ဝိုင်တစ်ခွက်က အာဃာတတွေကို ချေဖျက်ပေးတယ်
Vol. 28 Ch. 417
ထိုအသံက စိတ်ရင်းမှန်မမှန်ကို သူတို့ မသိနိုင်
သော်လည်း ဘာအမှားအယွင်းမှတော့ မရှာတွေ့ခဲ့ပေ။
ရွှီဖန်းက လာနေသူကို လှည့်ကြည့်လိုက်၏။ သူကတော့ လျိုမိသားစု၏သခင်လေး လျိုဟွားပင်။
လျိုဟွားပေါ်လာပြီးနောက် လူအုပ်ကြီးက စကားပြောနေတာကို ရပ်သွားကြပြီး လျိုဟွားနှင့် ဝမ်ကောချန်တို့ဘက်ကို လှည့်ကြည့်လာကြသည်။
တစ်ဖက်မှာက လျိုမိသားစု၏သခင်လေးတစ်ဦး ဖြစ်ပြီး လုံးဝကို ရင်သပ်ရှုမောဖွယ်ရာပင်။ နောက်တစ်ဖက်မှာတော့ အကြီးအကဲဝမ် ဖြစ်ကာ သူ့မှာ အလွန်မြင့်မားသော ရာထူးနေရာ ရှိ၏။ ဒီနှစ်ဦး၏တွေ့ဆုံခြင်းက သဘာဝကျစွာပင် အာရုံစိုက်မှုများ၏ဗဟို ဖြစ်လာခဲ့သည်။
လျိုဟွားက သူ့ကိုယ်ဟန်အနေအထားကို နိမ့်ချ၍ ဝိုင်တစ်ခွက်ကို ကိုင်ထား၏။ သူ့ခါးကိုမူ အလွန်နိမ့်အောင် ကိုင်းထားလေသည်။ သူ့မျက်နှာပေါ်ရှိအပြုံးကတော့ အလယ်အလတ်အနေအထားမှာပင်။
ဝမ်ကောချန်က မပျော်ရွှင်ရင်တောင်မှ ဒီလိုအမူအရာမျိုးနှင့် ပေးလာသော ဝိုင်ခွက်ကို သောက်ရမည်ပင်။ အကြောင်းမှာ လက်ရှိ လျိုဟွားက လျိုမိသားစုတစ်ခုလုံးကို ကိုယ်စားပြုနေသောကြောင့်ပင်။
ထို့အပြင် ပြုံးနေသူကို မရိုက်ရ ဟူသော စကားက ရှိသေး၏။
ဝမ်ကောချန်သည် လျိုဟွားဘက်ကို ခေါင်းညိတ်ပြ၍ ပုံမှန်အသံဖြင့် ပြန်ဖြေလိုက်သည်။
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တစ်ကယ်တော့ လျိုမိသားစု၏ခေါင်းဆောင်ရှိနေလျှင်တောင်မှ ဝမ်ကောချန်သည် သူ မပျော်ရွှင်ပါက ဘယ်သူ့ကိုမှ မျက်နှာသာမပေးချင်ပေ။
သူ၏ကိုယ်ပိုင်အထောက်အထား၊ အရည်အချင်းနှင့် တခြားအရာများအားလုံးက သူ့ဆီမှာရှိနေသောကြောင့် ဝမ်ကောချန်က ဘယ်လောက်ပင် လွန်လွန်ကျူးကျူးလုပ်နေပါစေ ထိုအရာက သဘာဝကျသောကိစ္စတစ်ခုပင်။
လျိုဟွားက သူ့ခွက်ထဲက ဝိုင်ကို တစ်ကျိုက်တည်း အကုန်သောက်ချလိုက်ပြီး ထို့နောက်မှာတော့ကိုင်းညွတ်ကာ သူလုပ်နိုင်သည့်အထဲ အကောင်းဆုံးကို လုပ်ပြခဲ့၏။
ဝမ်ကောချန်က သူ့လက်ထဲက ဝိုင်ခွက်ကို မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းနှင့် အနည်းငယ် ထိလိုက်သည်။ ထို့နောက်မှာ သူက ဝိုင်ခွက်ကို ပြန်ချလိုက်လေ၏။
သိသာစွာပင် ဝမ်ကောချန်သည် ဤလျိုမိသားစုသခင်လေးအား မကြိုက်ပေ။
ထို့အပြင် ဤခန့်ညားသော လျိုမိသားစုသခင်လေးက ဒီတစ်ခေါက်ရောက်လာသည်မှာ ဝမ်ကောချန်ကို ကျေနပ်အောင်လုပ်ရန် မဟုတ်ပေ။
လျိုမိသားစု၏အင်အားက ကြီးမားသည်။
ဘယ်လောက်တောင် ကြီးမားသနည်း။ သူက ဝမ်ကောချန်၏အထင်ကြီးမှုကို မရထားရင်တောင်မှ သို့မဟုတ် ဘယ်သူ့မျက်နှာသာပေးခြင်းကိုမှ ရယူရန် မလိုအပ်လောက်အောင် ကြီးမားပေ၏။
လျိုမိသားစု၏အင်အားနှင့်ဩဇာအာဏာက လျိုဟွား၏ယုံကြည်မှုပင်။
တစ်ဖန် ခါးကိုင်းပြီးနောက် လျိုဟွားသည် ဝမ်ကောချန်ကို ယဉ်ကျေးစွာဖြင့် မေးလာသည်။
"အဘိုးဝမ် ကျွန်တော်နဲ့ မစ္စတာရွှီက မိတ်ဆွေဟောင်းတွေလို့ သတ်မှတ်လို့ရပါတယ်၊ ကျွန်တော် မစ္စတာရွှီကိုရော ဝိုင်တစ်ခွက် ပေးခွင့်ရှိမလား"
လျိုဟွားက လျိုမိသားစုပင်။ လျိုဟွားမှ ရွှီဖန်းကို ဝိုင်ပေးသောအခါ ထိုအရာသည် လျိုမိသားစုမှ ရွှီဖန်းအား ဝိုင်ပေးခြင်းပင်။
ဝမ်ကောချန်က အနည်းငယ် ခေါင်းညိတ်၍ ပြောလိုက်၏။
"မင်းတို့က မိတ်ဆွေဟောင်းတွေဖြစ်တဲ့အတွက် ဝိုင်ပေးတာက သဘာဝကျပါတယ်"
သူ စကားပြောနေချိန်မှာပင် လျိုဟွားက တစ်ဖက်ကိုလှည့်ပြီး ရွှီဖန်းဆီသို့ လျှောက်သွားနေလေပြီ။ မြွေတစ်ကောင်လို အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေပြီး သူ့အပြုအမူနှင့် ကိုယ်ဟန်အမူအရာကမူ အန္တရာယ်ကင်းသော စာပေပညာရှင်တစ်ယောက်ကဲ့သို့ ယဉ်ကျေးနေသည်။
"မစ္စတာရွှီ ကျွန်တော်တို့တွေ ဒီတိုက်ပွဲတစ်ခု စလာကတည်းက တစ်ဦးနဲ့တစ်ဦး သိခဲ့ကြတယ်၊ မစ္စတာရွှီနဲ့ ကျွန်တော်က အရင်တုန်းက အပြန်အလှန်ဆက်သွယ်မှု နည်းနည်းရှိခဲ့ဖူးပြီး အငြင်းပွားမှုတချို့လည်း ရှိခဲ့တယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဦး မစ္စတာရှု"
လျိုဟွားက ထိုသို့ပြောလိုက်သော်လည်း သူ့ကိုယ်ဟန်အနေအထားက သတိမမူမိစွာပင် ပို၍မြင့်မားသွားခဲ့၏။ သူ့ကို ခါးကိုင်းစေနိုင်သည့် တစ်ဦးတည်းသောသူက ဝမ်ကောချန်ပင် ဖြစ်သည်။
ရွှီဖန်းကလည်း သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်၏။
"လျိုမိသားစုသခင်လေးကသာ အဲ့ဒီကိစ္စကို ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်ကလည်း သဘာဝကျစွာနဲ့ ဂရုစိုက်မှာ မဟုတ်ပါဘူး"
လျိုဟွား၏ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ့နောက်ကျောဘက်ကို ဝှေ့ယမ်းပြလိုက်တော့ တစ်ယောက်က လျိုဟွားကို ဝိုင်လောင်းထည့်ပေးလာ၏။
"ဒါဆိုရင် ကျွန်တော်တို့တွေ ဒီရန်ငြိုးကို ဖျက်ဆီးပြီး ဝိုင်တစ်ခွက်တည်းနဲ့ ပြီးဆုံးစေကြတာပေါ့"
လျိုဟွားသည် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်း၍ ဝိုင်ခွက်ကို ရွှီဖန်းအား ကမ်းပေးလိုက်သည်။ ရွှီဖန်းက မထဘဲ ဝိုင်ခွက်ကို ယူလိုက်ကာ လျိုဟွားမှ သူ့ကို ကမ်းပေးနေသည့် ဝိုင်ခွက်ဖြင့် ခပ်ပေါ့ပေါ့တိုက်လိုက်၏။
ခွက်ထဲရှိ ဝိုင်က ညင်သာစွာ လှုပ်ခါသွားသည်။ သူတို့နှစ်ဦးစလုံး၏မျက်နှာပေါ်မှာ အပြုံးများရှိနေသော်လည်း သူတို့၏မျက်လုံးများကတော့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေခဲ့၏။
ရွှီဖန်းအပေါ် လျိုဟွား၏သဘောထားက ဝမ်ကောချန်လောက် မကောင်းသော်လည်း ရွှီဖန်းကို မျက်နှာသာပေးခဲ့ပြီး သူက ခါးတောင် အနည်းငယ်ကိုင်းခဲ့သည်။
ထိုအရာက သေချာပေါက်ပင် ဝမ်ကောချန် ရှိနေသောကြောင့် ဖြစ်၏။ လျိုမိသားစု၏နောက်မျိုးဆက်ဆက်ခံသူတစ်ဦးအနေဖြင့် လျိုဟွားသည် အလွန်ဖြတ်ထိုးဉာဏ်ကောင်းပြီး ဝမ်ကောချန်မှ ညီလေးရွှီဟု ခေါ်ခဲ့သောအချိန်မှာပင် ဝမ်ကောချန်၏ရောက်ရှိလာမှုက ရွှီဖန်းတစ်ဦးတည်းအတွက်သာ ဖြစ်နိုင်သည်ဆိုတာကို သူ နားလည်ခဲ့သည်။
အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည့်အတွက် လျိုဟွားမှာ ရွှီဖန်းကို သတ်ရန်အတွက် တခြားနည်းလမ်းတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။
သူတို့နှစ်ဦးစလုံးက သူတို့၏ဝိုင်ခွက်များကို မြှောက်
လိုက်ပြီး ဝိုင်များကို တစ်ကျိုက်တည်း သောက်ခဲ့ကြသည်။ ခန်းမထဲမှာရှိသောလူတိုင်းက ဆူညံသွားကြ၏။
သူတို့က ရွှီဖန်းနှင့် လျိုဟွားတို့၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေတာကို မမြင်နိုင်ခဲ့ကြပေ။ ထို့ကြောင့် လူတိုင်းက စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချနေကြသည်။
ဒီရွှီဖန်း၏ဘဝက တကယ်ကို ကောင်း၏။
ပထမဆုံးအနေဖြင့် နာမည်ကြီး စွန်းဖေးဖေးထံမှ ကောင်းမွန်တဲ့အမြင်ကို ရရှိထားခဲ့ပြီး စင်ပေါ်မှာအတူတူသီချင်းဆိုရန် ဖိတ်ကြားခံခဲ့ရသည်။ ထို့နောက်မှာတော့ အကြီးအကဲက သူ့ကို အသိအမှတ်ပြုခဲ့ပြီး ညီလေးရွှီဟုတောင် ခေါ်ခဲ့၏။ သူတို့က အတူတူပင်ထိုင်ခဲ့ကြပြီး အခုတော့ သူက လျိုဟွားနှင့်လည်း ပျော်ရွှင်စွာ စကားပြောနေလေသည်။
သာမန်လူများက လျိုမိသားစုကို ရန်စပြီးနောက်မှာ ထွက်ပြေးကြမှာပင်။ သေချာတာကတော့ သူတို့ ပြေးခဲ့ရင်တောင်မှ လျိုမိသားစု၏လက်ကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
မတိုင်ခင်က ရွှီဖန်းသည် လျိုဟွားကို ရန်စခဲ့သော်လည်း အခုတော့ အပြုံးတစ်ခုဖြင့် သူတို့၏ရန်ငြိုးကို ဖယ်ရှားလိုက်ကြမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ့ကံက တကယ်ကို ကောင်းကင်ဘုံအား ဆန့်ကျင်နေတာပင်။
သို့သော် ထိုကိစ္စက သူတို့ ထင်ထားသလောက် ရိုးရှင်းနိုင်မည်လား။
လျိုဟွားက ပြုံးလျက်ပင် အကြံပြုလာ၏။
"မစ္စတာရှု ဝိုင်တစ်ခွက်က အရမ်းကို အကျင့်တန်လွန်းတယ်၊ မစ္စတာရွှီက ဝိုင်တွေရဲ့လူစွမ်းကောင်းတစ်ယောက်လို့ ကျွန်တော် ကြားဖူးခဲ့တာ ကြာပါပြီ၊ မစ္စတာရွှီက ဝိုင်နည်းနည်းလေးနဲ့ ကျေနပ်သွားမယ်ဆိုရင် မစ္စတာရွှီက ကျွန်တော် လျိုဟွားအပေါ်မှာ ရန်ငြိုးရှိနေသေးမှာကို ကျွန်တော် စိုးရိမ်မိပါတယ်၊ ဒါကြောင့် နောက်ထပ်ခွက်အနည်းငယ်လောက် သောက်ကြတာပေါ့ ဘယ်လိုလဲ"
လျိုဟွားက စကားပြောနေရင်း သူ့ခေါင်းကို ဝမ်ကောချန်ဘက်သို့ လှည့်လိုက်သည်။
ဝမ်ကောချန်က လျိုဟွား၏ရည်ရွယ်ချက်ကို ဘယ်လိုလုပ် မမြင်ဘဲ ရှိမည်နည်း။ သူ အေးစက်စွာ ပြုံးလိုက်ပြီး တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်ပင် ရှိနေခဲ့၏။ ဝမ်ကောချန်က ရွှီဖန်းအပေါ်၌ ယုံကြည်မှုအပြည့်ရှိနေလေသည်။
အခြားတစ်ဖက်မှာတော့ ထိုင်ခုံပေါ်မှာထိုင်နေကြသည့် ဝူထျန်းနှင့် တခြားသူများ၏ မျက်နှာများကတော့ ပြောင်းလဲသွားခဲ့၏။ လျိုဟွားက အပေါ်ယံမှာတော့ အကြီးအကဲကို လေးစားသည့်ပုံစံမျိုး ပြသနေခဲ့သော်လည်း သူက ဝိုင်နှစ်ခွက်သောက်ပြီးပြီးချင်းမှာ ရွှီဖန်းအပေါ် အတင်းအကြပ် စတင်လုပ်ဆောင်နေခဲ့သည်။
တစ်ဖက်မှာ ရွှီဖန်းက ရယ်မောလာပြီး ပြော၏။
"ကျွန်တော်ကလည်း လျိုမိသားစုသခင်လေးက ဝိုင်တွေနဲ့ပတ်သက်ရင် အင်မော်တယ်လိုပဲလို့ ကြားဖူးပါတယ်၊ သခင်လေးလျိုနဲ့ သောက်ရတာက တစ်ကယ်ကို ကောင်းမွန်တဲ့ကိစ္စတစ်ခုပါပဲ"
လျိုဟွားက ပြုံးလိုက်ပြီး ချိတ်တစ်ချောင်းကို ဟပ်မိသော ငါးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ရွှီဖန်းကို ကြည့်လာသည်။
"မစ္စတာရွှီ သိပ်ကောင်းတယ်! ဘာလို့ ကျွန်တော်တို့တွေ မယှဉ်ပြိုင်ဘဲ နေကြမှာလဲ၊ အနိုင်ရတဲ့သူက ရှုံးတဲ့သူကို အခြေအနေတစ်ခုခု လုပ်ခိုင်းနိုင်တယ်"
ဒါက ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင်။ စကားလုံးအနည်းငယ်နှင့်ပင် ရွှီဖန်း၏ထွက်ပြေးရာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်၏။ အရာအားလုံးက လျိုဟွား၏ထိန်းချုပ်မှုအောက်မှာ ရှိနေလေသည်။
ရွှီဖန်း ခေါင်းညိတ်လိုက်တာကို မြင်သောအခါ လျိုဟွားက ပြန်ပြုံးလာပြီး မေး၏။
"ဝိုင်တစ်ခွက်က ကောင်းမွန်ပေမယ့် ကျွန်တော်တို့ရဲ့ ဂုဏ်ပုဒ်နဲ့ မကိုက်ညီနေဘူး၊ ကျွန်တော်တို့တွေ ဒါကို ပန်းကန်လုံးတစ်လုံးနဲ့ ပြောင်းလိုက်ရင် ဘယ်လိုလဲ"
သို့သော် ရွှီဖန်းက ခေါင်းခါလိုက်သည်။
"ပန်းကန်လုံးက သိပ်အဆင်မပြေဘူး၊ ပုလင်းနဲ့ သောက်ကြရင်ရော ဘယ်လိုလဲ၊ တစ်ယောက်တစ်ပုလင်းနဲ့ ဘယ်သူ အရင်ပစ်လဲမလဲဆိုတာ ကြည့်ကြတာပေါ့"
ဖြောင်း! ဖြောင်း! ဖြောင်း!
လျိုဟွားက လက်ခုပ်တီး၍ ရယ်မောလိုက်လေ၏။
"မစ္စတာရွှီက အရမ်းတော်ပါပေတယ်၊ မစ္စတာရွှီပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါမယ်၊ ဝိုင်ပုလင်းတွေ ယူလာခဲ့!"
သူ စကားပြောလို့ မပြီးခင်မှာပင် သူ့အနောက်က လူတစ်ယောက်က အရက်သေစာများပါဝင်သည့် သေတ္တာနှစ်လုံးကို သယ်လာခဲ့သည်။ သူက သေတ္တာကို ဖွင့်ပြီး စားပွဲပေါ်မှာ ပုလင်းများကို တစ်လုံးပြီးတစ်လုံး ချခဲ့လေ၏။ စုစုပေါင်း ၁၂ လုံးရှိသည်။
စားပွဲပေါ်မှာရှိသော အရက်ပြင်း ၁၂ လုံးကို ကြည့်၍ လူတိုင်း၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။
၆၀ရာခိုင်နှုန်းကျော်တောင်ရှိသည့် အရက်ပုလင်းအား ဘယ်သူက မော့ရဲမည်နည်း။ သူတို့အား သတ်လိုက်သလိုပင် ဖြစ်သွားလိမ့်မည်။
သို့သော် လျိုဟွားကတော့ ဝိုင်ကို ထုတ်ကာ ရွှီဖန်းနှင့် လောင်းကြေးထပ်ရန် သတ္တိရှိနေပုံရသည်။ ထိုကိစ္စက လျှို့ဝှက်ချက်များဖြင့် ပြည့်နေပုံပင်။
ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများသည် သူတို့နှစ်ယောက်စလုံး ဝိုင်သောက်ကြပြီးနောက် ပုလင်းပေါင်းများစွာကိုပါ ထုတ်လာသည်ကို တွေ့လိုက်ရသောအခါ ဘာဖြစ်နေသလဲဆိုတာကို ချက်ချင်းပင် နားလည်သွားကြ၏။ သူတို့က ရွှီဖန်းအား သနားနေသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြသည်။
လွန်ခဲ့သောခဏကပင် သူတို့က ရွှီဖန်း ဘယ်လောက်ထိ ကံကောင်းကြောင်းကို ညည်းညူကာ သက်ပြင်းချနေခဲ့ကြသော်ငြား မျက်စိတစ်မှိတ်စာအတွင်းမှာပင် သူတို့နှစ်ယောက်က ထပ်ပြီးတိုက်ခိုက်နေကြပြန်၏။
လျိုမိသားစုနှင့် တိုက်ပွဲမှာ အကြီးအကဲက သူ့ကို အသိအမှတ်ပြုထားလျှင်တောင် သူက အင်အားနည်းနေဦးမှာပင်။
ရွှီဖန်းကတော့ တည်ငြိမ်နေသည့်ပုံစံအတိုင်းသာ ရှိနေဆဲပင်။
**********************