Nail Polish (2)
Vol. 9 Ch. 129
ချီချန်းရန်သည် အတွင်းရေးမှူးကျောက် ပြောပြလာသည်ကို နားထောင်ပြီးမျက်မှောင်ကြုတ်လိုက်သည်။
သူ ဖုန်းချလိုက်ပြီး လုလီရှိရာသို့လှမ်းကြည့်လိုက်သည်။ လုလီ ရင်းနှီးမြှုပ်နှံထားသော ဇာတ်လမ်းသည် ပရိုမိုးရှင်း ဆင်းတော့မည်ဖြစ်ပြီး သူ့အနေဖြင့် သာမန်ရင်းနှီးမြှုပ်နှံသူ တစ်ဦးကဲ့သို့ ပြုမူခြင်းမပြုဘဲ အသေးစိတ်အချက်အလက်တိုင်းကိုကြီး ကြပ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း အလုပ်များနေခဲ့သည်။
ချီချန်းရန် စာကြည့်ခန်းသို့ ဝင်လာသောအခါ အွန်လိုင်းအစည်း အဝေးကျင်းပနေသကဲ့သို့ လေးနက်သော အမူအရာဖြင့် လက်ထဲတွင် ရေတစ်ခွက်ကိုင်လျက် နားကြပ်တပ်ကာ ကွန်ပျူတာထဲတွင် အာရုံစူးစိုက်နေသော လုလီကိုတွေ့လိုက်ရသည်။
လုလီ လှုပ်ရှားသံကြားလိုက်သဖြင့် လှမ်းကြည့်လာပြီး သူဝင်လာသည်ကိုမြင်သောအခါ လက်ကိုဝှေ့ယမ်းကာ မနှောင့်ယှက်ရန် အမြန်အချက်ပြလိုက်သည်။ ချီချန်းရန် အလိုက်သိစွာပင် တိတ်တဆိတ်ပြန်ထွက်သွားခဲ့သည်။
နာရီဝက်ကြာပြီးနောက် လုလီ စာကြည့်ခန်းထဲမှထွက်လာသည်။
ထို့နောက် အတွင်းရေးမှူးကျောက် ဖုန်းဆက်လာပြီး ပိုင်ရှန့်ယင်နှင့် ပြောခဲ့သောစကားများကို သူမအား ထပ်ပြောပြလိုက်သည်။ ထိုကြာပန်းဖြူ၏ရဲတင်းသော စကားများကို နားထောင်ပြီးနောက် လုလီ အံ့အားသင့်သွားသည်။ သူမသာ ပါဝင်ပတ် သက်သူမဟုတ်ပါက ထိုမိန်းမ၏သတ္တိကိုလက်မထောင်ပြမိမှာ အသေချာပင်။
ချီချန်းရန် အသက်ကိုပြင်းပြင်းရှုထုတ်လိုက်ပြီး မျက်နှာထက် ဝယ်မကျေမနပ်ဖြစ်နေသော အမူအရာထင်ရှား၏။ ချီချန်းရန်သည် အစပိုင်းတွင် အတွင်းရေးမှူးကျောက်အား သတိပေးရန်သာ စေလွှတ်လိုက်ခြင်းဖြစ်သော်လည်း ယခုမူ ထိုမိန်းမ တုံ့ပြန်လိုက်သောစကားများကြောင့် ပိုရွံ့ရှာသွားရသည်။
လုလီသည် ချီချန်းရန်အားကြည့်ကာ ထိုမိန်းမကိုဂရုစိုက်ရန် မလိုဟု နှစ်သိမ့်ဖို့ စဥ်းစားလိုက်သော်လည်း ယောကျာ်းတစ်ယောက်အား ထိုသို့ပြောရန်မှာမသင့်တော်ဟု နားလည်ပြီး တိတ်တဆိတ်နေလိုက်သည်။
လုလီ ချီချန်းရန်အားပွတ်သပ်ရင်း "သူနဲ့ယှဥ်ရင် ကျွန်မက ပိုကောင်းတယ်မဟုတ်လား ? ရှင် ကျွန်မနဲ့စောစောမတွေ့ခဲ့ရလို့ နောင်တရနေပြီ မဟုတ်လား?"
"အင်း... ဒါပေမယ့် အဲ့အရွယ်တုန်းက မင်းနဲ့ကိုယ် တွေ့ခဲ့ရင် တောင် ဘာမှ ထူးမှာမဟုတ်ဘူး၊ ကိုယ်က အထက်တန်းတက် နေတဲ့အချိန် မင်းက အလယ်တန်းပဲ ရှိသေးတာ"
"အလယ်တန်းကျောင်းသူလည်း ဘာဖြစ်လဲ ? အထက်တန်း ကျောင်းသားတွေကို မဆွဲဆောင်နိုင်တော့ဘူးတဲ့လား ? ကျွန်မ အလယ်တန်းတက်တုန်းက ကျွန်မကိုလိုက်ခဲ့တဲ့ အထက်တန်း ကျောင်းသားတွေမှ အများကြီးပဲ"
ချီချန်းရန်သည် လေးနက်သောမျက်လုံးများဖြင့် လုလီကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ ညင်သာစွာ ပွေ့ဖက်ပေးလိုက်သည်။
“ဟုတ်ပါပြီ... ကိုယ် မင်းနဲ့မတွေ့ရလို့ နောင်တရတယ်. ဟုတ်ပြီလား ?”
လုလီ သူ့ရင်ဘတ်ပေါ် မှီလိုက်ရင်း အင်္ကျီကြယ်သီးများကို လက်ချောင်းများဖြင့် ဆော့ကစားရင်းပြုံးလိုက်သည်။
"ဒီလိုအသက်အရွယ်ကွာခြားတဲ့ ကျောင်းသူလေး တစ်ယောက်ကိုစိတ်ကူးယဉ်နေတာ လူမှုရေးအရမသင့်တော်ဘူးနော်"
ချီချန်းရန် လုလီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ အထိအတွေ့ကြောင့် သူ့နဖူးရှိအရေးအကြောင်းများ ပြေလျော့သွားပြီး သူ့မျက်နှာအမူအရာမှာလည်း တဖြည်း ဖြည်း ပျော့ပျောင်းလာသည်။
လုလီ ပျင်းရိစွာ သမ်းဝေရင်းပြောလိုက်သည်။
"ရှင် သူ့ကို သတိပေးပြီးပြီ၊ နောက်တစ်ခါဆို ယဉ်ကျေးမနေနဲ့၊ သူ့ကို အာဖရိကသာ တန်းပို့လိုက်တော့”
ချီချန်းရန် - "အင်း"
လုလီ စိတ်ထဲ ကျေနပ်သွားသည်။ ပိုင်ရှန့်ယင်သည် သူမအား အမြဲလိုလို စိတ်အနှောင့်အယှက် ပေးနေသဖြင့် သူမဘက်မှလည်း တုံ့ပြန်ရန်လိုအပ်နေသည်။ ထိုကြာပန်းဖြူမအား တုန့်ပြန်ရန်အကောင်းဆုံး နည်းလမ်းမှာ သူမတို့အချိုများကို လူသိ ရှင်ကြား ထုတ်ဖော်ပြသရန်သာဖြစ်သည်။
ယခင်က လျှို့ဝှက်ဓာတ်ပုံရိုက်ခံရဖူးသော်လည်း ထိုကိစ္စတွင် သူမ လှုံ့ဆော်မှုမပါဝင်ခဲ့ပေ။
သို့ဖြစ်ရာ ထိုအရာများကို မည်သို့ထုတ်ပြရမည်ကို စဥ်းစားလိုက်သည်။ ချီချန်းရန်အား Weibo အကောင့် ဖွင့်ခိုင်းပြီး ‘I Love You’ ဟု ပို့စ်တင်ခိုင်းကာ သူမလည်း ‘me too’ ဟုတုံ့ ပြန်ရင်ကောင်းမလား ? လုလီ ကြက်သီးထသွားသည်။
အချိုများပြသဖို့အတွက် Weibo အကောင့်ဖွင့်ခြင်းမှာ သိသာလွန်းနေသည်မဟုတ်ပါလား ?
ထို့အပြင် ချီချန်းရန်သည် ရိုးသားလွန်းသူဖြစ်ရာ Super talk အား မည်သို့ အသုံးပြုရမည်ကို သိလောက်မည် မထင်ပေ။ ဒါဆို ဓာတ်ပုံတင်ရမလား ? ဒါမှမဟုတ် ချီချန်းရန် သူ့အတွက် ချက်ပြုတ်ပေးတဲ့ အစားအသောက်တွေကို ဓာတ်ပုံရိုက်ပြီး ပို့စ်တင်ရင်ကောင်းမလား ?
လုလီသည် သူ့ Moments ကို စောင့်ကြည့်နေသော ချောင်ကျာယိအား သတိရပြီး မေးမြန်းစစ်ဆေးခံရနိုင်ကြောင်း သတိရကာ ထိုအစီအစဉ်ကိုပယ်ချခဲ့သည်။ ၎င်းတို့အချိုများထုတ် ဖော်ပြသရန် နည်းလမ်းရှားပါးကြောင်း သူမ ရုတ်တရက်တွေ့ရှိခဲ့သည်။
သူမ ဆိုဖာပေါ်တွင်ထိုင်လျက်ခြေထောက်များကို ချီချန်းရန် ပေါင်ပေါ်တင်ထားပြီး စဉ်းစားခန်းဝင်နေခဲ့သည်။ ချီချန်းရန်သည်လည်း လုလီ၏ချောမွေ့အိစက်နေသော ခြေထောက်ကို လက်ဖြင့် ပွတ်သပ်ကာ ခြေဖဝါးများကို ဆုပ်ကိုင်ရင်းဆော့ကစားနေသည်။
လုလီ ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိကာ သူ့ခြေထောက်ကို ပြန်ဆွဲယူလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
"ကျွန်မ အောက်ခဏဆင်းလိုက်ဦးမယ်၊ ဒီမှာ ခဏစောင့်ဦး!"
ချီချန်းရန် လက်ထဲဗလာဖြစ်သွားပြီး လုလီ အဘယ်ကြောင့် ထိုသို့အလျင်စလိုထသွားမှန်း သူ နားမလည်ဖြစ်သွားသည်။
ခဏအကြာတွင် လုလီပြန်ဝင်လာပြီး သူ့လက်ထဲတွင် တစ်စုံ တစ်ခုကို ကိုင်လာသည်ကိုတွေ့လိုက်ရသည်။
ချီချန်းရန် - "မင်း ဘာသွားယူတာလဲ ?"
လုလီ ကိုင်လာသည့်အရာကို သူ မြင်အောင် မြှောက်ပြလိုက်ပြီး ဘေးတွင် ဝင်ထိုင်ကာ မူလပုံစံအတိုင်း သူမခြေထောက်ကို သူ့ပေါင်ပေါ် ပြန်တင်ထားလိုက်သည်။
ချီချန်းရန် သူမလက်ထဲက သေးငယ်သော ပုလင်းကို ကြည့်ပြီး
"လက်သည်းနီပုလင်းလား ?”
လုလီ ခေါင်းညိတ်ပြလိုက်ပြီး "အွန်း!"
"ကျွန်မကို လက်သည်းနီဆိုးပေးပါလား ?” သူမ ခြေထောက်ကိုပါ ညွှန်ပြလိုက်ပြီး “ခြေထောက်ရောပဲ”
လုလီသည် လက်သည်းနီဆိုးရခြင်းကို သိပ်မကြိုက်ပဲ လက် သည်း၊ခြေသည်းများကို ပန်းရောင်ခပ်ဖျော့ဖျော့သာ အမြဲဆိုးထားလေ့ရှိသည်။
သို့သော် သူမ ရုတ်တရက် လက်သည်းဆိုးရန် စိတ်ကူးပေါက်လာသည်ကို ချီချန်းရန် နားမလည်ပေ။
လုလီ - "မနက်ဖြန် ဒေါက်ဖိနပ်စီးမှာမို့ ကျွန်မ ခြေချောင်းလေးတွေ လှနေအောင်လို့ပါ"
ချီချန်းရန် ပြုံးလိုက်ပြီး" အင်းပါ...ကိုယ်ဆိုးပေးမယ်" ချီချန်းရန် ဤသည်ကို အကျွမ်းတဝင်မရှိသော်လည်း ခေါင်းကိုငုံ့ကာ သူ့ ခြေချောင်းများကို သေချာဂရုတစိုက်ဆိုးပေးလိုက်သည်။
လုလီ ဖုန်းကို ထုတ်လိုက်ပြီး “ကျွန်မ ဒါကို ဓာတ်ပုံရိုက်လို့ရလား ?”
ချီချန်းရန် - "အင်း...ရိုက်လေ"
ထို့နောက် ခြေသည်းနီဆိုးပေးနေသော ချီချန်းရန်ကို လုလီ ဓာတ်ပုံရိုက်ယူလိုက်သည်။ ချီချန်းရန်သည် သူ့ခြေသည်းများကို ဂရုတစိုက်ဆိုးပေးနေစဥ် ရုတ်တရက် သူမခြေထောက်များကိုပြန်ဆွဲယူလိုက်ပြီး "တော်ပြီ၊ မဆိုးနဲ့တော့"
လုလီအတွက် ခြေသည်းနီးဆိုးခြင်းသည် အဓိကရည်ရွယ် ချက်မဟုတ်ချေ။ လုလီ သူ့ဖုန်းကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။ ချီချန်းရန်သည် လုလီ၏ရည်ရွယ်ချက်ကို နားမလည်ဘဲ ရှုပ်ထွေးသွားပြီး ခြေသည်းနီဘူးအဖုံးကိုပြန်ပိတ်ကာ ဖုန်းကြည့်နေသော သူမဘက်သို့မျက်နှာမူလိုက်သည်။
လုလီသည် ဓာတ်ပုံကို Filter ထည့်ကာ ကျန်အရာဝတ္ထုများကို ဝါးထားလိုက်ပြီး ချီချန်းရန်ကိုသာ အဓိကပုံဖော်ထားလိုက်သည်။
"Weibo မှာ ဘယ်လို ရေးတင်ရင်ကောင်းမလဲ"
"ရှင်တို့ ဥက္ကဌကြီးက သူ့ဇနီးလေးကိုခြေသည်းနီဆိုးပေးနေတာ၊ ဒီခွေးစာက ရှင်တို့အတွက် ကြည်နူးဖို့ကောင်းပြီး ချိုမြိန်နေမှာသေချာတယ်" ချီချန်းရန် ခေါင်းညိတ်ကာ လုလီ၏ ရည်ရွယ်ချက်ကို နားလည်သကဲ့သို့ "အင်း" ဟုဖြေလိုက်သည်။ လုလီ 'ပို့စ်' ကို နှိပ်လိုက်သည်။
ချီချန်းရန် လုလီ၏နောက်ထပ် ခြေထောက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး "လာ ဒီဘက်ပါ တစ်ခါတည်း ဆိုးလိုက်တော့၊ ကိုယ် သေချာဆိုးပေးမယ်"
လုလီ နှုတ်ခမ်းထက်တွင် အနည်းငယ်ပြုံးရိပ်သန်းသွားပြီး
"အွန်း"
ပိုင်ရှန့်ယင်သည် မဂ္ဂဇင်းမှ အကြောင်းအရာများကို ပြန်လည်မျှဝေလိုခဲ့သည်။ 'I am a Designer' အဖွဲ့သားများမှလည်း မီးကို လောင်စာထပ်ဖြည့်သကဲ့သို့ Hot search များကို ဝယ်ယူပေးခဲ့သည်။ သူမ ကလစ်နှိပ်ကြည့်လိုက်သောအခါ ရှိုးမှ ဓာတ် ပုံများနှင့် စျေးကွက်ရှာဖွေရေး အကောင့်များ၏ သူ့အလှနှင့်အရည်အချင်းများကို ချီးကျူးသည့် အကြောင်းအရာများ ဖြစ်နေသည်။
ပိုင်ရှန့်ယင်သည် City S မြို့လယ်ရှိ အဆင့်မြင့်တိုက်ခန်းတွင် နေထိုင်သည်။ သူမ အတွင်းရေးမှူးကျောက် နှင့် ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ပြီး ပြန်ရောက်သောအခါ ထိုလူပြောသော စကားများ သူမစိတ်ထဲတွင် ပြည့်နှက်နေသည်။ ဝိုင်နီတစ်ခွက်ကိုသောက်လိုက်ပြီးနောက် ဤသည်ကို ဆက်မတွေးရန် ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။
အတွင်းရေးမှူးပြောသည့်စကားနှင့် ချီချန်းရန် ပုံစံမှာ ခြားနားမှုရှိသည်။ သူ သူမအား ဤသို့ပြောလာမည်မဟုတ်ပေ။
သူသည် သူ့အပေါ်အလွန်ကြင်နာစွာဆက်ဆံပေးခဲ့ပြီး တိတ် ဆိတ်သောနေ့လည်ခင်းတွင် သူမအား စာပြနေရင်း စင်္ကြန်လမ်းမှဖြတ်သွားသော မိန်းကလေးများမှမြင်တွေ့သွားပြီး နောက်တစ်နေ့တွင် ပိုင်ရှန့်ယင် နှင့် ချီချန်းရန် တို့ ချိန်းတွေ့နေကြသည့်ဟူသော သတင်းသည် တစ်နှစ်ပတ်လုံးတိတ်တဆိတ် ပျံ့နှံ့သွားခဲ့သည်။
သူလည်း ငြင်းဆန်ခဲ့ခြင်းမရှိပေ။
ထို့နောက် နှစ်ပေါင်းများစွာကြာပြီး နောက်ပိုင်းတွင်လည်း သူမအားဂရုစိုက်ပေးခဲ့သော သူ့အပြုအမူများ၊ နှစ်ယောက်သား ဘေးချင်းကပ်လျှောက်လှမ်းခဲ့သည့် အချိန်များနှင့်မိန်းကလေး များ၏အားကျသော မျက်လုံးများဖြင့် အကြည့်ခံခဲ့ရစဉ်က ခံစားခဲ့ရသည့် ချိုမြိန်မှုတို့ကိုအမှတ်ရနေဆဲဖြစ်သည်။ ၎င်းတို့ ဆက်ဆံရေးအဆုံးသတ်ခဲ့ပြီဟု သူမ လက်မခံနိုင်သေးပေ။
ဝိုင်တစ်ခွက်သောက်ပြီးနောက်၊ သူ့လက်ထောက်မှ WeChat မက်ဆေ့ခ်ျတစ်စောင် ပို့လာသည်မြင်လိုက်ရ၏။ ပရိုဂရမ်အဖွဲ့မှ သူမအား Hot search ရှာဖွေမှုအား ဝယ်ယူပေးထားကြောင်း သတင်းပို့လာသည်ကို တွေ့လိုက်ရသည်။ သူမ hot search list ကိုနှိပ်လိုက်သည်။
'Bai Qianying Magazine Shoot' ခေါင်းစီးဖြင့် ဒုတိယနေရာမှာ ရှိနေသည်။
'ချီချန်းရန်က လုလီကိုခြေသည်းနီဆိုးပေးနေတယ်' ခေါင်းစီးမှာ ပထမနေရာသို့ရောက်ရှိနေခဲ့သည်။