← Chapters

Woman’s Happiness (1)

Vol. 9 Ch. 130

Woman’s Happiness (1)

Vol. 9 Ch. 130

အဖြစ်အပျက်များသည် အလွန်တိုက်ဆိုင်နေပုံရသည်။ ပိုင်ရှန့်ယင်သည် Hot Search၌ သူ့မသတင်းထက် အပေါ်ဆုံးရောက်နေသော နံပါတ်တစ် ရှာဖွေမှုကို တွေ့လိုက်ရသည်။ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ထိုသတင်းကိုနှိပ်လိုက်သည်။

"Lu Lily" အကောင့်ပိုင်ရှင်မှ ဓာတ်ပုံတစ်ပုံနှင့်အတူ Weibo ပေါ်တွင် ပို့စ်တင်ထားသည်ကို တွေ့လိုက်ရသည်။

နောက်ခံမှာ မှုန်ဝါးနေသော်လည်း အနေထားအရအိမ်တွင်းတစ်နေရာ၌ဖြစ်ပြီး ခပ်ဖျော့ဖျော့အလင်းရောင်အောက်တွင် ဖြူစွတ်ပြီး သွယ်လျသောခြေထောက်တစ်ချောင်းကို အမျိုး သားပေါင်ပေါ်တင်ထားလျက် ထိုအမျိုးသားသည် ခေါင်းကိုငုံ့ကာ လေးနက်သောမျက်နှာအမူအရာဖြင့် ပေါင်ပေါ်တင်ထားသော ခြေထောက်ကိုခြေသည်းနီဆိုးပေးနေသည်။

ခြေထောက်ပိုင်ရှင်သည် ဓာတ်ပုံတွင် မပါဝင်သော်လည်း "Lu Lily"အကောင့်ပိုင်ရှင် ဖြစ်ကြောင်းထင်ရှားသည်။ ဓာတ်ပုံမှတဆင့် ထိုအမျိုးသားသည် ဥက္ကဌချီချန်းရန်ဖြစ်ပြီး သူမ၏စစ်မှန်သောခင်ပွန်းဖြစ်ကြောင်း ၎င်းတို့၏အိမ်ထောင်ရေး မည်မျှချိုမြိန်ကြောင်း ဖော်ညွှန်းပြသနေသည်။

စျေးကွက်ရှာဖွေရေး အကောင့်များစွာသည် ထိုဓာတ်ပုံကို အာရုံစိုက်လာကြသည်။ "သစ်တော်သီးစုံတွဲကတော့ ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့အချိုတွေကို လူသိရှင်ကြားထုတ်ပြလိုက်ပြီ၊ ဒီတစ်ခေါက် ခွေးစာကချိုလွန်းလို့ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်နေမှာ သေချာတယ်" မှတ်ချက်ဧရိယာမှာ ပိုလို့ပင် ဆူညံနေသည်။

[အား..အရမ်းချိုတာပဲ...]

[မင်းတို့ မြင်လား ? တစ်နေ့ကို သန်းနဲ့ချီပြီးပိုက်ဆံရှာနိုင်တဲ့ ဥက္ကဌကြီးက အိမ်ရောက်တာနဲ့ သူ့ဇနီးကိုခြေသည်းနီ ဆိုးပေးနေရတယ်ဆိုတာ]

[အိုမို....ချိုလိုက်တာဆိုတာ... သံပုရာသီး အီမိုဂျီ]

[သူတို့ ဒီလိုတွေလည်း လုပ်တတ်လိမ့်မယ်လို့ မထင်ထားဘူး Meow.jpg]

[သစ်တော်သီးစုံတွဲ szd! ငါ တံခါးခေါက်ချင်လို့ သူတို့ Super Chat ဘယ်မှာလဲ?!]

[သူ ဆိုးနေတာ ဘာအရောင်လဲ ? အရမ်းလှတယ်၊ ဝိုး၊ သူ့ခြေ ထောက်လေးတွေက သေးသွယ်ပြီး ဖြူဖွေးနေတာပဲ၊ ဘေးက လောင်ကုန်းကလည်း ချောချက်ပဲ]

[ဒါကိုမြင်တော့ ဘေးက ဝက်နဲ့တူတဲ့ ငါ့ရည်းစားကိုဆောင့်ကန်ပြီး လက်သည်းနီဆိုးခိုင်းလိုက်တယ်]

[ဟား...ဟား... ကျဲရောပဲ!]

…...

မကြာမီတွင် ထိုအပြုအမူသည် အလှအပနှင့် ဖက်ရှင်ဘလော့ဂါများမှ စတင်ဖော်ပြလာကြပြီး ရုတ်တရက်ဆိုသလိုပင် ချစ် သူ/ခင်ပွန်းများမှ ခြေသည်းနီဆိုးပေးသည့် လှိုင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ Hot search ရှာဖွေမှုစာရင်းတွင် လူတိုင်းသည် လုလီ၏ဓာတ်ပုံကိုတုပပြီး မိမိတို့၏ချစ်သူ/ခင်ပွန်းပေါင်ပေါ်တွင် ၎င်းတို့၏ခြေထောက်များကိုတင်လျက် သက်ဆိုင်သူမှာ ခေါင်းငုံ့ကာဇနီးဖြစ်သူ၏ခြေသည်းများကို ဂရုတစိုက်ဆိုးပေးနေသည့်ပုံများဖြင့် ပြည့်နှက်နေသည်။

ပိုင်ရှန့်ယင်သည် ဓာတ်ပုံထဲရှိခေါင်းငုံ့ကာ ခြေသည်းဆိုးပေးနေသော အမျိုးသားကိုစိုက်ကြည့်ပြီးနောက် ဥက္ကဌကြီးနှင့်သူ့ဇနီး ၏ချိုမြိန်သော အခိုက်အတန့်ကိုအားကျနေကြသော မှတ်ချက်များကိုတွေ့လိုက်ရသည်။

ထိုမှတ်ချက်များအား အရှုံးမပေးချင်သည့်စိတ်နှင့် မလိုလားအပ်သော အရှက်တရားသည် ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။

…...

Suhe Bay...

လုလီသည် အချိုများကိုထုတ်ဖော်ပြသပြီးနောက် ရေပန်းစားရှာဖွေမှုစာရင်းတွင် ပါဝင်လာမည်ကို သိထားသော်လည်း၊ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည်ကိုတော့ မျှော်လင့်မထားခဲ့ပေ။ ထို့နောက် သူမတို့အောက်ရှိ "Bai Qiaying Magazine"ဟူသော ခေါင်းစီးကိုမြင်ပြီး သူအလွန်စိတ်လှုပ်ရှားသွားကာ ရယ်ချင်စိတ်ပင်ဖြစ်သွားသည်။

ထိုတင်မကပဲ မိမိအချိုကို ပိုင်ရှန့်ယင် မမြင်မည်ကိုလည်း စိုးရိမ်နေခဲ့သည်။ သို့သော် ယခုချိန်တွင် ပိုင်ရှန့်ယင်ကိုယ်တိုင် ရေပန်းစားရှာဖွေမှုစာရင်းတွင် ပါဝင်နေပြီဖြစ်ရာ၊ အမှန်ပင် ထိုစာရင်းကို စစ်ဆေးကြည့်ရှုမည်မှာ သေချာသည်။ ထို့နောက် ချီချန်းရန် ခြေသည်း ဆိုးပေးနေသည့်ပုံကို တွေ့ရမည်ဖြစ်ပြီး ထိပ်ဆုံးနေရာတွင် ရှိနေကြောင်းကိုပါမြင်တွေ့သွားမည် ဖြစ် သည်။

လုလီသည် ဤသည်ကိုမြင်ပြီးနောက် ပိုင်ရှန့်ယင်၏မျက်နှာပေါ် ထင်ဟပ်လာမည့် အမူအရာကိုစိတ်ကူးမယဉ်ကြည့်ပဲ မနေနိုင်တော့ပေ။ ထိုမိန်းမအကြောင်းပိုတွေးလေလေ သူ ပျော်ရွှင်လေလေဖြစ်ပြီး စိတ်ထဲကျေနပ်သော ခံစားချက်များလှိုင်းထနေသည်။

ထိုကြာပန်းဖြူမက ဘာမှမလုပ်ပဲ သူ့ကိုယ်ပိုင်အမှတ်တရကို ပြန်ပြောပြရုံသာဆို သူလည်း ဘာမှမလုပ်ဘဲ သူ့ခင်ပွန်းက သူမကို မည်မျှချစ်ကြောင်းပြရုံသာဖြစ်သည်။

အေးပါ!

အဲဒါအရမ်းကောင်းတယ်!

ကြာပန်းဖြူမ နင် လစ်..!

ငါ့လောင်ကုန်းက ငါ့အပိုင်!

ထိုအချိန်တွင် ချီချန်းရန်သည် သူ့ဆံပင်ကိုသုတ်ရင်း ရေချိုးခန်းမှထွက်လာစဥ် ဖုန်းကိုင်လျက် အိပ်ရာပေါ်တွင် လူးလိမ့်နေသော လုလီကိုမြင်လိုက်ရသည်။

"ဘာတွေမြင်ပြီး သဘောကျလို့ ဒီလောက်ပျော်နေတာလဲ ?"

လုလီသည် လောင်ကုန်းအသံကို ကြားလိုက်သည်နှင့် တပြိုင် နက် လူးလိမ့်နေခြင်းကို ချက်ချင်းရပ်တန့်ကာ ဥက္ကဌကြီး၏ ဇနီးတစ်ဦးပုံရိပ်ကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

"ဒါမျိုးက မိန်းမတွေပဲ နားလည်နိုင်တဲ့ ပျော်ရွှင်မှုမျိုးပဲ ရှင်နားမလည်နိုင်ပါဘူး။"

အမှန်မှာ ထိုလောင်ကုန်းသည် သူမအတွက် ခြေသည်းဆိုးပေးရန်နှင့် ဓာတ်ပုံရိုက်ရန်အတွက် ကိရိယာတစ်ခုသဖွယ် အသုံးပြုခံခဲ့ရခြင်းဖြစ်သည်။ ချီချန်းရန်သည် ရယ်မောလျက်အိပ်ရာပေါ်ရှိ လုလီကိုကြည့်နေမိသည်။ သူဇနီးလေးသည် မျက်လုံးထဲတွင် ပိုကြည့်လေလေ ပိုချစ်စရာကောင်းလာလေလေပင်။

သူ အပေါ်မှ ကိုယ်ကိုကိုင်းညွတ်ကာ လုလီထံ ချဉ်းကပ်လာပြီး မျက်ခုံးပင့်ကာ "မိန်းမတွေရဲ့ပျော်ရွှင်မှုကို ကိုယ် နားမလည်နိုင်ဘူးတဲ့လား? ဒါဆို ကိုယ်က လူတစ်ယောက်အတွက် အသုံးချခံရတဲ့ ကိရိယာ သက်သက်ပဲလား? ဟမ်?"

လုလီ ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားပြီး စောင်ထဲသို့ ချက်ချင်း ဝင်ပုန်းလိုက်သည်။ သူ့အား ကိရိယာတစ်ခုသဖွယ်အသုံးပြုခံရသည်ကို သိရှိသွားသော ထိုလောင်ကုန်း သည် သူ့ဘက်မှ 'S' စရိုက်လက္ခဏာကို မည်မျှထင်ရှားစွာဖော် ပြတတ်သည်ကို လုလီ မည်သို့သိနိုင်မည်နည်း။

ချီချန်းရန်သည် စောင်ထဲတွင် ပုန်းအောင်းနေသော လုလီကို ဆွဲထုတ်လိုက်ပြီး မျက်လုံးများဖြင့် ရှင်းလင်းစွာအသိပေးလိုက်သည်။ သူ့ကို အသုံးပြုပြီးတာနဲ့ ဒီအတိုင်းပြီးသွားမယ် လို့ထင်တာနေလား ? အမျိုးသမီးတစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုနားမလည်နိုင်တဲ့သူဟာ အခြားနည်းလမ်းနဲ့ မင်းကိုပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်ဆိုတာပဲ၊ အိမ်ထောင်သက်တမ်းမကုန်ဆုံးသေးဘဲ ဒီလိုစောစောအိပ်ဖို့ စိတ်ကူးထားတာလား ?

လုလီသည် သူ့မျက်လုံးထဲရှိ အဓိပ္ပါယ်ကိုနားလည်သွားပြီး မျက်နှာများနီရဲလာကာ ရှက်နေ၏။ ချီချန်းရန် သူမ ခါးကို ပွေ့ဖက်လိုက်သည်။

လုလီက သူ့ပုခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် မျက်လုံးမှိတ်ကာ ငြီးတွားနေမယ့်အစား သူ့မျက်နှာကို ရဲရဲဝံ့ဝံ့စိုက်ကြည့်ရင်း သူ့နားထဲမှထွက်ပေါ်လာသော သက်ပြင်းချသံကို နားထောင်နေခဲ့သည်။ သူမ နောက်ဆုံးတွင် နားလည်ခဲ့သည်မှာ ယောက်ျားတစ်ယောက် ဖြစ်ရခြင်းသည် အမှန်ပင်ကောင်းမွန်လှသည် ဆိုတာကိုပင်။

****

"Idol Boy" ၏ စတုတ္ထမြောက် ဖျော်ဖြေပွဲတွင် လုလီသည် အစ်ကိုဖြစ်သူ လုချမ့်ထံမှ ကြိမ်းမောင်းခံခဲ့ရပြီး ချီချန်းရန်၏ အားပေးမှုဖြင့် ပြန်လည်တိုက်ခိုက်ရန် သတ္တိရှိလာသော်လည်း၊ သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုယ်စားလှယ်ထိုင်ခုံတွင်ထိုင်နေသည်။ ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေမှုကိုလက်ခုပ် တီးကာ ခေါင်းညိတ်ပြပေမယ့် သူ့မျက်နှာထက် "ဝိုး မင်းဆိုသွားတာ အရမ်းကောင်းတာပဲ၊ ကျဲ အရမ်းကြိုက်သွားတယ်၊ ဒါပေမယ့် ကျဲလောင်ကုန်းကို အကြိုက်ဆုံးပဲ"

ပိုင်ရှန့်ယင်၏ "I am a designer" ထုတ်လွှင့်မှုအဆင့် သတ် မှတ်ချက်ကို "Idol Boy" မှ ကျော်တက်သွားပြီး "I am a designer" ပြိုင်ပွဲသည် ထိပ်ဆုံးစာရင်းမှကျဆင်းနေသည်ကို လုလီမြင်သောအခါ သူ့ရင်ထဲတွင် ပျော်ရွှင်မှုလှိုင်းများကြွတက်သွားခဲ့သည်။

ပိုင်ရှန့်ယင်သည် အတွင်းရေးမှူးကျောက်ကိုပြန်လည်ချေပခဲ့သော်လည်း တုန်လှုပ်သွားပြီးတည်ငြိမ်နေပုံရသည်။ အင်တာနက်ပေါ်တွင် သူ့ကိုယ်သူ စျေးကွက်ချဲ့ထွင်ခြင်းအပြင်မလိုအပ်သောလှုပ်ရှားမှုများမတွေ့ရချေ။

လုလီသည် သူ့ကို ဂရုစိုက်ရန်အချိန်မရှိတော့ပေ။ သူ ရင်းနှီးမြှုပ်နှံထားသော "The Last Boy"ရုပ်ရှင်သည် ပရိုမိုးရှင်းကာ လသို့ရောက်ရှိနေပြီဖြစ်ရာ အလုပ်များပြီးအချိန်မရှိဖြစ်နေ သည်။

ရုပ်ရှင်လောကတွင် နာမည်မရှိသေးသော ဒါရိုက်တာနှင့် သရုပ် ဆောင်များမှ ရိုက်ကူးထားသည့် ထိုရုပ်ရှင်အားကြော်ငြာရန် သိပ်မလွယ်ကူလှပေ။ သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ငွေကြေးအာမခံသည့် ကြော်ငြာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ ကုမ္ပဏီသည် ယခင် အတွေ့အကြုံများကိုအခြေခံပြီး သုံးသပ်ချက်နှင့် အဆင့်သတ်မှတ်ခြင်းလမ်း ကြောင်းကို ရွေးချယ်ရန် အကြံပြုခဲ့သည်။ ရုပ်ရှင်အား ပထမဆုံး အသေးစားရုံတင်ပြသပြီး အဆင့်သတ်မှတ်ချက်မြင့်တက်လာမှ နိုင်ငံတစ်ဝှမ်းဖြန့်ချိရန်ဖြစ်သည်။

ကြော်ငြာကုမ္ပဏီသည် မစ်လီထုတ်လုပ်သည်ဟူသောအချက်ကို ရုပ်ရှင်၏ကြော်ငြာမှုအတွက် အသုံးပြုလိုကြောင်းအကြံ ပြုခဲ့သော်လည်း၊ အဖွဲ့ထဲအကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်နေသော လုလီက ဤအဆိုကိုငြင်းပယ်လိုက်သည်။

All Chapters