← Chapters

Chapter 1

Vol. 1 Ch. 1

Chapter 1

Vol. 1 Ch. 1

၁၉၇၁ခုနှစ် ဇွန်လ၊ ပင်းချန်မြို့ လျောင်ပြည်နယ်ရှိ ဇာတ်ရုံတစ်ခု၌ ~

မူလက ဘာမှမရှိသည့် ဂိုဒေါင်တစ်ခုကို နောက်ပိုင်းတွင် ဇာတ်ရုံခန်းမအဖြစ် ပြောင်းလဲလိုက်ကာ စင်မြင့်ကြီးတစ်ခု တည်ဆောက်လိုက်သည်။ ရက်သတ္တပတ်များတွင် ထိုနေရာ၌ စစ်တပ်နှင့် အရပ်သားတို့ တွေ့ဆုံပွဲများ၊ ရုပ်ရှင်များ၊ ယဉ်ကျေးမှုဖျော်ဖြေပွဲများ ကျင်းပတတ်ကြသည်။

ထိုနေရာတွင် အမျိုးသားတစ်ဦးက ကြယ်နီတစ်လုံးပါသော ဦးထုပ်ကို ချိန်ညှိနေပြီး ကေဒါဟောင်းတစ်ဦးက သူ့လက်ကောက်ဝတ်တွင် ကြိုးဖြင့်ချည်ထားရသည့်နာရီဟောင်းကို ငုံ့ကြည့်နေသည်။ ဝန်ထမ်းများ၏ အကူအညီဖြင့် လူများက သေသေသပ်သပ် တိုးဝှေ့ထိုင်နေကြလျက်။

ပင်းချန်ရှိ ခရိုင်အများအပြားမှ ယဉ်ကျေးမှုအနုပညာအဖွဲ့များ၏ အဖွဲ့ဝင်တွေဟာ စင်မြင့်နောက်တွင် အလုပ်ရှုပ်နေကြသည်။ ဒီနေ့မှာ ယဉ်ကျေးမှုဖျော်ဖြေပွဲတွေကို ဆုချီးမြှင့်ရန်အတွက် ရွေးချယ်အကဲဖြတ်ကြမှာဖြစ်လို့ မလွယ်ကူလှပေ။ ဒါက နှစ်ကုန်ရဲ့ အဆင့်မြင့်အကဲဖြတ်မှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်လို့ပါပဲ။

"ချင်းရို့ရေ ဒီတစ်ကိုယ်တော်ရှိုးကို နင် တကယ်ပဲ မပြောင်းချင်ဘူးလား"

ချင်းရို့က ပြန်မဖြေတာကြောင့် အခြားတစ်ယောက်က သူမကို မျက်စောင်းထိုးကာ "ဒါက ဘယ်လိုလုပ်ပြောင်းလို့ရတော့မှာလဲ၊ ကြေညာထားပေးပြီးသားလေ"

"ငါတို့အဖွဲ့ရှုံးရင် ခေါင်းဆောင်တွေက ဘယ်သူတွေကို ဝေဖန်မှာလဲဟယ်၊ ဘယ်သူက သုံးသပ်စာရေးရမှာလဲ၊ နောက်ဆုံးတော့လည်း ငါတို့မှမဟုတ်တာ၊ ဒါ သူမကပဲ လုပ်ခဲ့တာတွေလေ"

"သူမက မိထွေးဖြစ်ဖို့ မအောင်မြင်ခဲ့တော့ ဒီသီချင်းကိုဆိုရမှာပေါ့ဟယ်"

ဆံပင်တိုတိုညှပ်ထားတဲ့ မိန်းကလေးက သူတို့သုံးယောက်ဆီ လျှောက်လာခဲ့ပြီး သတိပေးလာ၏။

"နင်တို့စကားပြောတဲ့အခါ သတိထားကြနော်၊ တချို့လူတွေက နင်တို့ပါးစပ်ကို ဆွဲဖြဲလာမှာကို သတိထားဦး"

"သူမက ချွမ်ရှန်းကလေ၊ အရမ်းနာမည်ကြီးတာနော်"

"သူမနာမည်ကြီးမှန်းသိသားနဲ့ နင်ဘယ်လိုလုပ်ရန်စရဲရတာတုန်း"

စကားပြောပြီးနောက် သုံးယောက်သား အချင်းချင်းကြည့်လျက် လှောင်ရယ်လိုက်ကြ၏။

ရယ်မောပြီးနောက် ပထမဆုံးစကားဆိုလာသူ ကျိုးမိန်လန်က အစိမ်းရောင်သားရေအိတ်လွယ်ထားပြီး မြင်းပုလေးပေါ်တွင် ထိုင်နေတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ သူမမျက်လုံးတွေက မနာလိုစိတ်ဖြင့်တောက်လောက်နေလျက်။

မိန်းကလေးမှာ အနက်ရောင်ကျစ်ဆံမြီးနှစ်ချောင်းကျစ်ထားပြီး ဦးထုပ်မဆောင်းထားပေ။ အဖွဲ့ထဲရှိ မိန်းကလေးများကြားထဲတွင် သူမရဲ့ဆံပင်တွေက အလှဆုံးပင်။ ဆံသားနက်မှောင်နေပြီး ထူထဲနေသဖြင့် သူမ၏ အသားအရည်ကို ဖြူဝင်းနူးညံ့စေသည်။

သူမ၏အသွင်အပြင်မှာ ဖရဲသီးသေးသေးသဏ္ဍာန်မျက်နှာပုံရှိပြီး လှပကာ ဝင့်ကြားသည့်ဟန်ပန်ရှိသည်။ သူမရဲ့မျက်နှာပေါ်မှ ဆွဲဆောင်မှုအရှိဆုံးအရာကတော့ နှစ်လိုဖွယ်ကောင်းတဲ့ မြေခွေးသဏ္ဍာန်မျက်လုံးတွေပါပဲ။ အဲ့ဒီမျက်လုံးတွေက ထူးထူးခြားခြားလှပပြီး သူမကိုတွေ့တဲ့သူတိုင်းက မျက်လုံးတွေကို စိုက်မကြည့်ဘဲ မနေနိုင်ကြဘူးလေ။

သူတို့အနုပညာအဖွဲ့၌ ချွမ်ရှန်းမှ မိန်းမလှလေး ချင်းရို့သည် လှပပြီး orioleငှက်ကဲ့သို့ သာယာသောအသံရှိပေသည်။ သို့ရာတွင် သူမက ဒေါသကြီးပြီး စိတ်တိုစရာကောင်းသောစရိုက်ရှိနေသည်။

ချင်းရို့က သူမရဲ့အလှအပကို အမှီသဟဲပြုပြီး အရာရာကို ဦးဆောင်ချင်ခဲ့သည်။ သူမက ကိုင်းမြင့်မြင့်ကို တက်ချင်သေးသော်ငြား ကျွမ်းကျင်ခြင်းအလျဥ်းမရှိခဲ့။ သူမရဲ့မြေခွေးလိုမျက်နှာမှာ ယောက်ျားတွေကို အမှန်တကယ်ဆွဲဆောင်နိုင်သော်လည်း သူမရဲ့တောင်ပိုင်းလေယူလေသိမ်းနှင့် စိတ်ထားကို ဖော်ပြတတ်တဲ့ ပါးစပ်တစ်ပေါက်ရှိနေလေသည်။

တစ်ချိန်က သူမသည် ယန်မျိုးရိုးအမည်ရှိ တပ်ရင်းခေါင်းဆောင်တစ်ဦးကို တွယ်တက်ခဲ့သည်။ တပ်ရင်းခေါင်းဆောင်က အသက် ၃၂နှစ်ရှိပြီး သူမထက် ၁၃နှစ် ကြီးပေသည်။ ကျေးလက်ရှိ သူ့မိန်းမက စောစောသေဆုံးသွားခဲ့ရာ သားသမီးသုံးယောက် ကျန်ခဲ့သည်။ ချင်းရို့က ထိုကလေးများ၏ မိထွေးဖြစ်ရန် ခေါင်းဆောင်ယန်ကို လက်ထပ်ဖို့ သဘောတူခဲ့သည်။

မမျှော်လင့်စွာပင် နှစ်ရက်အတွင်းမှာဘဲ ကျေးလက်မှ ခေါင်းဆောင်ယန်၏ မိခင်အိုကြီးက ချင်းရို့ကို ပြဿနာရှာရန် သူတို့အနုပညာအဖွဲ့ဆီ ရောက်ချလာကာ သူမအား ငယ်ငယ်လေးနဲ့ လှည့်ကွက်တွေ သုံးတတ်တဲ့ ညုတုတုမြေခွေးမဟု ဆဲဆိုခဲ့သည်။

ထိုအခါမှ ကျေးလက်ရှိ သူ့မိခင်အိုကြီးက ခေါင်းဆောင်ယန်အတွက် ဇာတိရွာမှ ဇနီးတစ်ယောက် ရွေးချယ်ထားပြီးဖြစ်ကြောင်း ပေါ်လာခဲ့လေသည်။ ဒီတော့ သူ့သားကို မြေခွေးမကသွေးဆောင်နေတာကို ဘယ်လိုလုပ်ဖြစ်စေချင်မှာတုန်း။

မစ္စယန် အနုပညာအဖွဲ့သို့ ရောက်ရှိလာခြင်းကြောင့် ချင်းရို့၏ဂုဏ်သိက္ခာမှာ လုံးဝထိခိုက်သွားရပြီး ဤစစ်တပ်နယ်မြေတွင် ဟာသတစ်ခု ဖြစ်လာခဲ့ရသည်။ အဲ့ဒီခေတ်က မြေခွေးမလို့ အခေါ်ခံရတာ မကောင်းဘူးလေ။

ချင်းရို့လည်း ဒေါသကို မထိန်းဘဲ ဆေးရုံတင်ထားရတဲ့ မစ္စယန်ကို ဆူပူကြိမ်းမောင်းခဲ့သည်။ သို့ပေမယ့် သူမကိုယ်တိုင်လည်း အဖျားရှိနေ၍ အနုပညာအဖွဲ့ရှိ လူတွေက သူမကို ဆေးရုံကို ပို့ပေးလိုက်ကြသည်။

နာမကျန်းဖြစ်ပြီးနောက် ချင်းရို့၏ စရိုက်မှာ ပိုပြီးရိုးသားလာကြောင်း အနုပညာအဖွဲ့မှလူများ တွေ့ရှိခဲ့ကြသည်။

"ချင်းရို့ရေ နင်က ရွှယ်ထင်ထင်ရဲ့ ရှိုးကို ခိုးလိုက်တော့ နင်သီချင်းကောင်းကောင်းမဆိုနိုင်ရင် လူတွေရှေ့မှာ အရှက်ကွဲမှာနော်"

"စဖို့အချိန်နီးနေပြီ၊ နင့်ကို မိတ်ကပ်လိမ်းပေးဖို့ ကျန်းမင်ကို မပြောသေးဘူးလား"

အနုပညာအဖွဲ့တွင် မိတ်ကပ်တာဝန်ယူထားသူမှာ ခုနက ချင်းရို့ကို မထီမဲ့မြင်ပြုခဲ့သော ဆံပင်တိုမိန်းကလေးဖြစ်ပြီး သူမနှင့် တစ်ခါမျှမဆက်ဆံခဲ့ဖူးပေ။

ချင်းရို့သည် အရင်ကတည်းက ကျန်းမင် သူမကို လိမ်းခြယ်ပေးတဲ့ ရုပ်အဆိုးဆုံးစင်မြင့်မိတ်ကပ်ကို အမြဲလိုလို နှစ်သက်ခြင်းမရှိပေ။ ပထမတော့ ကျန်းမင်က ချင်းရို့၏ ချစ်စရာကောင်းပြီး ချောမောလှပတဲ့ အသွင်အပြင်ကို အမှန်တကယ် မနာလိုဖြစ်လို့ တမင်တကာ ရုပ်ဆိုးအောင် လုပ်ခဲ့ခြင်းပင်။

ယခုတော့ ချင်းရို့မှာ အခြေအနေမကောင်းသဖြင့် သူမလည်း အလျင်အမြန်လာတော့သည်။ မြင်းပုပေါ်တွင်ထိုင်နေဆဲ ချင်းရို့မှာ အစိမ်းရောင်အိတ်ကိုချပြီး ထရပ်လိုက်ရင်း "ငါ့ဘာသာ လုပ်လိုက်မယ်"

သူမရဲ့အသံမှာ ငွေခေါင်းလောင်းကဲ့သို့ ပြတ်သားပြီး မတူညီသော စည်းချက်အမျိုးမျိုးနှင့် ဖီဖာကြိုးများမှ တီးခတ်လိုက်သော ဗျပ်စောင်း၏ ငြိမ့်ငြိမ့်ညောင်းညောင်းအသံလေးကဲ့သို့ အလွန်သာယာလှသည်။

တစ်ဖက်မှ ကျိုးမိန်လန်က ခဏမျှ အံ့အားသင့်သွားရလျက်။ ချင်းရို့ဟာ မန်ဒရင်းဘာသာစကားကို ပိုမိုကောင်းမွန်စွာ ပြောတတ်နေသလို သူမ၏ အသံမှာလည်း ယခင်ကထက် ပိုနူးညံ့ကာ သာယာလာသည်ကို တွေ့ရှိသွားခဲ့သည်။

ကျန်းမင်က သူမမျက်လုံးတွေကို လှိမ့်လိုက်ပြီး အင်္ကျီလက်များကို ဆွဲတင်ကာ လက်ပိုက်လျက် လှောင်ပြောင်ပြောဆိုလိုက်သည်။

"ဒါဆိုလည်း နင့်ဘာနင် ဖြေးဖြေးပြင်ပေါ့၊ နင့်ကိုယ်နင် တစ္ဆေသရဲလိုပြင်မိရင်တော့ ငါနဲ့မဆိုင်ဘူးနော်၊ ကောင်မလေးတွေ လာကြ နင်တို့ရဲ့ မိတ်ကပ်ကို လှလှလေးပြင်ပေးမယ်"

All Chapters