Lili (1)
Vol. 9 Ch. 139
ခြေထောက်၏တုံ့ပြန်မှုသည် ဦးနှောက်ထက်ပင်ပိုမြန်နေ သည်။
သူဘေးဘက်သို့ ရှောင်ထွက်ရန်ပြင်လိုက်သော်လည်းဝမ်းနည်း စရာကောင်းသည်မှာ ချီချန်းရန်သည် သူ့ခြေတံရှည်ကြီးများဖြင့် လုလီ လမ်းကြောင်းအားပိတ်ဆို့လိုက်ခြင်းပင်။ လုလီ ချီချန်းရန်၏ရင်ခွင်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည်။ ရှောင်ထွက်မှုသည် ရုတ်တရက် ပွေ့ဖက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
လုလီ ခေါင်းမော့လာကာ တုန်လှုပ်နေသော မျက်လုံးများဖြင့် သူ့မျက်နှာကို စိုက်ကြည့်လိုက်သည်။
ချီချန်းရန် သူ့ ခါးကိုပွေ့ဖက်ထားရင်း မျက်ခုံးကိုပင့်တင်လိုက်ကာ "အမ် ?"
လုလီ ခေါင်းငုံ့လိုက်ပြီး "ဟေး~"
...
မိမိအပေါ် ကံဆိုးစေမည့်အရာများ မကျရောက်စေရန်အသုံး ပြုပြီးလျှင် ဖျောက်ဖျက်သင့်ကြောင့် လုလီ နားလည်ခဲ့သည်။ သူ လွတ်မြောက်ရန်ကြိုးစားမှုကျရှုံးပြီးနောက် ထိုအမျိုးသား ၏ချုပ်နှောင်ခြင်းကို ခံထားရပြီး သူ သင်ယူထားသည့်အရာကို ဖြည်းဖြည်းချင်း စစ်ဆေးမေးမြန်းနေခဲ့သည်။
လုလီ မျက်နှာကိုလက်ဖြင့်ဖုံးအုပ်ထားပြီး သူ့အား ဘေးကြပ်နံကြပ်ဖြစ်စေမည့် အခြေအနေထဲသို့ဆွဲသွင်းခဲ့သည့် ထိုအထူးလျှို့ဝှက်သင်ကြားရေး ဗီဒီယိုထဲရှိ မြင်ကွင်းများကိုပြန်မြင်ယောင်နေမိသည် -
“ကျွန်မ ဘာမှ မလေ့လာခဲ့ဘူး၊ တကယ်ပါ... ကျွန်မ တကယ်ဘာမှ မသင်ယူခဲ့ဘူး။"
သူ့ အဖြစ်သည် အိမ်စာမလုပ်လာသောသနားစဖွယ် ကျောင်း သူလေးတစ်ယောက်နှင့် တူနေသည်။
ချီချန်းရန် အနည်းငယ်စိတ်ပျက်သွားပုံရသည်- "တကယ်လား ?"
လုလီ သူ့မျက်နှာကို ဖုံးထားလျက်ခေါင်းညိတ်ပြသည်။
"အွန်း..."
လုလီ တုံပြန်မှုကို ချီချန်းရန် ကြားသောအခါ တိုးလျစွာရယ် မောလိုက်သည်။ သူ့ရယ်သံနှင့်အတူ ရင်ထဲမှ တုန်ခါမှုကို လုလီခံစားမိလိုက်သည်။ ထို့နောက် သူမအား အိပ်ခန်းထဲသို့ ခေါ်သွားကာ တီဗွီဖွင့်လိုက်သည်။ လုလီ နားထဲတွင် အမည်မသိ အသံတစ်ခုကို ကြားလိုက်ရသည်။ မျက်လုံးမျာ တီဗွီဖန်သားပြင်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏အထူးလျှို့ဝှက်သင်ကြားရေး ဗီဒီယိုအား ဖွင့်ထားသည်ကို မြင်လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ချီချန်းရန် အနားကပ်လာကာ ညင်သာသောအသံဖြင့် ပြောလာသည်။ “ဒါဆို ကိုယ်တို့ အခု နည်းနည်းလောက် သင်ယူလိုက်ကြမလား?”
“လီလီက ဒါကို ကောင်းကောင်းသင်ယူနိုင်မှာပါ” သူ ဆက်ပြောလာသည်။ သူ့ပုံစံသည် ကလေးတစ်ယောက်အားဖြည်း ဖြည်းချင်းချော့မြူနေသလို ၊ ယုန်ဖြူလေးတစ်ကောင်ကို ထောင်ချောက်ဆီသို့ဝင်လာအောင် ဖြားယောင်းနေသော မုဆိုးတစ်ယောက်လိုမျိုး ပြောဆိုနေခြင်းပင်။
လုလီ ပါးပြင်များနီမြန်းလျက် မျက်လုံးများကို မှိတ်ထားလိုက်ပြီး မျက်ခုံးမှာ အနည်းငယ် ကြုံ့ထားလိုက်မိ၏။ ချီချန်းရန် တီဗွီကို ပြန်ပိတ်လိုက်သည်။ ယုန်ဖြူလေးသည် ထောင်ချောက်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။
ကုတင်ဘေးရှိ မီးအိမ်မှာပွင့်နေပြီး အရာအားလုံးပိုပြီးရှင်း ရှင်းလင်းလင်း ဖြစ်နေသကဲ့သို့ လက်တွေ့ဆန်သလိုခံစားရသည်။
နာကျင်မှုကြောင့် နှုတ်ခမ်းသားကိုဖိကိုက်ရင်း ညည်းညူကာ ပိုးသားကဲ့သို့ နူးညံသော မျက်လုံးအကြည့်များနှင့် သူ့အား ဆုပ်ကိုင်ထားသော လုလီအားကြည့်ပြီး ချီချန်းရန် သဘောကျနေမိသည်။ ရုတ်တရက် အိပ်ရာပေါ်သို့ နက်ရှိုင်းစွာဖိချခံရသောအခါ ညည်းတွားကာ ငိုကြွေးနေရင်း နောက်ဆုံးတွင် သူ့အားမကျေမနပ်ဖြင့် တရားခံတစ်ယောက်ကဲ့သို့ ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
ချီချန်းရန်သည် ယုန်ဖြူလေးကို အဆုံးအစွန်ထိ နှိပ်စက်ညှင်း ပန်းခဲ့ပြီး နောက်ဆုံးတွင် ယုန်ဖြူလေးအားအင်ကုန်ခန်းလာသည်ကို မြင်သောအခါ လှုပ်ရှားမှုကိုရပ်တန့်လိုက်ပြီး အနားယူစေခဲ့သည်။
"လီလီက အရမ်းတော်တာပဲ၊ ကိုယ်နဲ့အတူ ကောင်းကောင်းကြီး လိုက်ပေးခဲ့တယ်” ဟု သူ ချီးကျူးလိုက်သေးသည်။ ထို့နောက် သူ့ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး ချွေးစေးများထွက်နေသော လုလီ နဖူးကို နမ်းရှုံလိုက်သည်။ ပန်းနုရောင်ခပ်ဖူးဖူး နှုတ်ခမ်းလေးအားအနမ်းပေးရန်လည်း သူ မမေ့လျော့ခဲ့ပေ။
...
နောက်တစ်နေ့တွင် လုလီ အိပ်ရာပေါ်လှဲလျောင်းနေရင်း ချောင်ကျာယိ ထံမှ စာတစ်စောင်လက်ခံရရှိခဲ့သည်။
[အခြေအနေ ဘယ်လိုရှိလဲ? သင်ခန်းစာတွေကို စမ်းကြည့်ပြီးပြီလား?]
[ဒါမျိုးက အလေ့အကျင့်နဲ့ ဆိုင်တယ်၊ နင် ဒါကို အမြဲလေ့ကျင်နေမှ ကျင့်သားရသွားမှာ]
[ချီချန်းရန်ရော သဘောကျနေတယ် မဟုတ်လား? ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူးနော်၊ ငါက Lei Feng ပါဟ...]
(Lei Feng ဟူသည် ပြည်သူ့တော်လှန်ရေးတပ်မတော်၏ စစ်သားတစ်ဦးဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်ခဲ့သူဖြစ်သည်။ သူကွယ်လွန်ပြီးနောက် လူများက သူ၏ ကောင်းမှုကုသိုလ်များကို ပြောဆိုဂုဏ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံတွင် စံနမူနာထားရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ချောင်ကျာယိသည် သူ့ကိုယ်သူ ကိုယ်ကျိုးမငဲ့သူအဖြစ် ဖော်ညွှန်းရန် ထိုနာမည်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။)
လုလီ ထိုစာများကို ဖတ်ပြီးနောက် မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခေါင်းကို စောင်ထဲ ဝှက်ထားလိုက်သည်။
မည်သို့ပင်ဆိုစေ ချီချန်းရန်သည် မိန်းမတစ်ယောက်ကို လှည့် စားရာတွင် ပါးနပ်လွန်းသူဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ ထိုမျက် နှာနှင့်အသံကိုအသုံးချပြီး အနည်းငယ်ချော့မြူလိုက်ရုံနှင့် လူကို သူ့ထောင်ချောက်ထဲသို့ အလွယ်တကူဆွဲခေါ်နိုင်စွမ်းရှိသည်။
ပြီးတော့ မနေ့ညက... ချီချန်းရန် သူ့နားထဲသို့ တီးတိုးပြောခဲ့သည့်စကားကို လုလီ ပြန်တွေးမိသည်။
"လီလီ အဆင်သင့်ဖြစ်ပြီလား... ကိုယ်တို့ ကလေးလေးတွေ ဘယ်တော့ရမှာလဲ ?"
ထိုအချိန်တွင် သူမ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသကဲ့သို့ မအီမသာဖြစ်နေပြီး လုံးဝ မထနိုင်ပဲ စိတ်ထဲရှုပ်ထွေးနောက် ကျိနေခဲ့ပြီး “မသိဘူး” ဟုသာ ခပ်တိုးတိုး ပြန်ဖြေခဲ့သည်။
“ဘာကို မသိတာလဲ ?" ဟု နီရဲသော မျက်လုံးများဖြင့် သူ မကျေမနပ်မေးလာသည်။
လုလီသည် သူ့ထံမှ အချစ်ကိုသာမျှော်လင့်နေပြီး သူ့အား အချိန်ကောင်းဖန်တီးပေးရန် တောင်းရမ်းရင်း၊ လက်ဆယ်ချောင်းလုံး အိပ်ရာခင်းကို ဆုတ်ကိုင်ထားလျက် နောက်ဆုံးတွင် မျက်လုံးမှိတ်ကာ ကံကြမ္မာ၏စီစဉ်မှုကိုလက်ခံခဲ့သည်။
"ရှင် စိတ်ကြိုက်သာ လုပ်တော့”
ထိုအခါ သူ ကျေနပ်သွားသည် - "ဒါဆို အခုပဲ။"
လုလီ ထိုအဖြစ်ပြန်တွေးရင် သူ့ ခါးကိုပွေ့ဖက်ထားဆဲဖြစ်သော ချီချန်းရန်၏လက်ကိုကိုက်ပစ်လိုက်သည်။ ချီချန်းရန် နိုးလာပြီး သူ့ဒေါသကို လျစ်လျူရှုကာ ခါးလေးအားလက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ရစ်ပတ်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ပိုပြီးနီးကပ်အောင် ဆွဲသွင်းလိုက်သည်။ နှစ်ယောက်သား အိပ်ရာထဲတွင် ခဏကြာဆက်နေခဲ့ကြသည်။
လုလီ အိပ်ရာမှနိုးလာချိန်တွင် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ထိုဗီဒီယိုများကို ဖျောက်ဖျက်ပစ်ခြင်းပင်။ ထို့နောက် သူလှည့်လိုက်စဉ် ချီချန်းရန် သူမနောက်တွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။
လုလီ "ကြည့်မနေနဲ့၊ ကျွန်မ အကုန်ဖျက်လိုက်ပြီ"
“ဒါတွေ မရှိတော့ရင် ထပ်ပြီးလေ့လာစရာမလိုတော့ဘူး”
ချီချန်းရန်သည် သူမလုပ်ရပ်ကို မည်သည့် မှတ်ချက်မှမပေးဘဲ နက်ကတိုင်ကြိုးအား သူ့ ထံသို့လှမ်းပေးလိုက်သည်။ လုလီ ချီချန်းရန်ရှေ့တွင် ရပ်ပြီး နက်ကတိုင်ကို ဂရုတစိုက်ချည်နှောင်ပေးလိုက်သည်။ နှစ်ယောက်သားပြင်ဆင်ပြီးနောက် အတူတ ကွ အိမ်မှထွက်လာကြသည်။
ချီချန်းရန်က အလုပ်သွားရမည်ဖြစ်ပြီး လုလီကမူ အခြားအချိန်ဇယားတစ်ခုရှိသည်။
ယနေ့သည် "The Last Boy" ဇာတ်ကား၏ပထမဆုံးမိတ်ဆက်သည့်နေ့ ဖြစ်သည်။
ထိုပြပွဲကို ရုပ်ရှင်ရုံကြီးတစ်ခုတွင် ကျင်းပပြုလုပ်ပြီး၊ ဇာတ် ကားဖန်တီးသူများ၊ မီဒီယာများနှင့် ပရိသတ်များစွာတက်ရောက်လာခဲ့ကြသည်။ ဇာတ်ဆောင်နေရာတွင် ပါဝင်သော အဓိကသရုပ်ဆောင်များသည် အပရိသတ်အများအပြားမရှိသဖြင့် လုလီ သည် ပရိသတ်နေရာများအတွက် လက်မှတ်အားလုံးကို “လုလီ Global Support Club” ၏ ပရိသတ်များကို အခမဲ့ဖြန့်ဝေထားပြီးဖြစ်သည်။ အချိန်ရသူတိုင်း လွတ်လပ် စွာတက်ရောက်နိုင်မည်ဖြစ်သည်။
အခမဲ့ဖြစ်နေသည့်တိုင်တောင် ထိုင်ခုံများအတန်းလိုက်ပြည့်မနေခဲ့ပေ။
လုလီသည် ရှေ့ဆုံးတန်းတွင်ထိုင်လျက် နေကာမျက်မှန်တပ်ထားကာ စင်ပေါ်တွင် သိသိသာသာ စိတ်လှုပ်ရှားနေသော သရုပ်ဆောင်များကို လက်ခုပ်တီးကာ အားပေးနေခဲ့သည်။
ချောင်ကျာယိလည်း ရောက်ရှိလာပြီး လုလီဘေးတွင် ဝင်ထိုင်လိုက်သည်။ လင်းကျီယုသည် လုလီအားကျေးဇူးတင်ကြောင်း မျက်လုံးများဖြင့် ဖော်ပြနေစဉ် ဘေးတွင်ရှိနေသော ချောင်ကျာယိက ၎င်းအား အသဲပုံအမှတ်အသားလုပ်ပြလိုက်သည်။
သူ့အပြုအမှုကြောင့် မင်းသားလင်းကျီယု ရှက်ရွံ့သွားကာ အကြည့်ကိုပြန်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ယဉ်ကျေးစွာအရှေ့ပစ်လျက် အစီအစဉ်မှူး၏စကားပြောဆိုမှုတွင် ပူးပေါင်း လိုက်သည်။ အစီအစဉ်မှူးမှ မိတ်ဆက်ပေးပြီးနောက် အဓိကဇာတ်ဆောင်များ၏ အပိုင်းသို့ ရောက်ရှိလာခဲ့သည်။ အားလုံးသည် သိသိသာသာစိတ်လှုပ်ရှားနေကြသော်လည်း ပရိသတ်များအား ရယ်မောပျော်ရွှင်စေမည့် ဟာသအကြောင်းအရာများဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။