လျိုမိသားစု၏သခင်လေး
Vol. 28 Ch. 412
လျိုမိသားစု၏သခင်လေးဆိုသူမှာ အကျဉ်းထောင်တွင် ရွှီဖန်းနှင့် တစ်ခါဆုံခဲ့ဖူးသော လျိုဟွားကို သဘာဝကျစွာ ရည်ညွှန်းခြင်း ဖြစ်၏။
သူဟာ ငယ်စဥ်ကတည်းက ဇီဝဗေဒပညာရပ်ကို သင်ကြားရန်အတွက် နိုင်ငံခြားကို တိတ်တဆိတ် စေလွှတ်ခြင်း ခံခဲ့ရသည်။ သူက စာတမ်းများစွာကို ပြုစုခဲ့ပြီး ဇီဝဗေဒလောက၌ တော်တော်လေးကို ဂယက်ရိုက်ခဲ့သေး၏။
လျိုဟွားက လျိုမိသားစု၏နောက်မျိုးဆက်ဆက်ခံသူဖြစ်လာရန်အတွက် ပြုစုပျိုးထောင်ခံထားရသည်ဆိုသော ကောလာဟလများမှာ အချိန်အကြာကြီးကတည်းက ရှိခဲ့သည်။
ထိုကြောင့် လျိုဟွား ရောက်ရှိလာသည်နှင့်အမျှ ပွဲထဲတွင် ဆူညံသွားလေ၏။ ချန်ဟိုင်းရှိ ဂုဏ်သရေရှိလူကြီးများအတွက် လျိုမိသားစုနှင့်ယှဉ်လျှင် သူတို့ဟာ သေးငယ်လွန်းသော ပုရွက်ဆိတ်များသာ ဖြစ်သည်။ လျိုဟွား၏အရိပ်လေးကို မြင်တွေ့ရတာကတောင် သူတို့အတွက်တော့ အင်မတန်ဂုဏ်ယူစရာကောင်းပေ၏။
ထို့အပြင် အခုလိုမျိုး ထူးချွန်သောပါရမီရှင်ကို ဘယ်သူက မနှစ်သက်ဘဲ ရှိမည်နည်း။
နွေးထွေးသော အားပေးမှုများကြားထဲကနေ အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဆင်မြန်းထားသည့် လူငယ်
တစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် ပွဲထဲသို့လျှောက်လှမ်းလာလေသည်။ သူကတော့ လျိုဟွားပင်။
လက်ရှိအချိန် လျိုဟွား၏မျက်နှာပြင်တစ်ခုလုံးမှာ ကျိုးနွံသော အပြုံးတစ်ခုက ထင်ဟပ်နေ၏။ သူက ထည်ဝါခန့်ညားသော လျိုမိသားစု၏သခင်လေးတစ်ဦးကဲ့သို့ မပြုမူခဲ့ဘဲ ချန်ဟိုင်း၏ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများကို ယဥ်ကျေးစွာနှုတ်ဆက်ခဲ့သည်။
လျိုဟွား၏ပုံစံကြောင့် ဒီပွဲ၏အိမ်ရှင်မှာ သူဖြစ်နေသည်ဟူ၍တောင် ထင်ရစေ၏။ လျိုဟွာထံ၌ ထိုကဲ့သို့သော ယုံကြည်ချက်များ ရှိနေလေသည်။
ဘယ်သူကများ လျိုဟွားကို လက်ညှိုးထိုး၍ မဟုတ်ဘူးဟု ပြောရဲမည်နည်း။ အကယ်၍ အကြီးအကဲဝမ်သာ မရှိဘူးဆိုလျှင် ဝူထျန်းကတောင် လျိုဟွားကို လက်ညှိုးထိုးရဲမှာ မဟုတ်ပေ။
ရွှီဖန်း၏ ဘေးမှာရှိသော ဝူထျန်းနှင့် တခြားသူများက ထင်ပေါ်ကျော်ကြားနေသည့် လျိုဟွားကို ကြည့်နေကြ၏။
လျိုမိသားစု၏ခေါင်းဆောင်က ဒီနေရာမှာ ရပ်နေလျှင်တောင်၊ သူ့ကို သေနတ်ဖြင့် ချိန်ထားလျှင်တောင်မှ ရွှီဖန်း၏တည်ငြိမ်သောအမူအရာက
အနည်းငယ်လေးတောင် ပြောင်းလဲသွားမှာ မဟုတ်ပေ။ လျိုဟွားမှာ သူ့နောက်ခံအနေဖြင့် လျိုမိသားစု ရှိနေသလို ရွှီဖန်း၏ယုံကြည်မှုကတော့ သူ၏ ကိုယ်ပိုင်ခွန်အားပင် ဖြစ်သည်။
မကြာခင်မှာပင် သူတို့နှစ်ဦး၏ ရင်ဆိုင်တွေ့ဆုံခြင်းက စတင်ခဲ့လေ၏။
ရွှီဖန်း၏အကြည့်ကို မြင်လိုက်ရတော့ လျိုဟွာ၏မျက်လုံးများကလည်း အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့ခြေလှမ်းများကို ရပ်
လိုက်ကာ ရွှီဖန်းဘက်ကို ကြည့်လိုက်၏။ သူကလည်း အလျော့မပေးဘဲ ရွှီဖန်းကို ပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးမျက်နှာမှာ ညစ်ညမ်းနေပြီး ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့၏။
လျိုဟွားသည် သူ့လည်ပင်းကို လက်ချောင်းနှင့်ထိကာ ဖြည်းညှင်းစွာ ပွတ်ဆွဲပြလိုက်သည်။ ရွှီဖန်းကို ကြည့်နေရင်း သူ ပို၍တောင် ပျော်ရွှင်စွာ ပြုံးပြလိုက်လေ၏။
အခုလိုအခြေအနေ၌ ဘယ်သူကများ ထိုသို့အပြုအမူမျိုး လုပ်ရဲမည်နည်း။ လျိုဟွာတစ်ယောက်တည်းကသာ ဒီလိုလုပ်ရဲမှာ ဖြစ်သည်။
ပွဲထဲမှာရှိသော ဂုဏ်သရေရှိလူကြီးများအားလုံးက လျိုဟွား၏အကြည့်အတိုင်း လိုက်ကြည့်ရင်း ရွှီဖန်းဘက်ကို လှည့်ကြည့်လာကြ၏။ ရွှီဖန်းကို ကြည့်နေသော သူတို့၏မျက်လုံးများက သနားမှုများ ပြည့်နှက်နေခဲ့သည်။
ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို အလေးအနက်ထားမှာ မဟုတ်ပေ။ ထိုပုရွက်ဆိတ်ဟာ မည်မျှပင်မုန်းစရာကောင်းပြီး လှုပ်ရှားနေပါစေ ဆင်တစ်ကောင်၏ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်ထက်ပင် မပိုချေ။
သို့သော် ရွှီဖန်းကတော့ လျိုမိသားစုဟူသော ကြီးမားသည့်အရာတစ်ခုကို သွားပြီးရန်စမိခဲ့၏။
ဒါကို ကံထူးသည်ဟု သတ်မှတ်ရမလား သို့မဟုတ် ဝမ်းနည်းစရာအဖြစ်ဟူ၍ပင် ခေါ်ရမလားမသိတော့ပေ ။
ရွှီဖန်းကလည်း လျိုဟွား၏ စူးရှသောမျက်လုံးများကို ရင်ဆိုင်လိုက်ရသည်။ မျက်လုံးရာနှင့်ချီသော အရှေ့၌ သူ့အမူအရာက အလွန်တည်ငြိမ်နေခဲ့၏။ နက်ရှိုင်းနေသော သူ့မျက်လုံးများကလည်း ပင်လယ်သမုဒ္ဒရာကဲ့သို့ တည်ငြိမ်နေလေသည်။
ရွှီဖန်း၏မျက်လုံးထဲမှာတော့ လျိုဟွားက သေဆုံးသူတစ်ဦး ဖြစ်နေလေပြီ။ သူက သေဆုံးသူတစ်ဦး ဖြစ်သောကြောင့် ရွှီဖန်းက သူနှင့် အငြင်းပွားစရာမလို
ပေ။
ရွှီဖန်းက မလှုပ်ရှားသော်ငြား ဝူထျန်း၊ တုန့်ဝေနဲ့ တခြားသူများကတော့ စားပွဲကို ရိုက်ကာ ထရပ်ရန်အတွက် အားယူနေကြ၏။ တခြားသူတွေကတော့ သူ့ကို ကြောက်ကောင်း ကြောက်ကြလိမ့်မည်။ သို့သော် ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများကတော့ ကြောက်ရွံ့ခြင်းမရှိပေ။
ပထမအချက်အနေဖြင့် ဝူထျန်းတို့အတွက် သူတို့၏ ကိုယ်ပိုင်အမှတ်အသားများ ရှိနေပြီး ဒုတိယအချက်အနေဖြင့် သူတို့မှာ အလွန်ကြီးမားပြီး ရှုပ်ထွေးသောဆက်သွယ်ရေးကွန်ရက်များလည်း ရှိသည်။ လျိုမိသားစုက ဝူထျန်းနှင့် တုန့်ဝေတို့ကို ထိနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အလွန်ဒုက္ခရောက်နိုင်၏။
ထို့ကြောင့် ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများက လျိုဟွားကို ကြည့်လိုက်သောအခါ သူတို့၏မျက်လုံးများက ဖုံးကွယ်မထားသောအေးစက်မှုများဖြင့် ပြည့်နေခဲ့သည်။ ရွှီဖန်းက အရိပ်အယောင်လေး တစ်ခုခုကို ပြသလိုက်သည်နှင့် သူတို့ စားပွဲကိုရိုက်ကာ လျိုဟွားနှင့် ယှဉ်ပြိုင်ရန် သတ္တိရှိကြ၏။
ဘဝအတွေ့အကြုံနှင့် သေခြင်းတရား၏ အခြေအနေ မျိုးစုံကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ဖူးသော ဤလူများက ဘယ်တုန်းကများ ကြောက်ရွံ့မှုအတွက် လက်နက်ချခဲ့ဖူးသနည်း။
သို့သော် ရွှီဖန်းက စကားတစ်ခွန်းတောင် မပြောခဲ့ပေ။ သူက တောင်တစ်လုံးလိုမျိုး မလှုပ်မယှက်ပင် ထိုင်နေခဲ့သည်။
လျိုဟွားကလည်း တစ်လက်မထက် ပိုမယူခဲ့ပေ။ ရွှီဖန်းကို လည်လှီးပြသောအမူအရာကို လုပ်ပြပြီးနောက် သူ့အရှေ့က စားပွဲတစ်ခုကို ရွေးကာ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့်အတူ ပျော်ရွှင်စွာ စကားပြောဆိုပြီး ရယ်မောလျက် ထိုင်လိုက်၏။
တကယ်တော့ ဒီတစ်ခါမှာလည်း လျိုဟွားထံ၌ ယုံကြည်မှု မရှိခဲ့ပေ။
လျိုဟွား၏ အမြင်မှာတော့ ရွှီဖန်းက ထောင်ထဲမှာ အကျဉ်းချခံရပြီး သူတို့၏ငွေများအတွက် အသုံးချခံရမည့် အရာဝတ္ထုတစ်ခု ဖြစ်နေလေပြီ။ သို့သော်လည်း ကျိုးချင်က ရုတ်တရက်ပင် သူ့စိတ်ကို ပြောင်းကာ ရွှီဖန်းကို ထောင်ထဲကနေ လွတ်ပေးခဲ့ရုံသာမက လျိုဟွား၏လက်ပါးစေ လီရှို့ကိုတောင် အဆုံးစွန်အထိ တွန်းပို့ခဲ့သည်။
လီရှို့တို့ဘက်ကနေ ဆိုးရွားသောသတင်းများ ရောက်ရှိလာခဲ့၏။ သူ့လည်ပင်းကို ဟွမ်းယွမ်က ကိုက်လိုက်သည့်အတွက် အိတ်ခ်ျအိုင်ဗွီ ရရှိသွားခဲ့ပြီး မကြာခင်မှာ သေဆုံးတော့မည့် အခြေအနေကို ရောက်ရှိနေပြီဟု ဆိုသည်။
လျိုဟွားကတော့ သူ့လက်ပါးစေတစ်ယောက်၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအပေါ်မှာ စိုးရိမ်ပူပန်မှုမရှိပေ။
သို့သော် လျိုဟွားစိုးရိမ်မိတာကတော့ ဘာကြောင့်များ ကျိုးချင်က လျိုမိသားစုအား ပေါ်တင် ရန်စရဲတာလဲဆိုတာကိုပင်။
ချက်ချင်းဆိုသလိုပင် ပေကျင်းမှ အကြီးအကဲဝမ်က သူကိုယ်တိုင် ချန်ဟိုင်းကို အလျင်အမြန်ရောက်ရှိပြီး ရွှီဖန်းကို ကာကွယ်ပေးခဲ့သည်ဆိုသောသတင်းက ရောက်ရှိလာခဲ့၏။
လျိုဟွားသည် အကြီးအကဲဝမ်အပေါ်မှာတော့ မလေးမစား မလုပ်ရဲပေ။ သို့သော် အကြီးအကဲဝမ်၏ ဝိုးတိုးဝါးတားဖြစ်နေသော သဘောထားအပေါ်မှာ မူတည်၍တော့ ရွှီဖန်းကို လွှတ်ပေးရန်မှာ လျိုဟွားအတွက် မဖြစ်နိုင်ပေ။
လျိုဟွား၏နှလုံးသားထဲတွင် ရွှီဖန်းက သူ့ကိုယ်သူ သတ်သေပြီးသားလူတစ်ယောက် ဖြစ်နေလေပြီ။ ထို့အပြင် ရွှီဖန်းက လျိုဟွား၏ "စိတ်ဝိညာဥ်မွမ်းမံသန့်စင်ခြင်း" အစီအစဉ်၏ အဓိကပစ်မှတ်လည်း ဖြစ်သည်။ အဝေးကိုမခေါ်သွားသရွေ့ အကြီးအကဲဝမ်တောင်မှ ရွှီဖန်းကို ကာကွယ်နိုင်မည် မဟုတ်ပေ။
ဒီတစ်ကြိမ်မှာ လျိုဟွားသည် အကြီးအကဲဝမ်၏ စကားများကို စုံစမ်းရန်အတွက် ပွဲကို လာရောက်ခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် လျိုမိသားစုကို ကိုယ်စားပြုပြီး အကြီးအကဲဝမ်ကို မျက်နှာသာပေးခြင်းလည်း ဖြစ်သည်။
အကယ်၍ အကြီးအကဲဝမ်သာ ရွှီဖန်းအပေါ်၌ ခင်မင်မှုအနည်းငယ်သာရှိနေမည်ဆိုလျှင် ရွှီဖန်းက သေရမည်မှာ ကျိန်းသေ၏။ တစ်ကယ်လို့များ အကြီးအကဲဝမ်က ရွှီဖန်းကို တကယ်ကြီးလေးစားနေမည်ဆိုရင်လည်း ရွှီဖန်းက သေရမှာပင်။
လျိုဟွားသည် သူ့မျက်လုံးထဲမှ တက်လာသော သတ်ဖြတ်လိုစိတ်များအား ပြန်ရုပ်သိမ်းလိုက်သည်။ သူ သူ့ခြေထောက်များကို ချိတ်လိုက်ကာ ထိုင်ခုံပေါ်မှာ ထိုင်၍ နောက်သို့မှီလိုက်၏။ လက်ထဲရှိ ဝိုင်နီဖန်ခွက်ကိုကိုင်လျက် သူ အေးအေးလူလူ လှုပ်ခါနေလိုက်သည်။
ရွှီဖန်းဘက်မှာတော့ ဝူထျန်း၏မျက်နှာပေါ်မှာ ဒေါသများပြည့်နှက်နေပြီး စားပွဲကို ပြင်းပြင်းထန်ထန်ရိုက်ကာ ပြောလာ၏။
"လျိုမိသားစုက ဒီလောက်အထိ မာန်မာနတွေ ထောင်လွှားနေပြီလား၊ သာမန်လူငယ်လေးတစ်ယောက်က ဒီလောက်ထိ မလေးမစားလုပ်ရဲတယ်ပေါ့"
တုန့်ဝေ၏မျက်နှာကလည်း ဒေါသများဖြင့် ပြည့်နေခဲ့သည်။ သို့သော် ဝူထျန်း၊ တခြားသူများနှင့် ယှဉ်လျှင်တော့ တုန့်ဝေက သူ၏တည်ငြိမ်မှုကို အနည်းငယ် ပြန်လည်ရရှိနေလေပြီ။
"ညီအစ်ကိုတို့ အလျင်မလိုကြနဲ့၊ လက်ရှိအခြေအနေမှာ လျိုမိသားစုက အမြစ်တွယ်နေပြီး ရွှေ့ရတာ မလွယ်ဘူး၊ လျိုမိသားစုက တကယ်ကို မောက်မာခွင့် ရှိတယ်"
တုန့်ဝေ၏တားမြစ်စကားကို ကြားပြီးမှသာ ဝူထျန်းနှင့် တခြားသူများက စိတ်အေးသွားကြ၏။ ထိုအချိန်ကျမှသူတို့ ရွှီဖန်း၏ တည်ငြိမ်သောအမူအရာကို တွေ့လိုက်ရကာ သူ့အပေါ်၌ အနည်းငယ်လေးစားသွားသောစိတ်ကို မခံစားဘဲ မနေနိုင်ခဲ့ချေ။
"မစ္စတာရွှီကတော့ အကြီးအကဲဝမ်ကတောင် လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ ထိုက်တန်ပါတယ်၊ ငယ်ရွယ်တဲ့အရွယ်လေးနဲ့ ဒီလိုပညာရှိနေတာက လေးစားစရာပါပဲ"
တုန့်ဝေ၏စကားပြီးဆုံးသွားသည့်နောက် ဝူထျန်းက ရွှီဖန်း၏ပခုံးကို ပုတ်ပြီး အော်ရယ်ရင်း ပြောလိုက်သည်။
"ပြောစရာမလိုအောင် ဒီနှစ်အနည်းငယ်အတွင်း ညီလေးရွှီ ကြုံခဲ့ရတာတွေက ဘယ်နှစ်ခုတောင်လဲ၊ ထိုက်တောင်တန်းကြီးက ပြိုကျလာရင်တောင် သူ့အမူအရာက ပြောင်းသွားမှာမဟုတ်ဘူးလေ"
ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများ၏ ရယ်မောသံများကို ကြားသောအခါ ရွှီဖန်း၏မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
"အစ်ကိုတို့ ကျွန်တော့်ကို မနောက်ကြပါနဲ့ဗျာ၊ နောက်ကျရင် ကျွန်တော့်ကို ဂရုစိုက်ပေးကြပါဦး"
ရွှီဖန်း၏မတုန်မလှုပ်ပုံစံကို မြင်သောအခါ တုန့်ဝေနှင့် တခြားသူများက ရွှီဖန်းအပေါ်မှာ ပို၍အထင်ကြီးလာကြသည်။
သူတို့ စကားပြော၍ ရယ်မောနေချိန်မှာပင် ပွဲနေရာ၏အရှေ့က စင်ပေါ်မှ အနီရောင်လိုက်ကာသည် ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရ၏။ ခဏအကြာမှာ ကျော်ကြားသောနာမည်ကြီးအနုပညာရှင် စွန်းဖေးဖေးက လှပသောပုံလေးဖြင့် ထွက်ပေါ်လာ၏။
**********************