← Chapters

Lily (1)

Vol. 9 Ch. 134

Lily (1)

Vol. 9 Ch. 134

ပိုင်ရှန့်ယင်၏အချစ်ဦးပြဿနာကို တော်တော်များများစိတ် ဝင်စားကာ ဖရဲသီးစားနေကြသည်။ ၎င်းသည် ချီချန်းရန်ဖြစ်ကြောင်း အသံထွက်လာသောအခါ အစပိုင်းတွင် အံဩသွားကြပြီး ထို့နောက်တွင်မူ လုလီ၏ Weibo စာမျက်နှာသို့ အပြေး အလွှား သွားရောက်ကြည့်ရှုကာ သူမ တုံ့ပြန်မှုကိုစောင့်ကြည့်နေကြသည်။

အကယ်၍ ဇာတ်လိုက်မှာ ချီချန်းရန် ဖြစ်ခဲ့ပါလျှင် ဤကဲ့သို့ ခွေးသွေးဇာတ်လမ်းမျိုးသည် မည်မျှစိတ်ဝင်စားဖွယ်ကောင်းနေမည်ကို အားလုံး မျှော်လင့်နေကြသည်။ ၎င်းတို့သည် လုလီ အွန်လိုင်းတက်လာပြီး Weibo တွင် မှတ်ချက် လေးခုဆက် တိုက်ရေးလာသည်ကို မြင်လိုက်ရသည်။

သို့သော် 'အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ၊ ကျွန်မဖြင့် မျက်ရည်တောင်ကျတယ်" ဟု ရေးထားသည်ကို မြင်သောအခါ အားလုံး ဘာမှန်းမသိ ရှုပ်ထွေးသွားကြသည်။

လုလီခင်ပွန်း၏ ရည်းစားဟောင်းမှာ ပိုင်ရှန့်ယင် မှန်ကန်ပါက သူ့ Weiboတွင် မှတ်ချက်ဝင်ပေးရန် ဖြစ်နိုင်မည်လား? ၎င်းတို့ဖရဲသီးပဲ မှားနေတာလား? ဒါဆို ပိုင်ရှန့်ယင်ရဲ့ အချစ်ဦးက ချီချန်းရန် မဟုတ်ဘူးလား? လုလီက ဒီကောလဟာလကို ဖြေရှင်းဖို့ ရောက်လာတာလား? ဤသည်ကို စီစစ်ကြည့်ပါလျှင် လုလီ Weibo တွင် ပုံမှန်မျှဝေလေ့ရှိသော ဇိမ်ခံအကြောင်းအရာများနှင့် လုံးဝမကိုက်ညီပေ။ ယခု သူမစကားများသည် ပျားရည်ကဲ့သို့ ချိုမြိန်လွန်းနေသည်။

လုလီ Weibo ပေါ်တွင် ပို့စ် လေးချက်တစ်ပြိုက်နက် တက်လာပြီးနောက် အားလုံး ပဟေဠိဖြစ်ကြသွားကြသည်။ အားလုံး သုံးသပ်ကြည့်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားကြသည်။

F*ck .... lady NB ! မင်းရဲ့လှည့်ကွက်က ချစ်စရာကောင်းပြီး ရူးကြောင်ကြောင်နိုင်ပေမယ့် ငါတို့ သိနေတယ်

(NB – niúbī (牛逼)) စိတ်အနှောက်အယှက်ဖြစ်စေသော် လည်း အထင်ကြီးစရာကောင်းသောနေရာတွင် အပြုသဘောဖြင့် အသုံးပြုသည်)

ဤပို့စ်လေးခုတွင်ပါရှိသော အချက်အလက်များတွင် ဆိုလိုချင်သည့် အဓိပ္ပါယ်တစ်မျိုးပါဝင်နေပြီး အဓိကအချက်များကို သတိမထားမိပါက အရေးကြီးသော အချက်အလက်အချို့ကို လွတ်သွားနိုင်သည်။

[အား..... ပိုင်ရှန့်ရန်ရဲ့အချစ်ဦးက တကယ်ပဲ ချီချန်းရန်လား?]

[လုလီ ကိုယ်တိုင် ဝန်ခံလိုက်ပြီလေ]

[ပိုင်ရှန့်ယင်က လက်ရှိဇနီးနဲ့ သူငယ်ချင်းဖြစ်ချင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ?]

[F*ck၊ ဒီဇာတ်လမ်းက လုံးဝကို ခွေးသွေးတွေပြည့်နှက်နေတာပဲ၊ ပိုင်ရှန့်ယင်ပရိတ်သတ်တွေ ကြိမ်းမောင်းနေတဲ့ ဟွမ်လျန်ပေါဆိုတာက လုလီဖြစ်နေတာလား ? ]

[ချောင်နီမာ (cào nǐ mā”)....ပိုင်ရှန့်ယင် ဖန်တွေရှိရင် လာကြည့်ကြ၊ လုလီက သူ့ထက်တောင် ပိုပြီးနုပျိုလှပနေတာ၊ ဒါကိုမြင်တော့ နင်တို့ မရှက်ကြဘူးလား...?]

(肏你妈 (“cào nǐ mā) “f**k မင်းအမေ” ဟု အဓိပ္ပါယ်ရသော ရိုင်းစိုင်းသည့် အသုံးအနှုန်းဖြစ်သည်)

[အတန်းကိုယ်စားလှယ် ရောက်လာပြီ]

ထို့နောက် မကြာမီ စျေးကွက်ရှာဖွေရေး အကောင့်တစ်ခုမှ လုလီ Weibo တွင် ရေးသားထားသောစာများကို screenshot ရိုက်ကာပေးပို့ခဲ့ပြီး ပြောထားသော စကားများ၏အသေးစိတ်အချက်အလက်များကို အကျယ်တဝင့် ဖော်ပြခဲ့သည်။

ပထမအချက်- ပိုင်ရှန်ယင်ရဲ့အချစ်ဦးက ချီချန်းရန် ဖြစ်တယ်ဆိုတာ လုလီကိုယ်တိုင် အတည်ပြုလိုက်ပြီ

ဒုတိယအချက် - ချီချန်းရန်က ပိုင်ရှန့်ယင်နဲ့ လက်တောင်မကိုင်ဖူးဘူး၊ ဒီတော့ အခြားအရာဆို စဉ်းစားနေစရာတောင်မလိုဘူး၊ ပိုင်ရှန့်ယင် မေ့မရတဲ့ လှပတဲ့အတိတ်ဆိုတာ စာရှင်းပြတာ၊ စကားပြောတာ ကျောင်းပြိုင်ပွဲမှာ ရေဘူးကမ်းတာ ဒီလောက်ပဲ ရှိတယ်

တတိယအချက် - ပိုင်ရှန့်ယင်က သူ့အချစ်ဦးကို အနှောင့်အ ယှက် မဖြစ်စေချင်ဘူးလို့ပြောနေပေမယ့် တစ်ချိန်တည်းမှာပဲ သူက ဒီအကြောင်းအရာကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြောဆိုနေခဲ့တယ်၊ နောက်ဆုံး သူ့ဖန်တွေက လက်ရှိဇနီးကိုဟွမ်လျန်ပေါလို့ ဆဲဆိုလာတဲ့အထိ ဖန်တီးလာခဲ့တယ်

စတုတ္ထအချက် -လုလီ အရင်က ပိုင်ရှန့်ယင်နဲ့ အကြိမ်ကြိမ်ဆုံဖူးခဲ့တယ်၊ ပိုင်ရှန့်ယင်က လုလီဟာ သူ့အချစ်ဦးရဲ့ဇနီးမှန်းသိရက်နဲ့ ရည်ရွယ်ချက်ရှိရှိချဉ်းကပ်ခဲ့တယ်

ပဉ္စမအချက် - ပိုင်ရှန့်ယင်ရဲ့ နာမည်မှာ "ပိုင်" ပါတယ်၊ ကြာပန်းဖြူမှာလည်း "ပိုင်" ပါတယ်၊ ကြာပန်းဖြူဆိုတာ လူရှေ့မှာ ရိုးသားချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာယုတ်မာတဲ့ အကြံ အစည်ရှိတယ်လို့ပြောချင်တာ

ပိုင်ရှန့်ယင်သည် Hot search ပေါ်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းခံစားမိသဖြင့် စစ်ဆေးကြည့်လိုက်ရာ အဖြစ်အ ပျက်များကို သဘောပေါက်သွားခဲ့သည်။

[အနှောင့်အယှက် မပေးချင်ဘူးလည်း ပြောသေးတယ် သူ့အကြောင်းကိုပဲ ထပ်ခါထပ်ခါဆွဲထုတ်နေတာ ဒါက ပိုပြီး အနှောက်အယှက်မဖြစ်စေဘူးလား ?]

[သူ့ဇာတ်လမ်းက ဘယ်လောက်ပဲလှပနေပါစေ အမှတ်တရအနေနဲ့ပဲ သိမ်းထားသင့်တယ်၊ ဒါပေမဲ့ အခုတော့ အကုန်လုံးသိအောင် လူသိရှင်ကြားထုတ်ပြခဲ့တယ်၊ အချစ်ဦးလည်း အိမ် ထောင်ကျနေပြီလို့ပြောပြီး လူတွေရဲ့ သိချင်စိတ်ကို နှိုးဆွခဲ့တယ်၊ ဒီအနေအထားထိ ရောက်လာပြီးမှ သူ့ဘဝကို အနှောင့် အယှက်မဖြစ်ချင်ဘူးဆိုတဲ့စကား သူ ဘယ်လို‌ပြောထွက်နိုင်တာလဲ ?]

လူတွေ၏ အမြင်သုံးဖက်သည် ဖြောင့်မှန်နေသေးပုံရသည်။ ယခင်က ထူးဆန်းနေသည်ကို သတိထားမိကြပေမယ့် ယခုမူ ရှင်းရှင်းလင်းလင်း နားလည်သွားပြီဖြစ်သည်။

[တကယ်လို့ သူ့ အချစ်ဦးက သာမန်လူပဲ ဖြစ်ခဲ့မယ်ဆိုရင် Hot search မှာ သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပဲ လူစိတ်ဝင်စားအောင်လုပ်လို့ရမှာလေ၊ အခုက ချီချန်းရန်မှန်း သိသွားကြတော့ သူနဲ့ပတ်သတ်တဲ့သတင်းတွေက ခေါင်းစဉ်အသစ်နဲ့ Hot search မှာ မလွဲမသွေပါလာမှာလေ၊ အဲ့လိုဖြစ်အောင်ပဲ ဖန်တီးခဲ့တာ]

[ဒါက မိန်းကလေးတိုင်းရဲ့အိမ်မက်ပဲ၊ ဘယ်သူက ချီချန်းရန်နဲ့လက်ထပ်ခွင့်ရပြီး ဂရုတစိုက်နဲ့‌ခြေသည်းနီးဆိုးပေးတာကိုမလိုချင်ပဲ နေပါ့မလဲ ?]

အချစ်ဦးအကြောင်းကို ဖော်ထုတ်ပြီး လူအများ၏စိတ်ဝင်စား မှုကိုဆွဲဆောင်ကာ လက်ရှိဇနီးအား ဟွမ်လျန်ပေါအဖြစ် ကဲ့ရဲ့ရှုတ်ချအောင် ဖန်တီးလုပ်ဆောင်ခဲ့သည်။ ထို့အပြင် ထိုအမှတ် တရများသည် သူ့အပိုင်းဖြစ်ပြီး တဖက်လူကို မနှောင့်ယှက်ရန် ဆိုသည်။ ဤသည်မှာ လူအများ၏ဒေါသကို နိုုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုနောက်တွင်မူ ပိုင်ချန့်ယင်၏ Weibo တွင် တင်ထားသည့် ပို့စ်အောက်တွင် မှတ်ချက်အသစ်များဖြင့် ပြည့်နှက်သွားသည်။

စျေးကွက်ရှာဖွေရေး အကောင့်များ၏ အဓိကအချက်များ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လူအများထံမှ ထင်မြင်ယူဆချက်များထွက်ပေါ်လာခဲ့သည်။

All Chapters