Brother (2)
Vol. 8 Ch. 123
City S ရှိ ကြယ်ငါးပွင့်အဆင့်မြင့် စားသောက်ဆိုင်တွင်…..
မိုးရွာသွန်းမှုကြောင့် လမ်းမြင်ကွင်းများ မှုန်ဝါးနေပြီး လမ်းပေါ်ရှိ ယာဉ်အများစုသည် ၎င်းတို့၏ ကားနောက်မီးများကို ဖွင့်ထားကြပြီး ကားလမ်းတစ်လျှောက် လိမ္မော်ရောင်ဖဲကြိုးများ ရွေ့လျား သွားလာသကဲ့သို့ ကွေးညွတ်နေကြသည်။
စားပွဲထိုးမှ စားစရာများကို စားပွဲပေါ်တင်ပေးလိုက်သည်- "အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ” လုလီ ထိုင်ခုံပေါ်တွင် နာခံစွာထိုင်လျက် စားပွဲထိုးအား ခေါင်းညိတ်ပြလိုက်သည်။ သူမ လက်နှစ်ဖက်သည် ထိုင်ခုံအစွန်းတွင် ထောက်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ စိုးရိမ်ထိတ်လန့်နေသည်။
လုချမ့် သူမကို စိုက်ကြည့်နေသည်။ “ငါနေ့လည် Flight နဲ့ ဟောင်ကောင်ကိုပြန်မယ်၊ ဒီနေ့ မိုးတွေအရမ်းရွာနေလို့ လေယာဉ်ခရီးစဉ် နောက်ဆုတ်သွားတာနဲ့ မင်းကို ခဏလာတွေ့တာ” လုလီ မည်သို့ပြန်ပြောရမှန်းမသိသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်" ဟုသာ ပြန်ဖြေလိုက်သည်။
လုချမ့် : "အစက မင်းလောင်ကုန်းပါ ခေါ်မလို့ပဲ၊ ဒါပေမယ့် အစီမစဉ်မရှိပဲ လာတွေ့တာဆိုတော့ သူ မအားလောက်ဘူးထင်လို့ မခေါ်ဖြစ်တော့ဘူး”
လုလီ : "ဟုတ်"
လုချမ့် ဖန်ခွက်ထဲမှ ဝိုင်နီတစ်ငုံမော့သောက်လိုက်ပြီး "မင်းနဲ့မတွေ့တာ နှစ်နှစ်လောက် ရှိပြီဆိုပေမယ့် ဟောင်ကောင်မှာ မင်းသတင်းတွေ မကြာခဏကြားနေရတယ်"
ဤသည်မှာ ချီချန်းရန်နှင့် ပတ်သက်သော ရှုပ်ထွေးသည့် သတင်းများဖြစ်နိုင်သည်ဟု လုလီ တွေးပြီး ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်သည်။
အစ်ကိုဖြစ်သူ၏အပြုအမူကို ကြည့်ပြီး ယခင်ကထက် ပိုပြီး ယဉ်ကျေးသိမ်မွေ့လာဟန်ပေါ်သည်ဟု လုလီ ရုတ်တရက် ခံစားမိလိုက်သည်။ သို့သော် အိမ်ထောင်ပြုပြီးနောက်ပိုင်း သူမအား အပြင်လူကဲ့သို့ မြင်ကာ ထိုသို့ ယဉ်ကျေးစွာ ပြုမူနေခြင်းဖြစ်လောက်မည်ဟု သူထင်သည်။ လုချမ့် ဝိုင်ခွက်ကို စားပွဲပေါ်ချလိုက်ပြီး ရှက်ရွံ့နေသော လုလီအား ကြည့်ကာ ရုတ်တရက် မေးလိုက်သည် "ဒါနဲ့ မင်းနာမည်ရဲ့နောက်စာလုံးကို မှတ်မိသေးရဲ့လား?”
"ဟင်?" လုလီသည် အစ်ကိုဖြစ်သူ၏ မေးခွန်းကို နားမလည်ပဲ သူမမျက်နှာပေါ်တွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပြည့်နှက်သွားသည်။ သို့သော် သူမ ပြုံးရယ်လျက် “နောက်ဆုံးစာလုံးက လုလေ ချမ့်ကောရဲ့ ဘာဖြစ်လို့လဲ?” လုချမ့် မျက်လုံးများကို လှိမ့်လိုက်ပြီး "ဟုတ်လား? ငါက မင်းမေ့သွားပြီလို့ထင်နေတာ" လုလီမျက်နှာထပ်ဝယ် တင်းမာနေသော အပြုံးတစ်ခု ထင်ဟပ်သွားသည်။ လုချမ့် : "မေ့စရာလား ချမ့်ကောရဲ့၊ မာမီကလွဲရင် နာမည်အကုန်လုံးကို ‘လု’ ပဲ သုံးထားတာလေ”
“မင်း လက်ထပ်ပြီးပြီဆိုတော့ ငါတို့ မင်းကို မထိန်းချုပ်ထားသင့်မှန်း သိပါတယ်၊ ဒါပေမယ့် မင်းက လုမျိုးရိုး နာမည်ကို ယူထားတဲ့အတွက် မင်းနာမည်နဲ့ လိုက်ဖက်အောင် မင်းကိုယ်မင်း ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်၊ ရှိုးတွေမှာ ပါဝင်တာ သင့်တော်တယ်လို့ မင်းထင်နေတာလား?"
"ငါတို့မိသားစုက ဖျော်ဖြေရေးလောကနဲ့ ရောထွေးတာ မကြိုက်ဘူးဆိုတာ မင်းလည်းသိမှာပါ” အစ်ကိုဖြစ်သူ၏ အပြစ်တင်စကားများကို နားထောင်ပြီး လုလီ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။ မိခင်ဖြစ်သူမှာ ဖျော်ဖြေရေးလောကတွင် ကျင်လည်ခဲ့သူဖြစ်ရာ ၎င်း၏စကားများသည် သူမအား နာကျင်စေသည်။ ခဏကြာပြီးနောက် ခေါင်းငုံ့လိုက်ကာ "ဟုတ်”
အစ်ကိုဖြစ်သူသည် 'Idol Boy' အစီအစဉ်နှင့်ပတ်သက်ပြီး ပြောနေမှန်း သူသိသည်။ မိခင်ဖြစ်သူသည် ဂရုမစိုက်သော်လည်း သူကတော့ ထိုသို့မဟုတ်ပေ။ အခွင့်အာဏာအလိုက် စီတန်းကြည့်ပါက မိခင်ဖြစ်သူသည် အစ်ကိုများ၏ အနောက်တွင်သာ ရှိနေသည်။ လုချမ့် စကားပြောပြီးနောက် ကတ်တစ်ခုကို သူမဘက်သို့ တွန်းထုတ်လိုက်သည်။
"ဒါ မင်းအတွက်"
လုလီ Black Card ကို မျက်နှာမူရင်း ခေါင်းခါလိုက်သည် - "ဟင့်အင်း၊ မလိုဘူး၊ ကျွန်မ..."
လုချမ့် သူမအား အေးဆေးစွာ ကြည့်လာသည်။ လုလီ မည်သည့်စကားမှ ဆက်မပြောနိုင်တော့ပေ။ မည်သို့ တုံ့ပြန်ရမှန်မသိပဲ ကတ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး ခေါင်းငုံ့ကာ "ကျေးဇူးပါ ချမ့်ကော"
လုချမ့်သည် ကတ်အား လှမ်းယူနေသော လုလီကိုကြည့်ပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည် - "ဒယ်ဒီ ဒီနှစ်နှစ်အတွင်း ကျန်းမာရေး သိပ်မကောင်းဘူး။ မင်းကို ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါပေမယ့် မင်းကို ဘယ်သူမှ ဒီတိုင်းလွှတ်ထားပေးမယ်လို့ မဆိုလိုဘူးနော်၊ ငါတို့မိသားစုအဆင့်အတန်းနဲ့ ကိုက်ညီအောင် မင်းကို ပြုစုပျိုးထောင်ခဲ့တာ။ မင်းရဲ့ သိက္ခာမရှိတဲ့ အပြုအမူတွေကြောင့် အပြင်လူတွေ ငါတို့မိသားစုကို ကဲ့ရဲ့ပြောဆိုနေမှာ ငါမလိုချင်ဘူး၊ မင်းကိုယ်မင်း ထိန်းထိန်းသိမ်းသိမ်းနေဖို့ ငါပြောချင်တယ်”
ခြင်တစ်ကောင်ကဲ့ တိုးလျသော အသံဖြင့် လုလီ တုံ့ပြန်လိုက်သည်။ “ဟုတ်..ချမ့်ကော”
လုချမ့် သူမရှေ့ရှိ ပန်းကန်ကိုညွှန်ပြလိုက်ပြီး “စားလေ”
လုလီ ခေါင်းကိုငုံ့ကာ ခက်ရင်းကို ကိုင်လိုက်သည်။ ၎င်းတို့ စားသောက်နေစဉ်အတွင်း မည်သူမှ စကားမပြောတော့ပေ။ စားသောက်ပြီးနောက် လုချမ့် စကားတစ်ခွန်းသာ ရိုးရိုးရှင်းရှင်းပြောလာပြီး လုလီအား လိုက်မပို့ခိုင်းပဲ လေဆိပ်သို့ တိုက်ရိုက်ထွက်ခွာသွားသည်။
ကားထဲတွင် ချင်ရုံသည် ယာဉ်မောင်း ဘေးခုံတွင်ထိုင်နေရင်း အချိန်ကို ကြည့်ကာ နေ့လည်ခင်း လမ်းလျှောက်ထွက်လိုသလားဟု မေးမြန်းရန် ကားအနောက်ခန်းဘက်သို့ ခေါင်းလှည့်လိုက်ရာ ခေါင်းငုံ့ပြီး အနည်းငယ်တုန်ယင်နေသော မဒမ်အား တွေ့လိုက်ရသည်။
ချင်ရုံ အံ့အားသင့်သွားသည်။ လုလီ လက်ထဲတွင် ကတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မျက်ရည်များ အတားမဆီးမရှိ စီးကျလာသည်။ သူမထံမှ ရှိုက်သံများ အနည်းငယ် ထွက်ပေါ်နေသည်။ ထို့နောက် မျက်ရည်များကို လက်ခုံဖြင့် ဖိသုတ်လိုက်သည်။