Leaking of Learning Materials is Strictly Prohibited (1)
Vol. 9 Ch. 136
ဤလျှို့ဝှက်ဆန်းကြယ်သော ဝယ်ယူသူ၏ အထောက်အထားကို ခန့်မှန်းရန် မခဲယှဉ်းလှပေ။ ဇနီးဖြစ်သူ၏ အင်္ဂလိပ်အမည်မှာ လီလီဖြစ်ပြီး မျိုးရိုးအမည်မှာ "လု"ဟု အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း ပြောဆိုရန် လွယ်ကူသည်။
မကြာသေးမီက ငြိမ်သက်နေခဲ့သော ဥက္ကဌကြီးသည် ဇနီးဖြစ်သူအား စကြဝဠာထိတိုင်အောင် မည်မျှချစ်ခင်မြတ်နိုးကြောင်း ပြသလာခဲ့သဖြင့် လူအများ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ ဒဏ္ဍာရီလာနတ်မင်းကြီးတစ်ပါး၏ ချိုမြိန်သောအချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေလေသလား? ဥက္ကဋ္ဌကြီးသည် ပိုက်ဆံမြောက်မြားစွာကို ရှာနိုင်သူဖြစ်ရာ သူလိုချင်သည့် အရာမှန်သမျှကို အမှန်တကယ် လုပ်နိုင်သည်။
[F*ck... ငါတော့ ချဉ်နေပြီ]
[ရှောင်းလီလီအနေနဲ့ ဒီချစ်ခြင်းမေတ္တာကို ခံယူဖို့ ထိုက်တန်ပါတယ်၊ သံပရာသီး အီမိုဂျီ]
[အား...အရမ်းကို ရိုတာပဲ...အားကျမှု တစ်သိန်း....]
[ဥက္ကဌကြီးရဲ့ ရှင်သန်လိုစိတ်က အရမ်းပြင်းထန်တယ်၊ သူ့အချစ်ကို မထုတ်ပြပဲ မနေနိုင်ဘူးပဲ]
[ပိုင်ရှန့်ယင် နင် ဒါကိုမြင်တယ်မဟုတ်လား? နင်တော့ အကြီးကြီး ရိုက်ချခံလိုက်ရပြီ]
[သစ်တော်သီး စုံတွဲက စကြဝဠာမှာ အချိုမြိန်ဆုံး စုံတွဲပဲ]
["မင်းက ကိုယ်ရဲ့ပထမဆုံးနဲ့ နောက်ဆုံးအချစ်" တဲ့ အိုက်စ်....]
[ဒါအယောင်ဆောင် ကြာပန်းဖြူမတွေကို သတိပေးလိုက်တာပဲ၊ နောက်ဆို ဥက္ကဌကြီး ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး]
[ဒီလိုစွမ်းရည်မျိုးကို ဘယ်သူကမယုံပဲ နေမှာလဲ?]
လုလီအနေနှင့် ထိုလက်ဆောင်သည် ပိုက်ဆံဖြုန်းတီးလိုက်သကဲ့လို ခံစားရသည်။ သို့သော် လက်ခံရရှိပြီးနောက် သူမစိတ်ထဲတွင် ချိုမြိန်မှုအနည်းငယ်ကို ခံစားခဲ့ရသည်ကိုတော့ ဝန်ခံသည်။
ထို့အပြင် ချီချန်းရန်သည် နာမည်ကျော်ကြားသူဖြစ်လေရာ ဤလုပ်ရပ်သည် သာမန်စုံတွဲများ လူမှုကွန်ရက်ပေါ်တွင် ချစ်သူ၏ ဓာတ်ပုံကိုတင်ကာ မိတ်ဆက်ပေးခြင်းနှင့် အတူတူပင်ဖြစ် သည်။ ပိုက်ဆံမည်မျှပင်ကုန်ပါစေ ဂရုမစိုက်ပဲ သူမအား မည်မျှချစ်ခင်မြတ်နိုးကြောင်း လူသိထင်ရှား ထုတ်ပြလာသည့် အပြုအမူကြောင့် လုလီ အလွန်ကျေနပ်နေခဲ့သည်။
ချီချန်းရန်သည် သူမနာမည်ပေးထားသော အတည်ပြုစာရွက် စာတမ်းများကို လုလီအား လွှဲပေးလာသည်။ လုလီ ထိုစာရွက်များကို ကြည့်ပြီး "ရှင် ဒါအတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်ကျခဲ့လဲ ?”
"အိမ်ထောင်တစ်ခုမှာ ပိုင်ဆိုင်မှုခွဲဝေတာမျိုး ရှိကြတယ်လေ၊ ရှင် နောက်ဆို ပိုက်ဆံတွေအများကြီးသုံးမယ်ဆိုရင် ကျွန်မကို အရင် တိုင်ပင်ရမယ်နော်”
သို့သော် စကားဆုံးသည်နှင့်တစ်ပြိုင်နက် လုလီ ရုတ်တရက် နားလည်သွားသည်မှာ ထိုအချက်သည် သာမန်စုံတွဲများအ တွက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့အတွက်မူ အကြောင်း အရာများသွေဖယ်နေခဲ့သည်ဆိုတာကိုပင်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အိမ်ထောင်မပြုမီ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကို ရှေ့နေနှစ်ယောက်မှ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ အကယ်၍ အနာဂတ်တွင် ကွာရှင်းခဲ့မည်ဆိုပါက လုလီသည် ချီချန်းရန်ထံမှ တစ်ပြားတစ်ချပ်မှမရရှိနိုင်ဟု ပါရှိသည်။
ထို့ကြောင့် လက်ဆောင်ဝယ်ယူရာတွင် အသုံးပြုခဲ့သည့်ငွေမှာ သူ့ကိုယ်ပိုင်ငွေသာဖြစ်ပြီး၊ သူမတို့ကြား ဘုံပစ္စည်းမဟုတ်ပေ။ ဤသည်ကိုတွေးမိသည်နှင့် လုလီ ချီချန်းရန်လက်ထဲမှစာချုပ် များကို ချက်ချင်းယူလိုက်ပြီး သူ့ရင်ခွင်ထဲတွင်တင်းတင်းကျပ် ကျပ်ကိုင်ထားသည်။
“ဘာပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ ကျေးဇူးပါပဲ လောင်ကုန်း”
လုလီ လက်ထဲရှိ စာချုပ်များကိုလှန်လောကြည့်ရှုလိုက်ရာ စာချုပ်အောက်ခြေတွင် ဒေါ်လာဖြင့်ရေးထားသော သုညများစီတန်းလျက်ရှိသည့် ကိန်းဂဏန်းတစ်ခုကို တွေ့လိုက်ရသည်။ လူအများ ခန့်မှန်းပြောဆိုနေကြသည့် စျေးနှုန်းထက်ပင် စျေးပိုများပုံရသည်။
လုလီ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း
"ဒီလက်ဆောင်ကိုလက်ခံရလို့ အရမ်းပျော်ပေမယ့် နောက်ဆို ဒီလို အသုံးမဝင်တဲ့လက်ဆောင်မျိုး ပေးချင်တယ်ဆိုရင် ကျွန်မကို ပိုက်ဆံသာတိုက်ရိုက်လွှဲပေးလိုက်တာပိုကောင်းတယ်”
ချီချန်းရန် လုလီစကားကိုနားထောင်ကာ ခဏစဉ်းစားလိုက်ပြီးနောက်ပြောလိုက်သည်။
"ကိုယ်တို့ မင်္ဂလာမဆောင်ခင်က ချုပ်ခဲ့တဲ့ သဘောတူစာချုပ်ကိုပြန်ပြင်ကြရအောင်"
လုလီ အံ့ဩသွားပြီး ချက်ချင်းခေါင်းကို ခါယမ်းလိုက်သည်။
"ကျွန်မ စာချုပ်ပြင်ဖို့ မပြောခဲ့ဘူး။ ဒီအတိုင်းလေးပဲ အဆင် ပြေတယ်၊ ကျွန်မ ရှင့်ဆီကအမြတ်ထုတ်ပြီး လိုချင်တပ်မက်တဲ့စိတ်မရှိဘူး၊ ရှင် ဒါကို မတွေးနဲ့!"
ချီချန်းရန် ပြုံးပြီး "အမြတ်ထုတ်လဲ ဘာဖြစ်လဲ? ကိုယ်တို့ သာမာန်စာချုပ်အတိုင်းပဲ ပြန်ပြင်လိုက်မယ်လေ”
လုလီ သက်ပြင်းချလိုက်သည်။ သူမသည် တုံးအသူမဟုတ်ပေ။ ဤသည်ကို သဘောတူလိုက်ပါက ချီချန်းရန် ပိုင်ဆိုင်မှုတစ်ဝက်သည် သူမအပိုင်ဖြစ်လာပြီး အကယ်၍ နောက်တစ်ချိန် ကွာရှင်းခဲ့လျှင်တောင် သူမအကောင့်ထဲသို့ ပိုက်ဆံများစီးဆင်းလာမည်ဖြစ်သည်။
နိုင်ငံရပ်ခြားတွင် ထိုသို့သော သဘောတူညီချက်များသည် ရိုးရှင်းစွာရှိသော်လည်း၊ တရုတ်နိုင်ငံတွင်မူ ယခုထိ ရှားပါးနေဆဲသည်။ ချီချန်းရန်၏ ကတ်တွေကိုကိုင်ပြီး သုံးဖြုန်းရသည်မှာ ပျော်စရာကောင်းသော်လည်း သူမနိုင်ငံတွင် ကွာရှင်းမှုအတွက် စံနမူနာတစ်ခုအဖြစ် မဖန်တီးချင်ပေ။
လုလီ ခိုင်မာစွာ ပြောလိုက်သည် -
"စာချုပ်ပြင်လည်း ကျွန်မ လက်မှတ်ထိုးမှာမဟုတ်ဘူး။"
ချီချန်းရန် ပြုံးလျက် သူမဆံပင်များကို ပွတ်သပ်ပေးရင်း ခေါင်းမာသူနှင့်စာချုပ်အကြောင်း အငြင်းပွားနေမူကို ရပ်တန့်လိုက်ရသည်။ ထို့နောက်စာချုပ်ကို ပြန်ဖြန့်ကာပြောလိုက်သည်။
"မင်း ဒီထဲမှာ မမြင်ရသေးတာ တစ်ခု ရှိသေးတယ်"
လုလီ : "နောက်ထပ်တစ်ခု ?"
ချီချန်းရန် : "အင်း"
လုလီ စာချုပ်ကို သေချာပြန်ကြည့်လိုက်ရာ ရက်စွဲတစ်ခုကို တွေ့လိုက်ရပြီး ရုတ်တရက် သူမပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်လုံးများ စိုစွတ်လာခဲ့သည်။ ပရိသတ်များ သတိမထားမိခဲ့သော အချက်ကို သူမ ကိုယ်တိုင်လည်းလွတ်နေခဲ့ခြင်းပင်။
ဧပြီလ ၁၂ ရက်
ထိုကြယ်တာရာကို ဧပြီလ ၁၂ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။
သူနှင့် ချီချန်းရန်၏မင်္ဂလာနှစ်ပတ်လည်နေ့မှာလည်း ဧပြီလ ၁၂ ရက်ဖြစ်သည်။
၎င်းတို့ လက်ထပ်ခဲ့စဉ်က မပျော်ရွှင်ခဲ့ကြသော်လည်း ဘုန်းတော်ကြီးရှေ့တွင် သစ္စာပြုခဲ့ကြသည်မှာတော့ အမှန်ပင်ဖြစ် သည်။ လုလီ ချီချန်းရန်ကို ကြည့်လိုက်သည်။ ချီချန်းရန်၏ မျက်လုံးထဲ နူးညံ့သောအပြုံးများဖြာထွက်နေသည်။ လုလီ စိတ်ထဲတွင် ရန်သူ့တပ်၏ထိရောက်သော ထိုးစစ်ဆင်မှုကြောင့် စစ်ဗျူဟာများ ပျောက်ကွယ်သွားပြီး လက်နက်ချကာ အညံ့ခံလိုက်ချင်စိတ်များပေါ်ပေါက်လာသည်။
သူ့ ခြေထောက်များပင် တုန်ယင်လာရသည်။