← Chapters

Chapter 32

Vol. 3 Ch. 32

Chapter 32

Vol. 3 Ch. 32

ခေါင်းဆောင်ကျန်းရဲ့ဇနီးဖြစ်သူ ရန်ယွီဖန်းမှာ အလွန်ကြင်နာတတ်ပြီး အတင်းအဖျင်းပြောရတာ ကြိုက်သလို ဒရာမာကြည့်ရတာလည်း နှစ်သက်လေသည်။ မိသားစုအသစ်ရောက်လာသည်ကို ကြားသည်နှင့် သူမ ကူညီပေးဖို့လာခဲ့ခြင်းပင်။

မိသားစုအိမ်အဝင်ဝတွင် လူနှစ်ယောက် စောင့်ကြပ်နေဆဲ။ ငယ်ငယ်ရွယ်ရွယ်စစ်သားတော်တော်များများက ခရီးဆောင်အိတ်များကို ချပေးကာ သယ်ယူပို့ဆောင်ရေးကားသေးဆီသို့ ရွှေ့ပြောင်းပေးနေခဲ့ကြ၏။

ချင်းရို့ရဲ့ မျက်နှာကိုမြင်တော့ ရန်ယွီဖန်း စပ်စုစွာဖြင့် “နင်ကလည်း အနောက်မြောက်ကပဲလား?”

ယေဘူယျအားဖြင့် သဲမုန်တိုင်းကျတဲ့ နေရာများမှ ဒီနေရာကို ရောက်လာသူတွေက ဤနေရာရှိလေထုကို ပိုမိုနှစ်သက်ကြသည်။ လေထုမှာ တအား သက်တောင့်သက်သာရှိလေ၏။

သူမ ဒီကိုမရောက်ခင်တုန်းက ဒီလောက် သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့် ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလေ။

“ကျွန်မက ပင်းချန်ကပါ ဇာတိကတော့ စီချွမ်နဲ့ ဟူနန်တို့ရဲ့ နယ်နိမိတ်မှာပါ”

“ဒါ့ကြောင့်ကိုး၊ နင် အရမ်းလှနေတာ မဆန်းတော့ပါဘူးလေ”

ရန်ယွီဖန်းက ဒီမိသားစုဝင်အသစ်ဟာ အလွန်လှပတယ်လို့ သူ့ဘာသူ တွေးနေမိလျက်။

သူမက မြို့ကလာတဲ့ မိန်းကလေးဖြစ်နိုင်တယ်။ ဆောက်လုပ်ရေးနှစ်နှစ်အတွင်းမှာ လူတော်တော်များက ဒီနေရာဆီ ပြောင်းရွှေ့ခံခဲ့ရပြီး မိသားစုအဖွဲ့ဝင်အရေအတွက်တွေ ထပ်တိုးလာခဲ့တာ။

အရာရှိတွေ ခေါ်လာကြတဲ့ ဇနီးသည်တွေအားလုံးမှာ အကျင့်စရိုက်မတူကြချေ - ဇီဇာကြောင်တတ်ကြသူများ၊ ကျိုးကြောင်းဆင်ခြင်တတ်သူများ စသဖြင့် စိတ်နေစိတ်ထားမျိုးစုံရှိကြလျက်။ သို့ရာတွင် အကြမ်းဖျင်းအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပေသည်။

ရန်ယွီဖန်းသည် ချင်းရို့အား ဇီဇာကြောင်သူအဖြစ် အကဲဖြတ်ခဲ့လေသည်။

ဤအမျိုးအစားနှစ်ခုတွင် ဇီဇာကြောင်သူများဟာ စောင့်ကြည့်လို့အကောင်းဆုံးဖြစ်သလို သူတို့ဟာ လိမ္မာပါးနပ်မှုအရှိဆုံးပင်။ ပထမလအနည်းငယ်မှာ သူတို့ဟာ လူတိုင်း အပျော်ကြည့်ဖို့အတွက် အသစ်အသစ်တွေ အမြဲလုပ်တတ်ကြတယ်လေ။

ကျိုးကြောင်းဆင်ခြင်တတ်သူများမှာ အခက်အခဲများကို ပိုမိုခံနိုင်ရည်ရှိကြသလို တည်ရှိပြီးသားပတ်ဝန်းကျင်ကို အလွယ်တကူ ကျေနပ်တတ်ကြ၏။ သူတို့ဟာ ကလေးကို လိုက်ဖမ်းတာ၊ ကလေးကို ရိုက်နှက်တာ၊ ခင်ပွန်းသည်ကို ဆူပူတာ စသဖြင့် ထိုကဲ့သို့သောအရာမျိုးကို မလုပ်ကြပေ။

ချုံကျိုးကျွန်း၏ ရာသီဥတုနှင့် ရှုခင်းမှာ အလွန်ထူးဆန်းလှသည်။ လူတစ်ချို့က ၎င်းကို အထူးနှစ်သက်ကြသဖြင့် ပျော်ရွှင်မှုကို ခံစားစေရန် သူတို့မွေးရပ်မြေမှ မိဘများကို ခေါ်ဆောင်ဖို့ရာ မစောင့်နိုင်ကြတော့ပေ။ တစ်ချို့လူတွေကတော့ မကြိုက်လို့ ထွက်ပြေးသွားတတ်ကြသည်။

ဇီဇာကြောင်တဲ့ မိသားစုဝင်အများစုမှာ ငယ်ငယ်ရွယ်ရွယ် စစ်အရာရှိများ၏ အိမ်ထောင်ဘက်များပင်။ သူတို့တွေက ဘယ်တုန်းကမှ အများကြီး မခံစားဖူးခဲ့ကြသဖြင့် တော်တော်များများကိုလည်း လက်မခံနိုင်ခဲ့ကြချေ။

ဤနေရာ၌ သဲမုန်တိုင်းမရှိသော်လည်း မကြာခဏ တိုင်ဖွန်းတိုက်ခတ်လေ့ရှိသည်။ နှစ်စဉ် ဧပြီလမှ အောက်တိုဘာလအထိတွင်သာ။ အထူးသဖြင့် ဤနှစ်နှစ်အတွင်း တိုင်ဖွန်းမုန်တိုင်း မကြာခဏတိုက်ခတ်လေ့ရှိကြောင်း ဒေသခံတွေက ပြောဆိုလာကြ၏။

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးသည်နှင့် သစ်ပင်အများအပြားနှင့် တယ်လီဖုန်းတိုင်လည်း ပြိုလဲပျက်စီးသွားတတ်သည်။ ပြီးခဲ့တဲ့တိုင်ဖွန်းတုန်းကဆို လူသေစေသည်အထိ ပြင်းထန်လေရာ အလွန်အန္တရာယ်များလွန်းလှသည်။

မိသားစုအိမ်တွေရဲ့ အခြေအနေဟာလည်း သိပ်မကောင်းကြပေ။ ထို့ကြောင့် ပထမတော့ လူတော်တော်များများဟာ ရောက်ခါစက သဘောကျကြသော်လည်း နောက်ပိုင်းတွင်မူ မခံနိုင်တော့ဘဲ ထွက်သွားချင်ကြတော့သည်။

ရန်ယွီဖန်းက မျက်နှာပေါ်မှာ ဘာအမူအရာမှမပြထားဘဲ လျှို့ဝှက်စွာ စောင့်ကြည့်ချင်နေခဲ့သည်။ ချင်းရို့ဟာ ဆွဲဆောင်မှုရှိပြီး ကလက်တက်တက်နဲ့ ဇီဇာကြောင်တဲ့သူမျိုးလို့ သူမ ခံစားမိသောကြောင့် သူမဟာ ပြဿနာများစွာကို ဖြစ်စေလိမ့်မည်ပင်။

လုယန်အတွက် နေရာချပေးထားသည့် အိမ်မှာ အဖြူရောင်နံရံနဲ့ အနီရောင်ခေါင်မိုးပါတဲ့ နှစ်ထပ်တိုက်ငယ်လေးဖြစ်၏။ ခြံဝင်းတစ်ခုပါရှိပြီး ဒုတိယထပ်တွင် လှေကားထစ်စိုက်ခင်းတစ်ခုရှိသလို ဘေးတစ်ဖက်တစ်ချက်တွင် အုန်းပင်ကြီး သုံးပင်ရှိလေသည်။ ဗီလာငယ်လေးတစ်ခုလိုမျိုး အလွန်လှပသဖြင့် ချင်းရို့လည်း မြင်မြင်ချင်းပင် သဘောကျမိသွားရလျက်။

လျှပ်စစ်မီးဖွင့်ထားချိန်တွင် မိသားစုအိမ်အားလုံးလည်း ဘုံပိုင်ရေ ရပေမည်။ သို့သော်လည်း ဘုံပိုင်ရေက အိမ်ထဲမှာမရှိဘဲ ခြံဝင်းတိုင်းမှာ ဘုံပိုင်ခေါင်းသေးသေးလေးသာရှိလေ၏။

ရေသွားခပ်ဖို့ အပြင်ထွက်စရာ မလိုတော့၍ ချင်းရို့ အလွန်ကျေနပ်သွားရသည်။ သူမတို့ခြံဝင်းထဲမှာပဲ ရေရနိုင်လို့ တော်ပါသေးရဲ့။

ထိုအချိန်တွင် ရန်ယွီဖန်း မဝံ့မရဲဟန်ဆောင်ကာ မေးလာ၏။

“နင် အိမ်ပြောင်းချင်လား?”

ချင်းရို့ : “ဒီအိမ်က ဘာဖြစ်လို့လဲဟင်?”

“ပြဿနာကြီးကြီးမားမားတော့မရှိပါဘူး၊ အဲ့ဒါက… အိုး.. ငါ အမှန်အတိုင်းပဲ ပြောတော့မယ်ဟယ်၊ တကယ်တော့ ဒီအိမ်ရဲ့ ဖုန်းရွှေသိပ်မကောင်းဘူးလို့ လူတိုင်း ထင်ကြတယ်လေ”

ချင်းရို့: “…” မွန်းစတားတွေနဲ့ နတ်ဆိုးတွေ အားလုံးကို အနိုင်ယူရမယ်။

ရန်ယွီဖန်းလည်း သူမပါးစပ်ကို ဖုံးကွယ်ကာ တိုးတိုးလေးပြောလာခဲ့၏။

“ဟိုလိုဖုန်းရွှေမျိုးတော့ မဟုတ်ပါဘူး တခြားဖုန်းရွှေတစ်မျိုးပဲ၊ ညီမချင်းရေ... နင်သိရဲ့လား... ဒီအိမ်ကို နှစ်နှစ်အတွင်းမှာ လာနေကြတဲ့သူတွေက ၅ခါ ၆ခါလောက် ပြောင်းပြီးသွားပြီနော်”

ချင်းရို့: “ဘာလို့လဲဟင်?”

သူမ ကြက်သီးထလာရသလိုပင်၊ ဘာလို့ ဒီလောက်တောင် မှုန်မှိုင်းသွားရတာလဲ?

“ဒီအိမ်က လှလှပပလေး ဆောက်ထားတော့ နင့်လို မိန်းကလေးတွေက ကြိုက်ကြတာပေါ့၊ ဒါပေမဲ့... ဘာဖြစ်သွားကြလဲတော့ ငါလည်းမသိပါဘူးဟာ ဒီကိုပြောင်းလာပြီးတဲ့နောက်မှာ စုံတွဲတွေက ကွာရှင်းပြတ်စဲဖို့ သိပ်မကြာလိုက်ဘူး၊ စုံတွဲအများကြီးပါပဲဟယ်”

ချင်းရို့: “…”

လတ်စသတ်တော့ ဒီလိုဖုန်းရွှေမျိုးဖြစ်နေခဲ့တာပဲ။

“နင် အိမ်ပြောင်းချင်ရင်တော့ ဟိုဘက်ကို ပြောင်းလို့ရပေမယ့် အဲဒီဘက်မှာက ချိတ်ဆက်ထားတဲ့ ဘုံပိုင်ရေမရှိဘူး၊ မနီးမဝေးမှာတော့ အများသုံး ဘုံပိုင်ရေပိုက်လိုင်းတစ်ခုရှိတယ်”

“အိမ်မှာ ဘုံပိုင်ရေရှိလို့ ကောင်းတယ်လို့ ထင်မနေနဲ့ဦး၊ ရေပိုက်ထဲက ရေကျတာ တော်တော်လေးနည်းလို့ ဖြည်းဖြည်းချင်း စုဖို့လိုတယ်နော်၊ နင်အလျင်လိုရင်တော့ ရေတွင်းမှာ ရေသွားဆွဲလို့ရတယ်၊ တစ်ရက်စာအတွက် ရေက ပုံသေရှိပြီးသား၊ သိပ်တော့မများဘူး စောစောကြိုခပ်ထားဖို့လိုမယ်နော်၊ များသောအားဖြင့် ညဘက်တွေမှာ ရေမရဘူးလေ”

…

“ညီမချင်းရေ နင်အိမ်ပြောင်းမှာလား?”

ချင်းရို့ ခေါင်းခါ၍ “မပြောင်းပါဘူး ဒီမှာပဲနေမယ်”

“ကောင်းသားပဲ”

ရန်ယွီဖန်းသည် ချင်းရို့လိုမျိုး ခေါင်းမာတတ်သည့် လူအများအပြားနဲ့ တွေ့ခဲ့ဖူးသဖြင့် သူမရဲ့ ရွေးချယ်မှုအတွက် မအံ့သြခဲ့ပေ။

အမှန်တကယ်တော့ သူမလည်း တစ်စုံတစ်ခုကို ဖုံးကွယ်ထားပေသည်။ ကျန်းမိသားစုက ဒီအိမ်ဘေးမှာ နေထိုင်တာဖြစ်၏။ ကျန်းမိသားစုရဲ့ ဇနီးက စီချွမ်ပြည်နယ်ကဖြစ်ပြီး သူမဟာ ဟင်းသီးဟင်းရွက်တွေကို အရသာရှိရှိ ချက်ပြုတ်သလို ခြေမြန်လက်မြန်ရှိလေသည်။ သူမရဲ့ယောကျ်ားနှင့် ကလေးတွေကိုလည်း တစ်နေ့တာလုံး ပြုစုစောင့်ရှောက်တတ်သဖြင့် ဤမိသားစုခြံဝင်းကြီးထဲ၌ သူမဟာ စံပြဇနီးကောင်းတစ်ယောက် ဖြစ်နေလျက်။

ဒီလိုဇနီးကောင်းတစ်ယောက်နှင့် လက်ထပ်ထားသည့် ကျန်းချန်ပေကို အမျိုးသားထုကြီးက မနာလိုဖြစ်နေကြသည်။

ဘေးအိမ်မှာ ဒီလိုမျိုး စံပြစုံတွဲရှိနေတဲ့အတွက် ရန်မဖြစ်ဖို့ဆိုတာ ခဲယဥ်းတာပေါ့လေ။

သူတို့ ရန်ဖြစ်ကြသည်နှင့် သူတို့ရဲ့ ဇနီးတွေကို မနှစ်သက်လာသလို ဖြစ်လာကြတော့သည်။

“ကျန်းမိသားစုရဲ့ မိန်းမဆီက မင်း ဘာလို့ မသင်ယူတာတုန်း?”

“သူ့မိန်းမက အိမ်မှာ ဘယ်လိုနေလဲ ကြည့်စမ်းပါ”

“မင်းက ကျန်းမိသားစုရဲ့ မိန်းမနဲ့ ယှဉ်နိုင်လို့လား?”

ရန်ယွီဖန်းက ထိုအကြောင်းအရာများကို တခြားလူတွေဆီ ပြောပြရန် မလွယ်ကူချေ။ သို့သော် ရှောင်ချင်းက ဒီမှာနေတဲ့အခါ နောက်ဆို သိသွားမှာပဲလေ။

- ရှိုးကောင်းကောင်း ကြည့်ရတော့မယ်ဟေ့!

All Chapters