← Chapters

Plagiarism

Vol. 9 Ch. 143

Plagiarism

Vol. 9 Ch. 143

ဖက်ရှင်လောကတွင် ကိုယ်ပိုင်ဒီဇိုင်း ထုတ်နိုင်ခြင်းသည် ဒီဇိုင်နာတိုင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။

အမှန်စင်စစ် ဖက်ရှင်လောကတွင် ခိုးကူးပြဿနာများရှိနေ သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ ကမ္ဘာ့အကြီးဆုံး FMCG ဖက်ရှင် အမှတ်တံဆိပ်နှစ်ခုပင်လျှင် ခိုးကူးကာ နာမည်ကျော်ကြားလာခဲ့သည်။ ၎င်းတို့၏ နှစ်စဉ်ဘတ်ဂျက်တွင် တရားစွဲဆိုမှု ဒဏ်ကြေးအတွက် ရန်ပုံငွေများပင် ချန်ထားလေ့ရှိသည်ဟု ဆိုကြသည်။

ပြည်တွင်းဈေးကွက်ကို ကြည့်လျှင် အွန်လိုင်းဆိုင်များရှိ လူကြိုက်များသော အဝတ်အစားသစ်များ၏ ဒီဇိုင်းများသည် ကမ္ဘာကျော် အမှတ်တံဆိပ်ကြီးများ၏ အရိပ်အယောင်များကို အနည်းနှင့်အများ တုပထားကြောင်း တွေ့နိုင်သည်။ အလွတ်တန်း ဒီဇိုင်နာများသည် ၎င်းတို့၏ ကိုယ်ပိုင်ဖန်တီးမှုနှင့် အရည် အချင်းကို ပေါင်းစပ်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပထမတန်းစား အမှတ်တံဆိပ်များနှင့် ဈေးနှုန်းချိန်ခွင်တူ သတ်မှတ်ကာ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာခဲ့သည်။

ပိုင်ရှန့်ယင်၏ ခိုးကူးပြဿနာသည် မီဒီယာများတွင် ဟိုးလေးတ ကျော် ပျံနှံသွားကာ များစွာသော အမျိုးသမီးသရုပ်ဆောင်များ ထိတ်လန့်သွားကြသည်။ မကြာသေးမီက သရုပ်ဆောင်အများအပြားသည် "YINN" အမှတ်တံဆိပ်မှ ဒီဇိုင်းများကို အထူးနှစ်သက်ကြပုံရပြီး မကြာခဏ ဝတ်ဆင်လာကြသည်။ ယခုမူ ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစား၊ ဖိနပ်နှင့် အိတ်များမှာ ခိုးကူးဒီဇိုင်းများ ဖြစ်နေကြောင်းဖော်ထုတ်ခံရသည့်အခါ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ကော်ပီဒီဇိုင်းများ ဝတ်ဆင်ထားသည်ဟု ပြိုင်ဘက်များထံမှ လှောင်ပြောင်ခြင်းကို အချိန်အတော်ကြာခံရနိုင်သည်။

သို့ဖြစ်ရာ ၎င်းတို့အတွက် ဤအချိန်တွင် အရေးကြီးဆုံးမှာ ဘူးတစ်လုံးဆောင် ၊ အိုတောင်မဆင်းရဲ ဆိုသကဲ့သို့ ငြင်းဆိုရန်သာ ဖြစ်လေသည်။ ၎င်းတို့၏ပရိသတ်များမှလည်း "ခိုးကူးတယ်လို့ ဘာကြောင့်ပြောနိုင်ရတာလဲ? သက်သေအထောက် အထား ရှိလား?"စသဖြင့် ကာကွယ်ပြောဆိုလာကြသည်။

သက်သေအထောက်အထား ရှိနေခဲ့သည်။

ပိုင်ရှန့်ယင်သည် နိုင်ငံတကာတွင် ကျော်ကြားသော ပထမတန်းစားအမှတ်တံဆိပ်များကို ခိုးကူးထားခြင်း မဟုတ်သောကြောင့် ရှာတွေ့ရှိရန် မလွယ်ကူပေ။ ပြင်သစ်နှင့် အီတလီတို့မှ အလွတ်တမ်းဒီဇိုင်နာ နှစ်ဦးသည် ၎င်းတို့နိုင်ငံများအတွင်း Brand များကိုဖန်တီးခဲ့ကြပြီး နာမည်ကြီးနေခဲ့သော်လည်း နိုင်ငံခြားတွင်မူ ၎င်းတို့၏ဆိုင်ခွဲအရေအတွက် နည်းပါးသည်။ သို့ဖြစ်ရာ ဖက် ရှင်ဒီဇိုင်နာနှင့် ရင်းနှီးကျွမ်းဝင်သူ မဟုတ်ပါလျှင် ၎င်းတို့ကို သိကြမည်မဟုတ်ပေ။

ဒီဇိုင်နာနှစ်ဦးသည် အင်တာနက်ပေါ်တွင် ကြေငြာချက် ထုတ်ပြန်လာခဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဒီဇိုင်းများကို တရုတ်ဒီဇိုင်နာတစ်ဦးမှ ကာလကြာရှည်စွာခိုးယူခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။ နိုင်ငံခြင်းမတူညီကြသဖြင့် တရားစွဲရန် အလွန်ခက်ခဲသော် လည်း တရားဥပဒေလမ်းကြောင်းဖြင့်ဖြေရှင်းခဲ့သည်။ နောက် ဆုံးတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုသည်မှာ ၎င်းတို့ဒီဇိုင်းများနှင့် "YING" မှထွက်ရှိထားသောဒီဇိုင်းများကိုအသေး စိတ် နှိုင်းယှဉ်ပုံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပိုင်ရှန့်ယင် ခိုးယူသည့်နည်းလမ်းမှာ အလွန်လိမ္မာပါးနပ်သည်။ အွန်လိုင်းဆိုင်များရှိ နာမည်ကြီးကြီးများ၏ ဒီဇိုင်းများကိုမူရင်း အတိုင်း ကူးချခြင်းမဟုတ်ပေ။

ထို့အပြင် အရာအားလုံးကို ကူးယူထားခြင်း မဟုတ်ပဲ ရာသီအလိုက် ဒီဇိုင်းများအနက် ဖန်တီးမှုအထွတ်အထိပ်နှင့် အရေးပါဆုံး အစိတ်အပိုင်းများကိုသာရွေးထုတ်ခဲ့သည်။ ဥပမာ သရဖူပေါ်က အတောက်ပဆုံးပုလဲကိုယူပြီး သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလိုက်သကဲ့သို့ ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ် YING အမှတ်တံဆိပ်ကို စတင်တည်ထောင်စဥ်ကတည်းက ထိုအ တိုင်းဖြစ်သည်။ ဒီဇိုင်နာနှစ်ဦး၏ တရားဝင်ဝဘ်ဆိုဒ်တွင် ရာသီတစ်ခုအတွက် ဒီဇိုင်းများ Update ထွက်လာသည်နှင့် နောက်ရာသီတွင် YING ၏ထုတ်ကုန်သစ်များပေါ်လာစမြဲဖြစ်သည်။

အမှန်မှာ ဤသည်ကို ဖော်ထုတ်ရန် ခဲယှဉ်းလှသည်။ တစ်စုံတစ် ယောက်မှ ထိုဒီဇိုင်းကို ရင်းနှီးသည်ဟု ထင်လျှင်ပင် တိုက်ဆိုင်မှုဟု ပြောလို့ရသော်လည်း သုံးရာသီဆက်တိုက် ထိုသို့ဖြစ်နေခြင်းက သူမ၏ဟာကွက်ကို ကွက်ကွက်ကွင်း ကွင်း ရှာတွေ့သွားသကဲ့သို့ဖြစ်သည်။

နှိုင်းယှဉ်ပုံများတွင် သက်သေခံအထောက်အထားများ ခိုင်လုံစွာ ပြသထားသောကြောင့် ငြင်းဆန်ရန် အသင့်ရှိနေသော အနုပညာရှင်များနှင့် ၎င်းတို့ပရိသတ်အားလုံး နှုတ်ပိတ်သွားကာ ယင်းအတွက် ဒေါသဖြင့် ဓားရှည်များကို ဆွဲထုတ်လာကြသည်။

သို့သော် ပိုင်ရှန့်ယင်၏Weiboမှာ ရှင်းလင်းနေပြီး ပရိုဖိုင်မှာလည်း အနက်ရောင် ဖြစ်နေတာကြောင့် ပရိသတ်များ၏ဒေါသမီးသည် သူ ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့သော 'I Am a Designer' ရုပ်သံအစီအစဉ်ဆီသို့ ဉီးတည်သွားကြသည်။ ပိုင်ရှန့်ယင်သည် ပြဿနာဖြစ်ပြီးနောက် အစီအစဉ်အချို့မှ ဖယ်ရှားခံရသော် လည်း 'နတ်သမီးငိုနေတယ်' ဟူသော ရှိုးမှ ကလစ်များကျန်ရှိနေသေးသည်။

[Fu*k.....သူခိုးမကို ဒိုင်လူကြီး ခန့်ထားတာလား ? ဘယ်လို အမှိုက်လဲ? အော့....]

[ပိုင်ရှန့်ယင်ကို ဒီဇိုင်နာလောကမှ ထုတ်ပယ်ပေးပါ]

[သူ့လို သူခိုးမက ဒီ Variety Show မှာပါဝင်ခဲ့တာ Show အတွက် အကြီးမားဆုံး အမည်းစက်ပဲ]

…

ပိုင်ရှန့်ယင်၏ ဒီဇိုင်နာပုံရိပ် ပြိုလဲသွားခဲ့ပြီး အရာအားလုံးသည် အတွင်းပိုင်းမှ ချို့ယွင်းနေသော ခလုတ်တစ်ခုကဲ့သို့ ပေါ်ထွက်လာကာ ပြဿနာများ ပိုပိုများလာခဲ့သည်။

[နင့်ကိုယ်နင် တစ်လောကလုံးကို အပိုင်စားရသလို နင့်ကောက် ကျစ်မှုတွေကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား? ဇွတ်ဖြူစင်ပြတာနဲ့ပဲ နတ်သမီးဖြစ်သွားရောလား? ပညာသင်ဆုနဲ့ အချိန်ပိုင်းအလုပ်ကရတဲ့ဝင်ငွေနဲ့ နိုင်ငံရပ်ခြား ကျောင်းတက်ခဲ့ရတယ်ဆိုတဲ့စကားကို ငါတို့ကိုယုံခိုင်းနေတာလား? နင်အထက် တန်းကျောင်းတက်ကတည်းက ချမ်းသာတဲ့ သူဌေးသားတွေနဲ့ ပတ်သက်ခဲ့တယ်ဆိုတာကို X ကျောင်းက လူတိုင်းသိကြတယ်၊ နင်နိုင်ငံခြားသွားတယ်ဆိုတာလည်း သူဌေးကြီးနှစ်ယောက်ရဲ့ စပွန်ဆာနဲ့သွားခဲ့မှန်း ငါတို့ သတင်းရထားပြီးပြီ]

[ သူက X ကျောင်းက Ms. X ရဲ့သားကိုလည်းလိုက်ဖူးသေးတာတဲ့နော်၊ ဒါပေမယ့် သူ့အကြံမအောင်မြင်ပဲ သားကို မြူစွယ်လို့မရတော့ အဖေဘက်လှည့်သွားတာ]

[အဲ့အဘိုးကြီးကြောင့်ပဲ သူ ဘွဲ့ရပြီးတာနဲ့ VOGUE ထဲ ချက် ချင်းဝင်နိုင်ခဲ့တာလေ၊ နာမည်လည်းကြီးလာရော အဲ့အဘိုးကြီးကို ချက်ချင်းပထုတ်လိုက်တော့တာပဲ]

[YING က တရုတ်ပြည်အခြေစိုက်စျေးချိုပြီး တောသားတွေကြိုက်တဲ့ အမှတ်တံဆိပ်ပဲ၊ တခြားနေရာတွေမှာ ဆိုင်ဖွင့်လို့မရဘူး၊ နိုင်ငံတကာ ကျောင်းသားတွေကိုလည်း လှည့်စားခဲ့တယ်။ သူ တရုတ်ပြည်ကိုရောက်တာနဲ့ သူ့ကိုယ်သူ ကြေငြာပစ္စည်းတစ်ခုလို အသုံးပြုပြီး ထုတ်ကုန်တွေရဲ့ဈေးနှုန်းတွေကို ဇိမ်ခံအမှတ်တံဆိပ်တွေလို မတန်တဆစျေးတင်ခဲ့တယ်၊ အခု သူ့ကို ဘယ်သူက မျက်နှာသာပေးဦးမှာလဲ ?]

[ရှိသေးတယ်၊ ဘွဲ့ယူတုန်းက သူဆုရခဲ့သေးတယ်လေ၊ အဲ့အ ကြောင်းကို ပြောလို့မပြီးတော့ဘူး၊ ဒီဆုတွေက ကျောင်းသားတွေကို နှစ်တိုင်းပေးနေကြ၊ နှစ်စဉ်ဆုရသူတွေမှ တစ်ပုံကြီး၊ သူ တစ်ယောက်ပဲ ဒီအကြောင်းကို နှစ်ပေါင်းများစွာထပ်ခါတလဲလဲပြောနေတာ]

All Chapters