← Chapters

Feel Like Flying (2)

Vol. 8 Ch. 125

Feel Like Flying (2)

Vol. 8 Ch. 125

နှစ်ယောက်သား ပွေ့ဖက်ထားဆဲဖြစ်ပြီး လုလီ ထိုစကားများကို ကြားလိုက်ရသည့်အခါ သူမကျောပြင်မှာ ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချီချန်းရန်သည် သူ့ကျောပြင်အား ညင်သာစွာပွတ်သပ်ပေးလိုက်ရင်း “ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်အားပေးတဲ့ ရှိုးကို သွားကြည့်တာပဲ၊ ဘာမှားနေလို့လဲ? ပြီးတော့ လူတွေ မင်းကို ချစ်ခင်အားပေးကြတာလည်း မင်း အမှားမဟုတ်ဘူး၊ ဒါတွေအားလုံးက ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်ဘူး၊ ပြီးတော့ မင်းဘယ်မိသားစုက လာတယ်၊ မျိုးရိုးနာမည်က ဘာလဲဆိုတာနဲ့ ဘာမှ သက်ဆိုင်မှုမရှိဘူး”

လုလီ နှုတ်ဆိတ်နေသည်။ ချီချန်းရန်၏အမြင်ကို သူမ သဘောတူသော်လည်း ပြန်ပြောလိုက်သည်။ “ရှင် ကျွန်မကို ဒီလိုလာပြောလည်း အကျိုးရှိမှာမဟုတ်ဘူး”

ချီချန်းရန် သဘောကျစွာ ရယ်လိုက်ပြီး “ ဒါဆို မင်းအစ်ကိုကို သွားပြောပြရမှာလား?”

လုလီ မည်သည် တုံ့ပြန်မှုမှ မလုပ်ပေ။ မူလတန်းကျောင်းသားတစ်ဦးသည် သူ့ထက်အရပ်ရှည်ပြီး သန်မာသော အထက်တန်းကျောင်းသားတစ်ဦး၏ အနိုင်ကျင့်ခံရသောအခါ တန်ပြန်တိုက်ခိုက်ရန် မကြိုးစားပဲ ထိုကျောင်းသားနှင့် အရပ်တူ၊ ခွန်အားခြင်းတူညီနေသော ကျောင်းသားတစ်ယောက်ကို ရှာပြီး လက်တုံ့ပြန်ခိုင်းသည့် သဘောမျိုးဖြစ်နေသည်။

ချီချန်းရန်သည် လုလီခါးကို အနောက်မှ သိုင်းဖက်လိုက်ပြီး သူမနားထင်အား ထိကပ်ကာ “မင်း ဖြစ်ချင်တဲ့အရာ လုပ်ချင်တဲ့အရာတွေကို မင်းအစ်ကိုကို ဘာလို့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတာလဲ?”

လုလီ ခဏငေးငိုင်သွားပြီး လက်မခံနိုင်သော မျက်လုံးများနှင့် ချီချန်းရန်အား စိုက်ကြည့်လိုက်သည်။

ပြောပြရမှာတဲ့လား? သူ ဘယ်လို သတ္တိရှိမှာလဲ? ငယ်စဉ်ကတည်းက အစ်ကိုနှစ်ယောက် အပေါ် အမြဲကြောက်ရွံ့နေခဲ့ပြီး ကြီးပြင်းလာသည်အထိ တိတ်တဆိတ်သာ ငိုကြွေးခဲ့ရသည်။

လုလီ ခေါင်းကို ခါယမ်းလိုက်ပြီး ချီချန်းရန်အား ဒေါသထွက်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။

သူ လှည့်စားနေတာ…မနေ့ညကပဲ သူမကို အားအင်ကုန်ခမ်းကာ အိပ်ရာထဲမှ မထနိုင်သည်အထိ အရိုးအသားများပင်မချန် အပြည့်အဝ စားသောက်ခဲ့သည်။ ထိုအတိုင်းသာဆို သူမ တဖြည်းဖြည်း ဝါးမြိုခံရပြီး နောက်ဆုံး အရိုးပါမကျန် ကိုက်ဖြတ်ခံရနိုင်သည်။ ချီချန်းရန် ရယ်ချင်သော်လည်း အောင့်ထားလိုက်သည်။ သူ့ရှေ့တွင် ကလေးတစ်ယောက်လို စိတ်ရှိတိုင်း လုပ်တတ်သူသည် အစ်ကိုဖြစ်သူနှင့် တွေ့သောအခါ ဆူပူကြိမ်းမောင်းခြင်းကို ခံလာရသည်။

ချီချန်းရန် - "ဘာမှ မပူနဲ့၊ မင်းဘေးမှာ ကိုယ်ရှိနေမယ်၊ အရင်က မင်း မလုပ်ခဲ့ရတဲ့ အရာတွေ အခုချိန်မှာ စိတ်ကြိုက်လုပ်လို့ရတယ်၊ ကိုယ် ခွင့်ပြုတယ်” ထိုစကားကိုကြားသောအခါ လုလီ ချီချန်းရန်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချီချန်းရန် ခေါင်းညိတ်ပြကာ အားပေးသောအကြည့်ဖြင့် ပြန်ကြည့်လာသည်။ လုလီ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သူမနှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားရသည်။

ယခုချိန်တွင် သူနံဘေး၌ အတုအယောင်လောင်ကုန်းမဟုတ်ပဲ အားကိုးရသော အစစ်မှန်လောင်ကုန်း ရှိနေပြီဖြစ်သည်။ သူမ ချီချန်းရန်အား မည်မျှ အားကိုးယုံကြည်ကြောင်း ယခုမှ နားလည်ခဲ့သည်။ ထိုနည်းတူ ချီချန်းရန်သည်လည်း သူမအပေါ် မည်မျှယုံကြည်ကြောင်း ပေါ်လွင်လာသည်။

ချီချန်းရန်သည် လုလီ ဖုန်းကို ယူကာ ဖွင့်လိုက်ပြီး လုချမ့် နံပါတ်ကို နှိပ်လိုက်သည်။

"ဒီနံပါတ်မဟုတ်လား?”

လုလီ အလွန်စိတ်လှုပ်ရှားသွားပြီး ချီချန်းရန်၏လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ သေချာစဉ်းစားချင့်ချိန်ပြီးမှ တုံ့ပြန်သင့်သည်ဟု ပြောရန် ပြင်လိုက်သော်လည်း သူ ဖုန်းနံပါတ်ကို နှိပ်ပြီးဖြစ်သည်။

"ချမ့်ကော…"

လုလီ ရှောင်လို့မရတော့ပဲ ဖုန်းပြောလိုက်သည်။

တဖက်မှ လုချမ့်အသံထွက်လာသည်။ “ပြော…ဘာကိစ္စရှိလို့လဲ?”

လုလီသည် ချီချန်းရန်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း “ဟုတ်၊ ကော လေယာဉ်ပေါ် ရောက်ပြီလား?”

လုချမ့် - " ခဏနေ တက်ရတော့မယ်"

“အော်” လုလီ ကြောက်လန့်နေသဖြင့် စကားထွက်မလာတော့ပေ။ ချီချန်းရန်သည် တုန်ယီနေသော သူမအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမခန္ဓာကိုယ်နှင့် ချီချန်းရန်၏ရင်ဘတ် ထိကပ်မိသွားချိန်တွင် ဘာကြောင့်မှန်းမသိ ရုတ်တရက် သတ္တိရှိလာသလို ခံစားလိုက်ရသည်။

လုလီ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း- "ဟို အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး၊ ညီမ ရှိုးမှာ ဆက်ပြီး ပါဝင်ဖြစ်မယ့်အကြောင်း ပြောချင်လို့ပါ၊ ကော မကြိုက်မှန်းသိပါတယ်၊ ကော အနေနဲ့ ဒါကို မိသားစု ဂုဏ်သိက္ခာကျဆင်းစေနိုင်မယ့် အပြုအမူလို့ ထင်နေပေမယ့် ကော ထင်သလောက် ဆိုးရွားနေတာမျိုး မဟုတ်ဘူး”

"ပြီးတော့ ညီမလည်း ကိုယ့် ကိုယ်ပိုင် အတွေးအခေါ်နဲ့ ဝါသနာတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်”

“ကော ပြောသွားတဲ့ စကားတွေကြောင့် ညီမ စိတ်မကောင်းဖြစ်ရတယ်”

"ညီမ လောင်ကုန်းလည်း စိတ်ဆိုးနေတယ်” သူ ချီချန်းရန်နာမည်ကို ထည့်ပြောဖို့ မမေ့ခဲ့ပေ။ တဖက်မှ ဖုန်းကိုင်ထားသောသူ ထိတ်လန့်သွားပုံရသည်။ လုလီ ထိုစကားများကို ပြောပြီးနောက် ဖုန်းကို တင်းတင်းဆုပ်ကိုင်လျက် စိတ်လှုပ်ရှားမှုကြောင့် လက်များ တစ်ဆတ်ဆတ်တုန်နေသည်။ ထို့နောက် တစ်ဖက်မှအဖြေကို မစောင့်တော့ဘဲ “ဒါပဲနော်… Goodbye ချမ့်ကော” ဟု ပြောလိုက်သည်။

လုလီ ဖုန်းချလိုက်ပြီးနောက် ရင်ဘတ်ထဲ၌ နှလုံးပေါက်ထွက်လုမတက် တဒိန်းဒိန်း မြည်နေခဲ့သည်။ သူမ၏စကားများနှ င့်အသံအနေအထားသည် နူးညံပျော့ပျောင်းသော်လည်း ရင်ထဲက မကျေနပ်ချက်များ ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည့်အတွက် ကျေနပ်နေသော အသိက သူမနှလုံးသားကို လှုပ်ရှားစေသည်။ လုလီ ခေါင်းကို လှည့်ကာ ချီချန်းရန်အား ကြည့်လိုက်သည်။ ချီချန်းရန်၏ မျက်နှာတွင် 'မင်းပျော်နေပြီလား? ကျေနပ်သွားပြီးလား? အခုတော့ မင်းလောင်ကုန်းရဲ့ကောင်းကွက်တွေကို သိပြီလား?” ဟူသော အဓိပ္ပာယ်များ ပေါ်လွင်နေသည်။

သူမ ချီချန်းရန်လည်ပင်းကို ပွေ့ဖက်ထားလိုက်သည်။ သူမ၏စိတ်လှုပ်ရှားမှုသည် စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်အောင် ပြင်းထန်လို့နေသည်။ ဤသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဥက္ကဌကြီး၏အရှိန်အဝါမှာ မည်မျှကြီးမားကြောင်း ထင်ရှားနေသည်။

All Chapters