← Chapters

Chapter 35

Vol. 3 Ch. 35

Chapter 35

Vol. 3 Ch. 35

ချင်းရို့မှာ သူမမျက်နှာ ထပ်ပြီးလောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရသည်။ မွှေးပျံ့ပျံ့အုန်းရည်ကို သောက်နေခဲ့တာတောင်မှ ကော့တေးသောက်နေခဲ့ရသလိုမျိုး သူမရဲ့ ပါးပြင်လေးမှာ အနည်းငယ်နီစွေးနေလျက်။

မူလက ပင်လယ်လေညင်းလေးက အေးမြသော်လည်း ယခုအခါ ပူလာသလို ခံစားလိုက်ရသဖြင့် သူမလည်း မသိစိတ်အလျောက် ခေါင်းငုံ့လိုက်ပြီး အုန်းသီးကို ပွေ့ဖက်လျက် ချိုမြမြအုန်းရည်ကို တစ်ငုံထပ်သောက်လိုက်လေသည်။

သူမ ဘာလုပ်လိုက်မိသည်ကို သိရှိသွားပြီးနောက် ချင်းရို့မှာ အံ့အားသင့်မိသွားရလျက်။

ချင်းရို့ဟာ မိန်းကလေးအများအပြားရှိသည့် သာမာန်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့ကာ မိန်းကလေးတစ်ချို့နှင့်လည်း ဆက်ဆံရေးကောင်းမွန်လေ၏။ သူတို့တွေဆို နို့လက်ဖက်ရည်ဝယ်သည့်အခါ အချင်းချင်းရဲ့ နို့လက်ဖက်ရည်ကိုတောင် သောက်ကြသလို နို့လက်ဖက်ရည်ဆိုင်က မိတ်ဆက်ပေးတဲ့ နို့လက်ဖက်ရည်ခွက်ကြီးတစ်ခွက်နှင့် ပိုက်နှစ်ချောင်းပါတာကိုတောင် အတူတူ ဝေမျှသောက်ကြသေးသည်။

ချင်းရို့က ဒီလိုကိစ္စမျိုးနှင့်ပတ်သက်ရင် အလွန်သောကရောက်ရကာ သူမနှလုံးသားမှာလည်း မကျော်လွှားနိုင်ချေ။ သူမက တခြားသူများနှင့် ပိုက်ကို မဝေမျှချင်သလို နို့လက်ဖက်ရည်တစ်ခွက်ကိုလည်း အတူတူမသောက်ချင်ပေ။

သို့ရာတွင် ယခုမူ သူမ လုယန်နှင့်အတူတူ အုန်းရည်သောက်လိုက်သော်လည်း သူမဘယ်လိုမှမခံစားရဘဲ သူ့တံတွေးကို စိတ်ထဲမထားခဲ့ချေ။

နှစ်ငုံထပ်သောက်ကြည့်ပြီးနောက် အရင်ကထက်တောင် ပိုချိုလာပုံရတယ်ရော။

ဒါက ထင်ယောင်ထင်မှားပဲ ဖြစ်ရမယ်။

အုန်းသီးကို နာနာခံခံလေး ပွေ့ဖက်ထားရင်း ဝါးပြွန်ကို ကိုက်ထားဆဲ ချယ်ရီနီရောင်နှုတ်ခမ်းတစ်စုံကို တွေ့လိုက်ရတော့ လုယန်မျက်ဝန်းထဲမှာ ချစ်မြတ်နိုးလှတဲ့ အပြုံးလေးပေါ်လာလေသည်။

"ဇနီးလေးရေ ကိုယ်တို့ ဒီညနေ ဘာစားကြမလဲ?"

— မနက်စာ ဘာစားရမလဲ?

— နေ့လည်စာ ဘာစားကြမလဲ?

— ညစာ ဘာစားကြမလဲ?

လူသားတစ်ယောက်အတွက် ဤသုံးနပ်ဟာ တကယ့်ကို အရေးပါလေသည်။

ခံစားချက်ပြဿနာကို ထိန်းချုပ်နေခဲ့ရသည်မို့ ချင်းရို့မှာ ရုတ်တရက် ထိတ်လန့်သွားရကာ သူခေါ်လိုက်တဲ့ "ဇနီးလေး"ဆိုတဲ့ ဂုဏ်ပုဒ်ကို သတိမထားမိလိုက်ပေ။

သူမ မချက်ချင်ပါဘူးနော်၊ ချက်ပြုတ်ဖို့ မုဒ်မ၀င်ဘူးလို့။

သူမကတော့ ထမင်းဟင်းချက်ပြုတ်ဖို့ဆိုတာ သက်တောင့်သက်သာရှိမှပဲ ချက်ချင်တာ။ အခု သူမ ခရီးဝေးရထားကို အကြာကြီး စီးခဲ့ရပြီး ပင်ပန်းလွန်းနေတာမို့ သူမကိုယ်သူမ ကျွေးမွေးဖို့တောင် Takeawayပဲ မှာစားလိုက်ချင်တယ်။

- ချက်ပြုတ်ဖို့ မသင့်တော်ပါဘူးနော်။

"လုယန်ရေ ပထမဆုံးနေ့မှာ စားသောက်ဆိုင်မှာပဲ သွားစားရအောင်လေ"

ပါဆယ်မှာလို့ မရနိုင်တော့ ကန်တင်းမှာ သွားစားကြတာပေါ့နော်။ တပ်စခန်းမှာ ကန်တင်းရှိမှာပဲလေ။

ချင်းရို့က ရဲတင်းစွာဖြင့် "ရှင် ကျွန်မနဲ့ ကလေးတွေကို ကန်တင်းမှာ စားဖို့ ခေါ်သွားပေးပါလားနော်?"

ဒီခေတ်မှာက Deliveryမရှိသေးဘူး။

ဒါရိုက်တာစွင်းက လက်ဆောင်ပေးထားခဲ့တဲ့ ကြွေပန်းကန်လုံးကြီးမှာ မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ ချုံကျိုးကျွန်းဆီသို့ သူမနှင့်အတူ ပါလာခဲ့ပေသည်။

သူတို့တစ်မိသားစုလုံးအတွက် ဒီကြွေပန်းကန်လုံးကြီးနဲ့ဆို စားလို့ လုံလောက်တယ်ရော။

- ကျေးဇူးတင်ပါတယ် ဒါရိုက်တာစွင်းရေ။

လုယန်ရဲ့ မျက်နှာမှာ မည်းမှောင်သွားပြီး "ဟင့်အင်း၊ ကိုယ် ကန်တင်းမှာ မစားချင်ဘူး"

သူ့မှာ ဇနီးလေးနဲ့ မိသားစုရှိနေပြီလေ၊ ဘာလို့ ကန်တင်းက အစားအသောက်တွေကို စားရမှာလဲလို့ သူ့ဘာသူ တွေးနေမိလျက်။

မဟုတ်ဘူး! တစ်နပ်တောင်မစားဘူး!

ချင်းရို့: "…"

လုယန်သည် ကန်တင်းက အစားအသောက်တွေကို လုံးဝသဘောမကျပေ။

ချင်းရို့ ဟင်းချက်ချင်စိတ်မရှိပေ။ သူမ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေထိုင်ခဲ့ပြီး ဟင်းချက်ကျွမ်းကျင်လာခဲ့သော်လည်း သူမ ပင်ပန်းလွန်းသည့်အခါ တကယ့်ကို မချက်ပြုတ်ချင်တော့ပေ။

သူမက ပျင်းရိတဲ့ ဇနီးမယားတစ်ယောက်ပါပဲနော်။

ဘယ်လိုဖြစ်ဖြစ် သူမ လှဲအိပ်ပစ်ချင်နေသည်သာ။

ချင်းရို့ ခေါင်းငုံ့ကာ မျက်လုံးတွေ စိုလာအောင် ကြိုးစားညှစ်ထုတ်လိုက်ပြီးမှ သူမ၏ စိုစွတ်နေတဲ့ မြေခွေးမျက်လုံးများဖြင့် သူ့အား သနားကမားလေး မော့ကြည့်ကာ

"ကျွန်မ နည်းနည်းပင်ပန်းနေလို့လေ၊ ခဏလောက် အိပ်ချင်လို့နော်"

လုယန်လည်း သူမမျက်လုံးတွေကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားလေး ပျော့ပျောင်းသွားရကာ ညင်သာစွာ ပြောလာခဲ့သည်။

"သွားအိပ်တော့"

ချင်းရို့: "…" အဓိကအချက်ကတော့ ကျွန်မအိပ်နေတဲ့အချိန် ရှင်က ဒီပြဿနာကို ဖြေရှင်းနိုင်မှာလားနော်? ကျွန်မတို့ ဘာစားကြမှာတုန်း?

"ဒါဆို ဘယ်သူချက်ပြုတ်မှာလဲ?"

"ကိုယ်ချက်လိုက်မယ်"

ချင်းရို့ အုန်းသီးကို ကြောင်အအဖြင့် ပွေ့ဖက်ထားလျက်။ အဲ့ဒီလူက တကယ်ပဲ ချက်ပြုတ်ရန် ထွက်သွားသည်ကို သူမမြင်လိုက်ရသဖြင့် ခေါင်းငုံ့ကာ ပိုက်ကိုကိုက်ရင်း သူမခေါင်းရှင်းစေဖို့အတွက် အုန်းရည်နှစ်ငုံ ထပ်သောက်လိုက်ရသည်။

—— အိုး ဘုရားသခင်၊ သူမက ကလေးတွေကိုလည်း စောင့်ရှောက်နိုင်သလို ချက်ပြုတ်တတ်တဲ့ ရုပ်ချောချောခင်ပွန်းတစ်ယောက်ကို တကယ်ပဲ ရှာတွေ့သွားခဲ့တာဟ!

သူမ အလောင်းအစားလုပ်ခဲ့တာ၊ စက်ဘီးက မော်တော်ဆိုင်ကယ် ဖြစ်လာခဲ့တာပဲဟေ့!

(T/N: ချင်းရို့က အိမ်ထောင်ပြုလိုက်တာကိုပြောတာပါနော်၊ လူကောင်းတစ်ယောက်ရလိုက်တာလို့ ပြောချင်တာပါ)

လောလောဆယ်တွင် ချင်းရို့ ပျော်မြူးလွန်းလို့ ကုတင်ပေါ် လူးလိမ့်ချင်မိသွားရလျက်။

ဤခေတ်ကာလရှိ အမျိုးသားများဟာ မီးဖိုချောင်ထဲ မဝင်ဘူးဆိုတာကို သူမ မသိတာမဟုတ်ပေ။ မီးဖိုချောင်ကို ထိန်းသိမ်းဖို့အတွက် အမျိုးသမီးတွေကိုသာ အားထားကြလေသည်။ စစ်တပ်ထဲက အမျိုးသားတွေက ချက်ပြုတ်ရေးအတန်းမှာ လေ့ကျင့်ရေးသာ ရှိခဲ့ကြသည်ပင်။

မူလက လုယန်လို ယောကျ်ားဆန်လွန်းသည့် ယောကျ်ားမျိုးဟာ မီးဖိုချောင်ဝင်လိမ့်မည်မဟုတ်ဘူးလို့ ချင်းရို့ ထင်ခဲ့သည်။ သို့ရာတွင် သူက ပထမရက်မှာတင် ချက်ပြုတ်ပေးဖို့ ပြောလာလိမ့်မယ်လို့ သူမ လုံးဝမျှော်လင့်မထားခဲ့ပေ။ ကန်တင်းက အစားအစာတွေကို မကြိုက်တာကြောင့်လား၊ သူက မာစတာစားဖိုမှူးများလားနော်?

ချင်းရို့ ကောင်းကောင်းအိပ်လိုက်ပြီး ညစာစားဖို့စောင့်နေလိုက်၏။

သို့ရာတွင် - ချင်းရို့ သူမမျက်နှာထက် ပိုကြီးတဲ့ ဘန်းမုန့်ပေါင်းကို တွေ့လိုက်ရတော့မှသာ သူမ အရမ်းအကောင်းမြင်လွန်းသွားတယ်ဆိုတာကို သိလိုက်ရတော့သည်။

ချင်းရို့ သူမလက်ထဲက ဘန်းမုန့်ပေါင်းကြီးကို စိုက်ကြည့်နေမိသည်။ ဒီဘန်းမုန့်ပေါင်းက သူမမျက်နှာထက် ပိုကြီးနေသေးတယ်၊ ပြီးတော့ ဘန်းမုန့်ကို ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် ပုံဖော်ထားပုံရကာ အနီရောင် နည်းနည်းဆိုးထားသလိုပင်။

သူမ ဘယ်ညာကြည့်လိုက်ရာ အခန်းထဲမှာ ဘန်းမုန့်ပေါင်းကြီးတွေ ကိုင်ထားကြတဲ့ လူလေးယောက်ရှိနေပြီး သူမလက်ထဲက ဘန်းမုန့်ကတော့ အကြီးဆုံးပင်။

ကလေးငယ်လေး အသံထွက်လာလျက် "ပန်းပွင့်ပုံမုန့်ပဲ"

ရှမင်ရှီးက ဝမ်းသာအားရဖြင့် အော်ပြောလိုက်ရာ "အိမ်ထောင်ကျတဲ့အခါ ပန်းပွင့်ပုံမုန့်ကို စားဖို့လိုတယ်လို့ အဖွားဝမ်ပြောဖူးတယ်"

ချင်းရို့: "…"

ဒီတော့ ဒါဟာ ဒေသဆိုင်ရာထုံးတမ်းဓလေ့တစ်ခုများလား?

ဒါဆိုရင်တော့ သူမ စမ်းစားကြည့်ရမှာပေါ့လေ။

All Chapters