← Chapters

White Lotus (1)

Vol. 9 Ch. 132

White Lotus (1)

Vol. 9 Ch. 132

ပိုင်ရှန့်ယင်သည် ပုံမှန်အားဖြင့် သာမာန်မဂ္ဂဇင်းများနှင့်သာ တွေ့ဆုံခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ တရုတ်နိုင်ငံ၏ နာမည်ကောင်းဖြင့် ကျော်ကြားသော ဒုတိယအဆင့် မဂ္ဂဇင်းတစ်စောင်တွင် ပါဝင်လာခဲ့သည်။ အင်တာဗျူးအ ကြောင်းအရာများကို မဂ္ဂဇင်းအတွင်းဘက် စာမျက်နှာရှိ ဓာတ်ပုံနှင့်တကွ ပူးတွဲဖော်ပြထားသည်။

“ကျွန်မ အရင်အင်တာဗျူးတွေမှာလည်း ကျွန်မ ဘဝဖြတ် သန်းမှုနဲ့ အလုပ်အကိုင်အကြောင်းကို အများကြီး ဖြေခဲ့ပြီးပါပြီ၊ အပြင်က ချီးကျူးစကားတွေ ကြုံရတဲ့အခါမှာလည်း ကျွန်မ ကျိုးနွံစွာလက်ခံပါတယ်၊ ကျွန်မ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကူညီပေးတဲ့သူအားလုံး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်၊ သူတို့ကြောင့်သာ ကျွန်မဘဝရဲ့ အဆိုးဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး မျှော်လင့်ချက် ပြန်ရခဲ့တာ၊ ထို့နည်းတူပဲ ကျွန်မကို ဖိနှိပ်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်၊ သူတို့ကြောင့် လေဆန်ကိုတက်ရင်း ကိုယ့်ကိုကိုယ် သန်မာဖို့သတ္တိရှိခဲ့တာပါ”

နောက်ဆုံးမေးခွန်းတွင် သတင်းထောက်သည် လူတိုင်းသိချင်နေကြသည့် အချစ်ဦးနှင့်ပတ်သတ်သည့် အကြောင်းအရာကို မေးမြန်းလာခဲ့သည်။ အပြင်လောကတွင် သူ့အချစ်ရေးကို အလွန်စိတ်ဝင်စားနေကြပြီး ပြန်အဆင်ပြေရန် မျှော်လင့်ချက် ရှိ၊ မရှိ ကို မေးမြန်းခဲ့သည်။

ထိုမေးခွန်းနှင့်ပတ်သက်၍ ပိုင်ရှန့်ယင်၏အဖြေသည် မဂ္ဂဇင်းစာမျက်နှာတစ်ခုလုံး ပြည့်သွားသည့်အထိ ရှည်လျားခဲ့သည်။

ဆယ်ကျော်သက် ကျောင်းသားနှစ်ယောက်သည် ကျောင်းဝင်းအတွင်းရှိ ginkgo သစ်ရွက်များ ဖုံးလွှမ်းနေသော လမ်းပေါ်တွင် စကားစမြည်ပြောရင်း ဘေးချင်းကပ်လမ်းလျှောက်နေကြသည်။ ခြေဖဝါးအောက်မှ သစ်ရွက်များသည် ပွတ်တိုက်မှုကြောင့် တစ်ရှပ်ရှပ် မြည်နေသည်။ အကြောင်းအရာများသည် ချိုမြိန်လွန်းလှပြီး တကယ့်အဖြစ်အပျက်များလည်း ဖြစ်လေရာ ဖတ်ရှုသူတိုင်းကို မျက်ရည်ကျစေသည်။ သို့သော် အဆုံး သတ်တွင် သူ ဤသို့ဖြည့်စွက်ထားသည်။

"ဒီအမှတ်တရတွေက ကျွန်မနဲ့ပဲ သက်ဆိုင်ပါတယ်၊ အခုဆို သူလည်း အိမ်ထောင်ကျပြီး မိသားစုနဲ့ဖြစ်နေပါပြီ၊ ကျွန်မကြောင့်နဲ့ အေးချမ်းနေတဲ့ သူ့ဘဝကို အနှောင့်မယှက်မဖြစ်ချင်ဘူး"

လူတိုင်းသည် ထိုအဖြစ်အပျက်များကို ဖတ်ရှုရင်း ယခင်‌ ကျောင်းသားဘဝ အမှတ်တရများကို ပြန်ပြောင်းသတိရသွားကြသည်။ သို့သော် နောက်ဆုံးစာကြောင်း၌'အခုဆို သူလည်း အိမ်ထောင်ကျပြီး' ဟူသော စကားသည် လူတိုင်း၏အတွေးများကို လက်တွေ့ဘဝဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ဤကမ္ဘာတွင် ပြီးပြည့်စုံသောဇာတ်လမ်းများ အများအပြားရှိသော်လည်း အဆုံးသတ်များမှာမူ အမြဲနာကျင်ရမှန်း လူတိုင်းလက်ခံကြသည်။

ကျောင်းသားဘဝမှ ဘွဲ့ရပြီးနောက် ကိုယ်ပိုင်အလုပ်အကိုင်ကိုယ်စီနှင့် ဖြစ်လာကြပြီး ထို့နောက်တွင် မိသားစုစိတ်တိုင်းကျ ရွေးချယ်ထားသော မိန်းကလေးနှင့်လက်ထပ်ခဲ့သည်။ နှစ်ကာလကြာမြင့်ပြီးနောက် ကျောင်းသားဟောင်း တွေ့ဆုံပွဲများတွင် ဆုံတွေကြသည့်အခါ တစ်ယောက်ကိုတစ်ယောက် ပြုံးပြတဲ့အခါ ယခင်က အမှတ်တရများကို ပြန်တွေးနေကြမှာလား?

“I am designer’ ၏နောက်ဆုံးအပိုင်းတွင် ဖြန့်ဝေရေးအကောင့်များ၏ အကူအညီဖြင့် အချစ်ဦးကို သတိရပြီး ငိုနေသော ပိုင်ရှန့်ယင်၏ မှတ်တမ်းဓာတ်ပုံများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခံခဲ့ရသည်။ ထိုကဲ့သို့ အစစအရာရာ သာလွန်ပြည့်စုံသော နတ် သမီးလေးအား မျက်ရည်ကျအောင် လုပ်နိုင်ခဲ့သည့် သက်ဆိုင်သူကို လူတော်တော်များများမှ သိချင်နေကြပြီး ယခုမဂ္ဂဇင်းတွင် ပထမဆုံး ထုတ်ပြောလာခဲ့သည်။ ပါဝင်သောအကြောင်း အရာများ ချက်ချင်းအွန်လိုင်းပေါ် စတင်ပျံ့နှံ့သွားခဲ့သည်။

အစပိုင်းတွင် ကျောင်းဝင်းအမှတ်တရများဖြင့် ချိုမြိန်နေကြပြီး လက်ထပ်ပြီးသော အချစ်ဦးအကြောင်း ကြားလိုက်သော အခါ လူအများကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့သည်။

အထူးသဖြင့် ပိုင်ရှန့်ယင်အား အချစ်ဦးနှင့်အဆင်ပြေရန် အရူးအမူးမေးမြန်းနေကြသည့် ပရိသတ်များအတွက် ပို၍ပင် ထိချက်ပြင်းခဲ့သည်။

ဝတ္ထုတစ်ပုဒ်အဆုံးသတ်သည် အားလုံး ထင်မှတ်ထားသကဲ့သို့ ချိုမြိန်သော ပေါင်းစည်းမှုမဟုတ်ပဲ ရင်နာဖွယ် အဆုံးသတ်ခဲ့ပြီး စာဖတ်ပရိသတ်များကို အရူးအမူးဖြစ်စေခဲ့ကာ လူအများက ဤသည်ကို လက်မခံနိုင်ကြောင်း ပြောနေကြသည်။

ပိုင်ရှန့်ယင်၏ Weiboစာမျက်နှာတွင် ထိုအကြောင်းအရာများကို ပြောဆိုနေကြသော ပရိသတ်များ၏ ပို့စ်များ ပလူပျံနေ သည်။ တစ်ဖက်တွင် ပိုင်ရှန့်ယင်အတွက် နာကျင်နေကြပြီး ကျန်တစ်ဖက်တွင် အချစ်ဦးကို ပိုင်ဆိုင်ခွင့်ရသွားသော အမျိုး သမီးအား မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။

[အဟင့်… ရှန့်ကျဲရယ်... ဒီလောက်အကြာကြီး မျှော်လင့်ခဲ့ပြီးမှ အဆုံးသတ်က ဒါတဲ့လား? ငါ့မျက်ရည်အတွက် တာဝန်ယူပေးပါ]

[ရှန့်ကျဲက အရမ်းစိတ်ထားကောင်းတာပဲ၊ သူ့အချစ်ဦးရဲ့ လက် ရှိဘဝကို မနှောင့်ယှက်ဖို့ လူတိုင်းကို တောင်းဆိုနေသေးတာ]

[သူဘာလို့ လက်ထပ်လိုက်တာလဲ?! ငါတို့ ရှန့်ကျဲကို ဒီလောက်လွယ်လွယ်နဲ့ မေ့ပစ်လိုက်နိုင်တာလား?! ငါ လုံးဝလက်မခံနိုင်ဘူး!]

[အမှတ်တရတွေက အရမ်းကို ချိုမြိန်လွန်းတော့ ငါ့နှလုံးသားကို လှုပ်ခတ်စေနိုင်ခဲ့တယ်၊ အခုတော့ ငိုနေရုံပဲ တတ်နိုင်တယ်]

[ရှန့်ကျဲ့က သူ့ကို အခုထိချစ်နေတုန်းပဲ၊ ဒါပေမယ့် သူ့ဘဝကို မနှောင့်ယှက်ဖို့ပဲ ရွေးချယ်နိုင်ခဲ့တယ်၊ ရှန့်ကျဲ့ အတွက် တကယ် စိတ်မကောင်းဖြစ်ရတယ်.... Tears အီမိုဂျီ]

[အရင်တုန်းက ဘယ်သူ အရမ်းကောင်းခဲ့တာလဲ မသိဘူး?]

[အဲ့လူလည်း ရှန့်ကျဲကို မေ့နိုင်သေးမှာမဟုတ်ဘူး၊ အိမ်ထောင် ပြုတယ်ဆိုတာလည်း မလွဲသာမရှောင်သာ ကိစ္စရှိလို့ပဲ ဖြစ်ရမယ်]

[သူခမျာ နေ့တိုင်း Huang Lian Po လို မိန်းကလေးမျိုးနဲ့ ရင် ဆိုင်နေရတာလား မသိပါဘူး၊ ရှန့်ကျဲလို့ မိန်းကလေးမျိုးကို လက်လွတ်လိုက်ရတဲ့အတွက် သူ ဘယ်လောက်တောင် နောင်တရနေမလဲ သိချင်လိုက်တာ]

(Huang lian po (ဟွမ်လျန်ပေါ) ဟူသည် အိမ်ထောင်သက် ကြာမြင့်နေပြီဖြစ်ပြီး အိမ်မှုကိစ္စ ဝန်ထုပ်ဝန်ပိုးများကြောင့် မျက်နှာအရောင်ပြောင်းကာ အိုမင်းရင့်ရော်နေသော အဝါရောင်မျက်နှာအမျိုးသမီးကို ရည်ညွှန်းသော တရုတ်အသုံးအ နှုန်းဖြစ်သည်။)

[ဟွမ်လျန်ပေါ ဆိုတဲ့ အသုံးအနှုန်းကို ကြားလိုက်တာနဲ့ စိတ်တိုတယ်၊ ရှန့်ကျဲ့လဲ စိတ်ဆင်းရဲနေမှာသေချာတယ်!]

[သူနဲ့ အဲ့မိန်းမကြားမှာ ချစ်ခြင်းမေတ္တာဆိုတာ ရှိနေမှာမဟုတ်ဘူး]

[ရှန့်ကျဲ့ရဲ့ အချစ်ဦး ဘယ်သူလဲဆိုတာ အရမ်းသိချင်နေပေမယ့် သူ ဒါကို ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ဘူး၊ သူ့အတွက်စဉ်းစားပေးနေလိုက်တာ၊ အနှောင့်အယှက်မဖြစ်စေချင်ဘူးတဲ့၊ လောကကြီးမှာ ရှန့်ကျဲ့လိုစိတ်ကောင်းရှိတဲ့ မိန်းကလေးတွေလည်း ရှိသေးတာပဲလား?]

...

တစ်ချိန်တည်းမှာပဲ ပိုင်ရှန့်ယင်သည် Weibo မှတဆင့် ‘အခုလို စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မကြောင့်နဲ့ သူ့ဘဝကို အနှောင့်အယှက်မဖြစ်စေချင်ဘူး၊ Thanks.(အီမိုဂျီ)" ဟု တင်လိုက်သည်။

သူ့ပရိသတ်များသည် ၎င်းတို့နတ်ဘုရားမ၏ စိတ်အခြေအနေကို နှစ်သိမ့်ပေးခဲ့ပြီး သူမအား Hot search ပေါ်သို့ ရောက်အောင် တွန်းတင်ပေးခဲ့ကြသည်။

"အဝါရောင်မျက်နှာနဲ့ အမျိုးသမီး" ဟူသော စွပ်စွဲချက်ကို မြင်သော်လည်း ဖြေရှင်းပေးခြင်းမရှိပဲ လျစ်လျူရှုထားခဲ့သော ပိုင်ရှန့်ယင်၏လုပ်ရပ်ကြောင့် လုလီ ချီချန်းရန် အင်္ကျီကိုကိုင်ဆွဲကာ ဒေါသတကြီးဖြစ်နေခဲ့သည်။

"ကျွန်မက ဟွမ်လျန်ပေါဟုတ်လား? ကျွန်မကလေ....!"

"သူ့ထက် ငယ်လည်းငယ်၊ လှလည်းလှပြီး ခန္ဓာကိုယ်အချိုးအ စားကလည်း သူ့ထက်အများကြီးသာတာကို ကျမကိုဟွမ်လျန် ပေါလို့ ခေါ်နေကြတာလား အဟက်.. ?!"

ချီချန်းရန်သည် ထိုစွပ်စွဲချက်ကိုမြင်ပြီး ဒေါသထွက်နေခဲ့သော် လည်း အသက်ပြင်းပြင်းရှူကာ ဒေါသကို မျိုသိပ်ရင်း လုလီကို ဦးစွာနှစ်သိမ့်ပေးခဲ့သည်။

လုလီ ထိုမေးခွန်းအတွက် ရုန်းကန်နေရဆဲဖြစ်ပြီး ချီချန်းရန်အား မျက်နှာချင်းဆိုင်ကာ “ရှင်ရော ကျွန်မကို ဟွမ်လျန်ပေါ လို့ ထင်နေတာလား?”

"အာ... မဟုတ်ပါဘူး၊ ကိုယ် အဲ့လို မထင်ပါဘူး” ချီချန်းရန် သူ့ပါးကို နမ်းလိုက်ပြီး “မင်းသာ ဟွမ်လျန်ပေါ ဆိုရင် တခြားလူတွေ အသက်ရှင်ဖို့ခက်သွားမှာပေါ့"

လုလီ "ဟုတ်တယ်၊ သူတို့ပြောတာ လုံးဝမမှန်ဘူး၊ ကျွန်မက အဲ့ကြာပန်းဖြူမထက်တောင် ပိုနုသေးတယ် ၊ ပြီးတော့ အမြဲတမ်း ရှင့်မိန်းကလေးအဖြစ်ရှိနေမှာ”

"ဟုတ်တယ်" ချီချန်းရန် သူ့နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်ပြီး "မင်းက ကိုယ့်အပိုင်ပဲ"

"အားလုံးက ကိုယ့်အမှားပါ၊ ကိုယ့်ကြောင့် မင်းစိတ်ဆင်းရဲနေရတာ၊ ကိုယ် တောင်းပန်ပါတယ်နော်”

ချီချန်းရန် မရပ်မနား တောင်းပန်နေခဲ့သည်။ လုလီသည် စိတ် ရှည်ရှည်နှင့် တောင်းပန်နေသော ချီချန်းရန်ကို ကြည့်ကာ သူ့ ရင်ဘတ်ကို သူမ လက်သီးဆုပ်လေးဖြင့် ထိုးလိုက်သည်။

"ကိုယ့်အမှား ကိုယ်သိတော့ တော်သေးတာပေါ့”

ထိုသို့ပြောနေပေမယ့်လည်း သူ မည်မျှအပြစ်ကင်းကြောင်း လုလီ သိသည်။ အကြိမ်တိုင်းသူသာ ခေါင်းခံနေရသည့်အဖြစ်ကို တွေးပြီး ထိုကဲ့သို့သော ကိစ္စများကို ကိုင်တွယ်သည့်န ည်းလမ်း များအားမသင်ယူခဲ့မိသည့် ကိုယ်ကိုကိုယ်သာ အပြစ်တင်နေမိသည်။

(ဆိုလိုတာက သူ မလုပ်ခဲ့တဲ့အရာအတွက် အပြစ်ခံနေရတာမျိုးကိုပါ)

All Chapters