← Chapters

Leaking of Learning Materials is Strictly Prohibited (2)

Vol. 9 Ch. 137

Leaking of Learning Materials is Strictly Prohibited (2)

Vol. 9 Ch. 137

လုလီ Weibo ပို့စ် တင်ပြီးနောက်ပိုင်းတွင် ပိုင်ရှန့်ယင်ဘက်မှ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ Weibo မှတ်ချက် များကိုလည်း ယနေ့တိုင်ပိတ်ထားဆဲဖြစ်ပြီး မကြာမီထွက်ရှိမည့် Variety Show အများအပြားတွင် သူတို့၏ အစားထိုးမှုများကို ကြေညာထားသော်လည် ရိုက်ကူးဆဲ အစီအစဉ်များကတော့ ဆက်လက် ထုတ်လွှင့်နေဆဲဖြစ်သည်။

လုလီ ထိုကိစ္စကို ဂရုမစိုက်တော့ပေ။ ပိုင်ရှန့်ယင်တွင် မည်သို့‌ သော အကျင့်စရိုက်ရှိသည်ကို လူတိုင်းသိ သွားကြပြီဖြစ်ပြီး Variety Show ရှိ အခြားဧည့်သည်များမှာလည်း သူ့အားကူး စက်ရောဂါသည်ကဲ့သို့ ရှောင်ဖယ်နေခဲ့ကြသည်။

ချီချန်းရန်ထံမှ လက်ဆောင်ကိုလက်ခံရရှိပြီးနောက် လုလီ ရုပ်ရှင်ဇာတ်ကားအတွက် အာရုံစိုက်ထားခဲ့ပြီး နေ့စဉ်အလုပ် များနေခဲ့ကာ သူ့အပေါ် လစ်ဟင်းနေခဲ့သည်ကို သတိထားမိခဲ့၏။ ထို့အတွက် သူမစိတ်ထဲတွင် အပြစ်ရှိနေသလိုခံစားရသည်။

ရုပ်ရှင်နှင့်ပတ်သတ်သည့် လုပ်ငန်းစဉ်များ စနစ်တကျပြီးဆုံးသွားပြီးနောက် ချီချန်းရန်အား လျစ်လျူရှုမိခဲ့ခြင်းနှင့် လက် ဆောင်အတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန်သည့်အနေဖြင့် လက်ဆောင်ပြန်ပေးရန်ဆုံးဖြတ်ခဲ့သည်။

ရှင့်ဆီက ဂြိုလ်တစ်ခုလုံးတောင် လက်ဆောင်ရထားတာဆိုတော့ ကျွန်မကလည်း လက်ဆောင်တစ်ခုပြန်ပေးရမှာပေါ့

သူမ ယခင်က လက်ဆောင်ပေးခဲ့ဖူးသော်လည်း ချီချန်းရန်၏ လက်ဆောင်နှင့် နှိုင်းယှဉ်ပါက အသေးအဖွဲသာဖြစ်သည်။ သူ ကပြခဲ့သော ဗီဒီယိုသည် ရိုးရှင်းကာ အပေါ်ယံဟန်ဆောင်မှုများပါဝင်ခဲ့သည်ဟု ထင်မြင်မိသည်။ ထိုကပြခဲ့သည့် ဗီဒီယိုသည် နိုင်ငံတစ်ဝှမ်းရှိပရိသတ်များ၏ ကြည့်ရှုမှုသန်းနှင့်ချီ ရှိခဲ့ပြီး ယခုဆိုလျှင် ကြည့်ရှုသူ ဘီလီယံနီးပါးရှိနေပြီဖြစ်သည်။

လုလီ လောင်ကုန်းဖြစ်သူအတွက် သင့်လျော်မည့်တန်ဖိုးကြီးလက်ဆောင်များကို အင်တာနက်ပေါ်တွင် ရှာဖွေခဲ့သော်လည်း ရလဒ်များမှာ ကားနှင့် နာရီများသာ ဖြစ်ပြီး သူ့လက်ဆောင်နှင့် နှိုင်းယှဉ်ပါက လုံးဝစိတ်ဝင်စားဖွယ်မရှိချေ။

သူ ချောင်ကျာယိထံမှ အကြံဉာဏ် တောင်းလိုက်သည်။

ချောင်ကျာယိ : [ဘာလက်ဆောင်ပေးရမှန်းမသိရင် ကိုယ့်ကိုကိုယ်ပဲ လက်ဆောင်အဖြစ်ပေးလိုက်ပေါ့၊ဒါလည်း သူ့ကိုပျော်ရွှင်စေတာပဲလေ]

[ဒါနဲ့ နင် ဟိုတယ်တစ်ခုက 8999 အခန်းကို တစ်နှစ်ပတ်လုံး အလကား တည်းခိုခွင့်ရထားတယ် မဟုတ်လား ? နင် အဲ့ဒါကို မေ့နေတာလား ?]

လုလီ : […]

[တော်ပြီ၊ နင်နဲ့ စကားဆက်မပြောတော့ဘူး၊ ဘိုင့်...]

လုလီ ဒေါသထွက်ကာ ချောင်ကျာယိကိုဘလော့လိုက်ပြီး ချီ ချန်းရန်အား လက်ဆောင်ပေးမည့် ကိစ္စကိုထပ်ပြီးစဉ်းစားခန်း ဝင်လိုက်သည်။

အမှန်စင်စစ် ဤချမ်းသာသော လောင်ကုန်းအတွက်လက် ဆောင်ရွေးချယ်ရသည်မှာ သူမအတွက် ခက်ခဲလွန်းလှသည်။ အိမ်၊ ကား၊ နာရီ အစရှိသည့် လက်ဆောင်များမှာလည်း လက် တွေ့မကျပေ။

လုလီသည် ချီချန်းရန် အနှစ်သက်ဆုံးနှင့် အလိုချင်ဆုံးအရာကို နက်နက်နဲနဲ စဉ်းစားလိုက်သည်။ ငွေကြေးဖြင့် လိုက်မမှီနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ လက်ဆောင်ကိုသာရှာဖွေနေခဲ့သည်။

ဒါဆို ချီချန်းရန် ဘယ်လိုအရာမျိုးကိုအကြိုက်ဆုံးဖြစ်နိုင်မလဲ?

ဤသည်ကို အဖြေထုတ်ရလျှင် ကိုယ့်ကိုကိုယ် အနည်းငယ် ဘဝင်မြင့်နေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း လုလီ မျက်နှာနီရဲလျက် အဖြေတစ်ခုကိုထုတ်လိုက်သည်။

သူက ငါ့ကို အကြိုက်ဆုံးလေ...

ဒါဆို ချီချန်းရန်က ဘာကို အလိုချင်ဆုံးဖြစ်မလဲ?

လုလီ ဂုဏ်ယူဝင့်ကြွားဖြင့် စိတ်ထဲတွင် အဖြေဆက်ထုတ်နေခဲ့သည်။

သူ အလိုချင်ဆုံး အရာကလည်း ငါပဲလေ...

သူ ထိုသို့ လှည့်ပတ်စဥ်းစားပြီးနောက် ချောင်ကျာယိ၏အကြံ ဆီကိုသာ ပြန်ရောက်သွားခဲ့သည်။

လုလီ သူ့ဆံပင်များကို ရှုပ်ထွေးအောင် ပွတ်သပ်လိုက်ရင်း ချောင်ကျာယိအား ပိတ်ဆို့ထားသောစာရင်းမှ ပြန်ဖြေပေး လိုက်သည်။

[ ငါ အဲ့ 8999 အခန်းတော့ မသွားချင်ပါဘူး...]

ချောင်ကျာယိ : […]

ချောင်ကျာယိ စိတ်ပျက်လက်ပျက်ဖြင့်- [အော်၊ နင်ပဲ ခုနက ငါနဲ့စကားမပြောတော့ဘူးဆို]

လုလီ - [tears အီမိုဂျီ]

ချောင်ကျာယိ ငါးမိနစ်ခန့် ပျောက်သွားပြီးနောက်ပြန်တက်လာသည်နှင့် သူမထံ ဖိုင် အများအပြားပို့လာခဲ့သည်။

[ငါ ဒါကို ဟိုခွေးကောင်ဆီက "မ" လာတာ]

[နင် ဒါကိုကြည့်ပြီး ဘာလုပ်ရမလဲ ကိုယ့်ဘာသာစဉ်းစားပေါ့]

[အာရုံစိုက်ပြီးလေ့လာ၊ ငါ ဒီလောက်ပဲ ကူညီပေးနိုင်မယ်။]

ခွေးကောင်ဟူသည် ချောင်ကျာယိ သူ့ချစ်သူကို ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။ လုလီသည် "ထိပ်တန်းလျှို့ဝှက်ချက် - သင်ကြားရေးပစ္စည်းတွေကို မပေါက်ကြားစေရ” ဟူသော ဖိုင်ကိုမြင်သည်နှင့် ချက်ချင်းပင် စိတ်အားထက်သန်စွာလေ့ လာရန် ပြင်ဆင်လိုက်သည်။

သာယာသော နေ့လည်ခင်းတစ်ခုတွင် နေရောင်သည် စူးရှစွာတောက်ပနေသည်။ သူ စာကြည့်ခန်းထဲတွင်ထိုင်ကာ ကွန်ပြူတာကို မျက်နှာမူလျက်ရှိနေသည်။ ဖျော်ရည်တစ်ခွက် ယူလာပြီး သောက်နေရင်းဖြင့် ဖိုင်ကိုဖွင့်လိုက်သည်။

ဖိုင်ထဲတွင် ဂျပန်ဘာသာဖြင့် စကားပြောနေသောလှပသည့် မိန်းကလေးတစ်ယောက်ပေါ်လာပြီး အောက်တွင် စာတန်းထိုးထားသည်။

သုံးမိနစ်အကြာတွင်...

"Fuck!"

ထိုဂျပန်မလေးအဝတ်ချွတ်နေသည့် အခန်းအရောက်တွင် လုလီပါးစပ်ထဲမှ သောက်လက်စဖျော်ရည်များပင် ဖူးခနဲ ပြန်ကန်ထွက်သွားသည်။ သူ ဖန်ခွက်ကို ကမန်းကတန်းချလိုက်ပြီး စာကြည့်ခန်းတံခါးကိုလော့ချကာ ပြတင်းပေါက်လိုက်ကာများကိုပါ နေရာလပ်မကျန်ပိတ်လိုက်ပြီး အလျင်အမြန်လှုပ်ရှားလိုက်သည်။

အော်...နင် ပြောတဲ့ လေ့လာမှုဆိုတာ ဒါကို ပြောတာလား ?

All Chapters