← Chapters

Chapter 31

Vol. 3 Ch. 31

Chapter 31

Vol. 3 Ch. 31

ရဲ့ချန်ဆိပ်ကမ်း၌ လှေကမ်းကပ်ခဲ့ချိန်တွင် ချင်းရို့ အိပ်ငိုက်နေဆဲ၊ တစ်ယောက်ယောက်က သူမကို ချီမသွားချိန်မှာ သူမ နိုးမလာဘဲ သူမဘေးနားက ဝက်ဝံရုပ်ကြီးကို ဖက်လိုက်ကာ ဆက်အိပ်လိုက်သေးသည်။

တကယ်တော့ သူမ အိပ်မက်တွေ အများကြီးမက်နေခဲ့သည်ပင်။ အခုအချိန်မှာတော့ သူမဟာ ဩစတေးလျရောက်နေတဲ့ ကိုအာလာဖြစ်နေကြောင်း အိပ်မက်မက်နေခဲ့၏။ ချင်းရို့ သစ်ပင်မှာ ကောင်းကောင်းအိပ်နေချိန်တွင် မှင်စာတစ်ကောင်က သစ်ပင်ကို လာလှုပ်နေသဖြင့် သူမလည်း ပြုတ်မကျအောင်လို့ သစ်ပင်ကြီးကို ဖက်တွယ်ထားခဲ့တာဖြစ်သည်။

လုယန်မှာ သူမကို ကူကယ်ရာမဲ့စွာ ပွေ့ချီထားရတော့သည်။

သူတို့နှစ်ယောက်ကြားမှာ အရင်းနှီးဆုံးထိတွေ့ဆက်ဆံရေးမှာ လက်ကိုင်(လက်တွဲ)ခဲ့ခြင်းသာ။ သူ့ရဲ့ရင်ခွင်ထဲမှာ အလှလေးရှိနေလေရာ တကယ့်ကို ချိုမြိန်တဲ့ ဒုက္ခတစ်ခုပင်။

လုယန်က ဇနီးဖြစ်သူကို ပွေ့ချီထားရင်း လှေပေါ်မှဆင်းခဲ့ရသဖြင့် ကလေးနှစ်ယောက်ကို ကူညီပေးဖို့ စစ်သားနှစ်ယောက်ကို အကူအညီတောင်းခဲ့သည်။

လုယန်ဆီမှာ ရဲ့ချန်ကမ်းရိုးတန်းကာကွယ်ရေးတပ်ဖွဲ့၌ အသိမိတ်ဆွေတစ်ချို့နှင့် သူငယ်ချင်းတစ်ချို့ရှိလေသည်။ နည်းပြလင်းက လူအနည်းငယ်ကို ခေါ်ပြီး သူ့ကို လာကြိုခဲ့၏။ လင်းရှန်နှင့် သူက ကျောင်းနေဖက်ဟောင်းတွေပင်။ သူ လုယန်ကိုတွေ့တော့ အံ့အားသင့်သွားရလျက်။

သူ့လက်ထဲမှာ အမျိုးသမီးတစ်ယောက်ရှိနေကာ အသေးလေးနှစ်ယောက်လည်း သူ့နောက်မှာ ပါလာခဲ့တယ်လေ။

- လုယန်က သူ့မိသားစုကို ခေါ်လာတယ်!

“မင်း- မင်းမှာ ကလေးနှစ်ယောက်ရှိတာလား?”

လင်းရှန်မှာ တကယ့်ကို အံ့အားသင့်မိသွားရလျက်။ သူ့မျက်လုံးတွေက အုန်းပင်ပေါ်ရှိ အုန်းသီးအရောင်ကဲ့သို့ စိမ်းသွားပြီး

“ဟေ့ ငါစဥ်းစားကြည့်ပါဦးမယ်ကွာ၊ ငါတို့ ဘွဲ့ရတာ ဘယ်နှစ်နှစ်ရှိပြီမို့လဲ? တကယ်ဆို အချိန်က မြှားတွေလို ဖြတ်သန်းသွားခဲ့ရင်တောင်မှ(အချိန်ကုန်မြန်ခဲ့ရင်တောင်) မင်းရဲ့ ကလေးတွေက ဘာလို့ လေးငါးနှစ်အရွယ် ရှိနေရတာတုန်းကွ?”

“အမွှာတွေလား?”

ဘွဲ့ရပြီးတဲ့နောက်မှာ ဒီကောင်က ကျွန်းကို ရောက်လာခဲ့တာလေ။ သူကတော့ အခုမှ အိမ်ထောင်ကျရုံရှိသေးတာကို ဒီကောင်က ကလေးနှစ်ယောက်ရှိနေပြီလားဟ?

လုယန် စကားမပြောနိုင်ဘဲ ဆို့နင့်သွားရကာ “ငါ့တူနှစ်ယောက်ပါကွာ”

“ငါ အိမ်ထောင်ကျထားတာမကြာသေးဘူး၊ ငါ့ဇနီးလေးက ဒီနှစ်မှာ ၁၉နှစ်ပဲရှိသေးတယ်”

သူ့မှာ ဒီလောက်ကြီးတဲ့ သားနှစ်ယောက် ဘယ်လိုရှိနိုင်ပါ့မလဲ?

“အိုး!”

လင်းရှန် စိတ်ငြိမ်သွားရ၏။ လတ်စသတ်တော့ သူက အခုမှ အိမ်ထောင်ကျတာကိုး။ ဒီကောင်က တကယ့်ကို စက်ဆုပ်စရာကောင်းတဲ့သူပဲကွာ။ လူတိုင်းက စမှတ်လိုင်းမှာ အတူတူရှိနေခဲ့ကြတာပဲ။

သူက ပြုံးဖြဲဖြဲဖြင့် “ငါလည်း ဒီနှစ်မှ အိမ်ထောင်ပြုထားတာ”

လင်းရှန်က လှေပေါ်ရှိပစ္စည်းတွေကို ကူညီရွှေ့ပေးဖို့ တစ်ယောက်ယောက်အား ပြောလိုက်ပြီးမှ လုယန်ကို ချုံကျိုးကျွန်းပေါ်က အခြေအနေတွေကို ပြောပြမိတ်ဆက်ပေးခဲ့သည်။

“ရှူး မင်းအသံတိုးဦး၊ ငါ့ဇနီးလေး အိပ်နေတုန်းပဲ”

သူ့ရင်ခွင်ထဲတွင် ချင်းရို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။ တကယ်ဆို လုယန်က သူမအား ကမ်းနားရှိ တည်းခိုခန်းမှာ ထားခဲ့သင့်ပြီး အခြားကိစ္စတွေကို ကိုင်တွယ်ရန် ပြန်လာသင့်ပေသည်။

သို့သော်လည်း ယခုအချိန်တွင် သူ တစ်ကိုယ်ကောင်းဆန်နေခဲ့ကာ တည်းခိုခန်းမှာ ထားပစ်ခဲ့ဖို့ ဝန်လေးနေလျက်။

ဒါက သူ့ဇနီးလေးကို သူ့ရင်ခွင်ထဲမှာ ပထမဆုံးအကြိမ် ပွေ့ချီထားရတဲ့ အချိန်လေးပဲ!

ဒီရက်တွေထဲမှာ သူ ကလေးတွေကို အကြိမ်ပေါင်းများစွာ ပွေ့ဖက်ထားခဲ့ရပြီး သူ့ဇနီးလေးကို ပွေ့ဖက်ရတာ ဒါပထမဆုံးအကြိမ်ပါပဲ။

“မရီးက နေမကောင်းဘူးလား?”

လင်းရှန်က လုယန်ထက် နှစ်အနည်းငယ်ပိုကြီးသော်လည်း ထိုအချိန်တုန်းက “လုကော”လို့ ခေါ်ခဲ့ရသဖြင့် ချင်းရို့ကိုလည်း သူ့အလိုလို “မရီး”လို့ ခေါ်ဖြစ်သွားတော့သည်။

(T/N: အရင်က ကျောင်းတုန်းက လုယန်က သူ့ကိုယ်သူ စီနီယာကြီးဆိုပြီး အားလုံးကို လုကောလို့ ခေါ်ခိုင်းခဲ့ကြတာလေ မှတ်မိကြလားမသိဘူး)

လင်းရှန်လည်း လုယန် လက်ထပ်ထားတဲ့ အမျိုးသမီးကို အလွန်သိချင်နေခဲ့ပြီး သူမကို လျှို့ဝှက်စွာ စိုက်ကြည့်နေမိသည်။ သူမရဲ့ခေါင်းလေးက လုယန်ရဲ့ ရင်ဘတ်ထဲမှာ မြှုပ်ထားလျက်။

“လှိုင်းမူးနေလို့၊ သူမ အိပ်ပျော်နေတာ”

လင်းရှန်သည် သင်္ဘောသားများနှင့် စကားစမြည်ပြောခဲ့ပြီးနောက် လုယန်၏ ဇနီးဖြစ်သူမှာ လှေပေါ်တွင် တစ်ရက်လုံးလုံးအိပ်ခဲ့ကြောင်း တစ်ယောက်ယောက်ပြောနေခဲ့သည်ကို သူကြားလိုက်ရသည်။

အစ်ကိုလုရဲ့ ဇနီးလေးက တကယ့်ကို အိပ်နိုင်တာပဲလို့ သူ့ဘာသူ တွေးနေမိလျက်။

လုယန်လည်း သူ့ဇနီးလေးကို အခန်းထဲမှာ တစ်ရက်လောက် အဖော်ပြုနေပေးခဲ့တယ်လို့ ပြောကြသေးသည်။

လင်းရှန်လည်း အိမ်ထောင်ကျခါစဖြစ်၍ သူနှင့် သူ့ဇနီးသည်မှာ ရက်တော်တော်ကြာ ကော်လိုကပ်နေခဲ့ကြသည်ပင်။ သူ့ခေါင်းနောက်ကို ကုတ်လိုက်ရင်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားရကာ လုယန်ဆီ ထူးဆန်းတဲ့အကြည့်ဖြင့် ကြည့်လိုက်ကာ - မင်းရဲ့ မျက်ခုံးတွေနဲ့ မျက်လုံးတွေကို ကြည့်စမ်း၊ မင်းက သားရဲကောင်တော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မဟုတ်လား?

သူတို့နှစ်ယောက်ဟာ ကြင်စဦးမောင်နှံဖြစ်နေတာကိုး။ လင်းရှန်က လုယန်ရဲ့ ပခုံးကို ပုတ်လိုက်ကာ ပြုံးဖြဲဖြဲလုပ်နေလျက်...

လုယန် သူ့ကို ဂရုစိုက်မနေတော့ဘဲ လင်းရှန်ကို တစ်ယောက်တည်း ချန်ထားခဲ့လိုက်၏။

လင်းရှန်မှာ သူမေးစေ့သူပွတ်နေရင်း တွေးနေမိလျက်။ သိသိသာသာပင် လုယန် အိမ်ထောင်ကျသွားပြီလေ။ ဘာလို့ သူ့တုံ့ပြန်မှုက သစ်သားတုံးကြီးလို ဖြစ်နေရတာပါလိမ့်?

**

ချင်းရို့ စောစောနိုးလာခဲ့သည်။ သူမ အိပ်ရာဝင်ခဲ့တုန်းကတော့ လှေပေါ်မှာ ရှိနေသေးကာ သူမနိုးလာတော့ ကုန်းပေါ်ရောက်နေခဲ့ပြီ။

ကြည့်ရတာ လုယန် သူမကို သယ်လာခဲ့တာပဲဖြစ်ရမယ်။ မနေ့ညက အိပ်မက်အကြောင်း တွေးမိသွား၍ သူမရဲ့ နားရွက်တွေက နီရဲသွားရလေသည်။

ကံမကောင်းစွာဖြင့် လုယန်က သူမကို စောစောထုပ်ပိုးထားဖို့ ပြောကာ ထွက်ခွာရတော့မည့်ဖြစ်ကြောင်း ပြောပြလာခဲ့သည်။

ချင်းရို့လည်း ထရပ်ကားစီးမည်ကို ကြားသည့်အခါ မျက်ရည်ကျလုမတတ်ပင်။

အလွန်ရှည်လျားတဲ့ ခရီးစဥ်ပါပဲ!

မနက်စာစားပြီးသောအခါ လုယန်နှင့် ကလေးနှစ်ယောက်က စစ်ထရပ်ကားကြီးတစ်စီးပေါ်မှာ တိုးဝှေ့ထိုင်လိုက်ကြ၏။ ခရီးလမ်းမှာ ကြမ်းတမ်းသလို ၆နာရီ၊ ၇နာရီကြာအောင်စီးရပေသည်။

ချင်းရို့ကတော့ ကြည်နူးနှစ်သက်ဖွယ်ကောင်းသော အုန်းတောရှုခင်းနှင့် ပင်လယ်ရှုခင်းတို့ကို ကြည့်ရှုရန် စိတ်မဝင်စားတော့ပေ။ သူမ လုချန်သို့ ရောက်သည့်အခါ သူမရဲ့အရိုးတွေအားလုံး နာကျင်နေခဲ့လေပြီ။

“ရောက်ပြီလား?”

ချင်းရို့ တကယ်ငိုချင်လာလေပြီ။

သူတို့ ရထား၊ လှေ၊ ထရပ်ကားတွေ စီးခဲ့ကြရတယ်... ဘယ်လောက်တောင် ရှည်လျားတဲ့ခရီးလဲနော်?

ဤခရီးစဉ်မှာ စာမေးပွဲဖြေဆိုဖို့ ပေကျင်းသို့သွားရတဲ့ ရှေးခေတ်ပညာတော်သင်တစ်ဦးကဲ့သို့ ခံစားရစေသည်။

“ကိုယ်တို့ရောက်ပြီ”

လုယန်က သူမကို တိတိကျကျအဖြေပေးလာခဲ့သည်။

နေ့လည် ၃:၃၀ခန့်တွင် အခြေစိုက်စခန်းဂိတ်တံခါးကို ဖြတ်မောင်းလာပြီးနောက် လုယန် အလုပ်ကိစ္စတွေ ဆောင်ရွက်ရန်အတွက် ထရပ်ကားပေါ်မှ အရင်ဆင်းလိုက်ပြီး ချင်းရို့က ကလေးနှစ်ယောက်နှင့်အတူ အိမ်ဆီ သွားလိုက်သည်။

ရာသီဥတု ကောင်းနေပြီး နေလည်းသိပ်မပြင်းပေ။ ပင်လယ်လေညင်းလေးက မျက်နှာဆီ တိုးဝှေ့လာသည့်အခါ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးကို ပြေပျောက်စေသလိုပင်။

အဝေးကြီးမှာ ရှည်ရှည်မျောမျော အုန်းပင်နှစ်တန်းရှိနေကာ ကောင်းကင်မှာ ထူးထူးခြားခြား ပြာလဲ့နေပြီး တိမ်တွေကလည်း တော်တော်လေးလှပနေသလို တိမ်ဖြူဖြူလေးတွေက နူးညံ့လှသည့်ခရင်မ်အစုအပုံကဲ့သို့ ရှင်းသန့်ဖွေးဆွတ်နေလျက်။

ချင်းရို့ အသက်ပြင်းပြင်းရှူရှိုက်လိုက်ရာ လတ်လတ်ဆတ်ဆတ်လေကို သူမရဲ့အဆုတ်ထဲသို့ ရှုသွင်းလိုက်လေသည်။

- ဒီနေရာက လည်ပတ်လို့ အရမ်းကောင်းတဲ့ နေရာတစ်ခုပဲ!

All Chapters