← Chapters

မစ္စတာရွှီလား

Vol. 28 Ch. 411

မစ္စတာရွှီလား

Vol. 28 Ch. 411

သူ့အသံက ဒေါသများ ပြည့်နှက်နေပြီး ခေါင်းလောင်းသံကြီးတစ်ခုလို ထွက်ပေါ်လာကာ သူ့ဘေးနားရှိလေထုကိုပင် တုန်ခါသွားစေခဲ့သည်။

ထိုလူက အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်လောက် ရှိပုံရ၏။ မျက်နှာက ဓားကဲ့သို့ ထက်ရှနေပြီး ပေါ့ပါးသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူက မိုးကောင်းကင်ကို ထိုးဖောက်တော့မည့်အတိုင်း ခပ်မတ်မတ် ရပ်နေ၏။

သူကတော့ ကောင်းကင်ပြာဟိုတယ်၏ဥက္ကဋ္ဌတုန့်ဝေပင်။

လက်ရှိအချိန်မှာ တုန့်ဝေက အဆုံးမရှိသောဒေါသများကိုပိုက်ကာ ဟိုတယ်ထဲကို ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်လာသည်။ သူ့အနောက်မှာတော့ သက်လတ်ပိုင်းအရွယ်အမျိုးသားလေးငါးယောက် လိုက်ပါလာ၏။ သူတို့၏ခြေလှမ်းများက တစ်ထပ်တည်းကျပြီး လှုပ်ရှားမှုများကလည်း နားလည်မှုအပြည့်အဝရှိနေသလိုပင်။

သူတို့ထဲမှ တစ်ယောက်ကတော့ ဝူထျန်းဖြစ်ပြီး ရွှီဖန်းကို မျက်စိတစ်ဖက်မှိတ်ပြနေခဲ့သည်။

အရှေ့ကလျှောက်လာသော တုန့်ဝေ အပါအဝင် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားများအားလုံးသည် ဝူထျန်း၏ရဲဘော်ဟောင်းများ ဖြစ်၏။ ဒီနေ့မှာ ဝူထျန်းက ရွှီဖန်းကို ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးမှာ နေရာချပေးခဲ့ပြီးနောက် သူ့ရဲဘော်ဟောင်းများကို ခေါ်ကာ အတူတူ စုဝေးရန် ဖိတ်ကြားခဲ့သည်။

သူတို့စကားပြောနေရင်း ဘာကြောင့်စုဝေးမှာလဲဟု မေးလာကြသောအခါ ဝူထျန်းက ရွှီဖန်း၏ကိစ္စကို သူ့ရဲဘော်ဟောင်းများအား ပြောပြခဲ့လေ၏။ တစ်ချိန်တည်းမှာပင် အရာရှိဟောင်းကြီးက ရွှီဖန်းကို ချစ်ခင်မြတ်နိုးနေကြောင်း စသဖြင့် အရာအားလုံးကို မဖုံးကွယ်ထားဘဲ ထုတ်ဖော်ပြောပြခဲ့သည်။

အကြီးအကဲဝမ်၏အကြောင်းကို ဝူထျန်းနှင့် တခြားသောရဲဘော်ဟောင်းများက ကောင်းကောင်း နားလည်ကြ၏။ အခြေခံအားဖြင့် သူက ဘယ်သူ့ကိုမှ အထင်ကြီးလေးစားလေ့မရှိသလို ဘယ်သူ့ကိုမှလည်း အားပေးအားမြောက်ပြုလေ့မရှိပေ။ သို့သော် ထိုအချက်ကြောင့်ပင် အကြီးအကဲက တစ်စုံတစ်ဦးကို သဘောကျကြောင်း ပြသလိုက်ပြီဆိုပါက ထိုကံကောင်းသောသူမှာ ကောင်းကင်ထိတိုင်အောင် ပျံတက်သွားနိုင်လိမ့်မည်။

တုန့်ဝေနှင့် ဝူထျန်းတို့၏ဆက်ဆံရေးကြောင့် ဒီနေ့ပွဲကို ကောင်းကင်ပြာဟိုတယ်မှာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တုန့်ဝေနှင့် တခြားသူများသည် အရာရှိဟောင်းကြီး အလည်လာရန်အတွက် ဤပွဲကိုတစ်နေကုန် ပြင်ဆင်ခဲ့ကြ၏။

မထင်မှတ်ထားဘဲ သူတို့ ဟိုတယ်အဝင်ဝကို လျှောက်လာချိန်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။

တုန့်ဝေမှာ ဒေါသအလွန်ထွက်၍ တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ ဒီနေ့သာ သူနည်းနည်းနောက်ကျပြီးမှ ရောက်သွားခဲ့မည်ဆိုလျှင် သူ့လက်အောက်ဝန်ထမ်းများက ရွှီဖန်းကို ပြစ်မှားမိခဲ့မှာဖြစ်ပြီး အရာရှိဟောင်းကြီးတောင်မှ ထိုကိစ္စအား ကိုင်တွယ်နိုင်တော့မည်

မဟုတ်ပေ။

တုန့်ဝေ၏အော်သံကြောင့် ကျောက်ရှန်းနှင့် လုံခြုံရေးဝန်ထမ်းများမှာ နေရာမှာတင် ရပ်တန့်သွားကြသည်။ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော စွန်းဖေးဖေးကလည်း ခေါင်းလှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် လာနေသည့် တုန့်ဝေကို ကြည့်လာ၏။

တုန့်ဝေသည် အမြဲတမ်း လူမြင်ကွယ်ရာမှာနေတတ်တာကြောင့် ပတ်ဝန်းကျင်ရှိ လူအများစုက သူ့ကို မမှတ်မိကြပေ။ သို့သော် တုန့်ဝေဆီမှ ထွက်ပေါ်လာသော ခန့်ညားသည့်ဟန်ပန်ကြောင့် လူအုပ်ကြီးက တိတ်ဆိတ်သွားခဲ့သည်။

ကျောက်ရှန်းနှင့် တခြားသူများကတော့ အံ့အားသင့်ကာ မျက်စိမျက်ဆံပြူးဖြစ်နေလေ၏။

ထက်မြက်ကာ လျှို့ဝှက်ဆန်းကြယ်သော ဥက္ကဋ္ဌက ဤလူငယ်လေးကို မစ္စတာရွှီဟုတောင် ခေါ်ခဲ့သည်။

အခုလိုပွဲမျိုးတွင် 'မစ္စတာ' ဟူသော အသုံးအနှုန်းကို ပေါ့ပေါ့တန်တန် သုံးလေ့မရှိပေ။ ဒါဟာ အဆင့်အတန်းနှင့် အရည်အချင်းကို အလေးပေးဖော်ပြခြင်းဖြစ်၏။

အသက်နှစ်ဆယ်ကျော်လေးသာ ရှိသေးသော ဤလူငယ်လေးထံ၌ မည်သို့သောအရည်အချင်းမျိုးရှိနေ၍ ဂုဏ်သရေရှိပုဂ္ဂိုလ်ဖြစ်နေသနည်း။

ကြောင်ပြီးရပ်နေသော ကျောက်ရှန်းနှင့် လုံခြုံရေးအဖွဲ့ကို လျစ်လျူရှု၍ တုန့်ဝေသည် ရွှီဖန်းအရှေ့သို့တည့်တည့်လျှောက်သွားကာ ခါးကိုင်းပြီး ဦးညွှတ်

လိုက်သည်။

"ကျွန်တော်က သူတို့ကို စည်းကမ်းမတင်းကြပ်နိုင်လို့ ဒီလိုဟာသတစ်ခု ဖြစ်သွားခဲ့ရပါတယ်"

ရွှီဖန်းက ဤအကြောင်းအရာကို ရှင်းရှင်းလင်းလင်းသိသည်ဖြစ်ရာ တစ်ပါးသူကြောင့်ဖြစ်ပျက်ခဲ့သောကိစ္စအတွက် တုန့်ဝေကို အပြစ်မတင်ပေ။ ထို့ကြောင့် သူ ညင်သာစွာ ပြန်တုန့်ပြန်လိုက်၏။

"ခင်ဗျားရဲ့အမှား မဟုတ်ပါဘူး"

တုန့်ဝေက ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး လက်ရှိမြင်ကွင်းကြောင့် အံ့အားသင့်နေသော လူအုပ်ကြီးကို ရင်ဆိုင်လိုက်သည်။

"မစ္စတာရွှီက ဒီပွဲရဲ့အဓိကဧည့်သည်တော်တွေထဲက တစ်ယောက်ဖြစ်ပြီး အကြီးအကဲကြီးကိုယ်တိုင် ဖိတ်ခဲ့တာပါ၊ ဒါကြောင့် မစ္စတာရွှီက ဖိတ်စာမလိုအပ်ပါဘူး"

လူအုပ်ကြီးကို လှုပ်ခတ်သွားစေသည့် ထိတ်လန့်

တုန်လှုပ်စရာသတင်းကို ပြောဆိုပြီးနောက် ထိုလူများကို လျစ်လျူရှုကာ တုန့်ဝေသည် တစ်ဖက်ကိုလှည့်၍ ကြောက်ရွံ့တုန်လှုပ်နေသော ကျောက်ရှန်းနှင့် လုံခြုံရေးများကို အေးစက်စက်ကြည့်လိုက်၏။

"မစ္စတာရွှီသာ တိုက်ခိုက်ခဲ့မယ်ဆိုရင် မင်းတို့အားလုံး အခုအချိန်လောက်ဆို မြေပြင်ပေါ်မှာ လဲနေလောက်ပြီ! မစ္စတာရွှီကို ဒူးထောက်ပြီးတောင်းပန်ကြစမ်း!"

ထိုစကားကိုကြားတော့ ကျောက်ရှန်းလည်း မြေပြင်ပေါ် ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။ လုံခြုံရေးများလည်း ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်လာကြ၏။

ရွှီဖန်းထံ၌ ထိုလူများနှင့် အငြင်းပွားချင်စိတ်မရှိပေ။ အကယ်၍ သူတို့သာ ရန်ဖြစ်နေကြဦးမည်ဆိုလျှင် သူ့ဂုဏ်သိက္ခာကိုသာ ထိခိုက်စေမှာဖြစ်သည်။

ရွှီဖန်းသည် မြေပြင်ပေါ်မှာ ဒူးထောက်နေသော ကျောက်ရှန်းနှင့် တခြားလူများကိုတောင် ကြည့်တောင်မကြည့်ဘဲ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။

တုန့်ဝေက နားလည်သွားပြီး ကျောက်ရှန်းနှင့် တခြားသူများကို အေးစက်စက် အော်လိုက်သည်။

"ထွက်သွားကြ! မင်းတို့ကို ကောင်းကင်ပြာဟိုတယ်ကနေ ထုတ်ပယ်လိုက်ပြီ! မင်းတို့ရဲ့လစာကိုယူပြီးတော့ ထွက်သွားကြစမ်း!"

ကျောက်ရှန်းနှင့်ကျန်လူများမှာ အရှုံးသမားများပုံစံဖြင့် ထလျက် ရှုပ်ထွေးနေသောအမူအရာများဖြင့် ဟိုတယ်ထဲကနေ ထွက်သွားကြ၏။

ဤဖြစ်ရပ်မှာ ပြောင်မြောက်သောဖျော်ဖြေပွဲတစ်ခုပင်။ နောက်ဆုံးမှာတော့ ကျောက်ရှန်းနှင့် တခြားသူများကသာ သူတို့က လူပြက်တွေဖြစ်နေမှန်း သိ

လိုက်ရသည်။

ကျောက်ရှန်းနှင့် ကျန်လူများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဝူထျန်းနှင့် တခြားရဲဘော်ဟောင်းအနည်းငယ်က ရွှီဖန်းဆီ လျှောက်သွားကာ ဖော်ရွေစွာ နှုတ်ဆက်ကြ၏။

စကားပြောနေရင်း ရွှီဖန်းတို့အဖွဲ့ ဟိုတယ်ထဲသို့ လျှောက်ဝင်လာကြသည်။ အစကနေအဆုံးအထိ သူက တည်ငြိမ်အေးဆေးနေခဲ့၏။

သူတို့ ထွက်သွားတော့မှ အံ့အားသင့်နေသော လူအုပ်ကြီးထံမှ ဟာခနဲ ဟင်ခနဲ အသံများ ထွက်လာကြသည်။ သူတို့ အထင်သေးခဲ့သော တောသားလေးက တကယ်တမ်းမှာ သူတို့ထက် အဆင့်အတန်းမြင့်သောပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရ၏။

ဒီပွဲရဲ့ အဓိက ဧည့်သည်တော်တဲ့လား!

ဒါက ဘာကိုဆိုလိုသနည်း။ လျိုမိသားစု၏သခင်လေးတောင်မှ သူက ဤပွဲ၏အဓိကဧည့်သည်တော်ဟု ပြောရဲလိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သောအချိန်ခဏအတွင်း ရွှီဖန်းကို ကျောက်ရှန်းက ခြိမ်းခြောက်နေတုန်းကသာ သူတို့ ထရပ်၍ ရွှီဖန်းအတွက် ကောင်းကောင်းမွန်မွန် စကားတစ်ခွန်း နှစ်ခွန်းလောက် ပြောပေးခဲ့လျှင် ဖြစ်နိုင်သည်မှာ ရွှီဖန်း၏ သို့မဟုတ် အကြီးအကဲကြီး၏လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ပြီး ထိုအချိန်မှစ၍ ကြီးပွားတိုးတက်သွားနိုင်လိမ့်မည်။

ကံမကောင်းစွာဖြင့် ဤလောက၌ 'အကယ်၍' ဆိုတာ မရှိပေ။

လူအုပ်ကြီးက စွန်းဖေးဖေးဘက်သို့ မနာလိုသောအကြည့်များဖြင့် ကြည့်နေကြ၏။ မတိုင်ခင်ကတော့ သူတို့ စွန်းဖေးဖေးအား ဝင်ရှုပ်သည်ဟူ၍ လှောင်ပြောင်ခဲ့ကြသည်။ လက်ရှိအချိန်မှာတော့ စွန်းဖေးဖေးထံ၌ ထိုးထွင်းသိမြင်နိုင်ဆုံး မျက်လုံးများရှိသည်ဟု သူတို့ ခံစားနေကြရ၏။

စွန်းဖေးဖေးကလည်း လူအုပ်ကြီး၏မနာလိုသော အကြည့်များကို ရင်ဆိုင်ရင်း သူမစိတ်ထဲ၌ ခါးသက်စွာ ပြုံးလိုက်မိသည်။

ရွှီဖန်းက ဒီလောက်အထိ ယုံကြည်မှုရှိနေတာ အံ့သြစရာမရှိတော့ပေ။ ဒါက ရွှီဖန်း၏ဝှက်ဖဲပင်။

ရွှီဖန်းအပေါ်၌ စွန်းဖေးဖေး၏ရှင်းပြ၍မရသော ခံစားချက်များက ရှိနေခဲ့၏။ ဒါကြောင့်လည်း သူမ ရွှီဖန်းကို ကူညီရန် ထွက်လာခဲ့တာဖြစ်ပြီး လျိုမိသားစုကိုတောင် အပြစ်ပြုမိရန် မတုံ့ဆိုင်းခဲ့ချေ။

ဟိုတယ်မှာ ရွှီဖန်း မေးမြန်းခဲ့စဥ်က စွန်းဖေးဖေးသည် အမှန်အတိုင်းမပြောခဲ့ပေ။ လျိုမိသားစုက ကြီးကျယ်သော်လည်း စွန်းဖေးဖေးသည် သူမမိသားစု၏ နောက်ကွယ်မှထောက်ပံ့မှုကို ရရှိနေတုန်းပင်။

ထို့အပြင် သူမက နာမည်ကြီးမင်းသမီးတစ်ယောက်အနေဖြင့် ရပ်တည်နေရာ လျိုမိသားစုက စွန်းဖေးဖေးကို လုပ်ချင်တိုင်းလုပ်၍မရပေ။

သို့သော် စွန်းဖေးဖေးအား ဒေါသထွက်စေသည်မှာ သူမ၏ရည်ရွယ်ချက်က ကောင်းမွန်သော်လည်း ရွှီဖန်းက ကျေးဇူးတင်ကြောင်း ပြသရန် ငြင်းဆိုခဲ့ခြင်းပင်။ ဒီလိုအစွမ်းထက်သည့်ဝှက်ဖဲ ရှိနေတာတောင် သူမကို မထုတ်ပြခဲ့ပေ။

ခုနလေးတင် ရွှီဖန်းက သူမကို ဖြတ်ကျော်သွားခဲ့သည်။ သူက ကျေးဇူးတင်စကားတစ်ခွန်းတောင် မပြောခဲ့သည့်အပြင် စွန်းဖေးဖေးကို လှည့်တောင် မလှည့်ကြည့်ခဲ့ပေ။

ထိုအချက်က စွန်းဖေးဖေး၏နှလုံးသားကို နာကျင်စေ၏။

ခြေဆောင့်ပြီးနောက် စွန်းဖေးဖေးသည် တစ်ဖက်ကိုလှည့်ကာ ပွဲကျင်းပရာနေရာသို့ လျှောက်သွားခဲ့သည်။

ရွှီဖန်းက အခု အာရုံစိုက်ခံနေရသော်လည်း သူ၏မူရင်းအထောက်အထားကတော့ ချန်ဟိုင်းပြည်နယ်မှ ကုမ္ပဏီငယ်လေးတစ်ခု၏ဥက္ကဋ္ဌသာ ဖြစ်နေတုန်းပင်။

ဒီလိုရာထူးနှင့် အကြီးအကဲကြီး၏ချီးကျူးဂုဏ်ပြုမှုကို ရထားလျှင်တောင် လျိုမိသားစုလို ကြီးမားသည့်အဖွဲ့အစည်းကြီးကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။

စွန်းဖေးဖေးသည် ရွှီဖန်း၏အနာဂတ်အတွက် သိပ်ပြီး အကောင်းမမြင်ပေ။

ရုတ်တရက် ပွဲကျင်းပရာနေရာက ဆူဆူညံညံဖြစ်သွား၏။ တစ်စုံတစ်ယောက်က အော်လာသည်။

"လျိုမိသားစုရဲ့သခင်လေး ရောက်လာပြီ!"

ပွဲကျင်းပရာခန်းမအတွင်း၌ ရွှီဖန်း၏မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားလေ၏။ လူတိုင်း၏အကြည့်နောက်ကို လိုက်ရင်း သူ ပွဲ၏ဝင်ပေါက်ဘက်ကို လှမ်းကြည့်လိုက်သည်။

**************************

All Chapters