← Chapters

First Love (1)

Vol. 8 Ch. 126

First Love (1)

Vol. 8 Ch. 126

လုလီစိတ်ထဲတွင် အစ်ကိုဖြစ်သူအား ပထမဆုံးအကြိမ်အဖြစ် ဆန့်ကျင်ပြောဆိုနိုင်ခဲ့သည့်အတွက် ကျေနပ်ပျော်ရွှင်နေပြီး ခဏအကြာ၌ ချီချန်းရန်ဘက် လှည့်လာကာ မေးခွန်းထုတ်လာသည်။ သူမ မျှော်လင့်ချက်အနည်းငယ်ဖြင့် သတိထားကာ မေးလိုက်၏။

"ရှင် ဒီနေ့ အလုပ်စောပြီးလို့လား?”

ချီချန်းရန် ခဏစဉ်းစားပြီးနောက် "မဟုတ်ဘူး၊ အလုပ်က စောထွက်လာတာ”

သူမ ငိုကြွေးနေကြောင်း ချင်ရုံအကြောင်းကြားလာသဖြင့် သူ လုပ်လက်စအလုပ်များကိုထားခဲ့ကာ အိမ်ပြန်လာခြင်းဖြစ် သည်။ လုလီစိတ်ထဲတွင် အနည်းငယ်ပျော်ရွှင်သွားသော်လည်း တည်ငြိမ်သောမျက်နှာဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ကာ - "အလုပ်က အရေးကြီးတယ်လေ၊ ရှင် အလုပ်ကြိုးစားလုပ်မှ ရှင့်မိသားစုကို ပြည့်စုံအောင်ထားနိုင်မှာပေါ့”

“အင်းပါ၊ နောက်မဖြစ်စေရဘူးနော်”

"ရှင် အလုပ်ကို ဒီတိုင်းပစ်ထားခဲ့ရင် ဒါရိုက်တာဘုတ် အဖွဲ့ဝင်တွေ မကျေမနပ်ဖြစ်ပြီး ရှင့်ကို ပြောဆိုနေကြတော့မှာ၊ ပြီးတော့ အရေးကြီးအစည်းအဝေးတွေလည်း လွတ်သွားနိုင်တယ်..."

လုလီ ပိုပြီးလေးနက်လာပြီး ချီချန်းရန်အား ဆက်ပြောလာသည်။

"မဖြစ်သေးဘူး၊ ရှင် အခုချက်ချင်း ကုမ္ပဏီကို ပြန်သွား”

ချီချန်းရန်: “…”

သူ ဖြေရှင်းချက်ပေးရန် ပျင်းလွန်းသဖြင့် လုလီ နှုတ်ခမ်းကို တိုက်ရိုက်နမ်းလိုက်သည်။ ချီချန်းရန်၏ကြမ်းတမ်းသော အနမ်းများကြောင့် လုလီ အသက်ရှုကြပ်သွားပြီး မိနစ်အနည်း ငယ်ကြာမှသာ ပုံမှန်ပြန်ဖြစ်လာသည်။ လုလီသည် မိမိခန္ဓာ ကိုယ်အား ထိတွေ့နေသော ချီချန်းရန်၏လက်များကို ဆုပ်ကိုင်လိုက်ပြီး “ရှင့်ကို အလုပ်ပြန်သွားလုပ်ဖို့ ပြောနေတယ်လေ”

ချီချန်းရန်သည် လုလီ၏မျက်နှာကိုကြည့်ကာ မနေ့ညက နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ပြီး မထိန်းနိုင်တော့ပဲ ညည်းတွားငိုကြွေးနေသော သူမပုံစံကို ပြန်လည်မြင်ယောင်နေမိသည်။ ယခုလည်း ထိုပုံရိပ်များကို သူ ထပ်ကြည့်ချင်နေမိ သည်။ လုလီသည် ဆိုဖာထောင့်တွင် ပိတ်မိနေသော ကြောင်တစ်ကောင်ကဲ့သို့ ရုန်းကန်ရင်း

“သွားဆို...ရှင် လုပ်စရာရှိတာ သွားလုပ်စမ်းပါ”

"ကျွန်မတို့ မနေ့ကလုပ်ပြီးပြီလေ၊ ဆက်တိုက်ဆို မကောင်းဘူး”

လုလီ မည်သို့ပင် ဆိုစေကာမူ စကားမတိုးတော့ပေ။ ချီချန်းရန် အဝေးထိန်းခလုတ်ဖြင့် လိုက်ကာများကို အလိုအလျောက်ပိတ်လိုက်သည်။ သူ ခလုတ်ကိုချလိုက်ပြီးနောက် သူမ၏သွယ်လျသော လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ထိုလက်ကို ဦးခေါင်းထိပ်သို့ တွန်းတင်လိုက်သည်။ “ကိုယ် အလုပ်မသွားချင်ဘူး” ဟုဆိုကာ သူမနားရွက်ကို ခပ်ဖွဖွ ကိုက်လိုက်သည်။

ယခုချိန်တွင် သူအလိုချင်ဆုံးအရာမှာ သူမနှင့် အတူ အိပ်စက်ခြင်းပင် ဖြစ်သည်။

…...

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ညနေပိုင်းတွင် မိုးတိတ်သွားသည်။ ကောင်းကင်တွင် တိမ်တိုက်များ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီးနောက် လိမ္မော်ရောင်အလင်းတန်းများ မိုးကုပ်စက်ဝိုင်းတစ်လျှောက် ဖြန့်ကျက်ထားကာ လေထုထဲတွင် စိုထိုင်းသော အငွေ့အသက်ကို ခံစားရသည်။

ထို့နောက် အချိန်ကြာမြင့်စွာပိတ်ထားသော လိုက်ကာများ တဖြည်းဖြည်းပြန်ပွင့်လာသည်။ အခန်းထဲတွင် တီဗီဖွင့်ထား သည်။ လုလီသည် ထူးဆန်းသောအမူအရာဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ TV ရီမုကို အပြင်းအထန်နှိပ်နေသည်။ မီးဖိုချောင်ထဲတွင်တော့ အပြစ်ရှိသူ ချီချန်းရန်တစ်ယောက် အသားလုံးများကို အားကြိုးမာန်တက် ချက်ပြုတ်နေသည်။

လုလီ ရီမုကိုနှိပ်ရင်း မည်သည့် Variety Show ကြည့်ရမှန်း မသိဖြစ်နေစဉ် 'I am a Designer' အမည်ရှိ အစီအစဉ်သစ်တစ်ခုကို တွေ့လိုက်သည်။ ရှိုးသည် အပိုင်း (၂)ပိုင်းသာ ထုတ်လွှင့်ရသေးပြီး အဆင့်အတန်းမြင့်မားသည့် ဒီဇိုင်နာပြိုင်ပွဲတစ်ခုဖြစ်ကာ ကြည့်ရှုသူအရေအတွက်လည်း များပြားလှသည်။

လုလီသည် ဖက်ရှင်ဒီဇိုင်နာများနှင့် လက်ဝတ်ရတနာဒီဇိုင်နာ တော်တော်များများ၏ နာမည်ကို သိထားပြီး အချို့မှာ ၎င်းတို့၏ကိုယ်ပိုင်ဖက်ရှင် အမှတ်တံဆိပ်များပင် ထုတ်ထားသည်။ ၎င်းတို့၏ Weibo တွင် XX Designer၊ XXX Brand အစရှိသည့် လှပသော နာမည်အသစ်အဆန်းများကိုပေးထားသည်။ အများစုမှာ မိဘပိုက်ဆံများကိုအသုံးပြုကာ အပျော်သက်သက်လုပ်နေကြခြင်းဖြစ်ပြီး ၎င်းတို့ထုတ်သော ပစ္စည်းများမှာ ကြည့်ပျော်ရှုပျော် ရှိသော်လည်း ရောင်းအားမှာထင်သလောက်ကောင်းမွန်ခြင်းမရှိပေ။ လုလီ ချယ်ရီသီးစားရင်း TV ပေါ်မှ အစီအစဥ်ကို အာရုံစိုက်လိုက်သည်။

ပြိုင်ပွဲပုံစံမှာ ဒီဇိုင်နာဆယ်ဦးသည် ဒိုင်လူကြီးများမှ ချပေးသော ခေါင်းစဉ်အလိုက် ဒီဇိုင်းများ ဖန်တီးရမည်ဖြစ်ပြီး တစ်ပတ်ကို တစ်ယောက်နှုန်းဖြင့် အားအနည်းဆုံးပြိုင်ပွဲဝင်ကို ဖြုတ်ပစ်မည်ဖြစ်သည်။ အနိုင်ရရှိသူသည် နာမည်ကြီးအဝတ် အစားအမှတ်တံဆိပ် တစ်ခုနှင့် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ် သည်။ လုလီ ရှိုးကြည့်နေရင်း ရံဖန်ရံခါ next button ခလုတ်ကို နှိပ်နေခဲ့သည်။ ဆယ်မိနစ်အကြာတွင် ရှိုး၏ဘုတ်အဖွဲ့ဝင်မှာ ပိုင်ရှန့်ယင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လုလီ ပါးစပ်ထဲက ချယ်ရီစေ့များ ထွေးထုတ်ဖို့ကိုပင် မေ့လျော့သွားသည်။

အစီအစဉ်တင်ဆက်သူသည် ပထမဆုံး ဆုကြေးကို ဖတ်ပြပြီးနောက် ကတ်ပြားအားချကာ ပိုင်ရှန့်ယင်နှင့် မိတ်ဆက်ပေးလာသည်။

" 'YING' အမှတ်တံဆိပ်ရဲ့ Founder ဖြစ်တဲ့ ကမ္ဘာကျော်ဒီဇိုင်နာ ပိုင်ရှန့်ယင်ကို ကျွန်တော်တို့ အားလုံး လက်ခုပ်သံများနဲ့ ကြိုဆိုလိုက်ကြရအောင်”

ပိုင်ရှန့်ယင်သည် ဘုတ်အဖွဲ့ဝင်နေရာတွင် ထိုင်နေပြီး ဒိုင်လူကြီးလေးဦးအနက် တစ်ဦးဖြစ်သည်။ အစီအစဉ်တင်ဆက်သူမှ မိတ်ဆက်ပေးသောအခါ သူမ ပြုံးကာ ကင်မရာဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။ ပရိုဂရမ်အဖွဲ့သည် သူမအား နတ်ဘုရားမတစ်ပါး ကြွရောက်လာသကဲ့သို့ special effect များ ထည့်သွင်းပေးထားသည်။ သူက ဘာလို့ Variety Show မှာ ပါလာတာလဲ ? လုလီ နှာခေါင်းကိုရှုံ့ကာ မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ ချက်ချင်းအရှေ့ကျော်သည့်ခလုတ်ကိုနှိပ်လိုက်ရာ ထိုအ မျိုးသမီး၏ စိတ်ရှည်ခြင်းနှင့် စေ့စပ်ခြင်းတို့ကိုပါထပ်လောင်းထည့်သွင်းထားသည်။ ပြိုင်ပွဲတစ်ခုတွင် ပြိုင်ပွဲဝင်များသာ အဓိကကျသည်မဟုတ်ပါလား ? ဘာကြောင့် ဒိုင်လူကြီးတွေ ဒီလောက်အများကြီး ထည့်ထားရတာလဲ? လုလီ မကျေမနပ် ဖြစ်နေသည်။

ယခုမှာ ဒုတိယမြောက်အပိုင်းဖြစ်ပြီး ပထမအပိုင်းတွင် ဒိုင်များ၏မျက်နှာကို ဖုံးကွယ်ထားပြီး ဒုတိယအပိုင်းမှသာ ပိုင်ရှန့်ယင်၏မျက်နှာကို တိုက်ရိုက်ထုတ်ပြလာသည်။

လုလီ စီတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ယခုချိန်တွင် ချီချန်းရန်မှ သူမအား ပွေ့ဖက်ပေးမည်ဆိုလျှင်တောင် နှစ်သိမ့်မှု ရနိုင်မည်မထင်ပေ။ သူမ ဆိုဖာပေါ်တွင် ခန္ဓာကိုယ်အနေအထားကို ပြန်ညှိရင်း ဖုန်းကစားနေလိုက်သည်။ သူမ Weibo ကို လှန်လောကြည့်လိုက်ရာ Follower အရေအတွက် သန်းတစ်ထောင်ကျော်သို့ ရောက်ရှိနေကြောင်းတွေ့ရသည်။ 'လုလီ Global Support Club' သည် 'Idol Boys' အစီအစဉ်တွင် သူမ ပါဝင်ခဲ့သောအခိုက်အတန့်များကို မရပ်မနားတည်းဖြတ်နေကြသည်။

လုလီ 'သစ်တော်သီးစုံတွဲ' ၏ Super Topic အကြောင်း အရာများကို ပြန်လည်စီမံရန် 'Pear-Flavored Little Fairy' အကောင့်ထဲသို့ဝင်လိုက်ရာ အကောင့်ထဲတွင် ပို့စ်များများစားစား တင်ထားခြင်း မရှိကြောင်းတွေ့ရသည်။

'သစ်တော်သီးစုံတွဲ'၏ CP ပရိသတ်များထဲမှ အထင်ရှားဆုံး CP ပရိသတ်မှာ 'I Love Pears' အမည်ရှိ လျှို့ဝှက်ဆန်းကြယ်သော အကောင့်ပိုင်ရှင်ဖြစ်သည်။ ထိုသူသည် Chat အတွင်းသို့ မကြာခဏဆိုသလို ဆုလက်ဆောင်များအပြင် ပိုက်ဆံများ ကြဲချလေ့ရှိသည်။ ပရိသတ်အများအပြားသည် 'I love Pear' ၏ ဦးဆောင်မှုအောက်တွင် နာခံစွာရှိနေကြသည်။

လုလီသည် မိမိဖန်တီးခဲ့သော Super talkအား အခြားသူလက်ထဲသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ဤ Super talk သည် သူမ အခက်ခဲဆုံးအချိန်တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယခုမူ ထို 'I Love Pears' ပိုင်ရှင်သည် သစ်တော်သီးစုံတွဲ အောင်မြင်နေချိန်တွင် လက်ဝါးကြီးအုပ်ကာသိမ်းယူသွားခဲ့သဖြင့် လုလီ ရင်ထဲတွင် ရုတ်တရက်ဝမ်းနည်းလာခဲ့သည်။

လုလီ သက်ပြင်းချကာ Super talk ကို ထပ်ပြီး လှန်လောကြည့်လိုက်သည်။ မကြာသေးမီက ဖန်တီးထားသော fan fictions အများအပြားကို တွေ့လိုက်ရသည်။

"...ချီချန်းရန်က လုလီကို အလိုရမက်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပြီးတော့ အံကို ကြိတ်ထားလိုက်တယ် : ‘You little fairy’…”

"ချီချန်းရန်က လုလီကိုစိုစွတ်နေတဲ့ သူ့လက်ချောင်းကိုပြလိုက်တယ်၊ ပြီးတော့ သူမျက်နှာမှာ ကောက်ကျစ်တဲ့အပြုံးတစ်ခုပေါ်လာတယ်၊ 'Honey မင်းရဲ့ခန္ဓာကိုယ်က မင်းရဲ့ပါးစပ်ထက်ပိုရိုးသားတယ်"

"... သူတို့ နေဝင်ချိန်ကနေ နောက်တနေ့မနက် အထိမရပ်မနား ခုနစ်ကြိမ်လောက် လှုပ်ရှားပြီးတော့ ခြေကုန်လက်ပန်းကြသွားတယ်၊ မိန်းကလေးရဲ့အောက်ပိုင်းမှာလည်း ပူနွေးတဲ့အရာတွေ စိုရွှဲနေတယ်"

လုလီ : “…”

လွှမ်းမိုးချုပ်ကိုင်နိုင်သော CEO ဇာတ်လမ်းများကို အခြေခံထားသော ထိုစိတ်ကူးယဥ်ဇာတ်လမ်းများကို ချီချန်းရန် မြင်ပါကမည်သို့ ဖြစ်သွားမည်ကို သူ မတွေးပဲမနေနိုင်တော့ချေ။ မြင်ကွင်းမှာ အနည်းငယ်ရယ်စရာကောင်းနေပြီး သူ ထိုကိစ္စပြုနေရင်း ရယ်မိမှာသေချာသည်။

လုလီ မျက်နာနီရဲလာပြီး ခေါင်းအုံးကိုပွေ့ဖက်ထားရင်း ထိုအ ချိန်တွင် ရယ်မိပါက ချီချန်းရန် မည်သို့တုံ့ပြန်လာမည်ကို ဆက်တွေးနေမိပြန်သည်။

All Chapters