Little Princess (2)
Vol. 9 Ch. 142
ရှန့်ကျင်သည် အချိန်အတိုင်းအတာတစ်ခုအတွင်း တောင်းပန်ရန်ထုတ်ပြန်ထားသော်လည်း လုမိသားစုကမူ တောင်းပန်ခြင်းကိုလက်ခံမည်မဟုတ်ပဲ တိုက်ရိုက်တရားစွဲရန်သာ ဆင့်ခေါ်မည်ဟု ပါရှိသည်။
ဆိုလိုသည်မှာ တရားခွင်သို့ ရောက်ရှိခဲ့ပါက အချိန်နှင့်ငွေကြေးနှစ်မျိုးလုံးလိုအပ်သည်။ ဤသည်ကို ရှောင်လွှဲချင်လျှင် ရှန့်ကျင်၌တရားဝင်တောင်းပန်ရန်လိုအပ်သည်။ ထိုသို့မလုပ်လိုလျှင် လု Group နှင့်ထိပ်တိုက်တွေ့ဆုံပြီး ငွေကြေးဆုံးရှုံးမှုလည်း ရှိလာမည်ဖြစ်သည်။ လု Group ၏တုံ့ပြန်မှုမှာ ကြောက်ခမန်းလိလိဖြစ်သည်။
လုလီ၏ကြမ်းတမ်းသော မိသားစုနှင့်ယှဉ်လိုက်ပါက သူ့လောင်ကုန်းကပင် အနည်းငယ် သက်ညှာပေးနေပုံပေါ်သည်။
နှစ်ဖက်သော ရှေ့နေများ၏ထုတ်ပြန်ချက်ကို ကြည့်ပါက သူဌေးသမီးလေးလုလီသည် အလွန်စိတ်ဆိုးနေပုံရပြီး လောင်ကုန်းဖြစ်သူနှင့်မိသားစုမှ သူမဒေါသပြေလျော့အောင် ပံ့ပိုးပေး သကဲ့သို့ ဖြစ်နေသည်။ လုမိသားစုဘက်မှ ထုတ်ပြန်လာသူမှာ လုဟမ်ရုန် သို့မဟုတ် သားနှစ်ယောက်ထဲမှ တစ်ယောက် ယောက်ဖြစ်နေလေသလား ကိုတော့မသိရချေ။ လုဟမ်ရုန်သည် ဘုတ်အဖွဲ့ဥက္ကဌဖြစ်နေဆဲဖြစ်ပြီး သမီးဖြစ်သူအား အကာအကွယ်ပေးနေသလို ဝေဖန်မှုများကိုလည်း ဘယ်တော့မှငြိမ်ခံနေမည် မဟုတ်ပေ။
လူတိုင်းအတွေးနယ်ချဲ့နေကြစဉ် အွန်လိုင်းပေါ်ရှိ စျေးကွက်ရှာဖွေရေး အကောင့်တစ်ခုမှ ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။
အကြောင်းမှာ လွန်ခဲ့သော ဆယ်မိနစ်က လုလီ၏အစ်ကိုဖြစ်သူ ' လုချမ့် 'သည် ဓာတ်ပုံတစ်ပုံကို လူသိရှင်ကြား မျှဝေခဲ့သည်။ လုလီ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်ကျောင်းဆင်း ဘွဲ့ယူဓာတ်ပုံများဖြစ်ပြီး ဓါတ်ပုံသုံးပုံကို တစ်ပုံတည်းဖြစ်အောင်ပေါင်းစပ်ထားခြင်းဖြစ်သည်။
လုချမ့် ကိုယ်တိုင်လည်း ညီမဖြစ်သူ၏ပွဲများသို့ တက်ရောက်ခဲ့ပြီး ဓာတ်ပုံတိုင်းတွင် ပါဝင်နေသည်။
အသုံးပြုသူ 'လုချမ့် ' သည် ဓာတ်ပုံအောက်တွင် စာသားအချို့ ရေးသားခဲ့သည်- 'ကျွန်တော်တို့ မိသားစုရဲ့မင်းသမီးလေး’
…
Holy sh*t....!!! လုလီအစ်ကိုက အကြည်ဓာတ်လေးပဲ၊ ငါအရင်က ဒါကို ဘာလို့မသိခဲ့တာလဲ?
သူ့အစ်ကိုက လုလီရဲ့ပွဲတိုင်းကို လိုက်ပေးတယ်၊OMG...အရမ်းမိုက်တယ်။
လုလီရေ...မင်း ယောင်းမ ခေါ်စရာမရှိသေးဘူး မဟုတ်လား?
အစ်ကိုဖြစ်သူ၏ချောမောလွန်းသောရုပ်ရည်ကြောင့် ပရိသတ်များ၏အာရုံသည် တဖြည်းဖြည်းလမ်းကြောင်းလွဲလာခဲ့သည်။ အကြောင်းအရာများသည် တစ်ခုပြီးတစ်ခု၊ တစ်လှမ်းချင်းလှမ်းလာပြီး ဦးတည်ချက်မှာ ပိုမိုရှင်းလင်းလာသည်။
ရှန့်ကျင်၏လုပ်ဆောင်ချက်များသည် အလွန်ထိရောက်ခဲ့ပြီး ရိုက်ချက်တစ်ခုတည်းနှင့် လူတိုင်း၏ ပါးစပ်ကို ပိတ်ဆို့လိုက်နိုင်သည်။ အကြောင်းအရာအားလုံးနှင့် ဆက်စပ်ကောလဟလများ အစဖျောက်ခံလိုက်ရပြီး 'မမြင်ရသော ဖိနှိပ်မှု' နှင့်ပတ် သက်ပြီး လှုံဆော်အားပေးခဲ့သူများသည် ၎င်း၏အကျိုးဆက်များကို ကြုံတွေ့နေကြသည်။
သူဌေးသမီးလေး လုလီသည် အမှန်တကယ်ပင်ကံကောင်းသူဖြစ်သည်။ သူမအား နောက်ကွယ်မှ ပံ့ပိုးနေကြသော ဖခင်ဖြစ်သူနှင့် အစ်ကိုနှစ်ယောက်ပါ ရှိနေသည့်အပြင်လောင်ကုန်းဖြစ်သူလည်းရှိနေသည်။ ထိုကြာပန်းဖြူဟုအမည်ခံထားရသူ နှင့် အနေအထားမှာ မိုးနှင့်မြေလို ကွာခြားလွန်းလှပြီး နှိုင်းယှဥ်လို့ပင် မရနိုင်ပေ။
လု Group ၏ထုတ်ပြန်ချက်တွင် ပါရှိသော တရားရုံးသို့ ဆင့်ခေါ်ခံရမည့် သူအများစုသည် လုလီအား 'မြင်းပိန်' ဟု သမုတ်ခဲ့ကြသော မှတ်ချက်ပေးသူများဖြစ်ကြောင်း စောင့်ကြည်သူ များမှတွေ့ရှိခဲ့သည်။
လုဟမ်ရုန်သည် ကွာရှင်းပြီးလေးနှစ်အကြာတွင် လုလီ၏မိခင်ဖြစ်သူ ရှုဟွေ့ရှန့် နှင့်လက်ထပ်ခဲ့သည်။ ၎င်းတို့ နှစ်ယောက်ကြားက အသက်ကွာဟချက်ကြီးမားသည်။ ရှုဟွေ့ရှန့် သည် ဖျော်ဖြေရေးနယ်ပယ်မှလည်း ဖြစ်သည်၊ သို့သော် လူများက ထိုလမ်းကြောင်းကို လိုက်မမှီသင့်ပေ။ ဤသည်မှာ ချမ်းသာ သောမိသားစုနှင့် လက်ထပ်သွားသော မင်းသမီးတစ်ယောက် ၏ရိုးရှင်းသော ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ အကယ်၍ သူမသာ လုဟမ်ရုန်နှင့်ပထမအိမ်ထောင်ရေးကို အမှန်တကယ် ဖျက်ဆီးခဲ့သည်ဆိုပါက လုချမ့်သည် အဖေတူ၊ အမေကွဲ ညီမဖြစ်သူ၏ကျောင်းဆင်းပွဲနှင့် ကျောင်းကပွဲသို့လိုက်ပါခဲ့မည်မဟုတ်ပေ။
ထို့အပြင် အားလုံးပြောဆိုနေကြသလို သူ့အား ပြုစုပျိုးထောင်ရခြင်း၏ရည်ရွယ်ချက်မှာ အိမ်ထောင်ရေးအတွက် အရောင်း အဝယ်လုပ်ရန်သာဖြစ်ခဲ့ပါလျှင် နာမည်ပျက် အမွေဆက်ခံသူ သူဌေးကြီးတစ်ယောက်နှင့်လက်ထပ်ပေးလိုက်လျှင် အဓိပ္ပာယ် ရှိမည်မဟုတ်ပါလား? ချီချန်းရန်ကဲ့သို့ ဥစ္စာပေါ ၊ ရုပ်ချော အရှုပ်အရှင်းကင်းသည့် သူဌေးသားနှင့်လက်ထပ်ခြင်းသည် လုဟမ်ရုန်၏သမီးအတွက် အကောင်းဆုံးလက်တွဲဖော်ကိုရွေး ချယ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ပိုင်ရှန့်ယင်၏ Weibo ပို့စ်ကို ဖျက်ချပစ်လိုက်ပြီဖြစ်သည်။ ပို့စ်အားလုံးကိုဖျက်ပစ်ရုံတင်မက ပရိုဖိုင်ကိုပါ အနက်ရောင် ပြောင်းလဲထားသည်။ သူ့ပရိသတ်များ အမှုအ ခင်းနှင့်ကြုံတွေ့နေရချိန်တွင် ပိုင်ရှန့်ယင် မျက်ကွယ်ပြုကာ ကိုယ်လွတ်ရုန်းထွက်သွားသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။
တစ်ဖက်တွင် လုလီသည် လုချမ့်၏ပို့စ်အတွက်အံ့ဩနေသည်။
သူ ချီချန်းရန်ကို လှမ်းကြည့်ကာ ရှုပ်ထွေးစွာမေးလိုက်သည်။
"ကောကို ပို့စ်တင်ဖို့ ရှင်ပြောလိုက်တာလား ?"
လုလီ အနေဖြင့် ဓာတ်ပုံကိုလက်ခံနိုင်သော်လည်း 'မင်းသမီးလေး' ဟူသော စကားလုံးက သူ့အား ကသိကအောက်ဖြစ်စေသည်။
အကြောင်းမှာ ကြမ်းတမ်းပြီး အေးစက်သော လုချမ့်သည် သူမအားအမြဲတစေ ဆူပူကြိမ်းမောင်းပြီး ဘဏ်ကတ်များကို ပစ်ထုတ်ပေးသည်ကလွဲရင် အခြားမည်သည့်အပြုအမူမှ ထုတ်မပြတတ်ပေ။ သို့ဖြစ်ရာ အစ်ကိုဖြစ်သူထံမှ ထိုစကား ထွက်လာသည်ကို သူမ လက်မခံနိုင်ဖြစ်နေသည်။ ချီချန်းရန်သည် လုလီ၏ကျောင်းဆင်းဓာတ်ပုံများကို ကြည့်ပြီး လုလီ ငယ်ရွယ်ခဲ့စဥ်က အချိန်များကိုလွမ်းဆွတ်နေချိန် လုလီ၏မေးခွန်းကို ကြားသောအခါခေါင်းယမ်းပြသည်။
သူ လုလီကို ပြန်မေးလိုက်သည်။
"ကိုယ် ခိုင်းရင်တောင် သူ လုပ်မယ်လို့ထင်လား ?”
လုလီ သက်ပြင်းချရင်း မည်သည့်အဖြေမှပြန်မပေးခဲ့ပေ။ ဟုတ်သားပဲ...ငါ့ကောနဲ့ချီချန်းရန်က မရင်းနှီးဘူးလေ၊ ဒီတော့ ချီချန်းရန်ပြောတာကို သူ ဘာလို့နားထောင်ရမှာလဲ ?
လုလီ ချီချန်းရန်ပေါ် လှဲချလိုက်ပြီး ရှန့်ကျင်၏ရှင်းလင်းပြတ် သားသော ထုတ်ပြန်ချက်ကို စဉ်းစားနေမိသည်။
“ဥပဒေ ဆန့်ကျင်တာ မကောင်းမှန်းသိပါတယ်”
"ဒါပေမယ့် ကျွန်မ ပိုင်ရှန့်ယင်ကိုအရမ်းမုန်းတယ်၊ သူ့ကို မျက် စိရှေ့မှာ ဘယ်တော့မှ ပေါ်မလာအောင် အာဖရိကဘက်ကို ပို့ပစ်ချင်တယ်”
"သူ ဘာလို့ တိတ်တိတ်လေးမနေနိုင်ရတာလဲ? ချီချန်းရန်ကို မပိုင်ဆိုင်ရတာနဲ့ပဲ နင့်ကို အငြိုးတကြီးနဲ့မုန်းတီးနေတာ မဟုတ်လား?"
ချောင်ကျာယိ သူ့ကို WeChat တွင် ပြောခဲ့သည့်စကားကို မှတ် မိနေသည်။ ပိုင်ရှန့်ယင်၏ မနာလိုမှုများသည် သူ့အားစိတ်ထဲတွင် ပြိုင်ဘက်လိုသဘောထားနေခြင်းဖြစ်သည်။
ဇနီးရှိနေပါလျက်နှင့် ထိုကဲ့သို့သော အချစ်ဦးကို မည်သူတစ်ဦးတစ်ယောက်က လက်လွှတ်ချင်မည်နည်း? အထူးသဖြင့် သူ့ကိုယ်သူ သာမန်မိန်းမတစ်ယောက်ကဲ့သို့ ဇွတ်ဖြူစင်ပြနေသော စင်ဒရဲလားလေးသည် သူ့စိတ်ဝေဒနာကို ကုစားနိုင်ခဲ့ခြင်းမရှိချေ။
ပိုင်ရှန့်ယင် အပြုအမူများသည် လူတစ်ယောက်၏နောက်ဆုံးသည်းခံနိုင်စွမ်းကို ထိပါးခဲ့သည်။ တရားဥပဒေနှင့်အညီအုပ် ချုပ်နေသော ယနေ့လူအဖွဲ့အစည်းတွင် သူ့ကို မည်သူမှ ဖိနင်းလို့မရနိုင်ဟု သေချာနေပုံရသည်။
သူ့ ပရိသတ်များနှင့် ရေတပ်များသည် ကောလာဟလ ဖြန့်ဝေမှုအတွက် တရားရုံးမတက်ရဖို့အရေး တောင်းပန်သည့်နည်းလမ်းကို ရွေးချယ်ရန် လိုလားနေကြသည်။ သို့သော် ပိုင်ရှန့်ယင် ကိုယ်တိုင်ကမူ လုလီအမည်ကို တိုက်ရိုက်မဖော်ပြပဲ ပရိသတ်များကို လုလီအား တိုက်ခိုက်ရန်လမ်းညွှန်ခဲ့သူဖြစ်ပါလျှက်နှင့် ယခုအချိန်တွင် သူ့ပရိသတ်များ တရားစွဲခံရသော အခါ သူ့ Weibo ကို ရှင်းလင်းကာရှောင်ထွက်သွားခဲ့သည်။
YING အမှတ်တံဆိပ် အရောင်းဆိုင်များကို ဖွင့်ထားဆဲဖြစ်ပြီး လကုန်တွင် ကျင်းပမည့် သူ့ဖက်ရှင်ရှိုးများကိုပင် မဖျက်သိမ်းသေးပေ။
ထိုအဖြစ်အပျက်ကြောင့် သူ၏ကျော်ကြားမှုကိုပင်မြှင့်တင်ပေးသကဲ့သို့ ဖြစ်သွားပြီး ယခုအချိန်တွင် သည် YING အမှတ်တံဆိပ်၏ ဒီဇိုင်နာဖြစ်သူ ပိုင်ရှန့်ယင်ကို မသိသူ မရှိကြတော့ချေ။
ဖျော်ဖြေရေးနယ်ပယ်ထဲမှ စကားနှင့်ပြောရမည်ဆိုလျှင် - “မကောင်းတဲ့ဂုဏ်သတင်းနဲ့ နာမည်ကြီးလည်း ကျော်ကြားတာက ကျော်ကြားတာပဲလေ” မုန်တိုင်းပြီး လေငြိမ်သွားရင် ဒီကိစ္စကို ဘယ်သူမှ မှတ်မိတော့မှာမဟုတ်ဘူး။
ချီချန်းရန်သည် လုလီအားပွေ့ဖက်ထားရင်း စကားမပြောသော် လည်း သူ့မျက်လုံးများထဲ အတွေးများနက်ရှိုင်းစွာ ဝင်ရောက်နေသည်မှာ ပေါ်လွင်နေသည်။
လုလီ သမ်းဝေလိုက်သည်။
…
လကုန်ပိုင်းတွင် 'The Last Boy' သည် မှတ်ချက်ကောင်းများရခဲ့ပြီး ရုတ်တရက် ထုတ်လွှင့်လာခဲ့သည်။ လုလီသည် သတင်းကို အချိန်နှင့်အမျှ စောင့်ကြည့်နေသည်။
"ပိုင်ရှန့်ယင်ရဲ့ ခိုးကူးကိစ္စ..." ဟူသော ခေါင်းစီး Hot Search တက်လာခဲ့သည်။