← Chapters

Little Princess (1)

Vol. 9 Ch. 141

Little Princess (1)

Vol. 9 Ch. 141

ပိုင်ရှန့်ယင်၏ Weibo ပို့စ်သည် နာရီဝက်အတွင်း ပေါ်ထွက်လာခဲ့သည်။

"ကျွန်မရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်အတွက် ကြိုးကြိုးစားစား လုပ်ဆောင်နေတဲ့အချိန်မှာ Variety Show တွေက Clip အချို့ကိုယူပြီး မရိုးဖြောင့်တဲ့နည်းလမ်းနဲ့ အစစ်အမှန်မဟုတ်တဲ့အရာကိုလိုချင်နေတယ်လို့ စွပ်စွဲကြတယ်၊ အွန်လိုင်းပေါ်က ဖိနှိပ်မှုတွေအပြင် လက်တွေ့ဘဝမှာလည်း 'မမြင်ရတဲ့ ဖိအား' အောက်မှာ ရှိနေပေမယ့် လက်မလျှော့ဘဲ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တယ်"

ပိုင်ရှန့်ယင်သည် Weibo မှတ်ချက်များကို ပိတ်ဆို့ထားခဲ့သဖြင့် သူမ၏ဖန်များသည် အသင့်အနေထားဖြင့်ရှိနေကြပြီး ဖရဲ သီးစားခြင်းကို နှစ်သက်သူများလည်း ပါဝင်လာကြသည်။ ချက်ချင်းပင် 'ပိုင်ရှန့်ယင်၏တုံ့ပြန်ချက်" ခေါင်းစဉ်ဖြင့် Hot Search ရှာဖွေမှုအများဆုံးစာရင်းထဲ ဝင်ရောက်လာခဲ့သည်။

ယခင်က ပိုင်ရှန့်ယင်အား ကြာပန်းဖြူအဖြစ် ဝေဖန်မှုများခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် လေသံအနည်းငယ် ပြောင်းလဲလာကြပြီး လူအများ၏ ဦးတည်ရာလမ်းကြောင်းစတင်ပြောင်း လဲသွားခဲ့သည်။ သူမ Weibo ပို့စ်တွင် မမြင်ရသော ဖိအားများ ရင်ဆိုင်ခံစားနေရကြောင်း ဖော်ပြပြီးနောက် သူမ၏ရပ်တည် ချက်အတွက် စဉ်းစားပေးလာကြသည်။

အထူးသဖြင့် လုလီ၏ရှုပ်ထွေးလှသော မိသားစုနောက်ခံနှင့် ပတ်သက်ပြီး ဟောင်ကောင် အတင်းအဖျင်းသတင်းစာများတွင် ခွဲခြမ်းစိတ်ဖြာမှု အနည်းအကျဉ်းရှိခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ထိုကိစ္စနှင့်ပတ်သတ်ပြီး လူသိနည်းပါးခဲ့ပေမယ့် ယခုအခါ ထိုအကြောင်းကို ပြန်လည်ဖော်ထုတ်လိုက်ရာတွင် စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။

ပိုင်ရှန့်ယင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့ ပြောဆိုနေသလို လုလီသည် အကျိုးစီးပွားအတွက် ရောင်းစားခံရသူဖြစ်ခဲ့ပါလျှင် ပိုင်ရှန့်ယင်အား ထိုသို့ထိုးနှက်ခြင်းသည် ကြီးမားသောသံသယဖြစ်ဖွယ် အချက်တစ်ချက်ဖြစ်လာသည်။

ပိုင်ရှန့်ယင်၏ ဘဝဖြတ်သန်းမှုသည် အလွန်ပင် စိတ်ကူးယဉ်ဆန်နေပြီး သူ့ထက်မြက်မှုနှင့် မည်သူ့အကူအညီမှ မလိုပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း ဟူသောအချက်မှာ ထောက်ပြစရာဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့အရည်အချင်းသည် လုလီထက်ပိုပြီး သာလွန်ကောင်းမွန်နေသောကြောင့်ဖြစ်သည်။

ဝေဖန်တိုက်ခိုက်ခံရသော ပိုင်ရှန့်ယင်ကို အားလုံး သနားနေကြသည်။ ထို့အပြင် သူ့အား ဧည့်သည်အဖြစ်ဖိတ်ခေါ်ထားသည့် Variety Show တစ်ချို့မှ သူ့အား နောက်ဆုံးမိနစ်တွင် အစား ထိုးလိုက်ကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သူ ပို့စ်တွင်ဖော်ပြထားသော မမြင်ရသောဖိအားကြောင့်ပင် ဖြစ်နေမလားဟု လူတိုင်းမေးခွန်းထုတ်နေကြသည်။

ပိုင်ရှန့်ယင်၏ မှတ်ချက်နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ မြင့်တက်လာခဲ့ပြီးနောက် 'ပိုင်ရှန့်ယင်'၏ တုံ့ပြန်ချက်” ဟူသော ခေါင်းစီးဖြင့် သိပ်မကြာခင်မှာပဲ Hot Search ပေါ်မှ ရုတ်တ ရက်ပျောက်ကွယ်သွားခဲ့သည်။ အဓိကဖိုရမ်များတွင် ဆွေးနွေး နေကြသည့် အကြောင်းအရာများလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖရဲသီးစားရန် အဆင်သင့်ဖြစ်နေသော မီဒီယာအသုံးပြုသူများသည် မချိတင်ကဲ ဖြစ်နေကြသည်။

ထိုလုပ်ရပ်များကြောင့် ပိုင်ရှန့်ယင်၏ 'မမြင်နိုင်တဲ့ ဖိအား' ဟု ဖော်ပြခဲ့သောအချက်မှာ အမှန်တကယ်ဖြစ်နေကြောင်း လူတိုင်းယုံကြည်ခဲ့ကြသည်။

[ဘာ သဲလွန်စမှ မရှိတော့ဘူး]

[ကြောက်ခမန်းလိလိပဲ၊ ရုတ်တရက် ပိုင်ကျဲကို သနားမိသွားတယ်]

[ဒါက တိုက်ရိုက်စီရင်ချက်လား ?]

[သေချာပါတယ်၊ ဒါက အမြတ်အစွန်းအတွက် ရောင်းချခံရတဲ့ ဟိုတစ်ယောက် လက်ချက်မဟုတ်လား?]

[အစကတော့မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အခုတော့ တကယ်ရွံ့သွားပြီ...အော့....!]

[+1...ငါရောပဲ]

…

လုလီ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် မှတ်ချက်များကို ဆက်မဖတ်တော့ဘဲ ခေါင်းအုံးကို ဖက်ထားရင်း အိမ်တံခါးဝတွင် ရပ်ကာ ချီချန်းရန် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ချီချန်းရန်သည် အိမ်ပြန်လမ်းတွင် Hot Search စာရင်းများနှင့် ဆွေးနွေးခန်းများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူ အိမ်ပြန်ရောက်လာပြီး တံခါးဖွင့်လိုက်ရာ နီရဲနေသော မျက်လုံးများနှင့် တံခါးနားတွင် ရပ်နေသော လုလီကို တွေ့လိုက်ရသည်။

"ကိုယ် စိတ်မကောင်းဘူး" သူ လုလီဆီသို့ တည့်တည့်လျှောက်သွားပြီး လက်နှစ်ဖက်ကို ဖွင့်ကာ သူမအားပွေ့ဖက်လိုက်သည်။ လုလီသည် ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး ရင်းနှီးသော ပွေ့ဖက်မှုထဲသို့ နှစ်ဝင်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ စိတ်ထဲ၌ မကျေမနပ်သာ ကျန်ရှိခဲ့သည်။

“သူတို့ ပြောနေကြသလို မဟုတ်ဘူး” လုလီ သူ့ရင်ခွင်ထဲ နစ်မြှုပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။

မိခင်ဖြစ်သူသည် အသိုင်းအဝိုင်းကြီးထဲ ဝင်ရောက်ခွင့်ရရန် အမျိုးသမီးအများအပြားကို အနိုင်ယူပြီး ဖခင်ဖြစ်သူနှင့် လက် ထပ်ခဲ့သော်လည်း ထိုစဉ်က သူ့ ဖခင်သည် လွတ်လပ်သူဖြစ်နှင့်ပြီးသားဖြစ်သည်။

အစ်ကိုများမှာလည်း ဆူပူကြိမ်းမောင်းချိန်တွင် သူ့အား လုမိသားစု၏သမီးဖြစ်ပြီး ၎င်းတို့ ညီမဖြစ်ကြောင်း အမြဲသတိ ပေးနေခဲ့သည်။

ချီချန်းရန်နှင့် လက်ထပ်ခြင်းသည် ဖခင်ဖြစ်သူနှင့် အစ်ကိုများမှ သူမအတွက် အလွန်ကောင်းမွန်သော အိမ်ထောင်ဖက်ကို ရွေးချယ်ပေးခဲ့ကြောင်း လုလီသိထားခဲ့သည်။ မူလက ဤအိမ်ထောင်ရေးသည် ၎င်းတို့စိတ်ကြိုက် စီစဉ်ပေးထားသော အိမ်ထောင်တစ်ခု ဖြစ်သော်လည်း သူ့အား လေးစားခဲ့ကြသည်။ ဤသည်မှာ အကျိုးစီးပွားအတွက်သာ ဖြစ်ခဲ့ပါလျှင် သူ့အား ဟောင်ကောင်ရှိ အခြားချမ်းသာကြွယ်ဝသော သူဌေးတစ်ဦးနှင့် လက်ထပ်ဖို့ တွန်းအားပေးခဲ့မည်ဖြစ်သည်။

ချီချန်းရန်သည် လုလီအား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း ထိုကောလာဟလများကို တွေးကာ သူ့မျက်လုံးများတွင် အေးစက်သော အငွေ့အသက်များလွှမ်းခြုံလို့နေသည်။

ချီချန်းရန် စိတ်တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားလိုက်ရင်း ခေါင်းငုံ့ကာ လုလီအား ညင်သာစွာချော့လိုက်သည်-

"စိတ်ပေါ့သွားတဲ့အထိ ငိုချလိုက်..ဒီကိစ္စကို ကိုယ် ကိုင်တွယ်ပြီး ဖြေရှင်းပေးမယ်”

မကြာခင် ရှန့်ကျင် Group ၏ တရားဝင် Weibo မှ ထုတ်ပြန်ချက် ထွက်ပေါ်လာသည်။

“မစ်ပိုင် ခံစားနေရတဲ့ မမြင်နိုင်တဲ့ ဖိနှိပ်မှုဟာ ရှန့်ကျင်နဲ့ ဘာမှ သက်ဆိုင်မှုမရှိကြောင်း ပြောချင်ပါတယ်၊ ရှန့်ကျင် Group အနေနဲ့ မစ်ပိုင်လို အသေးအဖွဲ့ ဒီဇိုင်နာတစ်ယောက်ကို ဖိနှိပ်ဖို့မလိုအပ်သလို ဒီအတွက်လည်း အချိန်အားလပ်မနေပါဘူး၊ သက်ဆိုင်ရာဌာနတွေနဲ့ လူမှုအဖွဲ့အစည်း အသီးသီးရဲ့ကြီးကြပ်မှုရှိပါတယ်၊ ကျွန်တော်တို့ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး၊ Hot search စာရင်းတွေကို ဖယ်ရှားရတာကတော့ ဥက္ကဋ္ဌဇနီးအ ပေါ် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောဆိုနေကြတဲ့ ကောလဟလတွေကြောင့်သာဖြစ်ပါတယ်'

အောက်တွင် ဥပဒေနှင့်ပတ်သတ်သော စာတစ်စောင်ပါရှိပြီး ထိုအထဲအတွင်း လုလီအား စွပ်စွဲပြောဆိုခဲ့သူ အားလုံး၏ အမည်စာရင်းပါဝင်နေသည်။

'ဒီထဲမှာ နာမည်ပါတဲ့သူတွေ သတ်မှတ်ကာလအတွင်း မဒမ်ကို လူသိရှင်ကြား တောင်းပန်ပေးဖို့ ပြောချင်ပါတယ်၊ ဒီလိုမှ မဟုတ်ရင် ရှန့်ကျင်ရဲ့ ဥပဒေရေးရာဌာနမှ ကောလာဟလဖြစ်အောင် ဖန်တီးခဲ့မှုအတွက် တရားဥပဒေကြောင်းအရတာဝန်ခံမှုကို ရက်အကန့်အသတ်မရှိ ထိထိရောက်ရောက် အရေးယူသွားပါမယ်”

ထိုတုံ့ပြန်ချက်သည် လူအများကို အတော်လေးတုန်လှုပ်သွားစေခဲ့သည်။

'ရှန့်ကျင်မှ ထုတ်ပြန်စာ' ဟူသော အကြောင်းအရာသည် Hot search ပေါ်ရောက်ရှိလာခဲ့သည်။

ပိုင်ရှန့်ယင်အား အစားထိုးခဲ့သော Variey Show တစ်ခုမှလည်း ထုတ်ပြန်လာသည်။

‘လက်တလောဖြစ်ပေါ်နေတဲ့ မစ်ပိုင်ရဲ့ပုံရိပ်ကြောင့် ကျွန်တော်တို့ ပရိုဂရမ်အဖွဲ့သားတွေရဲ့ ထည့်သွင်းစဉ်းစားချက်တွေနဲ့အတူ ဒီ Showအပေါ် ရင်းနှီးမြုပ်နှံသူတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် မစ်ပိုင်ကို Variety Show ကနေ ထုတ်ပယ်ရခြင်းဖြစ်ပါတယ်၊ ကျွန်တော် ဒါကို စာချုပ်ထဲက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ အားလုံးပဲ အကျိုးအ ကြောင်း ဆီလျော်အောင် သုံးသပ်နိုင်ဖို့ မျှော်လင့်ပါတယ်”

ပိုင်ရှန့်ယင်၏ပုံရိပ်ဆိုးများသည် လူအများ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေပြီဖြစ်၍ ပရိုဂရမ်အဖွဲ့မှ မတတ်နိုင်ပဲ အစားထိုးရခြင်းဖြစ်ကြောင်းနှင့် ကြာပန်းဖြူကဲ့သို့ ပြုမူပြီး 'မမြင်ရသောဖိအား' ဟုကြွေးကြော်ကာ ဟန်ဆောင်မနေသင့်ကြောင်း ထိုထုတ်ပြန်ချက်တွင်ဖော်ပြနေသည်။

ရှန့်ကျင်၏ထုတ်ပြန်ချက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အားလုံး တိတ်ဆိတ်သွားကြသည်။

ဤလောက်နှင့်ပြီးဆုံးပြီဟု ထင်နေကြချိန်မှာပဲ Lu Estate မှ နောက်ထပ် ဥပဒေရေးရာ စာတစ်စောင်ကို ဗုံးကြဲလိုက်သကဲ့လို ထုတ်ပြန်လာသည်။

ရှန့်ကျင်၏ 'သတ်မှတ်ကာလအတွင်း လုလီကို လူသိရှင်ကြား တောင်းပန်ရန်' ဟူသော ခြိမ်းခြောက်စာနှင့်မတူဘဲ Lu Estate ၏ထုတ်ပြန်ချက်တွင် “ကောလဟာလ ဖြန့်ဝေသူတိုင်းကို တရားရုံးမှ ဆင့်ခေါ်မယ်” ဟု ရိုးရှင်းပြီး အေးစက်သည့် စကားများပါဝင်လာသည်။

ထိုထုတ်ပြန်ချက်ကို မြင်ရသောအခါ လူတိုင်းလက်ထဲရှိ ဖရဲ သီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

Sh*t.....

All Chapters