← Chapters

Chapter 5

Vol. 1 Ch. 5

Chapter 5

Vol. 1 Ch. 5

"မင်း တစ်ယောက်ယောက်နဲ့ သွားတွေ့ရမယ်"

ဒါရိုက်တာစွင်းက ရေနွေးတစ်ငုံသောက်လိုက်ပြီး အခြေအနေကို အကြမ်းဖျင်းရှင်းပြလိုက်၏။

ချင်းရို့: "?!!!!"

ဒါရိုက်တာစွင်းဆိုလိုတာက... သူမကို ဘလိုင်းဒိတ်သွားခိုင်းနေတာလား?

ထိုနှစ်မှာ အဖွဲ့အစည်းကလည်း ပါတနာတွေကို ကူညီသတ်မှတ်ပေးကြသေးသည်။

"သူ့နာမည်က လုယန် အသက် ၂၅နှစ်ရှိပြီ၊ မင်းထက်အရမ်းမကြီးပါဘူး၊ ပြီးတော့ တစ်ခါမှလက်မထပ်ရသေးဘူးနော်၊ သူက ပင်းချန်မှာ ရေတပ်/စစ်သင်္ဘောနှင့် ပတ်သက်တဲ့ဘာသာရပ်ကို အခုလေ့လာနေတာလေ၊ သူက တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရတော့မှာတဲ့၊ ငယ်ငယ်လေးနဲ့ အလားအလာကောင်းတယ်ကွယ်"

ဒါတွေက အချက်အလက်တစ်ချို့ပါပဲ။ ချင်းရို့အရှေ့မှာ လုယန်၏မိသားစုနောက်ခံကို အသေးစိတ်မိတ်မဆက်ပေးရဲဘူးလေ၊ နောက်ပိုင်းမှာ အလှည့်အပြောင်းတွေရှိလာမှာကြောက်လို့ပေါ့။

လုယန်သည် ကျော်ကြားသည့်မိသားစုမှ ကလေးဖြစ်ပြီး ယခုပင်စင်ယူထားသော ကွန်မန်ဒါဟောင်းလု၏ အငယ်ဆုံးသားပင်။ သူ့မှာ အစ်ကိုကြီး အစ်မကြီး အများကြီးရှိသည်။ သူက အငယ်ဆုံးဖြစ်ပြီး ဥာဏ်ကောင်းပေမယ့် ငယ်ငယ်လေးကတည်းက စိတ်တိုလွယ်ပြီး အရမ်းဆိုးပေသည်။ သူလက်မထပ်ရသေးတာက လူအိုကြီးရဲ့ နှလုံးသားကို နာကျင်စေလေသည်။

မိဘတစ်ယောက်အနေဖြင့် သူ့သားက လက်ထပ်ပြီးသွားပြီဆိုရင် ရင့်ကျက်သွားပြီး စဥ်းစားချင့်ချိန်တတ်လာမည်ဟု ခံစားရသည်။ ထိုသည်မှာ လုမိဘတွေကလည်း ခြွင်းချက်မဟုတ်ပေ။ ကျောင်းမှာ သူ့သား လက်ရှိစာသင်နေတာကို အခွင့်ကောင်းယူပြီး လူအိုကြီးက သူ့အဆက်အသွယ်များကိုသုံး၍ တစ်စုံတစ်ယောက်နှင့် မိတ်ဆက်ပေးချင်ခဲ့သည်။

အစပိုင်းမှာတော့ လုယန်မှာ အားလုံးက ပြိုင်လုချင်ကြတဲ့ သကြားလုံးလေးပေါ့။ သူက ကြည့်ကောင်းတယ်၊ မိသားစုနောက်ခံလည်းကောင်းသလို တောက်ပတဲ့အနာဂတ်လည်းရှိတယ်လေ။ ဒါပေမယ့် ၃လအတွင်းမှာပဲ ဘယ်သူမှမရှိကြတော့ဘူး။

ပြဿနာ၏ အရင်းအမြစ်သည်ကား လုယန်ကိုယ်တိုင်ပင်။ သူက စိတ်တိုလွယ်ပြီး သူ့အထက်လူကြီးတွေရော လက်အောက်ငယ်သားတွေကိုပါ အပြစ်တင်ဆူပူလေ့ရှိသည်။ သူက အမျိုးသမီးတွေကိုလည်း နည်းနည်းလေးမှ စိတ်မရှည်တတ်၊ သူတို့အပေါ် သနားကြင်နာတတ်ခြင်းလည်းမရှိပေ။

ခြုံပြောရလျှင်တော့ နောက်ဆုံးတစ်ယောက်လည်း အလုပ်မဖြစ်ပြန်ဘူး။ သူ့ရဲဘော်ဟောင်းတွေဆီက လုယန်ရဲ့ ဘလိုင်းဒိတ်အခြေအနေတွေကို ကြားပြီးနောက် လူအိုကြီးလုက စားပွဲကို ဒေါသတကြီးရိုက်ချလိုက်ပြီး "သူကများ ဘယ်လိုလုပ်ပြီး ဒေါသထွက်နိုင်ရတာလဲ"

"စပိတ်ကင်းလိုမျိုး သူ့ကိုယ်သူ သွေးကြီးချင်ယောင်ဆောင်နေသေးတယ်ပေါ့လေ"

"သူ့ကိုသေအောင်ဆူပစ်မယ့် ဒေါသကြီးတဲ့ချွေးမတစ်ယောက် ရှာပေးရတာပေါ့ကွ!!"

ဟိုဟိုဒီဒီလိုက်မေးပြီးနောက် ရဲဘော်ဟောင်းတစ်ယောက်က ဒါရိုက်တာစွင်းကို မေးမိသွား၏။ သူမကို အမြဲခေါင်းကိုက်စေသည့် ချင်းရို့ကို တွေးမိသွားပြီး ချင်းရို့မှာ မစ္စယန်ကို ရင်ဆိုင်ထားသည့် အံ့သြဖွယ်ရာမှတ်တမ်းလည်း ရှိနေသည်ကြောင့် သူမကို အဲ့ဒီအကြောင်းပြောပြပြီး မိတ်ဆက်ပေးလိုက်ခြင်းပင်။

***

ဒါရိုက်တာစွင်း၏ ရုံးခန်းမှထွက်လာပြီးနောက် ချင်းရို့က ဘောနပ်စ်အဖြစ် ယွမ်၂၀နှင့် အသား၅ပေါင်၏ လက်မှတ်တချို့ကို ရခဲ့လေသည်။ ဒါရိုက်တာစွင်းက သူမအပေါ်မှာ အနည်းငယ်အကြွေးတင်နေသလိုမျိုး ခံစားရပုံပေါ်နေသောကြောင့် ဆုလာဒ်အဖြစ် ကြွေခွက်ကြီးကို သူမဆီပေးလိုက်ခြင်းဖြစ်သည်။

ချင်းရို့သည် သူမလက်ထဲက ကြွေခွက်ကြီးကိုကြည့်ရင်း ဒီဟာက ခွက်လား ပန်းကန်လုံးလား မသဲကွဲတော့! ခွက်ကို ပန်းတွေနှင့်ပုံဖော်ထားပြီး "ပျော်ရွှင်မှု"ဆိုတဲ့စာလုံးကြီးကြီးရှိနေ၏။ အမြင်အရတော့ ၃၀၀၀မီလီဆန့်သည့် ခွက်ကြီးတစ်ခွက်ပါပဲ။

(တရုတ်လိုဆို တစ်လုံးထဲနော် ဒီလိုမျိုးလေး '喜')

ဒီလိုခွက်မျိုးကို *မိရွှယ်ပင်းချန်ဆီ ယူသွားခဲ့လျှင် သူတို့က အင်တင်တင်ဖြင့် ခွင့်ပြုနိုင်သေး၏။ အကယ်၍ တခြားကော်ဖီဆိုင်ဆီယူသွားမည်ဆိုပါက ကန်ထုတ်ခံရမည်ဟု ခန့်မှန်းမိသည်။

(*မိရွှယ်ပင်းချန် = နာမည်ကြီးအချိုပွဲဆိုင်)

ချင်းရို့သည် သူမလက်ထဲက ခွက်အလေးချိန်ကို ချိန်ဆကြည့်ပြီး ယခုခေတ်မှာ အသုံးပြုသည့် ကုန်ကြမ်းအမျိုးအစားကို စဥ်းစားကြည့်နေမိသည်။ ဖြစ်နိုင်တာက ဒီခွက်က ဆယ်စုနှစ်တစ်စုကြာခဲ့လောက်ပြီ။

သူမက ကြွေခွက်ကြီးတစ်ခွက်နှင့် ပြန်ထွက်လာသည်ကိုမြင်ကြ၍ အနုပညာအဖွဲ့ရှိ လူတော်တော်များများ၏ မျက်လုံးများက သူမဆီရောက်လာကြပြီး ရွှယ်ထင်ထင်လည်း အာရုံစိုက်လာလျက်။

ချင်းရို့လည်း သူမကိုပြုံးပြလိုက်ပြီး ခုနလေးတင် ရွှယ်ထင်ထင်နှင့် စကားပြောနေသည့် လင်းချန်ရန်ကတော့ ထိုနေရာမှာရှိမနေတော့ချေ။

ချင်းရို့၏အပြုံးကို ကြည့်ရင်း ရွှယ်ထင်ထင်က လုံးဝပျော်မနေချေ။

လင်းချန်ရန်မှာ သူမနှင့်စကားပြောနေပေမယ့် သူ့အာရုံမှာ မကြာခဏ ထွေပြားလို့နေသည်။ အဲ့ဒါက ချင်းရို့ကြောင့်များလား?

ချင်းရို့က ခေါင်းဆောင်ယန်ကို လက်ထပ်ဖို့မအောင်မြင်ခဲ့သောကြောင့် လင်းချန်ရန်ကို ထပ်ချိန်နေတာများလား။ တကယ်ပဲ သူမရဲ့အားတွေကို ဖြုန်းတီးနေတာပဲ။ ဒါပေမယ့် လင်းချန်ရန်နှင့် ချင်းရို့တို့နှစ်ယောက်သား အတူတူရှိတာကြာလာရင်တော့ သူမရဲ့ဗီဇကို သိလာပြီး ဒီလိုအလှပန်းအိုးမျိုးကို လင်းချန်ရန် ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူးလေ။

ရွှယ်ထင်ထင်သည် လင်းချန်ရန်က ချင်းရို့၏ မျက်နှာအစစ်ကိုတွေ့သွားပြီးရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ မျှော်လင့်နေမိပြီ။ သို့ရာတွင် ရွှယ်ထင်ထင်က လင်းချန်ရန်ကို ဂရုစိုက်နေမိကြောင်း သူမဘာသာသတိထားမိ၍ အံ့သြသွားရ၏။ သူမ,မသိလိုက်ခင်မှာပဲ ဒီသတင်းထောက်ငယ်လေးကို နည်းနည်းသဘောကျနေမိပုံရသည်။

"ချင်းရို့ရေ ဒါရိုက်တာစွင်း ဘာပြောတာလဲ"

"နင်ဘာလို့ ဒီလောက်ကြီးတဲ့ ကြွေခွက်ကြီးကို ကိုင်ထားတာတုန်းဟယ်!"

ချင်းရို့သည် ကြွေခွက်ကြီးကို ကိုင်ထားဆဲဖြစ်၍ အလွန်မျက်စိဖမ်းစားဖွယ်ဖြစ်နေလျက်။ အဆောင်သို့ သူမပြန်ရောက်သည်နှင့် အခန်းဖော်တွေက သူမနားဝန်းရံလာကြသည်။

ချင်းရို့မှာ အနုပညာအဖွဲ့၏ အဆောင်တွင် နေထိုင်ပြီး အဆောင်ခန်းမှာ သေးငယ်လှသည်။ တစ်ခန်းမှာ နှစ်ထပ်ကုတင် ၆လုံး၊ ၇လုံးရှိပြီး စားပွဲနှင့်ထိုင်ခုံ နည်းနည်းထားရှိသည်။ ချင်းရို့၏နေရာမှာ ပြတင်းပေါက်နားက သံကုတင်၏အပေါ်အထပ်မှာပင်။

အပေါ်အောက်အိပ်ရာတွေက အတော်လေးကိုဟောင်းနေပြီး အစိမ်းရောင်သားရေဖတ်တွေလည်း ကွာကြနေလျက် တစ်ယောက်က အိပ်ရာပေါ်တက်လိုက်ပါက ခါရမ်းသွားတတ်သည်။ ကုတင်သုံးခုကို အတန်းလိုက် အတူတူစီတန်းထား၍ တစ်ယောက်က တက်လိုက်ရင် ကုတင်သုံးခုလုံး တပြိုင်တည်းလှုပ်ယမ်းသွားတတ်လေသည်။

"ဒါရိုက်တာစွင်းက ဆုအနေနဲ့ ပေးလိုက်တာလေ"

"တကယ်ကြီးလား? ဝေါင်း! အကြီးကြီးပဲဟဲ့!"

All Chapters