Lily (2)
Vol. 9 Ch. 135
[ မနှောင့်ယှက်ချင်ဘူးလည်း ဆိုသေးတယ် ၊ သူ့ အချစ်ဇာတ် လမ်းကို တစ်တိုင်းပြည်လုံးမြင်အောင် ဖော်ထုတ်နေတုန်းပဲ၊ သူ ဘယ်လိုတွေတောင် မျက်နှာပြောင်တိုက်နေတာလဲ?]
[ငါတို့ကို အသိစိတ်ပြန်ဝင်အောင်လုပ်ပေးတဲ့ လီကျဲကို ကျေး ဇူးတင်ရမယ်။]
[ရိုးသားသလိုနဲ့ အောက်တန်းကျတဲ့လုပ်ရပ်မျိုး ဒါ ပထမဆုံး တွေ့ဖူးတာပဲ]
[အဟက်...လက်တောင်မကိုင်ဖူးပါပဲ စာလေးရှင်းပြရုံ ၊ လမ်းတွဲလျှောက်ရုံနဲ့ ဒါကို လှပတဲ့အချစ်လို့ သတ်မှတ်လိုက်တာလား? ဒါဆို ငါလည်း အထက်တန်းကျောင်းတုန်းက တော် တော်များများနဲ့ လှပတဲ့ ဇာတ်လမ်းတစ်ခုရှိခဲ့ဖူးတာပဲ]
[ဟား...ဟား...ဟား... ဒါဆို ငါတို့အားလုံးမှာ လှပတဲ့အချစ်တစ်ခုစီ ရှိခဲ့တာပေါ့...+1]
[ကိုယ့်ကိုကိုယ်လည်း မှန်ထဲသွားကြည့်စမ်းပါဦး၊ အရမ်းကို ဖြူစင်တဲ့ပုံပေါ်နေလားဆိုတာ၊ လုလီပဲ ကြည့်...နတ်သမီးလေးလို လှပကျော့ရှင်းပြီး နင့်လို မရိုးမဖြောင့်တဲ့စကားတွေ မပြောတတ်ဘူး၊ "ဟွမ်လျန်ပေါ" က လုလီမဟုတ်ဘူး နင် ကိုယ်တိုင်ဖြစ်နေတာ]
[ဝိုး...နင်က လုလီရဲ့Weibo ထဲမှာ လှည့်လည်သွားလာနေတာလား ? လူတွေ နင့်ကို မသိမှာကြောက်နေတာလား ? လီကျဲက ငါတို့က အမြင်မှန်ရဖို့ လမ်းဖွင့်ပေးလိုက်တာပဲ]
[ချီချန်းရန်နဲ့ လုလီတို့ကို ချိုမြိန်တဲ့အခိုက်အတန့်ကို နင် မကြည့်နိုင်ဘူးလား? နင်လည်း အရည်အချင်းရှိတာပဲလေ၊ ဒါကို ဘာလို့အမြင်ကျဉ်းနေရတာလဲ? ငါ မှားယွင်းပြီးလိုက်ခဲ့မိတယ်၊ အခုတော့ ဘိုင့်....]
[သူ အခု ကြက်တစ်ကောင်လို တိတ်ဆိတ်နေပြီး ဘာမှမတုံ့ပြန်ဘူး၊ သူ့ရဲ့တန်ဖိုးရှိတဲ့ထုတ်ကုန်တွေက တစ်ခုပြီး တစ်ခုစွန့်ပစ်ခံရတော့မှာ]
[အော့...ငါ့ရဲ့ ချိုမြိန်တဲ့စုံတွဲလေးဘေးမှာ ဒီလိုကောင်မမျိုး ရှိနေတယ်ဆိုတာ စဥ်းစားမိတိုင်း အန်ချင်တယ်]
...
လုလီသည် Weibo ပို့စ်တင်ပြီးနောက် သူ ဆိုလိုချင်သည့် အကြောင်းအရာကို အခြားသူများ နားမလည်မည်ကို စိုးရိမ်ပြီး အနည်းငယ် တုန်လှုပ်နေသေးသည်။ သို့သော် စျေးကွက်ရှာ ဖွေရေးအကောင့်များ၏ဖော်ပြလာမှုများကို မြင်တွေ့လိုက်ရသောအခါ ဘဏ်အကောင့်နံပါတ်တောင်းပြီး ချက်ချင်းငွေလွှဲပေးချင်စိတ်ပင်ပေါက်သွားရသည်။
သူ့ တာဝန်ပြီးဆုံးပြီးနောက် လုလီ ချီချန်းရန်ကိုခေါင်းမော့ ကြည့်ရင်းပြောလိုက်သည်။
"ဒါ လက်ဖက်စိမ်းကို ရူးသွပ်စေတဲ့ ကုသနည်းတစ်မျိုးပဲ၊ အား လုံးထဲမှာ ဉာဏ်ကောင်းတဲ့သူက အောင်နိုင်သူပဲ”
"ဒီလိုကိစ္စမျိုးက မိန်းကလေး အချင်းချင်းဖြေရှင်းတာပိုကောင်းတယ်”
"ဒါ မာမီရဲ့ပညာအမွေကို ဆယ်ပုံတစ်ပုံလောက်ပဲ ဆက်ခံရသေးတာနော်” ထိုအကြောင်းပြောရင်း လုလီ တစ်စုံတစ်ခုကို တွေးမိသွားပြီး ချီချန်းရန် ခါးကို အားကိုးတကြီးဖက်လိုက်သည်။
သူ Weibo ပေါ်တွင် ပို့စ်တင်ခဲ့ပြီး ဤကိစ္စသည် တောမီးပမာ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားလောက်ပြီဖြစ်သည်။ သူထိန်းသိမ်းထားသော သူဌေးသမီးလုလီ၏ပုံရိပ်နှင့်ကွဲထွက်ကာ ထိုကြာပန်းဖြူမနှင့် ထိပ်တိုက်တွေ့ခဲ့သည်။
လုလီ : "ဒီကိစ္စနဲ့ပတ်သက်ပြီး မာမီနဲ့အစ်ကိုတို့ ကျွန်မကို ဆူပူကြိမ်းမောင်းကြရင် ရှင် ကူပြောပေးရမယ်နော်”
အရှေ့တွင် ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီး ဖျော်ဖြေရေးလုပ်ငန်းများ (ပြည့်တန်ဆာ) ဖမ်းဆီးရန်လမ်းကြောင်းခဲ့စဉ်က လုလီ၏ ထက်မြက်မှုကို ချီချန်းရန် မျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ချမ်းသာကြွယ်ဝသည့် မိသားစုကြီး၏ အာဏာလုပြိုင်ဆိုင်မှုများကြားတွင် ကြီးပြင်းလာခဲ့သော ဟောင်ကောင်မြို့ရှိ အမျိုးသမီးတစ်ဦးသည် သူထင်ထားသကဲ့သို့ အလှအပသာစိတ်ဝင်စားပြီး ဘဝကို ပေါ့ပျက်ပျက်နေထိုင်သူမဟုတ်ကြောင်း သူ နားလည်လိုက်သည်။
ထို့အပြင် ချမ်းသာသော အမျိုးသားတစ်ယောက်၏ဇနီးဖြစ်သူသည် အသိဉာဏ်နည်းပါးသူမဟုတ်ပဲ လိမ္မာ ပါးနပ်သည်ကို သိမြင်လာရသည့်အခါ ကျေနပ်မိရုံတင်မက စိတ်ထဲတွင် လုံခြုံမှုရှိနေသည့် ခံစားချက်မျိုးကိုပါ ချီချန်းရန် ခံစားလာရသည်။ ချီချန်းရန်သည် ခေါင်းငုံ့ပြီး ရင်ခွင်ထဲရောက်နေသော လုလီကို ကြည့်လိုက်၏။ ထို့နောက် သူ့ကံကြမ္မာကိုလက်ခံလိုက်ရသကဲ့ သို့ပြုံးကာပြောလိုက်သည်။
"ကိုယ် မင်းကိုကာကွယ်ပေးမယ်၊ မင်း နောက်မှာမားမားမတ် မတ်ရှိနေမယ်"
"ကာကွယ်ပေးမယ်"ဟူသော စကားကြောင့် လုလီကျေနပ်သွားပြီး ပြုံးရယ်လျက် သူ့ မျက်ဝန်းထဲရှိ ပေါ်လွင်နေသော ပျော်ရွှင်မှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။
သူမ ပြောလိုက်သည်။ “အခုချိန်ကစပြီး ဒီကိစ္စတွေကို ကျွန်မပဲ ဖြေရှင်းမယ်၊ ရှင့်ကို ပေါ်တင်မြူဆွယ်တဲ့ မိန်းမတွေဆို ရဲနဲ့တိုင်မယ်၊ လျှို့ဝှက်ရင် သူတို့ကို ဓာတ်ပုံရိုက်ပြီး တလောကလုံးသိအောင် ချပြမယ်"
ချီချန်းရန်သည် လုလီကို ပိုမို ပွေ့ဖက်လိုက်ပြီး နှလုံးသားထဲတွင် နက်ရှိုင်းသော ဝေဒနာတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
"ကိုယ် တောင်းပန်ပါတယ်နော်၊ နောက်ဒါမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူး၊ ကိုယ် မင်းကို စိတ်မဆင်းရဲစေချင်ဘူး”
ချီချန်းရန်သည် ယခင်က ပိုင်ရှန့်ယင်အား မထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုမူ ထိုကဲ့သို့ ရဲတင်းသောအပြုအမူမျိုးကို သူထပ်ပြီးခွင့်ပြုမည် မဟုတ်တော့ပေ။
ပိုင်ရှန့်ယင်သည် ဖိအားများကို မခံနိုင်တော့ဘဲ Weibo မှတ် ချက်များကို ပိတ်လိုက်ရသည်။ "YING" ၏ တရားဝင်အကောင့်မှ မှတ်ချက်နှင့် မိတ်ဆွေများ၏ "ရှန့်ယင်ကို ယုံကြည်တယ်’ ဟူသော မှတ်ချက်နှစ်ခုသာ ကျန်ရစ်ခဲ့သည်။
လုလီသည် သူ၏အရှက်မဲ့မှုကို ပြက်ရယ်ပြုခဲ့သည်။
ထို့အပြင် ချီချန်ရန်၏လွှမ်းမိုးမှု ရှိမရှိ သေချာမသိရပေမယ့် ပိုင်ရှန့်ယင်၏ မဂ္ဂဇင်းထုတ်ဝေမှုများ ဖြုတ်ချခံခဲ့ရပြီး၊ ယခင်ကြေညာထားသော ရုပ်သံအစီအစဉ်များမှလည်း သူ့အားဖယ် ရှားလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ကြသည်။
ချီချန်းရန်၏ ဩဇာအာဏာပြည့်ဝသော လုပ်ဆောင်ချက်များ သည် ထိုကာလအတွင်း လူပြောများစေခဲ့ပြီး၊ Weibo ပေါ်ရှိ ပရိသတ်အများအပြားမှ လုလီအား လူမှုရေးနည်းဗျူဟာ သင်တန်းများ ဖွင့်လှစ်ရန်ပင်တောင်းဆိုလာကြသည်။ ဟောင်ကောင်ရှိ မိခင်ဖြစ်သူကပင် ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ [မား သမီးတော်တယ်၊ မား ကျေနပ်တယ်] ဟူသော အားပေးသော မက်ဆေ့တစ်စောင့် ပေးပို့ခဲ့သည်။
လုလီသည် ပထမဆုံးအကြိမ်အဖြစ် မိခင်ဖြစ်သူထံမှ ချီးကျူးစကားပြောခံလိုက်ရသဖြင့် မယုံကြည်နိုင်လောက်အောင် ဝမ်း သာပျော်ရွှင်ခဲ့ရသည်။ အစစ အရာရာ ပြီးပြည့်စုံနေသော ခင်ပွန်းဖြစ်သူအား လိုချင်တပ်မက်နေသော မိန်းမများကြောင့် စိတ်ရှုပ်ရသလို နာလည်းနာကျင်ရသည်။ ထို့ကြောင့် ယခုချိန်မှစ၍ ချီချန်းရန်ကို တိတ်တဆိတ် ကာကွယ်ရန်ဆုံးဖြတ်ခဲ့သည်။
လုလီသည် သင်တန်းဖွင့်ရန် မဖြစ်နိုင်သော်လည်း Weibo တွင် ပို့စ်တစ်ခုတင်လိုက်သည်။
"အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုနဲ့စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်" ပရိသတ်များ မျက်ရည်ဝဲကာ သဘောကျကြောင်း ဖော်ပြခဲ့ကြသည်။
ချစ်ခြင်းမေတ္တာသည် မည်မျှအခက်အခဲနှင့် ရင်ဆိုင်နေရပါစေ ယုံကြည်မှုနှင့် စစ်မှန်သော အချစ်သည် အရှုံးမပေးနိုင်သော အင်အားဖြစ်သည်ဟူသော အချက်ကို နားလည်ခဲ့ကြသည်။
လုလီ စာတင်ပြီးနောက် သူမရင်းနှီးမြှုပ်နှံထားသော ရုပ်ရှင်အခင်းအကျင်းနှင့်ပြသမည့် လုပ်ငန်းစဉ်များကို အာရုံစိုက်နေခဲ့ရာ ထိုကိစ္စများကို ခဏမေ့လျော့သွားခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်၏ အဓိကဇာတ်လိုက်ဖြစ်သော ချီချန်းရန်သည် တိတ်ဆိတ်နေခဲ့သောကြောင့် ပရိသတ်အချို့မှ ဝေဖန်နေကြဆဲဖြစ်သည်။ အဆုံးသတ်ကို ပရိသတ်များ ကျေနပ်ခဲ့ကြသော် လည်း လှုပ်ရှားမှုမရှိသော ချီချန်းရန်ကြောင့် စိတ်ထဲတွင် မေးခွန်းထုတ်နေကြဆဲဖြစ်သည်။
“သူက အချစ်ဦးကို လက်တောင် မကိုင်ဖူးခဲ့ပေမယ့် ဒီကိစ္စကြောင့် ဘာမဆိုင် ညာမဆိုင် သူ့ဘာသာ အေးဆေးနေတဲ့ ဇနီးကို ထိခိုက်စေခဲ့တာမဟုတ်လား? အဲ့ဒါကို ဒီတိုင်းငြိမ်နေတယ်"
ဖြစ်စဉ်တစ်ခုလုံးတွင် ဘာမှဝင်မပြောသည့် ချီချန်းရန်အား ကြည့်ပြီး အားလုံး ရှောင်းလီလီကို သနားသွားကြသည်။ သို့သော်လည်း ချီချန်းရန်သည် Weibo အသုံးပြုခြင်းမရှိသဖြင့် သူ့အား ပြောဆိုနေသည်ကိုမသိပေ။ ရှန့်ကျင်၏ တရား ဝင် Weibo အောက်တွင် မှတ်ချက်များစွာရှိနေသော်လည်း၊ ဥက္ကဋ္ဌကိုယ်တိုင် ထိုမှတ်ချက်များကို ဝင်ဖတ်လေ့မရှိကြောင်း အားလုံးသိထားကြသည်။
လုလီအနေဖြင့်လည်း ထိုမှတ်ချက်များကို ဂရုမစိုက်ပဲ ဇာတ် ကားထဲတွင်သာ မြှုပ်နှံထားခဲ့သည်။ သူမ "The Last Boy" နမူနာကို ကြည့်ရှုနေရင်း ရုတ်တရက် အကြောင်းကြားစာ ရောက်ရှိလာသည်။
အထူးသတင်း
International Astronomical Union ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဧပြီလ (၁၂) ရက်နေ့က Variable Star Astronomical Society ကနေ K Giant HD5246731 ပတ်လမ်းအတွင်းက ဂြိုလ်သိမ်တစ်ခုကို ရှာတွေ့ခဲ့ပြီး တရား ဝင်အသိအမှတ်ပြုကာ စာရင်းသွင်းလိုက်ပြီဖြစ်တယ်။ အဲ့ဂြိုလ်သိမ်က ကမ္ဘာမြေကနေ ကီလိုမီတာ 4ဘီလီယံကွာဝေးပြီး စကြဝဠာရဲ့ nebula အောက်မှာ ပုန်းကွယ်ပြီး ရှိနေခဲ့တာပါ၊ ဒီသေးငယ်ပြီး လှပတဲ့ ဂြိုလ်သိမ်လေးဟာ နောက်ဆုံးမှာ အေးခဲတဲ့ ဒစ်ဂျစ်တယ် ကုဒ်တွေအစား သူရဲ့ကိုယ်ပိုင်အမည်ကိုရရှိလာခဲ့ပြီဖြစ်ပါတယ်"
ပြီးတော့ တရုတ်နိုင်ငံက ဝယ်ယူသူတစ်ဦးက ဒီဂြိုလ်သိမ်ကို ရှာဖွေတွေ့ရှိသူဆီက ဝယ်ယူပြီး " (Lily L) “လို့ တရားဝင်နာမည်ပေးခဲ့ပါတယ်။ လီလီဆိုတာ ဝယ်ယူသူဇနီးရဲ့အင်္ဂလိပ်နာမည်ဖြစ်ပြီး " L" က ဇနီးဖြစ်သူရဲ့မျိုးရိုးအမည် (လု) ဖြစ်ကြောင်းသိရှိရပါတယ်။ ဝယ်ယူသူက ဇနီးသည်အပေါ် သူရဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြဖို ဒီဂြိုလ်သိမ်ကိုဝယ်ယူပေးခဲ့ခြင်းလိုဆိုထားပါတယ်။ ဒီဂြိုဟ်သိမ်ရဲ့နာမည်အောက်မှာ ဝယ်ယူသူကသူရဲ့ အရိုးရှင်းဆုံးဝန်ခံချက်တစ်ခုလည်း ပါရှိပါသည်...
မင်းကသာ ကိုယ့်ဘဝရဲ့ ပထမဆုံးနဲ့နောက်ဆုံးအချစ်ပဲ...
- ချီချန်းရန်