံတစ်စုံကို ရွေးယူလိုက်သည်။
သူမ အဝတ်လဲပြီးနောက် ဓာတ်ပုံရိုက်ကာ ချောင်ကျာယိထံ ပို့လိုက်သည်။
[ဘယ်ဟာပိုကောင်းလဲ?]
ချောင်ကျာယိ : [ချိန်းထားတာရှိလို့လား?]
လုလီ : [ရွေးမှာသာ ရွေးပေးစမ်းပါ]
ချောင်ကျာယိ ပေါ့ပေါ့ပါးပါး၀တ်စုံကို ရွေးလိုက်သည်။
လုလီ : [ကျေးဇူးပဲ။]
ချောင်ကျာယိ : [ဘယ်သွားမလို့လဲ ?]
[ချီချန်းရန်နဲ့ သွားတွေ့မလို့လား?]
လုလီ ပစ္စည်းများကို အမြန်ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်- [ငါ့အစ်ကိုနဲ့သွားတွေ့မလို့]
ချောင်ကျာယိ အကြောင်းပြန်မလာတော့ပေ။ သူ စာမြင်သော်လည်း မည်သို့ ပြန်ပြောရမှန်း မသိဖြစ်သွားသည်။ Bentley ကားသည် ဦးတည်ရာသို့ မောင်းလာသည်။ လုလီ ဖုန်းကိုင်ထားရင်း ပြတင်းပေါက် အပြင်ဘက်ရှိ မိုးဖွဲဖွဲရွာနေသော လမ်းမကြီးကို စိုက်ကြည့်နေမိသည်။ ထိုမိုးစက်များနှင့်အတူ စိတ်ထဲတွင် မွန်းကြပ်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။ သူမတွင် ဖအေတူ အမေကွဲ အစ်ကိုနှစ်ယောက် ရှိသည်။ အကြီးဆုံးအစ်ကိုမှာ သူမထက် အသက် ၁၆ နှစ်ကြီးပြီး ဒုတိယအစ်ကိုမှာ ၆ နှစ်သာ ကြီးသည်။
သူမ ဟောင်ကောင်တွင်ရှိစဉ်က လုဟမ်ရုန်၏သားများသည် ညီမဖြစ်သူ၏ မွေးနေ့ပွဲအား တက်ရောက်ခြင်းမရှိဟု သတင်းမီဒီယာများမှ မကြာခဏ ဖော်ပြလေ့ရှိသည်။ မိထွေးမှ မွေးဖွားလာသော သူမကို ၎င်းတို့က အသိအမှတ်မပြုကြပေ။ လုလီ ဤသည်ကိုတွေးပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။
သတင်းစာများ၌ ဖော်ပြထားသည်မှာ အမှန်ပင်ဖြစ်သည်။ အစ်ကိုများသည် သူမ၏မွေးနေ့ပွဲသို့ မတက်ရောက်ခဲ့ပေ။ ပွဲသို့လာရောက်ကြသော သူငယ်ချင်းများလည်း ၎င်းတို့ကို မတွေ့ရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြသည်။ သို့သော် ၎င်းတို့မတက်ရောက်ဖြစ်သည့် အကြောင်းရင်းမှာ သတင်းစာများတွင် ဖော်ပြထားသည့်အတိုင်း မှန်ကန်ခြင်းရှိမရှိကိုတော့ သူမ မသိပေ။ သူမကိုယ်တိုင် ငယ်စဉ်ကတည်းက သတိထားမိခဲ့သည်။ အရွယ်ရောက်လာသောအခါတွင် ဖခင်ဖြစ်သူ၏ ၎င်းတို့အပေါ်ထားသော ချစ်ခြင်းမေတ္တာသည် သူမအပေါ်ထားသည့် သဘောထားနှင့် မတူကြောင်းနားလည်လာခဲ့သည်။
သူမ ငယ်စဥ်က အစ်ကိုများနှင့် ရင်းရင်းနှီးနှီး ကစားဖူးခြင်းမရှိပေ။ ၎င်းတို့သည် အမြဲကြမ်းတမ်းပြီး အေးစက်နေတတ်သည်။ ၎င်းတို့ကိုမြင်တိုင်း မိခင်ဖြစ်သူနောက်တွင် အလိုလိုပုန်းနေတတ်သည်။ မိခင်ဖြစ်သူကပင် ၎င်းတို့အား အောက်ကျစွာဆက်ဆံနေရသည်။ ချမ်းသာသည့်မိသားစု၏ ဒုတိယဇနီးမှ မွေးဖွားလာသော ကလေးအတွက် ထိုဆက်ဆံရေးမှာ သာမန်ဖြစ်သည်။ သူမ ဟောင်ကောင်တွင်ရှိစဉ်က အခြားသူများနှင့် သိပ်မဆုံဖြစ်ခဲ့သလို၊ လက်ထပ်ပြီး ဟောင်ကောင်မှ ပြောင်းရွှေ့ပြီးနောက်တွင် ယခင်သူငယ်ချင်းများနှင့်ပါ အဆက်အသွယ်မရှိတော့ပေ။
ယနေ့တွင်မူ သူ၏ ဒုတိယအစ်ကိုလုချမ့်မှ သူ့အား ရုတ်တရက် တွေ့ဆုံရန် ချိန်းဆိုလာသည်။
သူ S City သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ရာသီဥတုအခြေနေကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးသွားသဖြင့် မြို့တော်တွင် ရှိနေသော သူမနှင့် တွေ့ဆုံရန် တောင်းဆိုလာခြင်းဖြစ်သည်။