← Chapters

စွန်းဖေးဖေး၏မျက်ရည်များ

Vol. 28 Ch. 414

စွန်းဖေးဖေး၏မျက်ရည်များ

Vol. 28 Ch. 414

သတ်ဖြတ်လိုစိတ်နှစ်ခုက လှိုင်းထနေသောအချိန်မှာပင် စွန်းဖေးဖေး၏သာယာနာပျော်ဖွယ်ကောင်းသည့် အသံက ထွက်ပေါ်လာ၏။

"လျိုမိသားစုသခင်လေးက ဒီလိုအကြံပြုချက်ကို ပေးခဲ့ပြီး မစ္စတာရွှီကလည်း ကိုယ်တိုင်ပါဝင်လာတာဆိုတော့ ကျွန်မ သဘောတူပါတယ်၊ ဒီနေ့ပွဲက အကြီးအကဲကို ကြိုဆိုတဲ့ပွဲဖြစ်တာကြောင့် ဘယ်သူ့ကိုမှ စိတ်မပျော်မရွှင်ဖြစ်သွားစေလို့ မရဘူးလေ"

စွန်းဖေးဖေး၏စကားများဟာ လျိုဟွားကို မျက်နှာပေးလိုက်သလိုမျိုး ဖြစ်နေသော်လည်း တကယ်တမ်းမှာတော့ လျိုဟွားကို သေလောက်အောင် စော်ကားလိုက်ခြင်းပင်။ သို့သော် စွန်းဖေးဖေး၏အနောက်မှာ ရှိနေသူက အကြီးအကဲဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးသားဖြစ်သည်။

လျိုဟွားမှာ လျိုမိသားစု၏ထောက်ပံ့မှုရှိနေရင်တောင် စွန်းဖေးဖေးကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရသောသူ မဟုတ်ပေ။

ဒီနှစ်တွေအားလုံးမှာ စွန်းဖေးဖေးက စူပါစတားတစ်ဦး ဖြစ်လာခဲ့သော်လည်း ဖျော်ဖြေရေးလောက၌ သူမအကြောင်း ကောလာဟလများက မထွက်ပေါ်ခဲ့ပေ။ ဒါဟာ စွန်းဖေးဖေးထံ၌ ကြီးမားသောနောက်ခံ ရှိ

ကြောင်းကို ပြောရန်အတွက် လုံလောက်ပေ၏။

လျိုဟွား မှားသွားလေပြီ။ ယုန်တွေတောင်မှ ကြောက်လာရင် ကိုက်တတ်ကြသေးသည်။ နောက်ခံရှိသောစွန်းဖေးဖေးအတွက်မူ ပြောနေစရာတောင် မလိုပေ။ 

စွန်းဖေးဖေး၏စကားများကို ကြားသောအခါ လျိုဟွား၏မျက်နှာက မှောင်မိုက်သွားခဲ့၏။ အခြားတစ်ဖက်မှာတော့ ပွဲထဲမှာရှိသည့် ဂုဏ်သရေရှိပုဂ္ဂိုလ်များအားလုံးသည် လက်ခုပ်တီးရန် စတင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ဒီနေ့၏အဓိကဇာတ်ဆောင်က အကြီးအကဲပင်။ လျိုဟွားက ဘယ်လောက်ပင် မာနကြီးနေပါစေ အကြီးအကဲ ရောက်မလာခင်

အချိန်အထိသာ တစ်ခုခုလုပ်နိုင်လိမ့်မည်။

အခု စွန်းဖေးဖေးက အကြီးအကဲနာမည်ကို ထုတ်ပြောလာပြီဖြစ်ရာ ပရိသတ်များသည် ဆုံးဖြတ်ချက်ချရန်မှလွဲ ရွေးချယ်စရာမရှိတော့ပေ။

လျိုဟွားနှင့် အကြီးအကဲတို့ကြားမှာ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများသည် မဆိုင်းမတွပင် အကြီးအကဲဘက်ကနေ ရပ်တည်ရန် ရွေးချယ်ခဲ့၏။ သူတို့က ထိုင်ခုံများပေါ်မှာ ထိုင်၍ စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီးခဲ့ကြသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောလက်ခုပ်သံများကြားထဲမှာ ရွှီဖန်းက ဘာမှမဖြစ်သလိုပုံစံမျိုးဖြင့် အေးဆေးတည်ငြိမ်စွာ စင်ပေါ်သို့ လျှောက်သွားခဲ့၏။ 

လျိုဟွား၏ဘေးနားကို ဖြတ်လျှောက်သွားရသောအခါ ရွှီဖန်းသည် သူ့ခြေလှမ်းများကို အနည်းငယ် ရပ်၍ လျိုဟွားဘက်ကို လှည့်လိုက်သည်။

ရွှီဖန်းက ဘာမှမပြောခဲ့ပေ။ သူ့လက်ကိုသာ ဆန့်ထုတ်ပြီး လည်ပင်းကို လှီးပြခဲ့၏။ ထို့နောက်မှာတော့ သူ ပြန်လှည့်ကာ စွန်းဖေးဖေးဘက်ကို လျှောက်သွားခဲ့သည်။

တစ်ဖက်လူက သူ့ကို လုပ်ပြခဲ့သည့်အတိုင်း ပြန်လုပ်ပြခဲ့ခြင်းပင်။ 

မတိုင်ခင်က ရွှီဖန်းမှ လျိုဟွားကို လွတ်လပ်စွာ သွားလာခွင့်ပေးထားခဲ့ခြင်းမှာ သူ့စိတ်ထဲတွင် လျိုဟွားက သေပြီးသားလူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

လျိုဟွားက ထိုနေရာမှာသာ ရပ်နေပြီး ရွှီဖန်း၏နောက်ကျောကို စိုက်ကြည့်နေခဲ့သည်။

ပုံမှန်ဆိုလျှင် သူ ဘယ်နေရာကိုပဲသွားသွား ဘယ်သူကများ သူ့ကို လေးစားမှုမရှိဘဲ ပြုမူနိုင်မည်နည်း။ ဒီလိုမျိုး အရှက်ရစေသည့်အဖြစ်မျိုးကို လျိုဟွားအနေဖြင့် ဘယ်တုန်းကများ ခံစားခဲ့ရဖူးသနည်း။

လျိုဟွားက ထိုင်ခုံပေါ်မှာပြန်ထိုင်ရင်း ဆိုးဝါးသောအပြုံးကို ပြုံးလိုက်မိ၏။ သူ့မျက်နှာအမူအရာကတော့ တည်ငြိမ်နေကာ ရွှီဖန်းအား စူးရှမှုန်မှိုင်းနေသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။ 

စင်ပေါ်မှာတော့ စွန်းဖေးဖေးသည် ဖြည်းဖြည်းချင်း လျှောက်လာနေသော ရွှီဖန်းကို ကြည့်၍ သူမ၏စိတ်ထဲ၌ အနည်းငယ် ထိရှနေခဲ့၏။

စွန်းဖေးဖေး၏အမြင်မှာ လျိုဟွား၏ရန်သူအဖြစ် ရွှီဖန်း၏ရပ်တည်မှုက ဉာဏ်ပညာရှိသောလုပ်ရပ်တော့ မဟုတ်ပေ။

အကြီးအကဲ၏ချီးကျူးဂုဏ်ပြုမှုများ ရှိနေလျှင်တောင် ရွှီဖန်းက လျိုမိသားစုဟုခေါ်သော ဤဧရာမတောင်ကြီးကို အပြတ်အသတ် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

သို့သော်ငြား ရွှီဖန်းက သူမအတွက် ထိုအရာအားလုံးကို လုပ်နေသည်ဟု တွေးလိုက်မိသောအခါ စွန်းဖေးဖေးတစ်ယောက် မတူညီသည့်ခံစားချက်ကို ခံစားလိုက်ရသည်။

သူမအတွက် အသက်ကိုစွန့်စားရန် အန္တရာယ်ကို မကြောက်သောအမျိုးသားတစ်ယောက်က ဒေါသဖြင့်နစ်မြုပ်နေလျှင်တောင် ဘေးအန္တရာယ်များကို ကာကွယ်ပေးရန် အသင့်ရှိနေလိမ့်မည်။ စွန်းဖေးဖေးသည် ရွှီဖန်းအပေါ်၌ ကောင်းမွန်သောအမြင် မရှိသေးသော်လည်း သူမ၏နှလုံးသားကတော့ တစ်ချက်ခုန်သွားခဲ့၏။

ထိုအရာသည် စွန်းဖေးဖေးက လျိုဟွားကို ရန်စမိနိုင်လျှင်တောင် ရွှီဖန်းကို ရွေးချယ်ရသောအကြောင်းပြချက် ဖြစ်သည်။ 

မီးရောင်များက ပြန်ပြီးမှိန်သွားကာ သာယာသောသံစဉ်များ ထပ်မံထွက်ပေါ်လာ၏။ စွန်းဖေးဖေးသည် ပင်လယ်လို နက်ရှိုင်းနေသော ရွှီဖန်း၏မျက်လုံးများကို ကြည့်ကာ လေးနက်သောခံစားချက်များဖြင့် သီဆိုလိုက်သည်။

"ကြော့ရှင်းသောမိုး" သီချင်းသည် စွန်းဖေးဖေး၏လက်ရာမြောက်လှသော သီချင်းတစ်ပုဒ် ဖြစ်၏။ ထိုသီချင်းနှင့်ပင် စွန်းဖေးဖေး၏ဂုဏ်သတင်းက မြစ်၏တောင်နှင့်မြောက်ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သီချင်း၏သံစဉ်ကို ကြားသောအခါ လူအများအပြားသည့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ကြပေ။ လှပပြီး ကဗျာဆန်သော စာသားများနှင့် ပေါင်းစပ်လိုက်

သောအခါ လူအများစုသည် ထိုသီချင်းကို ကြားပြီးနောက် စွန်းဖေးဖေး၏ပရိတ်သတ်များ ဖြစ်သွားကြ၏။

ထိုသီချင်းနှင့် ပတ်သက်၍ ရွှီဖန်းကတော့ လမ်းပေါ်မှ ဖုန်းမြည်သံများကနေ စာသားအနည်းငယ်သာ ကြားဖူးခဲ့ပြီး ထိုသီချင်းတစ်ပုဒ်လုံးကို နားထောင်ရန် သူ့မှာ အချိန်မရှိခဲ့ပေ။

သို့သော် မြားက လေးပေါ်မှာရှိနေပြီဖြစ်သောကြောင့် လွှတ်ပေးရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ပေ။ ရွှီဖန်းသည် စွန်းဖေးဖေးနှင့်အတူ အသာအယာပင် သီဆိုလိုက်သည်။

သီချင်း၏ကြာချိန်က မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။ စွန်းဖေးဖေးက ရွှီဖန်း၏မျက်လုံးများကို ကြည့်ပြီး နောက်ဆုံးစာသားကို သီဆိုပြီးနောက် သူမက ကြောင်ငေးနေခဲ့၏။

နွေးထွေးသောလက်ခုပ်သံများ ထွက်ပေါ်လာမှသာ သီချင်း၏အနုပညာခံစားမှုရသထဲမှာ နှစ်မြှုပ်နေသော စွန်းဖေးဖေးလည်း သတိပြန်ဝင်လာသည်။

စွန်းဖေးဖေးသည် ခါးညွှတ်၍ ကျေးဇူးတင်လိုက်၏။ကောင်းကင်ကို တုန်လှုပ်စေသော အားပေးသံများကြားထဲကနေ သူမ ရွှီဖန်းကို စင်နောက်သို့ ခေါ်သွားခဲ့၏။ 

အကြောင်းတစ်ခုခုကြောင့် လက်ရှိအချိန်မှာတော့ စွန်းဖေးဖေးသည် ရွှီဖန်းကို လုံးဝမသေစေချင်တော့ပေ။

စင်အနောက်ကို ရောက်သောအခါ စွန်းဖေးဖေးသည် မေးခွန်းလာမေးသည့် ဝန်ထမ်းများအား ပြန်လွှတ်လိုက်သည်။ သူမ ရွှီဖန်း၏တည်ငြိမ်နေသောမျက်လုံးများကို ကြည့်ကာ ညင်သာစွာ မေးလိုက်၏။

"ရွှီဖန်း ကျွန်မကို ကတိတစ်ခု ပေးနိုင်မလား"

ရွှီဖန်းက ဒီနေရာကို ဘာအကြောင်းမှမသိရဘဲ ဆွဲခေါ်ခံခဲ့ရခြင်းပင်။ စွန်းဖေးဖေးက လျိုဟွား၏အရှိန်အဝါကို ကြောက်ရွံ့ပြီး သူ့ကို ထိုအကြောင်းပြောချင်နေတာဟု ထင်ခဲ့သည်။

စွန်းဖေးဖေး၏မေးခွန်းကို ကြားသောအခါ ရွှီဖန်း အနည်းငယ် ခေါင်းညိတ်၍ ပြောလိုက်၏။

"ပြောချင်တာသာ ပြောပါ၊ ကျွန်တော်ရွှီဖန်း လုပ်နိုင်တဲ့အရာဖြစ်သရွေ့ ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူး"

စွန်းဖေးဖေး၏မကြာသေးခင်က ပြုလုပ်ခဲ့သည့် လုပ်ရပ်များအပေါ်၌ ရွှီဖန်းသည် အနည်းငယ် စိတ်ရှုပ်ခဲ့ရသော်လည်း သူ့နှလုံးသားထဲမှာတော့ အနည်းငယ် ထိရှခဲ့သည်။ သူနှင့် လုံးဝစိမ်းသက်နေသောလူတစ်ယောက်က လျိုမိသားစုကို သတိထားရန်အတွက် သုံးကြိမ်တိုင်တိုင် သတိပေးခဲ့ပြီး သူနှင့် အတူတူ သီချင်းဆိုပြီး လျိုမိသားစုထံမှ အန္တရာယ်များကို လက်ခံရန်ပင် ဆန္ဒရှိနေခဲ့၏။

ဒီလောက်အထိ လုပ်နိုင်သော အမျိုးသမီးတစ်ဦးအတွက် တုံ့ပြန်သည့်အနေနဲ့ တစ်ခုခုပြန်လုပ်ပေးရမှာကို သူ စိတ်ထဲမထားပေ။ ဤအရာက အချစ်နှင့်

ပတ်သက်တာ မဟုတ်ပါပေ။ ကောင်းမွန်သောရည်ရွယ်ချက်အတွက် အသိအမှတ်ပြုခြင်းနှင့် အပြန်အလှန်တုံ့ပြန်ခြင်းသာ ဖြစ်သည်။

သို့သော် စွန်းဖေးဖေးအတွက်တော့ ရွှီဖန်း၏စကားလုံးများသည် လုံးဝကွဲပြားသောအဓိပ္ပါယ် ရှိနေခဲ့၏။ သူလုပ်နိုင်သရွေ့ ဘယ်တော့မှ ငြင်းမည်မဟုတ်။

ခုနတုန်းက ရွှီဖန်းသည် လျိုမိသားစုကို ရန်စမိပြီး လျိုဟွားဆီ သူ့ကိုယ်သူ ထုတ်ဖော်မိသွားမည်ဆိုတာကို သိလျက်နှင့် ဘာတုံ့ပြန်မှုမှ မရှိဘဲ ရှေ့ထွက်လာခဲ့သည်။ 

စွန်းဖေးဖေး၏တည်ငြိမ်သော နှလုံးသားက ရုတ်တရက် တုန်ယင်လာခဲ့၏။

စွန်းဖေးဖေးသည် အသက်ဝဝရှုသွင်းလျက် သူမကိုယ်သူမ ပြန်ထိန်းချုပ်လိုက်ကာ ရွှီဖန်းကို ပြောလိုက်သည်။ 

"ရွှီဖန်း ကျွန်မ ဒီလိုပြောလိုက်ရင် ရှင် နာကျင်ကောင်း နာကျင်သွားလိမ့်မယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ အမှန်တရားကတော့ ဒီလိုပါပဲ၊ ရှင့်ရဲ့ဂုဏ်ပုဒ်နဲ့ လျိုမိသားစုဂုဏ်သတင်းကြားက ကွာဟချက်က အရမ်းကြီးတယ်၊ အကြီးအကဲရဲ့ချီးကျူးဂုဏ်ပြုမှုတွေ ရှိနေရင်တောင်မှ ရှင် လျိုမိသားစုကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး"

ရွှီဖန်းမှာ ခဏတာမျှ အံ့အားသင့်သွားခဲ့ရ၏။ ဒီလိုအချိန်မျိုးမှာတောင် စွန်းဖေးဖေးက သူ့ကို အခုလိုမျိုး စိုးရိမ်ပူပန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ကြောင့် ရွှီဖန်း၏မျက်နှာအမူအရာက နွေးထွေးသွားပြီး စွန်းဖေးဖေးအပေါ်ရှိ သူ့အကြည့်က ပိုပြီး နူးညံ့လာခဲ့သည်။

"အရမ်းကြီး စိုးရိမ်ပူပန်စရာ မရှိပါဘူး၊ ဒါပေမဲ့ လျိုမိသားစုက လက်တောက်လိုက်ရုံနဲ့ ကျွန်တော့်ကို ဖျက်ဆီးပစ်နိုင်တယ်လို့ မင်း နောက်ဆုံးတစ်ကြိမ်မှာ ပြောခဲ့တယ်၊ ဒီတစ်ကြိမ်မှာတော့..."

ရွှီဖန်း၏စကားများ မဆုံးခင်မှာပင် စွန်းဖေးဖေးက ကြားဖြတ်ပြောလာ၏။ ထိုအချိန် စွန်းဖေးဖေးမှာ မျက်ရည်များကျနေပြီး ရွှီဖန်းကို ဒေါသတကြီးပြောလာသည်။

"ဘာလို့ ဒီလိုအချိန်မျိုးမှာတောင် ကျွန်မအကြောင်း တွေးနေသေးတာလဲ၊ ရှင် ဘာလို့ ဒီလောက်တောင် ရူးမိုက်နေရတာလဲ"

ရွှီဖန်း ဘယ်လောက်ပင် ဉာဏ်နည်းနေပါစေ နောက်ဆုံးမှာတော့ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရ၏။ မျက်ရည်များစိုစွတ်နေသော စွန်းဖေးဖေး၏မျက်နှာကို ကြည့်ရင်း ရွှီဖန်းမှာ ပထမဆုံးအကြိမ်အဖြစ် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ စွန်းဖေးဖေးက စူပါစတားတစ်ဦးပင်။ အနည်းငယ်မျှ စိတ်လှုပ်ရှားသွားပြီးနောက်မှာတော့ သူမက မျက်ရည်များကို သုတ်ကာ ပြန်တည်ငြိမ်သွားခဲ့၏။

ထိုအခိုက် အလွန်ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ သူတို့ စင်အနောက်မှာ ရှိနေလျှင်တောင်  ရှင်းရှင်းလင်းလင်း ကြားနိုင်နေကြတုန်းပင်။

ထိုအခြေအနေအတွက် အကြောင်းပြချက်တစ်ခုသာ ရှိသည်။ အကြီးအကဲ ရောက်ရှိလာခြင်းပင်။ 

"သွားကြစို့ ပြန်သွားဖို့အချိန်တန်ပြီ"

စွန်းဖေးဖေးက စကားဆုံးသည်နှင့် တစ်ဖက်ကိုလှည့်ကာ ပွဲကျင်းပရာနေရာဘက်သို့ လျှောက်သွားခဲ့၏။

************************

All Chapters