White Lotus (2)
Vol. 9 Ch. 133
ချီချန်းရန် လုလီကို နှစ်သိမ့်ပေးပြီးနောက် 24 နာရီ stand by ရှိနေသော ရှန့်ကျင်၏ပြည်သူ့ဆက်ဆံရေးဌာနနှင့် ချက်ချင်းဆက်သွယ်ခဲ့သည်။
လုလီ ဖုန်းကို လှန်လောကြည့်ရင်း ပိုင်ရှန့်ယင်၏ပရိသတ်များ သည် သူ့အား ဟွမ်လျန်ပေါအဖြစ် သမှုတ်နေကြပြီး ဆဲဆိုနေကြသည်ကို မြင်သောအခါ အလွန်ဒေါသထွက်နေခဲ့သည်။
သူ နားမလည်နိုင်သည်မှာ ဤရွံစရာကောင်းသော အမျိုးသမီး နှင့် အဘယ်ကြောင့် ဆက်နွယ်နေရခြင်းကိုပင်။ အထူးသဖြင့် ပိုင်ရှန့်ယင်အား စစ်မှန်သောအချစ်ဖြင့် ထောက်ခံနေသော ပရိသတ်များရှိနေပြီး ယခုအခါ သူ့နောက်လိုက်စစ်တပ်ကဲ့သို့ သူမအား တိုက်ခိုက်နေကြပုံကို မြင်ရသည့်အခါ အံ့ဩတုန် လှုပ်ခဲ့ရသည်။ ထိုပရိသတ်များသည် သူမအား ဟွမ်လျန်ပို အဖြစ် ခိုင်းနှိုင်းပြီး ၎င်းတို့ကြားတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ မရှိဟု ပြောဆိုနေကြသည်ကို မြင်ရသောအခါ ပို၍ပင် ဒေါသထွက်လာခဲ့သည်။
တဖက်တွင် ပိုင်ရှန့်ယင်၏ ခံစားချက်များကို စဉ်းစားမိသော အခါ လုလီစိတ်ထဲတွင် မချိတင်ကဲဖြစ်ရပြန်သည်။ ပိုင်ရှန့်ယင်သည် သူ့အချစ်ဦးကိုတမင်တကာ ဖုံးကွယ်ထားခဲ့ပြီး လုလီအား လူအများရှေ့တွင် ဖော်ထုတ်ခွင့်မပြုသည့် အနေအထားသို့ အတင်းအကျပ် ပို့ဆောင်လိုက်သကဲ့သို့ ဖြစ်နေသည်။ သူ ဇာတ်စင်ပေါ်တက်လာပြီး ရည်းစားဟောင်းအကြောင်း မတော် တဆထုတ်ဖော်ပြမိခဲ့သလိုပြုမူခဲ့သည်။
သူ မည်မျှပင် မျက်နှာပြောင်တိုက်နေပါစေ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကိုသာ အသုံးပြုခဲ့သည်။ “ကျွန်မ အတိတ်ကို ကျွန်မ ပြောတာလေ၊ ဘာဖြစ်လို့လဲ ?”
ထိုကြာပန်းဖြူသည် ထိုအကြောင်းကို ကိုယ်တိုင်ထုတ်ဖော်ခဲ့ပြီး ဥပဒေကို မချိုးဖောက်ပါပဲ ပြစ်မှုများကိုကျူးလွန်နေခဲ့သည်။
ရှန့်ကျင်၏ပြည်သူ့ဆက်ဆံရေးဌာနသည် လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ပိုင်ရှန့်ယင်၏ Hot search အကြောင်းအရာများကိုချက် ချင်းပင်ဖယ်ရှားခဲ့သည်။
လုလီတွင် ကြယ်ပွင့်များလိုက်ရာ၌ အသုံးပြုသော သီးသန့်အကောင့်ရှိပြီး ထိုပင်မစာမျက်နှာတွင် ကောလာဟလ သတင်းများ မျှဝေနေသည့် ဘလော့ဂါများစွာ ရှိနေသည်။ သူ ၎င်းကို လှန်ကြည့်သောအခါ ပင်မစာမျက်နှာရှိ ဘလော့ဂါတစ်ယောက်သည် Douban အတင်းအဖျင်းဖိုရမ်မှ ဖော်ထုတ်ချက်တစ်ခုကို ကူးယူကာ တင်ထားသည်ကို တွေ့လိုက်ရသည်။
"အထူးသတင်း- ဒီနေ့ Hot searchရဲ့ ထိပ်ဆုံးနေရာကို ရောက်နေတဲ့ အမျိုးသမီးရဲ့ အချစ်ဦးက မကြာသေးခင်က ဇနီးနဲ့ လူမြင်ကွင်းမှာ အရမ်းတွေ ချစ်ပြနေတဲ့ ကုမ္ပဏီပိုင်ရှင်ဥက္ကဋ္ဌကြီးဖြစ်တယ်ဆိုတာပဲ”
သူတို့က S City ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ အတူတူတက်ခဲ့ကြတာ၊ အဲ့တုန်းက ဥက္ကဌကြီးကမိန်းကလေးတွေရဲ့ နတ်ဘုရားတစ်ပါးအဖြစ် တင်စားခံခဲ့ရပြီး ပိုင်ရှန့်ယင်က ဆင်းရဲပြီး နာမည်ကြီးတဲ့ကျောင်းသူအဖြစ် လူသိများကြတယ်၊ သူတို့နှစ်ယောက်ကြိုက်ခဲ့ကြတာကိုလည်း အဲ့ကာလအပိုင်းအခြားက ကျောင်းသားတော်တော်များများ သိထားကြတယ်”
ပို့စ်အောက်တွင် ထောက်ခံသော မှတ်ချက်များတက်လာသည်။ ထိုသည်မှာ S City အလယ်တန်းကျောင်းမှ ကျောင်းသားဟောင်းများဖြစ်ကာ မှန်ကန်ကြောင်း အတည်ပြုနေကြပြီး တချို့ကမူ ကျောင်းသား IDများကို ဓာတ်ပုံရိုက်တင်ပြီး ထိုဆက်ဆံရေးကို အတည်ပြုခဲ့ကြသည်။
မကြာသေးမီက ဇနီးဖြစ်သူနှင့်အချိုတွေ ထုတ်ပြခဲ့သည့် ဥက္ကဌမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရန် မခဲယဥ်းပေ။ Weibo တွင် လူအများ မေးခွန်းထုတ်လာကြသည်။
[အဲ့ဒါ ချီချန်းရန်လား ?]
[F*ck၊ ငါ သူ့နောက်ကြောင်းကို စုံစမ်းကြည့်လိုက်တော့ သူက တကယ်ပဲ S city က အလယ်တန်းကျောင်းကနေ ဘွဲ့ရခဲ့တာ]
[ဘုရားရေ...? ]
[ကြည့်လေ၊ အခုပဲ hot search ပေါ်က ပိုင်ရှန့်ယင်အကြောင်းတွေ ဖြတ်ချခံလိုက်ရပြီ!]
[တကယ်ကြီး ချီချန်းရန်ပဲ၊ သူပဲ ဒီလိုမျိုး လုပ်နိုင်မှာ]
[ငါ တကယ်မယုံနိုင်ဘူး! ငါရဲ့ စကြဝဠာထဲက အချိုမြိန်ဆုံး သစ်တော်သီးစုံတွဲလေး၊ ချီချန်းရန်က ဒီဘဝမှာ လုလီတစ် ယောက်တည်းကိုပဲ ချစ်ခဲ့တာလေ]
လုလီ သည် သစ်တော်သီးစုံတွဲ၏ cp fanများကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားဘဲ ၎င်းတို့ရှိနေသေးသည်ဟူသော အတွေးဖြင့် သူ့ကိုယ်သူ စိတ်ကိုတည်ငြိမ်အောင်ကြိုး စားနေခဲ့သည်။
သူ ချီချန်းရန်ကို ခပ်ဖွဖွ ကန်လိုက်သည်။
"ဟေး...."
ချီချန်းရန်သည် ပြည်သူ့ဆက်ဆံရေးဌာနနှင့် ဆက်သွယ်မှုအပြီး လှည့်လာကာ ရှေ့လျှောက် ပိုင်ရှန့်ယင်ကို variety show များတွင် ဆက်ပြီးမမြင်တွေ့စေရဟု လုလီအား အာမခံခဲ့သည်။
လုလီ မကျေနပ်နိုင်သေးဘဲ ပုခုံးတွန့်လိုက်ပြီး “ဘာလို့ ကျွန်မတို့ကပဲ မကောင်းဆိုးဝါးတွေဖြစ်နေရတာလဲ?”
လုလီ ဖုန်းကို ချီချန်းရန်ထံ လှမ်းပေးလိုက်သည်။-
"ကြည့်စမ်းပါဦး၊ ရှင့်ကျောင်းက ကျောင်းသားတွေတောင် ဒီအကြောင်းကိုဖော်ထုတ်လာကြပြီ”
"ဒီလိုအရာတွေက ဖုံးကွယ်လို့မရဘူးဆိုတာ ရှင်သိလား ?”
ထိုသတင်းကို မြင်လိုက်သည်နှင့် ချီချန်းရန်စိတ်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။
“ကိုယ် ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်မယ်" သူပြောလိုက်ပြီး မျက်လုံးများကို ခဏမှိတ်ကာ ပြန်ဖွင့်လိုက်သည်။
လုလီ နှုတ်ခမ်းကို စူထုတ်ရင်း ပြောလိုက်သည်။
“ရှင် ဘာလုပ်မှာလဲ?”
"သူ့ကို Blacklist လုပ်ရမယ်"
"အသုံးဝင်မှာ မဟုတ်ဘူး"
ပရိသတ်နေရာမှ ကြယ်ပွင့်လိုက်ဖမ်းခဲ့သော လုလီအနေဖြင့် ထိုအနေထားအား ကျင့်သားရပြီးဖြစ်သည်။ ဤကဲ့သို့သော သတင်းမျိုးသည် ပိတ်ပင်လေ လူပိုစိတ်ဝင်စားလေ ဖြစ်ပြီး လူတို့၏ သိချင်စိတ်ကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း လုလီ သိသည်။ နာမည်ကို ထုတ်ဖော်ပြခွင့်မပြုပါက ကုဒ်ပေါင်း ထောင်ပေါင်းများစွာဖြင့် အစားထိုးကာ လျင်မြန်စွာ ပျံ့နှံ့လာမည်ဖြစ်သည်။
ချီချန်းရန် မျက်ခုံးများကို တွန့်ချိုးထားပြီး မျက်နှာထက်ဝယ် မှောင်မည်းနေသော အရိပ်အယောင်များ ကျဆင်းလာသည်။ ယခုချိန်တွင် သူမတင်မကပဲ ခင်ပွန်းဖြစ်သူကိုပါ အနိုင်ကျင့်ခံနေရသည်ဟု ခံစားရသည်။ ခင်ပွန်းဖြစ်သူအား အနိုင်ကျင့်ခြင်းသည် သူမအား အနိုင်ကျင့်ခြင်းထက် ပိုပြင်းထန်သည်။
လုလီ အင်္ကျီလက်ကို ဆွဲတင်လိုက်ပြီး -
"ဒယ်ဒီဘေးမှာ ဝဲနေတဲ့ မိန်းမတွေကို မာမီ ဘယ်လိုနှိမ်နင်းခဲ့လဲ ဆိုတာ ရှင်သိလား”
ချီချန်းရန် : "ဟင့်အင်း ?"
လုလီ : "ပလပ်စတစ်ညီအစ်မကြားက လှည့်ကွက်ဆိုတာ ရှင်သိလား ?"
(T/N - ပလပ်စတစ်ညီအစ်မဟူသည် အပြင်ပန်းတွင် ချစ်ဟန် ဆောင်ပြီး အတွင်းတွင် ပြိုင်ဆိုင်နေကြသော အမျိုးသမီးများကို ရည်ညွှန်းသည်)
လုလီ - "လက်ဖက်စိမ်းက လျှာဆိပ်ကိုနိုင်တယ်၊ လျှာဆိပ်က လူမိုက်ကို နိုင်တယ်၊ ပြီးတော့ လူမိုက်က လက်ဖက်စိမ်းကို ပြန်နိုင်တယ်"
(T/N Green tea - မသန့်ရှင်းသော အကြံအစည်ရှိသော်လည်း အပြစ်ကင်းစင်ဟန် သရုပ်ဖော်တတ်သော အင်တာနက်ဗန်း စကားတစ်ခုဖြစ်သည်။)
"ပိုင်ရှန့်ယင်က လက်ဖက်စိမ်းဆို ကျွန်မက မိုက်မဲသူနေရာမှာ သရုပ်ဆောင်ရမှာပေါ့"
လုလီ အသက်ကို ပြင်းပြင်းရှုကာ သူ့ကိုယ်ပိုင်အကောင့်သို့ပြောင်းလိုက်ပြီး "ဒါတွေက ကျွန်မဘဝရဲ့အမှတ်တရတွေပါ။ အခုဆို အိမ်ထောင်ကျပြီး သူ့မိသားစုနဲ့ဖြစ်နေပါပြီ၊ ဒါကြောင့် သူ့ကို မနှောင့်ယှက်ဖို့ တောင်းဆိုချင်ပါတယ်” ဟူသော ပိုင်ရှန့်ယင်၏ Weibo ပို့စ်ကို တိုက်ရိုက်မှတ်ချက်ဝင်ရေးလိုက်သည်။
Lily လုလီ - "ဝိုး၊ ဒီဇိုင်နာ ရှန့်ယင် ၊ ကျွန်မ ရှင်ရဲ့အချစ်ဦးဇာတ်လမ်းကို ဖတ်လိုက်ရတယ်၊ ရှင့်အခိုက်အတန့်က ချိုမြိန်လွန်းတော့ ကျွန်မမှာ ဖတ်ရင်းနဲ့ကို မျက်ရည်ကျနေမိတာ
ဆက်ဆံရေးတစ်ခုက နက်ရှိုင်းသွားပြီဆိုတာနဲ့ လက်ကိုင်ပြီး ထိတွေ့ခဲ့တဲ့ ဆက်ဆံရေးမဟုတ်ပဲ စကားစမြည်ပြောတာ ရေဗူးလေး ကမ်းပေးတာလောက်နဲ့လည်း နှစ်ပေါင်းများစွာ အမှတ်ရနေတတ်တာမျိုး ရှိတတ်တာပဲနော်၊ ကျွန်မဖြင့် ရှင့်လို အစွဲအလမ်းကြီးတဲ့ လူမျိုး တစ်ခါမှမမြင်ဖူးဘူး...
ဒါက သူ့ဘဝကို အနှောင့်အယှက်ဖြစ်စေမယ်လို့ ဘယ်ပြောလို့ရမလဲ? ဘာလို့ဆိုလဲဆိုတော့ သူ ဘယ်သူ ဘယ်ဝါဆိုတာ ရှင်မပြောထားဘူးလေ၊ ရှင်က သူ့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ခဲ့တယ်၊ တွေဆုံမေးမြန်းခန်းတစ်ခုမှာ လှပတဲ့ အချစ်ဇာတ် လမ်းကိုပဲ အသေးစိတ်ပြောပြခဲ့တယ် ဒီလောက်ပဲ၊ ဒါပေမယ့် ရှင့်အချစ်ဦးက ဘာခံစားချက်မှရှိတော့မှာမဟုတ်ဘူးလို့ ကျွန်မ ထင်တယ်၊ မိသားစုတစ်ခုလုံးကို စီမံခန့်ခွဲနေတဲ့ ဟွမ်လျန်ပေါ အနေနဲ့လည်း ဒီလိုကိစ္စတွေကို အာရုံစိုက်နိုင်မှာမဟုတ်လောက်ဘူး၊ ဒါကြောင့် အကြောင်းမဲ့ အရှုပ်အထွေးတွေကိုမဖန်တီးသင့်ဘူးလို့ ရှင် မထင်ဘူးလား?
ကျွန်မတို့ မတွေ့ဖြစ်တာကြာပြီနော်။ အရင်က ရှင် ကျွန်မကို မိတ်ဆွေဖွဲ့ဖို့ကြိုးစားခဲ့တုန်းက ကျွန်မ စိတ်အခြေအနေ သိပ်မကောင်းနေလို့ပါ၊ အခုတော့ နောင်တရနေပြီ၊ ကျွန်မကို ဆက်သွယ်ဖို့ သီးသန့်မက်ဆေ့ချ်ပို့ပေးလို့ရမလား ? ဒါနဲ့ ရှင့်နာမည်က “ပိုင်”က ဘယ်လို “ပိုင်”လဲ ? ကြာဖြူပန်းမှာ သုံးတဲ့ ပိုင်လား?”