← Chapters

Chapter 4

Vol. 1 Ch. 4

Chapter 4

Vol. 1 Ch. 4

ဒါရိုက်တာစွင်း ဖုန်းချလိုက်ပြီးနောက် ချင်းရို့ နာမည်ကို ထုတ်ပြောလိုက်ရ၍ မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့။ ဒီအတောအတွင်း ချင်းရို့ဖြစ်ပျက်ခဲ့တာတွေက သူမကို မကျေမနပ်ဖြစ်စေတာကိုး။

ဒီဘလိုင်းဒိတ်သွားဖို့ သူမကို စီစဥ်လိုက်တာလည်း သင့်တော်ပါတယ်လေ။

ဒါရိုက်တာစွင်းသည် သူမက ကိုင်တွယ်ရခက်တဲ့ ဆူးတစ်ချောင်းဖြစ်တယ်လို့ ခေါင်းဆောင်ဟောင်းပြောတာလည်း ကြားခဲ့သေးသည်။

ချင်းရို့နှင့် တခြားသူတွေက အနုပညာအဖွဲ့ခြံဝင်းဆီ ပြန်လာကြချိန် ပွဲကိုမသွားရသည့်တခြားသူတွေက ချက်ချင်းစုရုံးရောက်လာကြပြီး အခြေအနေကို မေးမြန်းကြလေသည်။

"ဘယ်လိုလဲ"

"ငါတို့ ဆုရခဲ့တယ်"

"ဘယ်သူဆုရတာလဲ"

"ချင်းရို့ရဲ့သီချင်းက ပထမဆုရတာ"

အဖွဲ့ထဲရှိတခြားသူတွေ: "..."

ဒါကြီးက သတင်းကြီးပဲဟ။ ဒီလိုနေ့မျိုးရောက်လာမယ်လို့ ဘယ်သူမှတွေးမိမှာမဟုတ်ဘူး။ ချင်းရို့ရဲ့ တစ်ကိုယ်တော်(ဆိုလို)က ဆုရတယ်တဲ့လား...

ရွှယ်ထင်ထင်မှာ ဒါကိုကြားလိုက်တော့ ခဏလောက်ကြောင်အသွားရသည်။ သူမက စီရင်စုစစ်တပ်အနုပညာသတင်းစာမှ သတင်းထောက်နှစ်ယောက်နှင့် စကားပြောနေတာဖြစ်သည်။

ချင်းရို့သည် အမျိုးသမီးဇာတ်လိုက် ရွှယ်ထင်ထင်နှင့် သူမဘေးမှာရပ်နေသည့် မူရင်းစာအုပ်၏ အမျိုးသားဇာတ်လိုက်တဖြစ်လဲ သတင်းထောက် လင်းချန်ရန်ကို တွေ့လိုက်ရ၏။

ရွှယ်ထင်ထင်မှာ လျောင်ထင်ထင်နဲ့ အရမ်းတူပေမယ့် လက်တွေ့တွင် ပိုကြည့်ကောင်းပေသည်။ သူမက လျောင်ထင်ထင်၏ ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ ဗားရှင်းမျိုးပဲ။

ပြီးတော့လည်း အမျိုးသားဇာတ်လိုက် လင်းချန်ရန်သည် သူမတက္ကသိုလ်မှ သတင်းဂျာနယ်လစ်အတန်းဖော်တစ်ယောက်နှင့် တကယ့်ကိုပဲ အတိအကျတူနေသည်။

တက္ကသိုလ်တွင် သူမနှင့်လင်းမင်ဟွေ့သည် ပြဇာတ်ဖျော်ဖြေတင်ဆက်မှုအတွက် အစီအစဥ်မှူးအဖြစ် အတူတူလုပ်ပေးခဲ့ကြရာ လူတော်တော်များများက သူတို့နှစ်ယောက်ကို တက္ကသိုလ်၏ ရွှေစုံတွဲအဖြစ် စနောက်ခဲ့ကြသေးသည်။ တက္ကသိုလ်နှစ်တွေတုန်းက လင်းမင်ဟွေ့က သုံးနှစ်ကြာ သူမကိုလိုက်ပိုးပန်းခဲ့သေးသည်။ ဘွဲ့ယူပြီးသည်အထိ ချင်းရို့က သူ့ကို လက်မခံခဲ့ချေ။

လင်းမင်ဟွေ့သည် ၁.၇မီတာရှည်ပြီး ချောမောခန့်ညားပေမယ့် လစ်ဗရယ်အနုပညာကောင်လေးတွေက ချင်းရို့အကြိုက်မဟုတ်ပေ။

ချင်းရို့က အရပ်၁.၈မီတာရှိပြီး ချောမော၍ ကြွက်သားတွေနှင့် ခန္ဓာကိုယ်ကောင်းကောင်းရှိသည့်ပုံစံမျိုးကို သဘောကျပေသည်။ လေ့ကျင့်ခန်းပုံမှန်လုပ်တတ်ပြီး ရင်ဘတ်ကြွက်သားတွေ absတွေနဲ့ သန်မာသည့်ပုံစံမျိုးဖြစ်ရမယ်။

သို့ရာတွင် သူမ လျောင်နင်းစစ်တပ်မှာ ရှိနေတုန်းက နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်ကြပြီး ၁.၈မီတာထက်ပိုရှည်ကြသည့် အမျိုးသားတွေအများကြီးကို တွေ့ခဲ့ရသည်။ သူမအရပ်က ၁.၆၄မီတာသာရှိ၍ သူတို့ဘေးမှာ ရပ်နေရင် ဖိနှိပ်ခံရသလို ခံစားရပြီး ကြောက်လန့်နေခဲ့ရသည်။

(1.64m = ၅ပေ ၃လက်မကျော် ၄လက်မနီးပါး။

1.7m = ၅ပေ ၅လက်မကျော် ၆လက်မနီးပါး။

1.8m = ၅ပေ ၉လက်မစွန်းစွန်း။)

သူတို့သာ သူမကိုရိုက်ရင် သူမထွက်ပြေးနိုင်မှာတောင်မဟုတ်ဘူး။

ထားလိုက်ပါတော့၊ ချင်းရို့က ရွှယ်ထင်ထင်အား စူးစိုက်ကြည့်လိုက်သည်။ ဒီစာအုပ်ကို ရေးတဲ့သူက လျောင်ထင်ထင်ပဲဆိုတာ ပြောနေစရာတောင်မလိုဘူး။ သူမက လင်းမင်ဟွေ့နဲ့ ဒီလိုရမ္မက်ထုံလွှမ်းနေတဲ့ ဇာတ်လမ်းမျိုး ရေးထားတာပဲ။ ပြီးတော့ သူမကိုတောင် လူပြက်အဖြစ် ထည့်ရေးထားလိုက်သေးတာ!!

(My Note: လျောင်ထင်ထင်က ချင်းရို့ကမ္ဘာအစစ်က တစ်ယောက်နော်။ ရွှယ်ထင်ထင်က အခုဝတ္ထုထဲက တစ်ယောက်နော်။ နာမည်တူနေတော့ ရောနေမှာစိုးလို့ 😁)

မူလစာအုပ်၏ အမျိုးသားဇာတ်လိုက် လင်းချန်ရန်ကို ထက်မြက်သော မိသားစုနောက်ခံနှင့် မစ္စတာလင်း၏ မြေးဟု ရေးသားပေးခဲ့ပြီး သူမ,ချင်းရို့ကိုတော့ ရွှယ်ထင်ထင်နှင့် ယောကျ်ားတစ်ယောက်ကို အပြိုင်လုခိုင်း၊ ဖျော်ဖြေတင်ဆက်တာကိုလည်း ဗရုတ်သုတ်ခဖြစ်စေကာ မိထွေးတစ်ယောက်ဖြစ်ရန် ကြိုးစားနေသော အရံဇာတ်ကောင်အဖြစ် ရေးသားထားခဲ့သေးသည်။

သူမက အမျိုးသားဇာတ်လိုက် လင်းချန်ရန်ကို မြှူဆွယ်ဖို့ ကျရှုံးခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားအမျိုးသမီးဇာတ်လိုက်တို့၏ ဇာတ်ရှိန်ကို မြှင့်ပေးသော လူဆိုးတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည်။ နောက်ဆုံးတွင်မူ စိတ်ပျက်ဖွယ် အဆုံးသတ်သွားခဲ့ရသည်။

ချင်းရို့ နှလုံးသားထဲကနေ နှာခေါင်းရှုံ့မိသွားရလျက်။

သူမက ပြဿနာအရင်မရှာတတ်တဲ့ နူးနူးညံ့ညံ့မိန်းကလေးပါနော်။ ဒါပေမယ့် ယုန်တွေလည်း စိတ်တိုလာရင်တော့ လူတွေကို ပြန်ကိုက်တတ်တယ်လေ!

"ရွှယ်ထင်ထင်လား.. ဟင် သတင်းထောက်လင်းလည်းရှိနေတာကိုး"

ချင်းရို့က မိတ်ကပ်မဖျက်ရသေးပေ။ သူမက ရွှယ်ထင်ထင်ရှေ့ကို တမင်လျှောက်လာခဲ့ပြီး လင်းချန်ရန်ကို သိမ်သိမ်မွေ့မွေ့လေးပြုံးပြလိုက်သည်။

သူမ၏အပြုံးမှာ နွေဦးပန်းတွေလို တင့်တယ်နေပြီး မြေခွေးမျက်လုံးတစ်စုံမှာလည်း အလွန်စွဲမက်ဖွယ်ကောင်းလှ၏။ ရွှယ်ထင်ထင်တောင်မှ မနေနိုင်ဘဲ ခဏတဖြုတ် ကြောင်အသွားရသည်။

ရွှယ်ထင်ထင် အာရုံပြန်ရလာတော့ ဘေးလှည့်ကြည့်လိုက်ရာ လင်းချန်ရန်က မှင်တက်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၍ သူမမျက်နှာမှာ အလွန်ရုပ်ဆိုးသွားရသည်။

ချင်းရို့က သူတို့နှစ်ယောက် စကားပြောလာဖို့ကို မစောင့်တော့ဘဲ လက်ဖက်စိမ်းမအသံဖြင့် ညင်ညင်သာသာလေးပြောလိုက်သည်။

"ငါ တောင်းပန်ပါတယ်ဟယ်၊ ဒါဆို ငါ နင်တို့ကို ထပ်မနှောင့်ယှက်တော့ဘူးနော်၊ ဒါရိုက်တာစွင်းဆီ သွားတွေ့လိုက်ဦးမယ်"

သူ့နားထဲမှာ သူမရဲ့ အသံလေးကို ထပ်ကြားလိုက်ရသဖြင့် သူ့မျက်လုံးထဲက အကြည့်လည်း ထပ်မံလွင့်မျောသွားလျက်။ သူမအပြုံးလေးကြောင့် လင်းချန်ရန် နှလုံးသားလေး ခဏမျှ ခုန်သွားသလိုပင်။

သူမရဲ့ အပြုံးလေးဟာ သူ့မှတ်ဥာဏ်ထဲမှာ တဝဲလည်လည်စွဲကျန်နေလျက်။

*

ချင်းရို့က ဒါရိုက်တာစွင်းကို တွေ့ရန် ရုံးခန်းထဲ ဝင်သွားလိုက်သည်။ ချင်းရို့ဘာမှမပြောရသေးခင်မှာပင် ဒါရိုက်တာစွင်းက အရင်မေးလိုက်သည်။

"ဒီနေ့ ဖျော်ဖြေတင်ဆက်တာ အခြေအနေဘယ်လိုရှိလဲ"

ဒါရိုက်တာစွင်းက မျက်ခုံးထူထူရှိပြီး တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်ထောင်ပြုပြီးသား သတ်လတ်ပိုင်းအရွယ်အမျိုးသမီးပင်။ သူမလက်ထဲတွင် ခပ်ဝဝမျက်နှာနီနီအရုပ်ကို တံဆိပ်ရိုက်ထားသည့် ကြွေရည်သုတ်ခွက်ကြီးတစ်ခွက်ကိုင်ထားလေ၏။

ချင်းရို့က အလျင်စလို ပြောလိုက်သည်။

"ကျွန်မ ပထမဆုရခဲ့တယ်"

သူမ ဒီလောက်တက်တက်ကြွကြွပြောပြရတဲ့အကြောင်းရင်းကတော့ တကယ်လို့ ဖျော်ဖြေတင်ဆက်တာအောင်မြင်ခဲ့ရင် အပိုဆုကြေး ၂၀ယွမ်နှင့် အသားလက်မှတ်ကို လက်ဆောင်ရမယ်လို့ ခေါင်းဆောင်က ကြိုသဘောတူထားလို့လေ!

ဘယ်အရွယ်ပဲဖြစ်နေပါစေ ပိုက်ဆံရဖို့ တက်ကြွမနေတဲ့သူရှိရင် အဲ့ဒါက သူတို့ရဲ့အတွေးအခေါ်ပိုင်းမှာ ပြဿနာရှိနေလို့ပဲ။

ဒါရိုက်တာစွင်းကြားတော့ သုံးစက္ကန့်လောက် ကြောင်အသွားရလျက်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ချင်းရို့တစ်ယောက် လေ့ကျင့်ရေးမှာ တက်တက်ကြွကြွမရှိဘူးဟု လူတွေက အမြဲတိုင်တန်းနေခဲ့တာလေ။ ဒီကောင်မလေးက တကယ်ပဲဆုရခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

တကယ့်ကို အမေးဇင်းပါပဲ။

သူမက အခုအိုလာပြီဖြစ်၍ မှတ်ဥာဏ်တွေက သိပ်မကောင်းတော့။ ချင်းရို့ကိုမြင်သည်နှင့် အရင်ဆုံး တစ်ခုခုကိုပြောပြဖို့ရာ သတိရသွား၏။

"ရဲဘော်ရှောင်ချင်း ခုတော့ ဒီကိစ္စကို ခဏထားလိုက်ဦး၊ အခု ငါ့မှာ နင့်အတွက် အထူးတာဝန်တစ်ခုရှိတယ်"

All Chapters