← Chapters

Chapter 26

Vol. 3 Ch. 26

Chapter 26

Vol. 3 Ch. 26

နှမြောစရာကောင်းသည်ကား သူမဆီမှာရှိတဲ့ လုယန်ရဲ့ တစ်ခုတည်းသောဓာတ်ပုံမှာ လက်ထပ်စာချုပ်မှ ဓာတ်ပုံသာ။ ယင်းမှာ ခေတ်ဟောင်း အဖြူအမည်း ဓာတ်ပုံတစ်ပုံဖြစ်သော်လည်း ချင်းရို့ကတော့ အစ်မဖြစ်သူအိမ်မှာရှိစဥ်က ကြိမ်ဖန်များစွာ ချောင်းကြည့်ခဲ့မိသေးသည်။ သူမလည်း ကြည့်လေ စွဲလန်းလေဖြစ်ရာ ခဏခဏကြည့်နေမိသဖြင့် တစ်ခါက ချင်းမျန့်ဆီမှာ ဖမ်းမိသွားခဲ့ပါသေးသည်။

ချင်းမျန့်က မျက်စိတစ်ဖက်မှိတ်ပြကာဖြင့် “ညီမလေးရေ နင့်ကိုဒီလိုမြင်လိုက်ရတော့၊ နောက်ဆုံးတော့ ငါလည်း စိတ်ချနိုင်ပါပြီဟာ”

ချင်းရို့မှာ ရှက်သွေးဖြန်းသွားရပြီး မလိုလားစွာ ပြန်ပြောလာခဲ့၏။

“မမရေ နင်အထင်လွဲနေပြီနော်”

ချင်းရို့သာလျှင် ယင်းကိစ္စမှာ တကယ်ပဲ အထင်လွဲမှားနေခဲ့တယ်ဆိုတာကို သိလေ၏!

ဓာတ်ပုံထဲမှ လုယန်ဟာ တကယ့်ကို ချောမောခန့်ညားလှ၍ သူမက သူ့ကို သဘောကျခြင်းပင်။

အပြင်မှာတော့ အရမ်းသန်မာလွန်းတဲ့ လုယန်ကို သူမ ကြောက်လန့်နေမိသေးဆဲ။

ချင်းရို့လည်း စိတ်ထဲတွင်သာ သက်ပြင်းချမိလျက်။

ပြတင်းပေါက်အပြင်ဘက်၌ ဆက်တိုက်ဖြတ်သန်းသွားသည့် ရှုခင်းများကို သူမကြည့်နေမိသည်။ အဲဒီနေ့တုန်းက ဒါရိုက်တာစွင်းရှေ့မှာ လက်မှတ်ထိုးဖို့ ပြတ်ပြတ်သားသား သဘောတူခဲ့မိတယ်။ ပြီးတော့ သူမက တကယ်ပဲ သူနှင့်အတူ ချုံကျိုးကျွန်းကို သွားချင်ခဲ့တာလား? ဖြစ်နိုင်တာက အကြောင်းရင်းရဲ့ ကြီးကြီးမားမား အစိတ်အပိုင်းကတော့ --

-- လူတိုင်းက အလှအပကို နှစ်သက်ကြတယ်လေ။ ဒီလိုချောမောပြီး ကြည့်ကောင်းတဲ့ခင်ပွန်းတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး။ အကယ်၍ သူမသာ လွဲချော်သွားခဲ့ရင် နောက်ထပ်အခွင့်အရေး ရဖို့ဆိုတာ ခက်ခဲမှာပဲ။

လူတွေရဲ့ အလှတရားခံစားမှုမှာ မတူကြပေ။ တခြားသူတွေ ဘယ်လိုတွေးကြလဲဆိုတာကို သူမ မသိပေမယ့် လုယန်ကတော့ သူမရဲ့ အလှအပစံနှုန်းနဲ့ ကိုက်ညီလေသည်။

ချင်းရို့၏ မိမိကိုယ်ကိုဝေဖန်ချက်ကတော့ - ငါလေးက တအားကို ပေါ့ပေါ့တန်တန်လုပ်တတ်တဲ့သူပဲ!

ချင်းရို့သည် ထိုနေ့က အလျင်စလို သဘောတူလိုက်မိသည့်အတွက် နောင်တရစရာမရှိပေမယ့် အနည်းငယ်စိတ်ပူပန်မိရုံသာ။ လုယန်ဟာ ဒေါသကြီးတယ်လို့ သူမကြားထားမိသလို သူက လူတွေကို ငိုအောင်လုပ်နိုင်တယ်လို့ ပြောကြသေးသည်။ သူနှင့် ပေါင်းသင်းဆက်ဆံရန် ခက်ခဲမည်ကို သူမကြောက်မိ၏။

သို့ရာတွင် လွန်ခဲ့တဲ့ရက်တွေတုန်းက လုယန်ဟာ လူများနှင့်ဆက်ဆံရာတွင် အလွန်အလေးထားတတ်သည်ဟု သူမခံစားခဲ့ရသည်။ သူက သူမရဲ့အစ်မအိမ်ကို သွားခဲ့တဲ့အချိန်တုန်းကလည်း အရမ်းယဉ်ကျေးပြီး စိုက်ပျိုးရေးခြံနည်းပြက သူ့ရဲ့ အတန်းဖော်ဟောင်းဖြစ်သလို စိုက်ပျိုးရေးခြံမန်နေဂျာသည်လည်း သူ့ရောင်းရင်းမိတ်ဆွေပင်။ သူက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းသားပါပဲနော်။

လူတိုင်းမုန်းတီးကြတဲ့ ဒေါသအိုးနှင့်မတူဘဲ လုယန်ရဲ့ ရေပန်းစားမှုဟာ အလွန်ကောင်းမွန်လေ၏။

ချင်းရို့သည် သူနှင့်အတူတူရှိချိန်က အခြေအနေကို ပြန်အမှတ်ရမိသဖြင့် သူတို့နှစ်ယောက်လုံးဟာ အရမ်းကောင်းကြသလို အချင်းချင်းလေးစားမှုရှိကြတယ်လို့ ခံစားမိလျက်။

သို့သော်လည်း ချင်းရို့သည် တစ်ခုခုမမှန်နေသလို အမြဲခံစားနေမိသည်။ လုယန်က အရမ်းတိတ်ဆိတ်လွန်းကာ သူမရှေ့မှာ စကားများများမပြောဘဲ သူ့စကားတွေကို အမြဲလိုရင်းတိုရှင်းသာ ပြောတတ်လေသည်။

ချင်းရို့က သူ့ကို နောက်တစ်ကြိမ် ချောင်းမကြည့်ဘဲ မနေနိုင်သော်လည်း လုယန်က သူမအကြည့်တွေကို သတိထားမိသွားမှာ စိုးရိမ်မိသောကြောင့် သူ့ကို အရမ်းကြီး မကြည့်ဝံ့ခဲ့ပေ။

ကလေးနှစ်ယောက်ကဲ့သို့ပင် လုယန်သည်လည်း အိပ်ပျော်နေပုံရ၏။

ချင်းရို့လည်း သက်ပြင်းတစ်ချက်ချလိုက်ကာ လုယန်ကိုသာ စူးစိုက်ကြည့်နေမိလျက်။ သူမက သူ့ကိုယ်ပေါ်မှာ ဘာမှမရှိဘဲ အိပ်ပျော်နေတာကို မြင်လိုက်ရတော့ အစိမ်းရောင် စစ်ဂျာကင်တစ်ထည်ကို ရှာတွေ့သွားပြီး သူ့အပေါ်ခြုံပေးထားလိုက်သည်။

ထိုသို့လုပ်ပြီးနောက် ချင်းရို့ရဲ့ ပါးပြင်လေးတွေ နီမြန်းသွားသည်မှာ ညှို့ယူဖမ်းစားနေသည့်အလား။

- ယင်းမှာ မူကြိုဆရာမအလုပ်အကိုင်ကြောင့်သာ။ ကလေးတွေ ဘာမှမခြုံထားဘဲ တစ်ရေးအိပ်ကြသည်ကို သူမ ဒီအတိုင်းမကြည့်နိုင်၍ပင်။

ချင်းရို့မှာ အပြစ်ရှိနေသည့်သူခိုးကဲ့သို့ သူ့အပေါ်၌ အဝတ်တစ်ထည် ခြုံပေးလိုက်ပြီးမှ သူမလည်း တစ်နေရာမှာမှီ၍ မျက်လုံးမှိတ်ကာ အိပ်ပျော်သွားစေရန် သူမကိုယ်သူမ တွန်းအားပေးလိုက်တော့သည်။

ရထားခုတ်မောင်းနေချိန်၌ တစ်ဂျုန်းဂျုန်း အသံများ အဆက်မပြတ်ထွက်နေပြီး တစ်ဝက်ပွင့်နေသော ပြတင်းပေါက်ဆီမှ လန်းဆန်းစေသောလေတစ်ချို့ တိုက်ခတ်လာရာ နွေရာသီ၏ အပူဒဏ်ကို မှုတ်ထုတ်လိုက်သလိုမျိုး လူတွေကို သက်တောင့်သက်သာဖြစ်စေကာ ပျင်းရိလာစေ၏။ ကလေးတွေသာမက လူကြီးတွေလည်း အိပ်ငိုက်လာကြတော့သည်။

ချင်းရို့သည် မူလက သူမအိပ်ပျော်ရန် ခက်ခဲမည်ဟု ထင်ခဲ့သော်လည်း သူမရဲ့ အသက်ရှူသံများလည်း တည်ငြိမ်လာကာ အလျင်အမြန် အိပ်ပျော်သွားလိမ့်မယ်လို့ ဘယ်သူသိမလဲနော်။

သူမရဲ့ မျက်နှာချင်းဆိုင်တွင် လဲလျောင်းနေသော လုယန်မှာ ထိုအချိန်တွင် မျက်လုံးဖွင့်လာခဲ့ပြီး သူ့ခါးပေါ်ရှိ အစိမ်းရောင်စစ်ဂျာကင်ကို ကိုင်လိုက်ကာ ပြုံးလိုက်လေသည်။

စေးကပ်ကပ်ချွေးတွေကို အနံ့ခံလိုက်ပြီးနောက် သူ ဒီလိုမျိုး အနံ့ခံမိတာ ဒါ ပထမဆုံးအကြိမ်ပဲ။

—— ဒီလိုဇနီးလေးနဲ့ လက်ထပ်ရတာ တကယ့်ကို ပျော်မိပါတယ်ကွာ!

***

သုံးလေးရက်ခန့်ကြာပြီးနောက် လမ်းတစ်ဝက်၌ ရထားပြောင်းစီးရလေ၏။ ရထားပြောင်းမစီးခင်တွင် သူမတို့က တည်းခိုခန်း၌ တစ်ညတည်းခိုခဲ့ပြီး နောက်ဆုံးမှာတော့ ၄ရက်မြောက်နေ့ အစောပိုင်းတွင် ကွမ်ချန်ရထားဘူတာကို ရောက်လာခဲ့ရာ သူမရဲ့ဘဝလေးကို ပြန်လည်ခံစားမိသွားရပြီ။

ငရဲပဲဟေ့!

(Me: ချင်းရို့က ခေတ်သစ်ကလူဆိုတော့လေ ခရီးသွားတဲ့အခါ လေယာဥ်၊ ကားတွေနဲ့ ဖလူးဖလူးဆိုပြီး အရောက်မြန်တယ်မလား၊ အခုတော့ သူက ၄ရက်လောက် ရထားစီးလိုက်ရတော့ အရမ်းပင်ပန်းသွားတာပါနော်)

ဒီတစ်နှစ်အတွင်းမှာ သူမကတော့ ခရီးဝေးရထားတွေ ထပ်မစီးချင်တော့ပါဘူးနော်။ အမှန်တကယ်ကို အရင်ဆုံး လမ်းတွေဖောက်စေချင်မိသည်။ လမ်းပန်းဆက်သွယ်ရေးဟာ အရေးကြီးဆုံးပင်။ တောင်မှမြောက်သို့ သွားရလာရတာ တကယ့်ကို အဆင်မပြေဘူးလေ။

ကလေးနှစ်ယောက်လည်း ပင်ပန်းနွမ်းနယ်နေကြလျက်။ အကယ်၍ ချင်းရို့သာ ဆီးနှင်းခဲထဲက ခရမ်းသီးကြီးဆိုရင် ကလေးနှစ်ယောက်ဟာလည်း ခရမ်းသီးသေးသေးလေးတွေဖြစ်ပေမည်။ စကားများလှသည့် ရှောင်ဖန့်လေးတောင် စကားသိပ်မပြောနိုင်ရှာတော့ပေ။

ရထားပေါ်မှဆင်းလိုက်ကြပြီးနောက် သူတို့လည်း စွမ်းအင်အနည်းငယ် ပြန်လည်ရရှိလာခဲ့သည်။

နှစ်ရက်အကြာ ညနေ ၇နာရီ၊ ၈နာရီတွင် သူတို့အားလုံး ချုံကျိုးကျွန်းသို့ ကူးတို့စီးသွားရမည်ဖြစ်သည်။ ထိုခေတ်အခါ၌ ကွမ်ချန်မှ ချုံကျိုးကျွန်းသို့ သွားရန် ၂၄နာရီမှ နာရီ၃၀ခန့် ကြာမြင့်လေသည်။

ဆိုလိုသည်မှာ သူတို့ ပင်လယ်ထဲမှာ တစ်နေ့တာ ကုန်ဆုံးရဦးမှာပါ။

ချင်းရို့သည် ရှန်းချန်ရှိ တံငါရွာငယ်လေးတွင် ကြီးပြင်းလာခဲ့သော်လည်း တစ်ခါမှ လှေမစီးဖူးခဲ့ပေ။ အားလပ်ရက်မှာ ကမ်းခြေသွားတဲ့ အတွေ့အကြုံသာရှိခဲ့လေသည်။

ပင်လယ်ကမ်းစပ်ရှုခင်းမှာ လှပသော်လည်း လူများလာသည့်အခါ ပုရွက်ဆိတ်အတန်းလိုက်သွားနေသကဲ့သို့ ကမ်းခြေ၌ လူစုကြီးကြောင့် လှပသောရှုခင်းကို ပျက်စီးစေလေသည်။

ပြန်စဥ်းစားမိတော့မှ တစ်ခါက ချင်းရို့လည်း ပင်လယ်ငါးဖမ်းရန် တစ်နာရီကြာမျှ သွားခဲ့ဖူးသည်။ တံငါလှေငယ်လေးပေါ်တွင် သူမက အလွန်အမင်း လှိုင်းမူးခြင်းမရှိခဲ့။

ရလဒ်အနေဖြင့် အမျိုးသမီးတစ်ယောက်က စတင်အော့အန်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် အော့အန်ကြရာ တစ်လှေလုံးကို အော့အန်ခြင်းမှာ ကူးစက်သွားရလျက် နောက်ဆုံးမှာတော့ အများစုမှာ အော့အန်ခဲ့ကြလေသည်။

သူမကတော့ လှိုင်းမူးသည်ကြောင့်လားတော့ မသိ၊ ခေါင်းမူးရုံသာ ခံစားခဲ့ရသည်။

သူမ အပျော်တွေ ပိုရှာချင်ခဲ့ရင်တော့ သူမဘေးနားမှာ ပုံးသေးသေးလေးရှိရင် ပိုလုံခြုံတယ်လို့ ခံစားမိမှာပဲ။

လုယန်က ခရီးဆောင်အိတ်အချို့ကို သင်္ဘောကျင်းသို့ ကူညီချပေးရန် သူ့အသိသူငယ်ချင်းအား အရင်ဆုံးအကူအညီတောင်းလိုက်ပြီးမှ ချင်းရို့နှင့် ခရမ်းသီးသေးသေးလေးနှစ်လုံးကို ကွမ်ချန်တည်းခိုခန်းတွင် နေထိုင်ရန် ခေါ်သွားခဲ့၏။ ချင်းရို့နှင့် ကလေးနှစ်ယောက်မှာ ရေမိုးချိုးကြပြီးသည်နှင့် ငါးသေလိုမျိုး အိပ်ရာပေါ်တွင် အိပ်ကြတော့သည်။

ချင်းရို့လည်း သက်တောင့်သက်သာ အိပ်စက်ပြီးနောက် ကလေးနှစ်ယောက်အား ပြည်နယ်စားသောက်ဆိုင်တစ်ခုဆီသို့ နံနက်စာစားရန် ခေါ်ဆောင်သွားပြီး သူမကတော့ ခေတ်ဟောင်းထမင်းလိပ်ကို စားခဲ့လေသည်။

ထိုအချိန်တွင် သူမရဲ့ စိတ်ထဲမှာ ပထမဆုံးတွေးမိသည့် အတွေးသည်ကား — သူမ ကွာရှင်းချင်ပေမယ့် ဒီနေရာကတော့ ထွက်မသွားချင်ဘူး။

All Chapters