ရှင် ကျွန်မကိုချစ်လား မချစ်ဘူးလား
Vol. 28 Ch. 419
ဂလု! ဂလု! ဂလု!
ဝိုင်တစ်ပုလင်းသောက်ပြီးသွားသောအခါ လျိုဟွား၏မျက်နှာက စပြီး နီရဲလာသည်။
ဝိုင်နှစ်ပုလင်းပြီးသည့်အခါ လျိုဟွား၏မျက်နှာက မျောက်ဖင်လို နီရဲနေလေပြီ။ ဆေးမရှိတော့သလောက် ဖြစ်လာ၏။
လျိုဟွားက ဝိုင်၆ ပုလင်းလုံးကို သောက်ရန် လုံးဝရည်ရွယ်ခဲ့သည် မဟုတ်ပေ။ သူ့အမြင်အရ သာမန်လူတစ်ယောက်က ပုလင်းတစ်ဝက်လောက်သာ သောက်နိုင်သည်။ ရွှီဖန်းဆိုလျှင် အများဆုံး ၂ ပုလင်း၊ ၃ ပုလင်းလောက်သာ သောက်နိုင်မည်။
ဆေးသောက်ထားသည့် သူအနေနှင့် ၅ ပုလင်းကနေ ၆ ပုလင်းအတွက်သာ ခံနိုင်ရည်ရှိပေမည်။ သို့သော်ငြား ဒီလိုဆက်တိုက်သောက်နေတာကိုတော့ သူ ခံနိုင်မည်မဟုတ်ပေ။ တစ်ဆက်တည်း မော့သောက်နေရပြီး နားချိန်တောင်မရှိပေ။
လျိုဟွား အနည်းငယ် တွေဝေသွားကာ အသက်ရှူရန်
ရပ်တန့်လိုက်၏။ သူ ရွှီဖန်းအား မျက်လုံးချင်းဆိုင်
ကြည့်ကာ အံကြိတ်လျက် ဝိုင်းနောက်တစ်ပုလင်းကို
ဖွင့်၍ သောက်ချလိုက်သည်။
ဝေါ့!
နောက်ဆုံးမှာတော့ လျိုဟွားက ဝိုင်အားလုံးကို သောက်နိုင်ခဲ့ခြင်း မရှိပေ။
လျိုဟွားသည် သူ့ပါးစပ်ထဲမှ ဝိုင်များကို ထွေးထုတ်လိုက်ပြီး နောက်ကို လဲကျကာ မြေကြီးပေါ်မှာ သတိမေ့သွားခဲ့၏။
သူ၏ပြောင်လက်နေသောဆံပင်များက ချွေးများဖြင့် စိုရွှဲနေပြီး မတိုင်ခင်က သူ့အပေါ် ယဉ်ယဥ်ကျေးကျေးပြုမူခဲ့သော လျိုမိသားစု၏ သခင်လေးဟာ အခုတော့ ခွေးသေကောင်တစ်ကောင်လိုမျိုး မြေကြီးပေါ်မှာ မူးလဲနေလေပြီ။ သူထွေးထုတ်လိုက်သော ဝိုင်ရည်များက အလွန်ဆိုးရွားသောအနံ့ကို ထွက်ပေါ်စေသည်။
ထို့နောက် လူများရောက်လာကြ၏။ သူတို့က တောင်းပန်ပြီးနောက် လျိုဟွားကို အလျင်စလို ခေါ်သွားကြသည်။
လူအုပ်ကြီးက ခွေးသေကောင်တစ်ကောင်လိုမျိုး ဖြစ်နေသည့် လျိုဟွားကို ကြည့်ပြီး အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ သူတို့ ရွှီဖန်းကို ကြည့်လိုက်သောအခါ သူတို့မျက်လုံးထဲ၌ သနားစိတ်မရှိတော့ပေ။ ထိုအစား ချီးကျူးလိုစိတ်တစ်ခုသာ ပါဝင်နေသည်။
လျိုမိသားစုသခင်လေးကို ဒီလိုဖြစ်အောင် လုပ်နိုင်လူက နည်းနည်းတော့ မဆင်မခြင်ရှိသော်လည်း တကယ်ကို ရဲရင့်ပေ၏။
တစ်ချိန်တည်းမှာပင် ရွှီဖန်းက လျိုဟွားကို ဒီလိုအခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်ခဲ့တာကြောင့် အကြီးအကဲ၏အကာအကွယ်ရှိနေလျှင်တောင် လျိုမိသားစုဆီကနေ အသေအကြေလိုက်ခံရတော့မှာကို ကြောက်မိသည်။
လျိုဟွားကို အရူးလိုဖြစ်အောင် လုပ်ခဲ့သောအချိန်ကစပြီး ရွှီဖန်းနှင့် လျိုဟွားတို့ကြားက ဆက်ဆံရေးကို ဆုံးဖြတ်ပြီးသား ဖြစ်နေလေပြီ။ ထိုအရာမှာ သေခြင်းတရားနှင့်သာ အဆုံးသတ်နိုင်တော့မည်။
သူတို့၏အကြည့်တွေက ရှုပ်ထွေးနေပြီး လူတိုင်းက တစ်ပြိုင်နက်တည်း စကားပြောနေကြ၏။
ရွှီဖန်းအနေနှင့် သူကတော့ အပြုံးများဖြင့် ပြည့်နေလေသည်။ ဝူထျန်းနှင့် တခြားသူအနည်းငယ်က ရွှီဖန်း၏ရဲစွမ်းသတ္တိကို ချီးကျူးရင်း ရယ်မောနေကြ၏။ ရွှီဖန်း၏စကားများကို သူတို့ ကြားခဲ့စဥ်က သူတို့ ခေါင်းခါယမ်းကာ ခါးခါးသီးသီး ပြုံးခဲ့ကြသည်။
ရွှီဖန်း၏တကယ့်အရက်သောက်နိုင်စွမ်းရည်အရဆိုလျှင် ဒီလိုအရက်ပြင်းမျိုးကို အများဆုံး ၂ ပုလင်းလောက်သာ သောက်နိုင်ပေ၏။ သို့သော် ရွှီဖန်းသည် ယခင်က ဆေးဝါးများသုံးကာ သူ့ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲတွင်လည်း မိုးပျံအိုးသိုင်းကျမ်းရှိနေလေသည်။
၆ ပုလင်းမပြောနှင့်၊ ပုလင်း၁၀၀ကိုတောင်မှ တစ်စက်မှ မကျန်အောင် ရွှီဖန်း သောက်နိုင်၏။ထိုအချိန်မှာ ဝမ်ကောချန်က သူ့လက်ကိုဝှေ့ယမ်း၍ ဝူထျန်းနှင့် တခြားသူများ၏ စကားများကို ဖြတ်လိုက်သည်။
ဝမ်ကောချန်သည် ရွှီဖန်း၏ထူးချွန်သောအရည်အချင်းများကို အရင်က မြင်ဖူးတာကြောင့် အစကနေ အဆုံးအထိ ရွှီဖန်းအပေါ်မှာ အပြည့်အဝ ယုံကြည်မှုရှိခဲ့၏။ ရွှီဖန်းက အနိုင်ရခဲ့သော်လည်း ဝမ်ကောချန်က အံ့အားသင့်နေတုန်းပင်။
သူ့ဆုံးဖြတ်ချက်က လုံးဝမှန်ကန်သည်။ ဒီချန်ဟိုင်းသို့လာသည့်ခရီးက တကယ့်ကို တန်ဖိုးရှိ၏။
ဝမ်ကောချန် အနည်းငယ် ချောင်းဟန့်ကာ ရွှီဖန်းကို ပြုံးပြလိုက်သည်။
"ညီလေးရွှီ မင်းရဲ့ဒီတစ်ခေါက်လောင်းကြေးက အခြေအနေတစ်ခုပဲ၊ လျိုမိသားစုနဲ့ ဘယ်လို အခြေအနေမျိုးကို မင်း တောင်းဆိုဖို့ စီစဉ်ထားလဲ"
ရွှီဖန်းက ခဏတာမျှ စဉ်းစားပြီး ပြောလာ၏။
"အကြီးအကဲ လျိုမိသားစုကို ဒီချန်ဟိုင်းပြည်နယ်ထဲ တစ်နှစ်ကြာအောင် ဝင်ခွင့်မပြုတဲ့အခြေအနေကို ကျွန်တော်တောင်းဆိုချင်တယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ၊ အကြီးအကဲရော ဘယ်လိုထင်လဲ"
တစ်နှစ်ကြာသွားသည်နှင့် လျိုမိသားစုထက် မနည်းသော အင်အားတစ်ခုကို သူ မွေးမြူနိုင်မည်ဆိုတာကို ရွှီဖန်းက အပြည့်အဝယုံကြည်မှုရှိသည်။
ဝမ်ကောချန်က အနည်းငယ် အံ့အားသင့်နေသော အမူအရာကို ဖော်ပြလာ၏။
"တစ်နှစ်တည်းလား၊ ညီလေးရွှီ ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား"
ရွှီဖန်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက လမ်းကြောင်းမှန်ပေါ်သို့ရောက်သည်နှင့် လေ့ကျင့်ရေးစခန်းတည်ဆောက်ရန်အတွက် အာရုံစိုက်နိုင်ပြီး ထိုကိစ္စကိုကောင်းကောင်းစီစဉ်ပေးကာ တစ်နှစ်အတွင်းမှာ အလွန်အားကောင်းသည့် အင်အားတစ်ခုကို မွေးမြူနိုင်လိမ့်မည်။
ရွှီဖန်း၏ယုံကြည်မှုရှိသောပုံစံကိုမြင်တော့ ဝမ်ကောချန်က ရယ်မောလာပြီး ပြော၏။
"ညီလေးရွှီ လျိုမိသားစုက သူတို့ရဲ့ကတိကို စောင့်ထိန်းတဲ့မိသားစုမျိုး မဟုတ်ဘူး၊ အဲ့ဒီခွေးငယ်လေးကလည်း သူ့ကတိကို စောင့်ထိန်းတဲ့သူ မဟုတ်ဘူး၊ အရက်သောက်ပြိုင်ပွဲမှာ လျိုမိသားစုက မင်းကို တစ်နှစ်စာအခွင့်အရေးပေးမှာ မဟုတ်ဘူး"
ရွှီဖန်းက ထိုအကြောင်းကို သိသော်လည်း မကြောက်ပေ။
သိုင်းတစ်ကွက်တည်းနှင့် လူဆယ်ယောက်ကို အနိုင်ယူရန် လုံလောက်သည်။ အကြွင်းမဲ့ခွန်အားကြီးမားမှုရှေ့မှာ ပရိယာယ်များနှင့် အကောက်ကြံမှုများအားလုံးက စက္ကူကျားများသာဖြစ်၏။
အများဆုံးဖြစ်လာနိုင်တာကတော့ သူနှင့်လျိုမိသားစုတို့ကြား ရန်ဖြစ်ကြပြီး လျိုမိသားစုက ရွှီဖန်းကို ဒုက္ခပေးရန် လာရှာခြင်းပင်။ ထိုအခါ ရွှီဖန်းကလည်း လျိုမိသားစုကို တိုက်ခိုက်ရလိမ့်မည်။ သူတို့ကို သတ်၍ ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်မည်။ တစ်စက်မှ မကျန်အောင် သတ်ပစ်မည်။
ဝမ်ကောချန်က သူ့စကားသံကို ပြောင်းလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီခွေးငယ်လေးအကြောင်း ငါနားလည်သလောက်တော့ သူက ၂ နာရီအတွင်းမှာ ပြန်လာလိမ့်မယ်၊ ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲ"
ရွှီဖန်း သူ့လက်သီးကို အနည်းငယ်ဆုပ်လိုက်မိ၏။
"ဒီတစ်ကြိမ်ပြီးနောက်မှာ လျိုမိသားစုက သူတို့ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ညီလေးရွှီအပေါ်ကို အောက်လမ်းနည်းတွေ အသုံးပြုဦးမယ်ဆိုရင် ငါ ဝမ်ကောချန်က လျိုမိသားစုကို အလင်းရောင်က ဘာလဲဆိုတာ သေချာပေါက် ပြပေးလိုက်မယ်!"
ဝမ်ကောချန်၏စကားများက မေးခွန်းပြန်ထုတ်စရာမလိုအပ်သည့် အနေအထားပင်။
သူ့ဘေးမှာရှိသော စွန်းဖေးဖေး၊ ဝူထျန်းနှင့် တခြားသူများက ဝမ်ကောချန်၏လေးနက်သည့် အမူအရာကို ကြည့်ကာ တုန်လှုပ်သွားကြသည်။
ဝမ်ကောချန်။
သူ၏တည်ရှိမှုက ရွှီဖန်းအတွက် အာမခံချက်တစ်ခုပင်။ အနာဂတ်မှာ မင်း တစ်ခုခုဖြစ်လာရင် သူ ရှင်းပေးလိမ့်မည်။
ဝမ်ကောချန်၏ဂုဏ်သိက္ခာနှင့်ဆိုလျှင် သူက စကားတစ်ခွန်းကို ပေါ့ပေါ့ပါးပါးပြောလိမ့်မည်မဟုတ်သလို စကားမတည်မည့်သူလည်း မဟုတ်ပေ။ဘာကြောင့် ဒီလို လေးနက်သော ကတိတစ်ခုကို ပေးရသနည်း။
တနည်းအားဖြင့် ဝမ်ကောချန်၏စိတ်ထဲမှာ ရွှီဖန်းက အလွန်အရေးကြီးသော အဆင့်တစ်ခုမှာ ရောက်ရှိနေလေ၏။
ဝမ်ကောချန်၏လေးနက်သောကတိနှင့် ရင်ဆိုင်လိုက်ရသောအခါ ရွှီဖန်း၏စိတ်ထဲမှာလည်း နွေးထွေးမှုများဖြစ်ပေါ်လာပြီး ရင်ထဲ ထိရှသွားခဲ့သည်။ သူ မတ်တပ်ရပ်ကာ ဝမ်ကောချန်အား လေးလေးနက်
နက်ပင် ကျေးဇူးတင်စကား ပြောကြားလိုက်၏။
သူတို့နှစ်ယောက်၏ ကျယ်လောင်ပြီး ရှင်းလင်းသော အသံများက ခန်းမထဲကို ပျံ့နှံ့သွားလေသည်။ ပစ္စုပ္ပန်မှာရှိနေသော လူအုပ်ကြီးက ပါးစပ်
အဟောင်းသား ဖြစ်သွားကြ၏။
ထိုရိုးရှင်းသော ဝမ်ကောချန်၏စကားတစ်ခွန်းက အဆင့်၁၀ ငလျင်တစ်ခုထက်ပင် မနည်းပေ။
တစ်ချိန်တည်းမှာပင် လူတိုင်းက ဖြစ်ပေါ်လာမည့် အရာများအတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။
တစ်ဦးကတော့ အကြီးအကဲဝမ်ကောချန်မှ ကာကွယ်ပေးထားသည့် ရွှီဖန်းဖြစ်ပြီး၊ နောက်တစ်ဦးကတော့ လျိုမိသားစု၏မျက်နှာဖြစ်သော လျိုမိသားစု၏အမွေခံလျိုဟွားပင်။
နှစ်ယောက်ကြား ဘယ်လိုမီးပွားများ ဖြစ်လာနိုင်မည်နည်း။
သူတို့ ခန့်မှန်းနေကြတုန်းမှာပင် ဝမ်ကောချန်၊ ဝူထျန်းနှင့် တခြားသူများက စကားပြောကာ ဝိုင်သောက်နေကြ၏။ ရွှီဖန်းက လျိုဟွားကို အနိုင်ယူပြီး ရှက်သွားရအောင် လုပ်နိုင်ခဲ့သည်ကို မြင်ခဲ့ရသောအခါ သူတို့အားလုံး အလွန်ပျော်နေကြသည်။
ရွှီဖန်း၏ဘေးမှာရှိသော စွန်းဖေးဖေးက ရွှီဖန်း၏လက်ဖျံကို မသိမသာ ဆွဲလာ၏။
ဘာကိုဆိုလိုမှန်း ရွှီဖန်း သိတာကြောင့် သူ တခြားလူများကို တောင်းပန်လိုက်ကာ စွန်းဖေးဖေးနှင့်အတူ မတ်တပ်ရပ်၍ သန့်စင်ခန်းဘက်သို့ လျှောက်သွားခဲ့ကြသည်။
သူ အလယ်တစ်နေရာမှာ ကွေ့လိုက်ပြီး လူသူကင်းမဲ့သည့် ထောင့်တစ်နေရာမှာ ရပ်လိုက်၏။ စွန်းဖေးဖေးက ရွှီဖန်းအား ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
စွန်းဖေးဖေး၏အမူအရာကို မြင်သောအခါ ရွှီဖန်းလည်း သူ့ခေါင်းကို ကုတ်လိုက်မိ၏။ ဒီလို ထူးဆန်းသောဦးနှောက်လမ်းကြောင်းရှိနေသည့် ဤအမျိုးသမီးက ဘာတွေဖြစ်နေလဲဆိုတာကို ရွှီဖန်း ဘယ်တော့မှ မသိခဲ့ပေ။
အသက်ပြင်းပြင်း ရှူလိုက်သောအခါ စွန်းဖေးဖေး၏ မျက်နှာက အနည်းငယ်နီရဲသွားသည်။ သူမက ရွှီဖန်း၏မျက်လုံးများကို ကြည့်ပြီး ပါးစပ်ကိုဖွင့်လာ၏။ သို့သော် စွန်းဖေးဖေးသည် နေရခက်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
စွန်းဖေးဖေးက သူ့ကို လူကောင်းတစ်ယောက်အဖြစ် ဘယ်လိုတောင် အတင်းအကြပ်သတ်မှတ်ခဲ့လဲဆိုတာကို တွေးလိုက်မိတော့ ရွှီဖန်းမှာ ဦးနှောက်ကျိန်းလာသလို ခံစားလိုက်ရသည်။ စွန်းဖေးဖေးကို ကြည့်နေသော သူ့အကြည့်က ပိုပြီးကြောက်ရွံ့လာ၏။
"ဘာပြောစရာမှ မရှိဘူးဆိုရင် ကျွန်တော်ပြန်သွားတော့မယ်"
စွန်းဖေးဖေးက နောက်ဆုံးမှာတော့ သတ္တိမွေးကာတိုက်ရိုက်မေးလာသည်။
"ရွှီဖန်း ရှင် ကျွန်မကို ချစ်လား"
*******************