← Chapters

🍭Feel Like Flying (1)

Vol. 8 Ch. 124

🍭Feel Like Flying (1)

Vol. 8 Ch. 124

ကားသည် အတော်ကြာသည်အထိ နေရာမှ မရွေ့သေးပေ။ ကားမှန်ပြတင်းပေါက်ပေါ်သို့ မိုးရေစက်များ လှိမ့်ဆင်းနေ သည်။ ချင်ရုံနှင့် ယာဉ်မောင်းသည် အသက်ကိုပြင်းပြင်းမရှုရဲသလို မည်သည့်နေရာသို့ မောင်းရမည်ကိုလဲ မမေးရဲကြပေ။

လုလီ ခဏအကြာတွင် စိတ်သက်သာရာ ရသွားသကဲ့သို့ မျက်ရည်များကို သုတ်လိုက်ပြီး “အိမ်ပြန်မယ်” ဟု ပြောလိုက်သည်။ “ဟုတ် မဒမ်” ယာဉ်မောင်း ပြန်ဖြေလိုက်သည်။ ချင်ရုံသည် နောက်ကြည့်မှန်မှတဆင့် မဒမ်၏ တုံ့ပြန်မှုကို လျို့ဝှက်စွာကြည့်ရှုပြီးနောက် သူဌေးထံ စာတိုတစ်စောင် ပို့ပေးလိုက်သည်။

မိုးရွာသောနေ့၏လေထုသည် လူကို ငိုက်မျဉ်းစေသလို ဝမ်းနည်းသော စိတ်ခံစားချက်ကိုလည်း ပေးစွမ်းသည်။

လုလီ ဆိုဖာပေါ်တွင်ထိုင်လျက် 'Idol Boy' အစီအစဉ်မှ သူမပါဝင်သည့်အပိုင်းများကို ကြည့်ရှုပြီးနောက် အစ်ကိုဖြစ်သူ ပြောခဲ့သော စကားများကို သတိရလာသည်။ သူမသည် မွေးဖွားစဉ်က ဂရုတစိုက်မွေးမြူခံရကာ ကြီးပြင်းလာချိန်တွင် အကျိုးအမြတ်အတွက် အလဲအလှယ်ပစ္စည်းတစ်ခုအဖြစ် တခြားဝယ်လက်ထံ ရောင်းချခံလိုက်သော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ လှောင်အိမ်သည် မည်မျှပင် လှပပြီး ဈေးကြီးနေပါစေ ရွှေလှောင်အိမ်နှင့်တော့ နှိုင်းယှဉ်လို့ မရနိုင်ပေ။

ထိုစဉ် သူမနောက်မှ ခြေသံကြားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ချီချန်းရန် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ မထိန်းနိုင်ပဲ နာရီကို ငုံ့ကြည့်လိုက်ရာ သူ့အလုပ်မှပြန်လာရမည့် အချိန်မဟုတ်ကြောင်း သူမ သတိထားမိလိုက်သည်။ နာရီကို ကြည့်ပြီးနောက် လုလီ ချီချန်းရန်ကို မော့ကြည့်လိုက်သည်။

သူ့ရဲ့ ‘ပိုင်ရှင်အသစ်’ ငိုထားသည့်အရိပ်အယောင်များ ထင်ဟပ်နေသည့် လုလီမျက်နှာကိုကြည့်ပြီး ချီချန်းရန် မျက်မှောင်ကြုတ်လိုက်သည်။

လုလီ ကြောင်သွားပြီး “ရှင် အလုပ်မှာ ရှိနေရမှာမဟုတ်လား?”

ချီချန်းရန် - "ဒီနေ့ စောစောဆင်းလာတာ”

လုလီ သူ့ကိုကြည့်လေလေ ဝမ်းနည်းလာလေဖြစ်ပြီး နှာရည်များ ထွက်လာသည်။ ရုတ်တရက်ဆိုသလို သူမ၏မကျေနပ်ချက်များ ပေါက်ကွဲထွက်လာကာ လက်နှစ်ဖက်ကို ချီချန်းရန်ဘက်သို့ ဆန့်တန်းလျက် မျက်ရည်များ စီးကျလာသည်- "အဟင့်..ကျွန်မကို ဖက်ထားပေးပါဦး!" ချီချန်းရန်၏ နှလုံးသား ပျော့ပျောင်းသွားပြီး လက်ကိုဆန့်ကာ သူမအား ပွေ့ဖက်ပေးလိုက်၏။

သူ လုလီ၏ကျောကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေသည်။ လုလီသည် ချီချန်းရန်၏ပခုံးပေါ်တွင် ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည်။ လုလီသည် အစ်ကိုဖြစ်သူနှင့်တွေ့ခဲ့ကြောင်း ချီချန်းရန် သိသည်။ လုလီ၏ ရှုပ်ထွေးသော မိသားစုနောက်ခံကို သူခန့်မှန်းမိသော်လည်း သူ့အစ်ကိုနှစ်ယောက်နှင့် သိပ်ရင်းနှီးခြင်းမရှိသည့် အပြင် လုလီ၏အတိတ်က ကိစ္စများကို သိရှိရန် နည်းလမ်းမရှိပေ။ အချို့သော သတင်းများတွင် အသေးစိတ် ဖော်ပြထားကြသော်လည်း သတင်းများမှာ မျိုးစုံကွဲပြားနေကာ ယုံကြည်စိတ်ချရမှုကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။

လုလီ အားရအောင် ငိုကြွေးပြီးမှ ချီချန်းရန်၏ပုခုံးပေါ်တွင် ငြိမ်ငြိမ်လေး မှီထားလိုက်ပြီး “ရှင်ရော ကျွန်မရဲ့ပုံစံကို သဘောမကျဘူးမဟုတ်လား?”

"ရှင်လည်း ပြီးပြည့်စုံတဲ့ အမျိုးသမီးနဲ့ပဲ လက်ထပ်ချင်ခဲ့မှာပဲနော်၊ ဒါပေမယ့် ကျွန်မက အဲလိုမဟုတ်ဘူး။ ကလေးတစ်ယောက်လို ချွဲချင်တယ်၊ ပွေ့ဖက်ခံချင်တယ်၊ အရှက်တရား ဆိုတာလည်း ကျွန်မမှာ မရှိဘူး၊ ကျောင်းတုန်းက Idol တွေရဲ့ ဖျော်ဖြေပွဲတွေကြည့်ဖို့ ခိုးပြီး ကျောင်းပြေးဖူးတယ်၊ ကြယ်ပွင့်တွေနောက် အသည်းအသန်လိုက်ခဲ့တယ်၊ ညဘက်ဆို အိပ်ယာထဲမှာ အဝါရောင်ရုပ်ရှင်တွေ ခိုးကြည့်ဖူးတယ်” ဟု ပြောနေရင်း သူမ အသံနိမ့်ဆင်းသွားသည်။

အစပိုင်းတွင် ချီချန်းရန်သည် သူမ၏မကျေနပ်ချက်ကို ကြားရသောအခါ စိတ်မကောင်းဖြစ် သွားသော်လည်း အဆုံးတွင်မူ ရယ်ချင်သွားသည်။

“ကိုယ်တောင် အဲ့လို ကားတွေ အများကြီးမကြည့်ဖူးဘူး” သူ မနေနိုင်ပဲ ပြောလိုက်သည်။ လုလီ နှလုံးသား အက်ကွဲသွားသည်။ သူ၏မကျေနပ်ချက် အားလုံးကို ရင်ဖွင့်ပြောဆိုနေခဲ့သော်ငြားလည်း ထိုအမျိုးသား၏ အာရုံစူးစိုက်မှာ တလွဲဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ မှားယွင်းစွာရင်ဖွင့်မိပြိဟု ခံစားရကာ သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန် ချက်ခြင်းပင် ရုန်းကန်လိုက်သည်- "တော်ပြီ၊ ရှင်နဲ့ စကားဆက်မပြောတော့ဘူး၊ ကျွန်မကိုလွှတ်ပေး” ချီချန်းရန် မလွှတ်ပေးဘဲ ပို၍ပင် တင်းတင်းကြပ်ကြပ် ပွေ့လိုက်ပြီး “ကိုယ် ဒါတွေကို လက်ခံနိုင်တယ်”

လုလီ ခေါင်းကို လှည့်လိုက်ပြီး "ဟင်?"

ချီချန်းရန် လုလီအား ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူ ပြောခဲ့သည့်စကားတိုင်းကို အဓိပ္ပာယ်ကောက်ကြည့်ပါက လုချမ့်နှင့်တွေ့ပြီးနောက် အဘယ်ကြောင့် ဝမ်းနည်းနေရသည်ကို ချီချန်းရန် မှန်းဆမိသွားသည်။ “ မင်းဘေးမှာ ကိုယ်ရှိနေတယ်လေ၊ မငိုတော့နဲ့နော်…” ဟု သူ ညင်ညင်သာသာပြောလိုက်သည်။ လုလီ လက်မခံပဲ ပြန်ပြောလိုက်သည်။

“ ရှင် ရှိတော့ရော ကျွန်မအတွက် ဘာအကျိုးရှိမှာလဲ?”

ချီချန်းရန် - "ချီချန်းရန်ရဲ့ဇနီးဖြစ်ဖို့ တင်းကျပ်ထားတာတွေမရှိဘူး၊ မင်း အတန်းပြေးပြီး ဖျော်ဖြေပွဲတွေလည်းတက်လို့ရသလို ဖက်ပေးဖို့ ဂျီကျလို့လည်း ရတယ်”

"မင်း ဘာလုပ်လုပ် ကိုယ် ချစ်နေမှာပဲ”

All Chapters