Chapter 10
Vol. 1 Ch. 10
ချင်းမျန့်သည် နောက်တစ်နေ့နံနက် စောစောအိပ်ရာထပြီး သေတ္တာများကို လှန်လှောရှာဖွေလျက် ဂါဝန်တစ်ထည်ကို ယူလိုက်သည်။
ချန်မိသားစု စိတ်ဓာတ်ကျဆင်းနေချိန်၌ သူမတွင် ကြည့်ကောင်းသော စကတ်ဟောင်းများစွာ ကျန်ရှိနေသဖြင့် အရင်က ချင်းရို့ကို ပေးခဲ့ပေမယ့် သူမက မယူခဲ့ဘဲ အနုပညာအဖွဲ့တွင် သူမမှာ ဝတ်စရာတွေရှိသေးကြောင်း ပြောခဲ့သည်။
သို့သော်လည်း သူမအတွက် ကြည့်ကောင်းလှပတဲ့၀တ်စုံကို ရွေးချယ်ရပေမည်။
ချင်းမျန့်က ရေနွေးတည်လိုက်ပြီး ရေခွက်ကို ဖြည့်၍ ဝတ်စုံကို မီးပူတိုက်ရန် ခွက်အောက်မှာ အပူပေးလိုက်၏။ ချင်းရို့ကို အဝတ်အစားလဲရန် မပြောခင်မှာ အကြိမ်ပေါင်းများစွာ မီးပူတိုက်လိုက်လေသည်။
ချင်းရို့ ချန်အိမ်မှ ထွက်လာသည့်အခါ သူမက အဝတ်အစားလဲပြီးသွားပြီဖြစ်သည်။ သူမက အပြာရောင်အတွန့်ပါတဲ့ စကတ်ရှည်နှင့် အဖြူရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် နေကာနိုင်သည့် ကောက်ရိုးဦးထုပ်ဆောင်းထားခဲ့သည်။ ဦးထုပ်အနားပတ်ပတ်လည်တွင် အဝါနုရောင်ဖဲကြိုးလေး ချည်နှောင်ထား၏။
ချင်းရို့မှာ နဂိုကတည်းက နှင်းဖြူရောင်အသားအရည်ရှိပြီး လှပတဲ့အသွင်အပြင်နှင့် ပိန်ပိန်ပါးပါးခြေလက်တို့ ရှိပေသည်။ ဝတ်စုံမှာ ဤခေတ်သာမက မော်ဒန်ခေတ်မှာလည်း မဂ္ဂဇင်းကြော်ငြာများတွင် တိုက်ရိုက်အသုံးပြုနိုင်လေသည်။
လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်တဲ့လူများစွာက သူမကို မကြာခဏ လှည့်ကြည့်ခဲ့ကြသည်။
ချင်းရို့လည်း သူမ၏ ဦးထုပ်အစွန်းကို နှိမ့်လိုက်ကာ သူတို့အကြည့်တွေကို လျစ်လျူရှုလိုက်သည်။ သူမ ဘတ်စ်ကားပေါ်က ဆင်းလိုက်ပြီး အနုပညာအဖွဲ့ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။ တံခါးနားကလူတွေက သူမကိုမြင်တော့ ခဏတာ အံ့အားသင့်သွားကြပြီးမှ ပြောလာခဲ့သည်။
"အဲ့ဒီလူရောက်နေပြီ၊ ဒါရိုက်တာစွင်းနဲ့ ဧည့်ခန်းထဲမှာရှိနေတာ ဝင်သွားလိုက်"
ထို“လူ” ဆိုသည်မှာ သူမနှင့် ဘလိုင်းဒိတ်တွေ့ဆုံမည့် လုယန်ကို သဘာဝကျကျပင် ရည်ညွှန်းတာဖြစ်သည်။
"အဲ့ဒီအရာရှိက တကယ်ချောတာပဲ!"
ချင်းရို့ အနုပညာအဖွဲ့ခြံဝင်းအတွင်းသို့ ဝင်လာသောအခါ လေထုမှာ ယခင်ကနှင့် လုံးဝကွဲပြားနေတာကို တွေ့လိုက်ရ၏။ အကလေ့ကျင့်သူများနှင့် သီချင်းဆိုလေ့ကျင့်တဲ့သူများ ရှိမနေကြချေ။
ကျိုးမိန်လန်၊ လော့ပေပေ၊ ထန်ရွေ့ပိုင် နှင့် အခြားသူများအားလုံး ပြန်သွားကြပြီး ၀တ်စားဆင်ယင်ကာပြီး အချို့က မိတ်ကပ်ပင် လိမ်းထားကြသေးသည်။
ချင်းရို့က သူတို့ဘာတွေတွေးနေမှန်း ခန့်မှန်းလို့မရချေ။
အဲ့ဒီလူရောက်လာကတည်းက အကယ်၍ တစ်ယောက် မအောင်မြင်ရင် တခြားသူတွေ အခွင့်အရေးရှိဦးမှာပေါ့။
အကယ်၍ ထိုလူသာ တစ်ယောက်ယောက်ကိုလက်ခံခဲ့ရင် ဘယ်သူအရှက်ကွဲမှာလဲ၊ ချင်းရို့ပဲလေ။
ကျိုးမိန်လန်နှင့် အခြားသူများက ချင်းရို့၏ ဝတ်စုံကို မြင်သောအခါ တိတ်တဆိတ် အံကြိတ်လိုက်ကြသည်။ သူမလည်း လှလှလေးဝတ်စားထားတာပဲ။
တစ်ချိန်တည်းမှာပင် သူတို့က ဒါရိုက်တာစွင်းကို နှလုံးသားထဲတွင် တိတ်တဆိတ် ကြိမ်းမောင်းနေကြသည်။
သူမက သူတို့ကိုကျ ဘယ်သူနဲ့မှ မိတ်မဆက်ပေးဘဲ ချင်းရို့ကိုကျတော့ ဒီလိုမျိုးငယ်ရွယ်ချောမောတဲ့ ရေတပ်အရာရှိတစ်ယောက်နဲ့ ဘာလို့များ မိတ်ဆက်ပေးရတာလဲ?
ချင်းရို့က တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာကို ကြည့်လိုက်ပြီးမှ ခေါင်းလှည့်ကာ ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
သူမလှမ်းဝင်လိုက်သည်နှင့် မတ်မတ်ထိုင်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူက အဖြူရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။ အထူးခြားဆုံးမှာ သူရဲ့ ရှည်သွယ်ဖြောင့်စင်းလှတဲ့ နှာတံပင်။ ဒီလူက အရမ်းချောတာပဲ။
ချင်းရို့ ခဏမျှ အသက်ရှူရပ်သွားရသလိုပင်။
သူက လုယန်လား?
ဒီလိုချောမောတဲ့ လက်တွဲဖော်ကို သူမနဲ့ မိတ်ဆက်ပေးခဲ့တာလား?
ချင်းရို့က သူ့မျက်နှာကို သေချာကြည့်လိုက်ကာ ဒီလူက မွေးရာပါချောမောသူပဲဖြစ်ရမည်ဟု တွေးလိုက်သည်။ ထို့အပြင် သူ့မှာ တပ်မတော်တွင် လေ့ကျင့်သင်ကြားထားသည့် လူတစ်ယောက်ရဲ့ စွမ်းရည်နှင့် အေးစက်တဲ့အော်ရာမျိုးရှိလေသည်။ သူ့ကိုယ်ဟန်အနေအထားက ခပ်မတ်မတ်ရှိပြီး သူက တကယ်ကို ရှားပါးချောမောလှတဲ့ အရာရှိတစ်ဦးပင်။
အပြင်မှာ မိန်းကလေးအုပ်စုက သီချင်းဆို၊ ကခုန်မနေကြတော့ဘဲ သူတို့အားလုံး အပြင်မှာ ထိုင်ပြီး ငေးကြည့်နေကြသည်မှာ အံ့သြစရာမဟုတ်တော့ချေ။
ထိုသူရဲ့ ပြင်းထန်တဲ့ဒေါသကို သူတို့ကြားလျှင်ပင် ဂရုမစိုက်ကြတော့ပေ။
ချင်းရို့ကိုမပြောနဲ့ဦး၊ လုယန်ကိုတွေ့တော့ ဒါရိုက်တာစွင်းတောင် ထိတ်လန့်သွားရတယ်လေ။ ဒီအရာရှိလေးက ဒီလောက်ချောမောတယ်ဆိုတာကို သူမသိခဲ့ရင် သူမရဲ့ တူမကိုပဲ မိတ်ဆက်ပေးလိုက်မှာပေါ့။
ဒါပေမယ့် သူမက ချင်းရို့ကိုတော့ သူနဲ့ အရင်တွေ့ခွင့်ပေးရမှာပဲ။
ဒါရိုက်တာစွင်းက သူတို့နှစ်ယောက် အဆင်ပြေကြမယ်လို့ မထင်ခဲ့ပေ။ လုယန် ရေသောက်နေစဉ် သူမရဲ့ တူမကို တိတ်တဆိတ်ခေါ်လိုက်ပြီး အနုပညာအဖွဲ့ဆီကို လာခိုင်းလိုက်၏။
ဒီအချိန်မှာတော့ သူ့ဒေါသကို သူမ လုံးဝဂရုမစိုက်တော့ဘူး။
ချင်းရို့က လုယန်ကို ကြည့်နေတဲ့အချိန်မှာ သူကလည်း သူမကို ကြည့်နေခဲ့သည်။
သူ မတ်တပ်ရပ်လိုက်သည့်အခါ ချင်းရို့က သူမခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ရင်း သူ့ဆီ လျှောက်သွားလိုက်၏။ သူမရဲ့ ဆံပင်ရှည်ရှည်တွေကို ကျစ်ဆံမြီးကျစ်ထားဆဲဖြစ်သော်လည်း သူမကတော့ သာမန်ကာလျှံကာဖြင့် ပျင်းရိစွာ ဖြီးသင်လိုက်သေးသည်။
မူလကတည်းက သူမရဲ့ မြေခွေးမျက်လုံးတွေက ကြီးမားပြီး ဆွဲဆောင်မှုရှိနေဆဲ။ ယနေ့နံနက် သူမထွက်လာချိန်တွင် ချင်းရို့က ထောင့်နားတစ်ဝိုက်ကို မှေးမှိန်စေအောင်လို့ တမင်တကာ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားခဲ့ပြီး သူမရဲ့ သာမန်ကာလျှံကာကျစ်ဆံမြီးမှာလည်း သူမမျက်နှာရဲ့ အလှအပကို အားနည်းစေလိုက်သည်။ သူမက အရမ်းလှပေမယ့်လည်း အပြစ်ကင်းစင်သယောင်ရှိနေလျက်။
ချင်းရို့မှာ တံတွေးကို ညင်သာစွာ မျိုချလိုက်သည်။ လုယန်မတ်တပ်မရပ်ခင်ကတော့ အဆင်ပြေပါရဲ့။ သူ ထရပ်လိုက်သည်နှင့် သူက ၁.၈မီတာထက်တောင် ပိုရှည်မယ်ဆိုတာ သေချာသွားရပြီ။ နောက်ပြီးတော့ သူ့ရဲ့ဖိအားကလည်း ပြင်းထန်နေလိုက်တာ၊ သူ့အရိပ်က သူမကို ဖုံးလွှမ်းသွားပြီး သူမရှေ့ရှိ ချောမောလှတဲ့ filterမှာ တခဏချင်း ကွဲအက်သွားတော့သည်။
..... ကြောက်ဖို့ကောင်းလိုက်တာနော်။
သူမက တိုက်ပွဲကို မရှုံးနိုင်ပေ။ အပြင်ဘက်မှ ပလတ်စတစ်ညီအစ်မအုပ်စုကို တွေးကြည့်လိုက်ရင်း ချင်းရို့က သူမရဲ့ ကြောက်စိတ်ကို ဖိနှိပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ နောက်ဆုံးဖျော်ဖြေပွဲအပြီးတွင် သူမ ရထားသော အတွေ့အကြုံများနှင့် သူမကိုယ်သူမ ဦးနှောက်ဆေးရန် အစွမ်းကုန်ကြိုးစားလိုက်ပေသည်။
သူမတွင် အတွေ့အကြုံများစွာ မရှိသော်လည်း ဝက်ဝံကလေးနှင့် ပတ်သက်ပြီး အတွေ့အကြုံများစွာရှိလေသည်။
ထို့ကြောင့် ချင်းရို့က ဝက်ဝံကလေးကို ချော့မြူသည့်အခါ သုံးလေ့ရှိသော ပရော်ဖက်ရှင်နယ်ဆန်ဆန် အပြုံးလေးဖြင့် စကားစလိုက်၏။
"မင်္ဂလာပါ ရဲဘော်လု၊ ကျွန်မက ချင်းရို့ပါ"
"လုယန်" လုယန် ခေါင်းညိတ်ပြလိုက်၏။
နှစ်ယောက်သား ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်နေကြလေသည်။
ဘယ်သူကမှ စကားမပြောသဖြင့် မြင်ကွင်းက ခဏတာငြိမ်သက်သွားရလျက်။
လုယန်သည် သူမက ဒေါသကြီးကြောင်း ရှင်းရှင်းလင်းလင်း ကြားသိထားရသော်လည်း သူက အစပြုခြင်းမရှိခဲ့ပေ။ စကားတစ်ခွန်းမှမပြောဘဲ သူမအရှေ့မှာ ထိုင်နေလိုက်တော့ မထင်မှတ်ဘဲ တိတ်ဆိတ်သွားတော့သည်။
ချင်းရို့က အရင်ဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး စကားစပြောလိုက်၏။
"ရဲဘော်လု၊ ထိုင်စကားပြောရုံနဲ့ ကျွန်မတို့အတွက် စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူးနော်၊ ကျွန်မတို့ ဘာလို့ ရုပ်ရှင်အတူတူသွားမကြည့်ကြရမှာလဲ?"
သူမ အစပျိုးလိုက်ကတည်းက အကောင်းဆုံးကို သိမ်းပိုက်ဖို့ နေရာတွေ မြန်မြန်ပြောင်းရမယ်လို့ တွေးလိုက်၏။ အခြေအနေကောင်းတစ်ခုတွင် သူမနှင့် လုယန်တို့ရဲ့ ဘလိုင်းဒိတ်က အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အရေးမကြီးဘူးလေ။
သူမရဲ့ ဒီတစ်ခေါက် ဘလိုင်းဒိတ်ရည်ရွယ်ချက်က မြင်ကွင်းကို သဟဇာတဖြစ်အောင် ထိန်းသိမ်းထားဖို့ပဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း သိလေသည်။ သူမနှင့် လုယန်တို့က ဘလိုင်းဒိတ်ကို အေးအေးချမ်းချမ်းပြီးသွားသရွေ့တော့ သူမအနိုင်ရမည်ဖြစ်သည်။
သိသိသာသာပင် အိမ်ထောင်မပြုချင်တဲ့ ထိုလူယုတ်မာက သူမကို လူကောင်းကတ်တစ်ကတ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။
—— "မင်းက ကောင်းပါတယ်၊ ဒါပေမယ့် ငါတို့က မသင့်တော်ဘူး" လို့ပြောပြီးရင်တော့ သူမတို့လည်း ကိုယ့်နေရာကိုယ် ပြန်သွားကြမယ်လေ။
ဤနည်းဖြင့် လုယန်လည်း ဘလိုင်းဒိတ်နဲ့ အတင်းအကြပ်လက်ထပ်ပွဲကို အောင်အောင်မြင်မြင် ရှောင်ရှားနိုင်ပြီး သူမမှာလည်း သာလွန်ကောင်းမွန်တဲ့ အခြေအနေများဖြင့် နောက်ထပ် မအောင်မြင်တဲ့ ဘလိုင်းဒိတ်တစ်ခု ရှိသွားမယ်ဆိုတော့ win-winအခြေအနေပဲပေါ့ မဟုတ်ဘူးလား။