← Chapters

ကြောက်ရွံ့နေသော ညီမမိန်း

Vol. 28 Ch. 409

ကြောက်ရွံ့နေသော ညီမမိန်း

Vol. 28 Ch. 409

ကောင်းကင်ပြာဟိုတယ်၏ဝင်ပေါက်တွင် အမျိုးသမီးဝန်ထမ်းများက ချီဖောင်ဝတ်စုံများဖြင့် ဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပြုံးရွှင်စွာ ရပ်နေကြသည်။

အလယ်တွင် အသက်နှစ်ဆယ်အရွယ်အမျိုးသမီးတစ်ဦးက အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး အမှုဆောင်တစ်ဦးကဲ့သို့ ပုံစံမျိုးရှိ၏။ သူမက ရွှီဖန်းနှင့် အရင်ကတွေ့ဆုံခဲ့ဖူးသော ညီမမိန်း ဖြစ်သည်။

ကောင်းကင်ပြာဟိုတယ်တွင် အထင်ရှားဆုံးသော စီမံခန့်ခွဲရေးဝန်ထမ်းတစ်ဦးအနေဖြင့် ညီမမိန်းသည် အမြဲတစေ ကြိုးစားကာ အသေးစိတ်ကအစ ဂရုစိုက်သူ ဖြစ်၏။ သူမ၏သဘောထားမှာ စေ့စပ်သေချာပြီး သူမ၏စွမ်းဆောင်ရည်ကလည်း ထူးချွန်သည်။ သူမက ဖောက်သည်အများအပြားကို ပုံမှန်လာရောက်အောင် ဆွဲဆောင်နိုင်ခဲ့သည်။

ပြီးခဲ့သည့်တစ်ကြိမ်မှာ ရွှီဖန်းနှင့်ပတ်သက်သောကိစ္စကို ကိုင်တွယ်ဖြေရှင်းစဉ်၌ မတော်တဆမှုတစ်ခု ဖြစ်ခဲ့၏။ သူမက လူဆိုးဂိုဏ်းဝင်များကို ရန်စမိခဲ့ရုံသာမက သူမ၏အသက်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာပင် နောက်ပိုင်း၌ သူမထံသို့ မည်သည့်ပြဿနာမှ မရောက်လာခဲ့ပေ။

သူမ၏စိတ်ထားနှင့် အရည်အချင်းကို ကုမ္ပဏီ၏ အထက်လူကြီးများက အသိအမှတ်ပြုထားကြောင်း ညီမမိန်းက သိထားသော်လည်း တောင်ပေါ်တွင် ကျားတစ်ကောင်ရှိနေတာကြောင့် သူမအား ဒုဥက္ကဋ္ဌရာထူးသို့ တိုက်ရိုက်ရာထူးတိုးပေးနိုင်ခြင်း မရှိသေးချေ။ သို့သော်ငြား ဒုဥက္ကဋ္ဌရာထူးက ညီမမိန်း၏ လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်ကြောင်း လူတိုင်းက သိထားကြ၏။

ယခုအခါတွင် ချန်ဟိုင်းပြည်နယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်များက ပွဲတစ်ခုကို ကျင်းပနေကြပြီး ပေကျင်းမှ ရောက်လာသော အရာရှိဟောင်းကို ဖိတ်ကြားထားသည်ဟု ဆိုသည်။ ကုမ္ပဏီမှအထက်လူကြီးများသည် သုံးနာရီကြာအောင် အရေးတကြီး ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ ထိုဂုဏ်သရေရှိပုဂ္ဂိုလ်များကို ကြိုဆိုရန်အတွက် ကောင်းကင်ပြာဟိုတယ်၏တာဝန်ရှိသူအဖြစ် ညီမမိန်းအား စီစဉ်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြ၏။

ညီမမိန်းက သူမကို ယုံကြည်စိတ်ချခဲ့သော ကုမ္ပဏီအမှုဆောင်များကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ အမိန့်ကိုလက်ခံရရှိပြီးနောက် သူမ စိုးရိမ်ပူပန်စွာ ဂရုတစိုက်ပြင်ဆင်ခဲ့သည်။

နေ့လည်ကတည်းကနေယခုအချိန်အထိ သူမသည် တံခါးဝတွင် ချိုသာသော အပြုံးဖြင့် ရပ်နေခဲ့၏။ သူမ၏ကြိုဆိုရေးအစဥ်အလာ၌ အမှားအယွင်းတစ်စုံတစ်ရာ မရှိခဲ့ပေ။

ရွှီဖန်းက သူမဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသောအချိန်အထိသာ ဖြစ်သည်။

ရွှီဖန်းက မည်သို့သောလူစားမျိုးဖြစ်သည်ကို ညီမမိန်းက သေချာမသိသော်လည်း ရွှီဖန်းကို မြင်လိုက်ရသောအခါ ညီမမိန်းမှာ ကြောက်လန့်သွားခြင်းကို မထိန်းနိုင်ခဲ့ပေ။

ညီမမိန်း၏အမြင်တွင် ရွှီဖန်းက နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်၏။ တစ်ကိုယ်တည်းဖြင့် လူဆိုးဒါဇင်ပေါင်းများစွာကို ကြက်သတ်သကဲ့သို့ အလွယ်တကူရှင်းပစ်ခဲ့သည်။

လက်ရှိအချိန်တွင် ရွှီဖန်းက ဟိုတယ်ထဲသို့ လျှောက်လာသောအခါ ညီမမိန်းမှာ လုံးဝ ကြောင်အမ်းအမ်းဖြစ်သွားခဲ့၏။

ဒီလိုဘေးဒုက္ခက ဘာလို့ ရောက်လာတာလဲ။

ညီမမိန်း၏ခြေထောက်များမှာ အားမရှိတော့ဘဲ မသိစိတ်မှအလိုလိုပင် အနောက်သို့ ယိုင်လဲသွားခဲ့သည်။ ကံကောင်းစွာဖြင့် ရွှီဖန်းက လျင်မြန်စွာ လက်လှမ်းကာ ညီမမိန်းအား ညင်သာစွာ ပြန်ဆွဲပေးလာ၏။ ထိုအခါမှသာ ညီမမိန်းလည်း ဟန်ချက်ထိန်းနိုင်ခဲ့သည်။ ရွှီဖန်းအဖို့ ထိုအမျိုးသမီးအပေါ်၌ မည်သည့်ထင်မြင်ချက်မှ မရှိပေ။

အမျိုးသမီးတစ်ဦးက ရုတ်တရက် နောက်ပြန်လဲကျသွားသည်ကိုသာ မြင်လိုက်ရသောကြောင့် ဖြစ်၏။ ထိုသို့သာ မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားပါက ဦးနှောက်ကွဲသွားခြင်း မဖြစ်သွားသည့်တိုင် ဦးနှောက်မှသွေးများ ထွက်လာပေလိမ့်မည်။

ထို့ကြောင့် ရွှီဖန်းက ညီမမိန်းအား ဆွဲကာ သူ့လက်မောင်းထဲ ရောက်လာစေခဲ့ခြင်းပင်။

ညီမမိန်းမှာ ရွှီဖန်း၏ရင်ခွင်ထဲသို့ ရောက်သွားရသည်။ သူမ ရွှီဖန်းကို ဗလာအကြည့်ဖြင့်ကြည့်လာပြီး ပို၍ပင် တုန်ယင်လာ၏။

ဒီနတ်ဆိုးက ငါ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်မိနေတာလား။ ဒါဆို သူက ငါ့ဆီကို တကယ်ပဲ လိုက်လာတာလား။

တုန်ယင်နေရင်းဖြင့် ညီမမိန်းမှာ မျက်ဆံလန်ကာ မေ့လဲသွားတော့သည်။

သူ့ရင်ခွင်ထဲတွင် သတိလစ်သွားသော အမျိုးသမီးကိုကြည့်ရင်း ရွှီဖန်းမှာ ညီမမိန်းအကြောင်းကို အနည်းငယ် သတိရသွားခဲ့သည်။ ကမ္ဘာမြေအဆင့်

ကျွမ်းကျင်သူ၏မှတ်ဉာဏ်မှာ အလွန် ကြောက်စရာကောင်းပြီး မေ့ပစ်ရန်ခက်ခဲသောကြောင့် မတတ်နိုင်ခဲ့ပေ။

သို့သော် ရွှီဖန်းသည် ညီမမိန်းအပေါ်၌ အမြင်ကောင်း မရှိခဲ့ပေ။ ပြောရမည်ဆိုလျှင် ညီမမိန်းအကြောင်း သူအမှတ်မိဆုံးအရာမှာ သူမ၏အသံဖြစ်၏။ ထိုအမျိုးသမီး၏သွေးရူးသွေးတန်းအော်ဟစ်သံက ရွှီဖန်း၏ခေါင်းကို အနာကျင်ဆုံးဖြစ်စေခဲ့သောအရာများထဲမှ တစ်ခုဖြစ်သည်။

လက်ရှိအချိန်၌ ရွှီဖန်းသည် ညီမမိန်း ဘာကြောင့် မေ့လဲသွားခဲ့သည်ကို ခန့်မှန်းမိလိုက်ပြီဖြစ်၏။ သူ ခါးသက်စွာပြုံးလိုက်ပြီး ညီမမိန်းကို ပြုစုရန် ဝန်ထမ်းအမျိုးသမီးများ၏လက်ထဲ လွှဲပြောင်းပေးကာ တစ်ဖက်ကိုလှည့်၍ ဟိုတယ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်သွားခဲ့သည်။

သူတို့က မတော်တဆတွေ့ဆုံခဲ့ခြင်းသာဖြစ်ပြီး ရွှီဖန်းသည် ညီမမိန်းအတွက် အချိန်ဖြုန်းရန် စိတ်ကူးမရှိခဲ့ပေ။

သို့သော်လည်း သူ နှစ်လှမ်းမျှပင် မလှမ်းရသေးခင်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏ ဒေါသတကြီးအသံက အနောက်မှ ထွက်ပေါ်လာခဲ့၏။

"လူကြီးမင်း အခု ဝင်လို့မရသေးပါဘူး!”

ရွှီဖန်း လှည့်ကြည့်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် ရင်ဘတ်တွင် နာမည်ကတ်ပါသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို မြင်လိုက်ရပြီး သူ့မျက်နှာမှာ ပိန်ချောင်၍ မည်းမှောင်နေ၏။

ဤသက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ကောင်းကင်ပြာဟိုတယ်၏ လက်ရှိဒုဥက္ကဋ္ဌဖြစ်သူ ကျောက်ရှန်းဖြစ်သည်။

ကျောက်ရှန်းက သူ၏အဆင့်အတန်းလျော့ကျသွားမှုကြောင့် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း စိတ်မကြည်မသာဖြစ်ခဲ့ရ၏။ ယနေ့တွင် သူ ညီမမိန်းအား ပိုခက်ခဲစေပြီး အရှက်ရအောင်လုပ်ရန် ဝင်ပေါက်၌ လှည့်ပတ်သွားလာနေခဲ့သည်။

အခုဆို ညီမမိန်းက မေ့လဲသွားသည်ဖြစ်ရာ ကျောက်ရှန်းသည် ပေါ်ပေါ်ထင်ထင်ပင် ထွက်လာပြီး ရွှီဖန်းကို ဖြေရှင်းရန်သာ လိုလာ၏။ ကုမ္ပဏီ၏အမှုဆောင်များက ထက်မြက်သောမျက်လုံးများရှိပြီး သူ၏စွမ်းရည်ကို ပြန်လည်အကဲဖြတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

အမျိုးသမီးတစ်ဦးက ဘယ်အသုံးဝင်မည်နည်း။ အရေးပါသောအချိန်တွင် အမျိုးသားတစ်ဦးကသာ အခြေအနေကို လာရောက်ကိုင်တွယ်သင့်သည် မဟုတ်ပါလော။

ကျောက်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့၍ ရွှီဖန်းဆီသို့ လျှောက်လာ၏။

"လူကြီးမင်း မင်္ဂလာပါ...ကျွန်တော်တို့ရဲ့ ကောင်းကင်ပြာဟိုတယ်က ဒီနေ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေကို ကြိုဆိုနေတာကြောင့် အများပြည်သူများအတွက် ယာယီပိတ်ထားပါတယ်"

သူ၏အသံထဲတွင် ဟန်ဆောင်မှုအပြည့်ပါဝင်နေပြီး ရိုးသားသောလေသံအရိပ်အယောင်တစ်ခုပင် မကြားရပေ။ သိသာသည်မှာ ကျောက်ရှန်းသည် ရွှီဖန်းအား ကောင်းကင်ပြာဟိုတယ်သို့ စားသောက်ရန် ရောက်လာသော ဧည့်သည်တစ်ဦးအဖြစ် သဘောထားခဲ့သည်။

ကျောက်ရှန်း၏မျက်နှာအမူအရာကို ကြည့်၍ ရွှီဖန်းအနည်းငယ်မျှ မျက်မှောင်ကြုတ်သွားသော်လည်း စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်၏။

"ဒီည ပွဲရှိတာမဟုတ်ဘူးလား၊ ကျွန်တော်က အဲ့ဒီပွဲအတွက် လာတာပါ"

ကျောက်ရှန်းက အနည်းငယ် အံ့အားသင့်သွားကာ လျင်မြန်စွာ ဦးညွှတ်လာသည်။ သူ့မျက်နှာကို ချက်ချင်းပြောင်းလဲကာ ဟန်ဆောင်ပြုံးဖြင့် ပြောလာ၏။

"လူကြီးမင်းရဲ့နာမည်ကို သိခွင့်ရှိမလားခင်ဗျ၊ ဒါ့အပြင် ကျေးဇူးပြု၍ ဖိတ်စာကတ်လေးကိုလည်း ပြပေးပါဦးဗျ၊ ဒါဆိုရင် ကျွန်တော်တို့ဆီက ဝန်ထမ်းတစ်ယောက်က လူကြီးမင်းကို ခေါ်သွားပေးပါလိမ့်မယ်"

ရွှီဖန်း ခေါင်းခါ၍ ဆိုလိုက်သည်။

"ကျွန်တော့်နာမည်က ရွှီပါ ဖိတ်စာကတ် မရှိဘူး"

ရွှီဖန်း၏စကားကို ကြားသောအခါ ကျောက်ရှန်းသည် သူ၏ မတိုင်ခင်က ခပ်တန်းတန်းရှိနေသော သဘောထားသို့ ချက်ချင်းပြန်ပြောင်းသွားကာ ရွှီဖန်းကို အေးစက်စက် ပြောလာ၏။

"မစ္စတာရွှီမှာ ဖိတ်စာကတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

ကျောက်ရှန်း၏မျက်နှာအမူအရာမှာ အေးစက်ခြင်းမှ နွေးထွေးခြင်းသို့၊ ထို့နောက် နွေးထွေးခြင်းမှ အေးစက်ခြင်းသို့ ပြောင်းလဲသွားကာ ပြောင်းလဲပြင်လွယ်ရှိ၍ သဘာဝကျသည်။ သူသည် လုံးဝရပ်တန့်ခြင်းမရှိဘဲ သူ၏စွမ်းရည်ပြည့်ဝနေသော အကဲခတ်နိုင်စွမ်းကို ပြသနေ၏။

ထိုအချိန်တွင် ပွဲသို့လာရောက်ကြသူများနှင့် ဟိုတယ်၏ပုံမှန်ဧည့်သည် အများအပြားလည်း ရှိနေသည်။ သူတို့က ရွှီဖန်းနှင့်ကျောက်ရှန်းတို့ အချင်းများနေသည်ကို မြင်သောအခါ ချက်ချင်းပင် စုရုံးလာကြ၏။ သူတို့ ရွှီဖန်းကို ကြည့်ကာ လက်ညှိုးများထိုး၍ တက်ကြွစွာ ဆွေးနွေးပြောဆိုလာကြသည်။

"ဒီခေတ်ကြီးထဲမှာ တကယ်ကို လူမျိုးစုံရှိနေတာပဲ၊ ဖိတ်စာမပါဘဲ သူက ဒီကို ဘာလာလုပ်နေတာလဲ"

"ဖြစ်နိုင်တာကတော့ အရေးပါတဲ့လူအချို့နဲ့ သိကျွမ်းပြီး ကောင်းကင်ပေါ် မြင့်မြင့်ပျံသန်းချင်နေတာဖြစ်မှာပေါ့"

"အဲ့ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ဖိတ်စာအတုလေးဘာလေး ပြင်ဆင်ထားသင့်တယ်လေ၊ အခုအခြေအနေကြီးက တော်တော်ရှက်စရာကောင်းတာပဲ"

"သူ ကြယ်ငါးပွင့်ဆိုင်ဟိုတယ်ကို တစ်ခါမှ မရောက်ဖူးလို့နေမှာ၊ ဖိတ်စာရှိတယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး!”

ဟားဟားဟား။

လူအုပ်ကြီးထံမှ လှောင်ပြောင်သရော်မှုများအပြည့်

ပါဝင်သော ရယ်မောသံများ ပေါ်ထွက်လာ၏။ ကျောက်ရှန်းက သူ့အရှေ့မှ မြင်ကွင်းကို ဂုဏ်ယူဝင့်ကြွားစွာကြည့်နေသည်။

ထိုသို့ဖြင့် ကျောက်ရှန်းသည် သူ့ကိုယ်သူ ဂုဏ်သရေရှိပုဂ္ဂိုလ်များအရှေ့တွင် ပေါ်လွင်အောင် ပြသနေလေ၏။

ကုမ္ပဏီ၏အထက်လူကြီးများက ငတုံးများမဟုတ်သ၍ သူ့ကို အနာဂတ်တွင် ထပ်မံအသုံးမပြုဘဲ နေရလိမ့်မည်မဟုတ်ပေ။ တကယ်တော့ အခွင့်အရေးဆိုသည်မှာ ပြင်ဆင်ထားသူများအတွက်သာ ကျန်ရစ်ခဲ့ခြင်းပင်။

ကျောက်ရှန်းသည် ထိုအကြောင်းကို တွေးနေရင်း ရွှီဖန်းအပေါ်ထားရှိသော သူ့အကြည့်က ပို၍ပင် ကျေနပ်အားရလာသည်။

"လုံခြုံရေးတွေ ဘယ်မှာလဲ၊ ညီမမိန်းအတွက် စိတ်မပူနေနဲ့...လုံခြုံရေးတွေကို ခေါ်လိုက်စမ်း! ငါတို့ရဲ့ ဟိုတယ်က အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအနားယူဖို့ နေရာဖြစ်တယ်၊ ဘယ်သူမဆို ဝင်လို့မရဘူး"

ပျော်စရာကြည့်ရန် ဝင်ပေါက်တွင် စုရုံးနေကြသော လူအုပ်ကြီးမှာ ကျောက်ရှန်း၏စကားကို ကြားသော်လည်း အံ့ဩခြင်းတစ်စုံတစ်ရာ မပြခဲ့ကြပေ။ သိသာသည်မှာ သူတို့ကလည်း ထိုအတိုင်း တွေးနေကြ

ခြင်းဖြစ်၏။

တံခါးပေါက်မှ အမျိုးသမီးဝန်ထမ်းအချို့သည် ကျောက်ရှန်း၏အမိန့်ကို ကြားသောအခါ နားကြပ်များကို ကမန်းကတန်းကောက်ယူ၍ လုံခြုံရေးများကို ခေါ်လိုက်ကြသည်။

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် လုံခြုံရေးဝတ်စုံဝတ်ဆင်ထားသော ထွားကျိုင်းသည့်လုံခြုံရေးအစောင့်များ ပြေးလာနေသည်ကို တွေ့လိုက်ရ၏။

ထိုနေရာတွင် ရပ်နေသော ရွှီဖန်း၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။

သူ မူလက သိုသိုသိပ်သိပ်နှင့် ဝင်ရောက်လိုခဲ့သော်လည်း အခုလိုအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ ပို၍ထင်ပေါ်အောင် ပြုမူရတော့မည် ဖြစ်၏။

*************************

All Chapters