← Chapters

Lili (2)

Vol. 9 Ch. 140

Lili (2)

Vol. 9 Ch. 140

အစမ်းပြသမှု ပြီးဆုံးသွားပြီးနောက် ရုပ်ရှင်ရုံထဲရှိ မီးအားလုံးပိတ်သွားပြီး ကန့်လန့်ကာပွင့်လာခဲ့သည်။

လုလီ အရှေ့တွင် ကြည့်ခဲ့ပြီးဖြစ်သော်လည်း ယခုရုပ်ရှင်ရုံထဲတွင် ပထမဆုံးအကြိမ်ကြည့်ရှုဖူးခြင်းဖြစ်သည်။

ဇာတ်လမ်းအစမှာ နယ်မြို့လေးတစ်မြို့တွင် ဖြစ်သည်။ မနက်စောစော ရောင်နီပျိုးစချိန်တွင် အဘွားအိုတစ်ဦး မနက်စာအတွက် မုန့်စိမ်းချောင်းများကို ကြော်လှော်နေကာ လူငယ်လေးသည် မုန့်ကို ပါးစပ်ထဲထည့်ကာ ကျောင်းသို့အပြေးအ လွှားသွားနေပုံ ဖြစ်သည်။ ကြီးမားသော ဖန်သားပြင်ပေါ်တွင် လင်းကျီယု၏ နုဖတ်နေသော မျက်နှာကို မြင်လိုက်ချိန်တွင် လုလီ ကျေနပ်စွာဖြင့် ခေါင်းကိုတဆတ်ဆတ်ညိတ်နေခဲ့သည်။

ဇာတ်ကားသည် ရှည်လျားခြင်းမရှိပဲ ကြာချိန် မိနစ်ကိုးဆယ်သာ ရှိသည်။

မြို့ငယ်လေး၏ တစ်ခုတည်းသော အလယ်တန်းကျောင်းကို ဖြိုချပြီး ဖျက်သိမ်းတော့မည်ဖြစ်ရာ အစိုးရမှ ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူ အားလုံးကို မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ရန်အကြံပြုထား သည်။ သို့သော် ထိုကျောင်းသားများသည် ကျောင်းနှင့်ဆရာများအပေါ် နက်ရှိုင်းသော သံယောဇဉ်များရှိနေကြသည်။ ကျောင်းအားဖျက်သိမ်းမည်ကိုလက်မခံနိုင်ကြသဖြင့် ကျောင်း ကို ကာကွယ်ရန်အတွက် လင်းကျီယု ဦးဆောင်သောကျောင်း သားအဖွဲ့သည် မြို့တွင်းလှုပ်ရှားမှုများကို စတင်ခဲ့ကြသည်။ ဤသည်မှာ ဇာတ်လမ်းအဓိကဇာတ်အိမ်ဖြစ်သည်။

ရုပ်ရှင်အဆုံးတွင် ဆောက်လုပ်ရေး အလုပ်သမားများကျောင်းဝင်းထဲသို့ ကားကို ခပ်ကြမ်းကြမ်းမောင်းဝင်လာခဲ့ပြီး ကျောက် စရစ်မှုန့်များ လေထဲတွင် ပြန့်ကျဲနေသည်။ ကျောင်းသားကျောင်းသူများ စုဝေးလျက် ကျယ်လောင်စွာ သီချင်းအော်ဆိုနေခဲ့ကြသည်။ ဤကျောင်းသည် ၎င်းတို့ နှလုံးသားထဲတွင် ထာဝရ တည်မြဲနေမည်ဟု ဖော်ပြနေသည့် မြင်ကွင်းက လူတိုင်းကို မျက်ရည်ကျစေခဲ့သည်။

The end.....

ရုံအတွင်း မီးပြန်လင်းလာသည်။

ဇာတ်ဝင်သီချင်းသံ ထွက်လာပြီး သရုပ်ဆောင်များနှင့် အဖွဲ့သားများ၏ အမည်များသည် ဖန်သားပြင်ပေါ်တွင် တက်လာသည်။ ထို့နောက် ထုတ်လုပ်သူနေရာတွင် သူ့နာမည်ကို လုလီ မြင်လိုက်ရသည်။

မြင်ကွင်းသည် ခဏတာ တိတ်ဆိတ်သွားသည်။

ထို့နောက် ဒါရိုက်တာ စင်ပေါ်တက်လာပြီး အားလုံး လက်ခုပ်သြဘာပေးလိုက်ကြသည်။ ရုပ်ရှင်ရုံထဲရှိ လေထုသည် သိသိသာသာ ပြောင်းလဲသွားသည်ကို လုလီ ခံစားလိုက်ရသည်။

မူလက သာမန်သတင်းယူရန် ရောက်ရှိလာသော သတင်း ထောက်များသည် မေးခွန်းများ အဆက်မပြတ် မေးမြန်းလာကြပြီး၊ ပရိသတ်ထိုင်ခုံရှိ ပရိသတ်များသည်လည်း စိတ်လှုပ် ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ကြချေ။ နောက်ဆုံးတွင် အစီအစဉ်မှူးမှ အချိန်ပြည့်သွားပြီဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးမှသာ အမေးအဖြေကဏ္ဍသည် မကျေမနပ်ဖြင့်ပြီးဆုံးသွားခဲ့သည်။

ကုမ္ပဏီ၏စီစဉ်မှုအရ အဓိကသရုပ်ဆောင်များနှင့် ဒါရိုက်တာတို့သည် လာမည့်ရက်အနည်းငယ်အတွင်း နိုင်ငံတဝှမ်းရှိ မြို့အသီးသီးသို့ သွားရောက်ကာ ပရိုမိုးရှင်းဆင်းရမည် ဖြစ်သည်။ ယခုပွဲ ပြီးဆုံးသည်နှင့် တပြိုင်နက် နောက်မြို့သို့ ဆက်သွားရန် လေဆိပ်သို့ ချက်ချင်းထွက်ခွာသွားကြသည်။

လုလီ ရုပ်ရှင်ရုံထဲက ထွက်လာမှ သက်ပြင်းချလိုက်နိုင်သည်။ သူ ဇာတ်ကားကိုအကြိမ်ကြိမ်ကြည့်ပြီး ဖြစ်သော်လည်း ယခုမှသာ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို ဖြေချလိုက်သကဲ့သို့ ခံစားရပြီး စိတ်သက်သာရသွားသည်။ ချောင်ကျာယိသည် ဇာတ်ကားကို ကြိုတင်ကြည့်ရှုထားခြင်း မရှိသဖြင့် လုလီ၏လက်မောင်းကို ဆုပ်ကိုင်ထားရင်း ဇာတ်လမ်းထဲတွင် နှစ်မြုပ်နေဆဲဖြစ်ပြီး စိတ်မသက်မသာဖြစ်နေသေးပုံရသည်။

လုလီ စိုးရိမ်စွာဖြင့် သူ့ကို မေးလိုက်သည်- "ဇာတ်ကား ဘယ် လိုနေလဲ?"

ချောင်ကျာယိသည် လုလီဘက်သို့လှမ်းကြည့်ပြီး စိတ်ထဲမှ ထင်မြင်သည့်အတိုင်းပြောလိုက်သည်။

“ကောင်းပါတယ်”

လုလီ ဤရိုးရှင်းသောအဖြေအတွက် မကျေနပ်ဖြစ်သွားပုံရသည်-

"ကောင်းတယ်ပဲလား?"

ချောင်ကျာယိ ဆက်ပြောသည်-

"ဇာတ်အိမ် အတော်လေးကောင်းတယ်။ ညံ့ဖျင်းတဲ့ ရုပ်ရှင်တွေနဲ့ ပြည့်နှက်တဲ့စျေးကွက်ထဲမှာ ဒီလိုဇာတ်ကားမျိုး ချပြနိုင်တာ အံ့ဩစရာပဲ၊ နင့်ကားက ပေါက်မှာသေချာတယ်"

"အမှန်တိုင်းပြောရရင် ငါ့ ရှောင်းလင် မျက်နှာလေးကိုကြည့်ဖို့ လာခဲ့တာ၊ ဒါပေမယ့် ဇာတ်ကားလည်း ကြည့်ပြီးရောဇာတ် ဆောင်ရဲ့ရုပ်ရည်က အဓိကမကျတော့သလို ခံစားရတယ်"

"ဇာတ်လမ်းကသာ အဓိကပဲ!"

"ဇာတ်ကောင်တွေလည်း အရမ်းကြည့်ကောင်းကြတယ်၊ မဟုတ်ရင် ယွမ် ၃၀ အကုန်ခံပြီး တစ်နာရီခွဲလောက်ကြာတဲ့ ဇာတ်ကားတစ်ကားကို အချိန်ကုန်ခံပြီး ရုပ်ရှင်ရုံထဲမှာလာကြည့်မှာမဟုတ်ဘူး"

ချောင်ကျာယိ ဖုန်းကိုကောက်ကိုင်လိုက်ပြီး "ငါ လက်မှတ်ကြိုဝယ်ထားရမယ်၊ မနက်ဖြန် ဟိုခွေးကောင်ကိုခေါ်ပြီး နောက်တစ်ခေါက်လာကြည့်ရမယ်”

မနက်ဖြန်သည် ပိတ်ရက်လည်းဖြစ်နေရာ ပရိတ်သတ်များတုံ့ပြန်မှုကို ကြည့်ပြီး လုလီ ယုံကြည်ချက်ရှိနေခဲ့သည်။ သူမ ချီချန်းရန်ကို ခေါ်ပြီး သူ့ရုပ်ရှင်ကို ကြည့်ခိုင်းရန်စိတ်အားထက်သန်နေသည်။

ထို့အပြင် သူ အလုပ်အရမ်းရှုပ်နေသဖြင့် စာလုပ်ဖို့အချိန်မရှိကြောင်းကိုလည်း သူ သိအောင်ပြောပြရပေဦးမည်။ လုလီ ပွဲတက်ရောက်ပြီးနောက် အိမ်ပြန်လာခဲ့သည်။

ပထမဆုံးပြသမှုအပြီး စျေးကွက်ရှာဖွေရေးအကောင့်များမှ သုံးသပ်ချက်များ မထွက်လာသေးသဖြင့် လုလီသည် အဓိက ရုပ်ရှင်ဝေဖန်ရေး ဝဘ်ဆိုဒ်များပေါ်တွင် "The Last Boy" ကို first rating ပေးပြီး ဇာတ်ကားသုံးသပ်ချက်ကို ဂရုတစိုက် ရေးသားကာ သူ့မိတ်ဆွေများကို မျှဝေခဲ့သည်။

ခဏအကြာတွင် တုံ့ပြန်မှုများစွာ ရရှိလာခဲ့ပြီး ဟောင်ကောင်ရှိ အမျိုးသမီးငယ်တစ်ဦးမှ ဟောင်ကောင်တွင်လည်း ပြသရန် ရှိမရှိ မေးမြန်းလာခဲ့သည်။ ထို့နောက် လူတိုင်း အာရုံစိုက်နေကြသည်ကို သတိထားမိပြီး လုလီ ဟောင်ကောင်သို့ သွားရန်ဆုံး ဖြတ်လိုက်သည်။ သူ့ စိတ်အခြေအနေမှာ ကောင်းမွန်နေ၏။ Weibo တွင် ရုပ်ရှင်ပြန်လည်သုံးသပ်ချက်ကို ထပ်မံမျှဝေပြီးနောက် သူနှင့်ပတ်သက်သည့် '@' အများအပြား ရရှိထားသည်ကို တွေ့ရှိခဲ့သည်။

XX News Agency မှ သတင်းဖော်ပြချက် - တရုတ်ဒီဇိုင်နာပိုင်ရှန့်ယင်က သူ့“YING “အမှတ်တံဆိပ်ရဲ့ ဆောင်းဦးနဲ့ ဆောင်း ရာသီဖက်ရှင်ပြပွဲကို City S မှာ ကျင်းပမယ်လို့ ကြေညာခဲ့တယ်၊ သူမရဲ့ Weiboမှာလည်း မကြာသေးခင်ကမှ သူမနဲ့ပတ်သတ်တဲ့ မေးခွန်းတွေအတွက် တုံ့ပြန်ပြီး ရှည်လျားတဲ့ ပို့စ်တစ်ခုကို တင်ထားခဲ့တယ်

"..."

ဒီမိန်းမ ပေါ်လာပြန်ပြီလား ?

ပိုင်ရှန့်ယင်၏ Weibo ပို့စ်မှာ ရှည်လျားလွန်းပြီး စာလုံးအရေ အတွက်လည်း အတော်အတန်များလောက်မည်ဟု သူ ထင် သည်။ ပိုင်ရှန့်ယင်၏အပေါ် ယံဟန်ဆောင်မှုများ ကို မဖတ်ကြည့်ချင်တော့သဖြင့် မှတ်ချက်များကို အရင်နှိပ်လိုက်သည်။

[ရှန့်ကျဲ့ အားတင်းထား! ငါတို့ မင်းနောက်မှာ ရှိနေမယ်]

[ရှန့်ယင် မင်းမှာ ဘာအမှားမှ မရှိဘဲ ဘာလို့ ဒီလောက်အကြာကြီး ဖိနှိပ်ခံနေရတာလဲ?]

[ဘာမှမကြောက်နဲ့ ရှန့်ကျဲ! အဲ့သူဌေးသမီးရဲ့လုပ်ရပ်ကတစ်နေ့ သူ့ဆီ ပြန်ရောက်မှာ အနှေးနဲ့အမြန်ပဲ]

[ဘယ်လို အခက်အခဲမျိုးကမှ ရှန့်ကျဲကို အနိုင်မယူနိုင်ဘူး၊ ရှန့်ကျဲ့က လက်ရှိအောင်မြင်မှုတွေရဖို့ အပြင်းအထန် ကြိုးစားခဲ့ရတာ၊ သူက သာမန်မိန်းကလေးတိုင်းအတွက် စံနမူနာပဲ]

[ငွေဇွန်းကိုက်ပြီး မွေးလာတာနဲ့ ကိုယ့်ကိုကိုယ်ကြီးကျယ်မြင့် မြတ်သွားပြီလို့ သတ်မှတ်ထားလား ? သူက လု မိသားစုက မွေးမြူထားတဲ့ ပိန်လှီနေတဲ့ မြင်းတစ်ကောင်သာသာပဲ၊ လုမိသားစုရဲ့ သားနှစ်ယောက်က သူ့ကို အမြဲတမ်းနှိမ့်ချဆက်ဆံခဲ့တယ်၊ ဟောင်ကောင်ကနေထွက်လာတာနဲ့ သူ့ကို မိန်းမကောင်းတစ်ယောက်အဖြစ် ထုပ်ပိုးလို့ရဦးမယ်လို့ ထင်နေတဲ့ပုံ]

(ပိန်လှီသောမြင်း ဟူသည် အမျိုးသမီးတစ်ဦးအား အလွန်အ မင်း မထီမဲ့မြင်ပြုသည့် လိင်အခြေပြုစော်ကားသော စကား လုံးဖြစ်သည်။ ဤမှတ်ချက်သည် လုလီအား မိသားစုမှ ချီချန်းရန်ထံ အမြတ်အစွန်းအတွက် ရောင်းစားလိုက်သည်ဟု ဆိုလိုချင်သော်ငြားလည်း တိုက်ရိုက်ပြောဆိုလျှင် ရိုင်းစိုင်းသဖြင့် သွယ်ဝိုက်ကာပြောဆိုထားခြင်းဖြစ်သည်။)

[ကလေးတစ်ယောက်လို အပြုအမူမျိုးပဲရှိတဲ့ ဒီ မိန်းမဘေးမှာ ဘာလို့ Fan တွေ အများကြီးရှိနေတာလဲ? သူ့ကိုယ်သူ လူသိအောင် ကြေငြာလည်း ဘာတန်ဖိုးရှိမှာလဲ? တန်ဖိုးဆိုတာ ဘာမှလုပ်စရာမလိုပဲ အိပ်ယာထဲမှာ ခြေထောက်ကားလိုက်ရုံနဲ့ အေး ဆေးနေနိုင် စားနိုင်တယ်လို့ ဆိုလိုတာလား? ရွံဖို့ကောင်းလိုက်တာ]

[ဒီငွေဇွန်းကိုက်သူဌေးသမီး ဘယ်လိုတုံ့ပြန်လာမှာလဲ? သူက Weibo ပေါ်မှာ ဆရာမကြီး မဟုတ်လား ? သူ့သဘောထားကို ရှင်းလင်းဖို့ ထပ်ပြီး စာအရှည်ကြီးတင်လာမှာလား ? ဟား... ဟား.. ဟား]

...

လုလီလက်များ အနည်းငယ်တုန်လာသည်။

"ငွေဇွန်းကိုက်မိန်းကလေး" "မြင်းပိန်" "ခြေထောက်တွေ ဖြန့်ကားထားရုံနဲ့ အေးဆေးနေနိုင် စားနိုင်တယ်" ဟူသော စကား လုံးများသည် သူ့ အား အရူးအမူးထိုးနှက်နေကြသည်။

မှတ်ချက်အားလုံးတွင် သူ့ နာမည်ကို တိုက်ရိုက်ဖော်ပြထားခြင်း မရှိသော်လည်း ထိုမှတ်ချက်များကို ဖတ်မိသည်နှင့် သူမအား ဦးတည်နေကြောင်းကို လူတိုင်း သိနိုင်မည်ထင်သည်။

လုလီ ကြယ်ပွင့်နောက်လိုက်ခဲ့စဥ်က ဆဲဆိုတိုက်ခိုက်မှုများတွင် မည်သည့်အခါမှ ပါဝင်ခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုသို့ကြမ်းတမ်းသည့် စကားလုံးများကို နှလုံးသားထဲမှ မုန်းတီးသောကြောင့်ဖြစ်သည်။ သို့သော် တစ်နေ့တွင် ထိုကြမ်းတမ်းသော စကားများသည် သူ့အား ဦးတည်လာလိမ့်မည်ဆိုတာ လုံးဝမတွေးထားမိခဲ့ပေ။ သူ အသက်ကိုရှုသွင်းလိုက်သည်။ ‘click to check in’ ကို တွေ့သော်လည်း မနှိပ်ရဲပဲ ဒေါသထွက်သလို ကြောက်ရွံ့တုန်လှုပ်မှုကလည်း ကြီးစိုးနေ သည်။

ထိုအခိုက်အတန့်တွင် သူ ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်သွားသော်လည်း သူ့ကိုယ်သူ သတိပြန်ကပ်လိုက်ပြီး ချီချန်းရန်ထံ ဖုန်းခေါ်လိုက်သည်။

"လီလီ" တဖက်မှ ချိုမြိန်သော အသံထွက်ပေါ်လာသည်။

လုလီ အသံကိုကြားလိုက်သည်နှင့် တင်းထားသမျှကို လျော့ချလိုက်သကဲ့သို့ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။

"သူတို့ပြောသလို မဟုတ်ဘူး...အဟင့်...အီး...ဟီး... "

သူ ရှိုက်ကြီးတငင်ငိုကြွေးခဲ့သည်။

All Chapters