← Chapters

Box Office (1)

Vol. 9 Ch. 144

Box Office (1)

Vol. 9 Ch. 144

Suhe Bay

ပိုင်ရှန့်ယင်၏ ခိုးကူးပြဿနာသတင်းအား လုလီ မြင်လိုက်ရသည်။ ကြာပန်းဖြူပုံရိပ်ပြိုလဲပျက်စီးသွားသည်ကို မြင်သော အခါ လုလီ ချီချန်းရန်ထံသို့သွားပြီး အဓိပ္ပာယ်ရှိသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ချီချန်းရန်သည် ကုမ္ပဏီသုံးလပတ်အစီရင်ခံစာကို iPad ဖြင့် ပြင်ဆင်နေစဉ် လုလီအကြည့်ကိုသတိပြုမိသဖြင့် လှည့်ကြည့်လိုက်သည်။ လုလီ နှုတ်ခမ်းစူထားသော်လည်း သူ့မျက်လုံးထဲရှိ ကျေနပ်အားရနေသော အကြည့်များကို မဖုံးကွယ်နိုင်ချေ။

"ကျွန်မတို့ ကျော်လွှားနိုင်ခဲ့ပြီ"

ချီချန်းရန်သည် ပိုင်ရှန့်ယင်၏ နောက်ခံဘဝဇာတ်ကြောင်း မှတဆင့် ဟာကွက်များကိုရှာဖွေခဲ့ပြီးပြင်းထန်စွာရိုက်ချခဲ့သည်။

သူသည် ဒီဇိုင်းအခိုးခံခဲ့ရသော ဒီဇိုင်နာနှစ်ယောက်၏ အမှုကိစ္စကို ကိုင်တွယ်ရန် နိုင်ငံခြားရှေ့နေနှစ်ယောက်ကိုပင် ငှားရမ်းပေးခဲ့ပြီး ၎င်းတို့ စိတ်ချလက်ချတရားစွဲနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ ချီချန်းရန်သည် သူ့အစီအစဥ်များကို ဖွင့်ပြောပြခြင်း မရှိသော်လည်း လုလီ သတင်းတွင် မြင်ပြီးဖြစ်သည်။ လုပ်ထုံး လုပ်နည်းနှင့် မလျော်ညီသောအမှုများ ပြုလုပ်မိပါလျှင်အကျိုး ဆက်ဟူသည် ရှိစမြဲဖြစ်သည်။ ယခုအခါ ဒီဇိုင်နာအယောင် ဆောင် ပိုင်ရှန့်ယင်၏ခိုးကူးပြဿနာသည် ဘူးပေါ်သလိုပေါ်ညလာခဲ့ပြီဖြစ်သည်။

အရည်အချင်းရှိသော ဒီဇိုင်နာအဖြစ်ကိုယ့်ကိုယ်ကိုကြွေးကြော် ခဲ့သော ပိုင်ရှန့်ယင်၏ အပြုအမူကို လုလီလှောင်ပြောင်ပြောဆိုခဲ့သည်။ ခိုးကူးကိစ္စဖြင့် ပါးရိုက်ခံခဲ့ရသည့်အပြင် ယခင် အတိတ်ဟောင်းများကိုပါ တူးဆွဖော်ထုတ်ခံလိုက်ရသည်။

မကြာခင် ‘I Am a Designer’ အစီအစဉ်၏ Weibo ပေါ်တွင် ပိုင်ရှန့်ယင်နှင့် ပတ်သက်သည့် ပို့စ်အားလုံးကို ဖယ်ရှားလိုက်ပြီး၊ လတ်တလော ရိုက်ကူးထားသည့် Variety Show များတွင်ပင် သူမ ပါဝင်သောအပိုင်းများ မမြင်တွေ့ရတော့သည်ကို ပါးနပ်သော ပရိသတ်များက သတိပြုမိသွားကြသည်။

ပိုင်ရှန့်ယင်သည် Rookie show တစ်ခုတွင် ကြယ်ပွင့်တစ်ယောက်အဖြစ် တက်ရောက်ရမည်ဖြစ်သော်လည်း လူအများ ၏လှောင်ရယ်မှုများကြောင့် ယင်းအစီအစဉ်သို့ တက်ရောက်တော့မည် မဟုတ်ကြောင်း ကြေညာထားသည်။

ယခုအခါ သူမ၏ ဒီဇိုင်းခိုးယူမှုများသည် ဆိုးရွားလှသည့် အဆင့်သို့ ရောက်ရှိလာပြီး ဖက်ရှင်လောကတွင် နေရာတစ်ခုပင် မကျန်တော့ပေ။ ပရိသတ်များသည် အလွန်ဒေါသထွက်နေကြပြီး နိုင်ငံကူးသွားလာနေထိုင်သူ ပိုင်ရှန့်ယင်အား တရုတ်ပြည်မှထွက်သွားရန် တောင်းဆိုနေကြသည်။ ဤနိုင်ငံတွင် ခိုးကူးဒီဇိုင်းများဖြင့် ငွေရှာခြင်းသည် မည်မျှ ရှက်ဖွယ်ကောင်းကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြ၏။

ချီချန်းရန်သည် လုလီ၏အတည်ပြုချက်ကို ရရှိပြီးနောက် လက်ထဲမှ iPad ကို ချကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ လုလီ မမြင်ချင်ယောင်ဆောင်လိုက်သော်လည်း သူမခန္ဓာကိုယ်က ရိုးသားစွာ ထိုအမျိုးသား၏ရင်ခွင်ထဲသို့ပြေးဝင်သွားသည်။

ချီချန်းရန်သည် သူမကျောပြင်တစ်လျှောက်ရှိ ပြန့်ကြဲနေသော အနက်ရောင်ဆံသားများကို လက်ဖြင့် ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။

"ရှင်ကို ဆုချတဲ့အနေနဲ့ ကျွန်မတို့ မနက်ဖြန် ရုပ်ရှင်သွားကြည့်ကြမယ်"

လုလီ ချီချန်းရန်၏ ရင်ဘတ်ထဲမှ မော့ကြည့်လာပြီး နှုတ်ခမ်းထောင့်ရှိ ပြုံးရိပ်ကို မဖုံးကွယ်နိုင်ပေ။ 'The Last Boy' ဇာတ် ကားသည် အဆင့်သတ်မှတ်ချက် ကောင်းမွန်နေပြီး ငွေကြေးဆုံးရှုံးမည် မဟုတ်ဟု သူမ ယုံကြည်ချက်ရှိနေသည်။

ချီချန်းရန် လုလီ၏မျက်လုံးများကို တည်တည့်စိုက်ကြည့်ပြီးနောက် ရုတ်တရက် လှဲချကာ အပေါ်မှ ဖိချလိုက်သည်။

“အင်း”

ချီချန်းရန် ခပ်တိုးတိုး တုံ့ပြန်ရင်း လည်ပင်းတစ်ဝိုက်ကို တရ စပ်နမ်းရှုံလိုက်သည်။ လုလီ အော်ဟစ်ပြီး ရုန်းထွက်ရန်ကြိုး စားလိုက်သည်။ သူ့ အကြံအစည်ကို သိသောအခါ လုလီ ချွေးစေးများပြန်လာပြီး အလိုမတူကြောင်း ဆန့်ကျင်သည့်အနေဖြင့် သူမခြေထောက်ကို မြှောက်ကာ ရုန်းကန်နေခဲ့သည်။

ချီချန်းရန်သည် လုလီခြေထောက်ကို ဆွဲကာ ချုပ်ထားလိုက်ပြီး ဖြေးညှင်းစွာ လှဲချကာ ဆက်နမ်းရန် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ လုလီ မျက်နှာလွှဲလိုက်သော်လည်း သူ၏အနမ်းများသည် သူမ မျက်နှာအနှံ့သို့ တရစပ် ကျရောက်လာခဲ့သည်။ သူမ နောက်ဆုံးအကြိမ်က သူ့အား စိတ်တိုင်းကျလုပ်ရန် ကတိပေးခဲ့သောကြောင့် ယခုတကြိမ်တွင် သူ အကာအ ကွယ်မဲ့ နည်းလမ်းကိုစတင်လာခဲ့သည်။

အကျိုးဆက်အနေဖြင့် သူမ ကလေးရလာမည်ကို အမြဲတမ်း စိုးရိမ်နေရပြီး ငိုယိုနေသော ကလေးတစ်ယောက်ကို မကြာခ ဏအိပ်မက်မက်လေ့ရှိသည်။

လုလီသည် ၎င်းတို့နှစ်ယောက်ကြားတွင် ကလေးတစ်ယောက်ရောက်လာမည့် မြင်ကွင်းကို မတွေးပဲမနေနိုင်ချေ။ သူမနှင့်ကလေးတစ်ပြိုင်နက် ငိုကြွေးနေချိန် ချီချန်းရန် မည်သူ့ကို အရင်ချော့မြူမည်နည်း?

ကလေးကို အရင်ချော့ရင်တော့ တွေ့မယ်ဟု စိတ်ထဲကခြိမ်း ခြောက်လိုက်သည်။

ချီချန်းရန်သည် သူမအား နောက်ဆုံးအချိန်ထိ ပွတ်သပ်နေခဲ့ပြီး ပြီးဆုံးသွားချိန်တွင် ၎င်းတို့ကြား ကြွင်းကျန်ရစ်သော အမှတ်အသားများကို ခပ်မြန်မြန် သန့်စင်လိုက်သည်။ ထို့ နောက် လုလီကို ရေချိုးခန်းသို့ပွေ့ချီသွားခဲ့သည်။

သို့သော် ရေချိုးခန်းထဲတွင်လည်း ထပ်ခါတလဲလဲ အဖိခံရပြီး ထွက်လာချိန်၌ လုလီ အားအင်များကုန်ခမ်းကာ ပျင်းရိသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ပျော့ခွေလျက် ခေါင်း အုံးကိုထိလိုက်သည်နှင့် အိပ်ပျော်သွားသည်။ ချီချန်းရန်သည် အိပ်ပျော်နေသော သူမမျက်နှာကို ခပ်ဖွဖွ နမ်းလိုက်၏။

နောက်တစ်နေ့တွင် ချီချန်းရန်သည် လုလီ၏ ရုပ်ရှင်ရုံသို့ ခေါ်ဆောင်ခြင်းခံရပြီး မိနစ်ကိုးဆယ်ကြာမြင့်သော ဇာတ်ကားကို အပြီးထိ ထိုင်ကြည့်ခဲ့ရသည်။

အမှန်စင်စစ် သူ့လက်ထဲတွင် မူရင်းဖိုင်ရှိနေပြီး အိမ်မှာပင် ကြည့်ရှုနိုင်ပါသော်လည်း၊ လုလီက ဇာတ် ကားအား ပံ့ပိုးပေးရန်အတွက် ရုပ်ရှင်ရုံသို့ တိုက်ရိုက်ခေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ရုပ်ရှင်ရုံထဲတွင် ရှိနေစဉ် လူအုပ်ထဲမှ မိန်းကလေး တော်တော်များများသည် ၎င်းတို့၏ သူငယ်ချင်းများထံ စိတ်လှုပ်ရှားစွာဖြင့် WeChat မက်ဆေ့များ ပေးပို့နေခဲ့ကြသည်။

လုလီသည် ချီချန်းရန်ကို တံတောင်ဆစ်ဖြင့် လှမ်းတွတ်လိုက်ပြီး

"ဘယ်လိုနေလဲ ?" ထို့နောက် လုလီ ရှင်းပြလာသည်။

"ကျွန်မတို့ အရင်က အစည်းအဝေးလုပ်ပြီး သုံးသပ်ကြည့်ခဲ့ကြတယ်။ ဒီရုပ်ရှင်အတွက် ကျွန်မတို့ ပစ်မှတ်ထားတဲ့ကြည့်ရှုသူက ရှင့်လို စီးပွားရေးသမားတော့ မဖြစ်သင့်ဘူး။"

ချီချန်းရန် ပြုံးပြီး လုလီလက်ကို ညင်သာစွာဆုပ်ကိုင်ကာ "ဇာတ်လမ်းက ကောင်းပါတယ်၊ ကိုယ် သဘောကျတယ်"

လုလီ : "တကယ်လား ?"

ချီချန်းရန် - "တကယ်၊ ကိုယ် ကျိန်ပြောရဲတယ်" ထိုမှသာ လုလီ သူ့စကားကို ယုံကြည်သွားခဲ့သည်။

အဆုံးမှာ ချီချန်းရန် အကဲဖြတ်မှုအား ငြင်းဆိုလိုက်ခြင်းသည် သူ့ဇနီးလေးအားငြင်းပယ်လိုက်ခြင်းပင်။ ချီချန်းရန်သည် လုလီအား ပြက်ရယ်ခြင်း မပြုဝံ့ပေ။

ချီချန်းရန် လုလီ လက်ကို သူ့လက်ဖဝါးထဲထည့်လျက် အနွေးဓာတ်ပေးလိုက်သည်။

"ပရိုဂျူဆာ တစ်ယောက်ဖြစ်လာတော့ ဘယ်လိုခံစားရလဲ?"

ရုပ်ရှင်အဆုံး နာမည်စာရင်း၌ သူမ ပါဝင်နေမှန်း လုလီသိသည်။ သူမ ပြုံးယောင်သန်းနေသော မျက်နှာဖြင့် ခေါင်းကိုအနည်းငယ် မော့ကာ ဖြေလိုက်သည်။

"သာမန်ပါပဲ..." နှိမ့်ချစွာပြောလိုက်သည်။

"ဘာမှမလုပ်ဘဲ နေရတာ ငြီးငွေ့တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေနဲ့ အချိန်ကုန်ဆုံးတော့ ပိုကောင်းတာပေါ့"

"ဘာပဲဖြစ်ဖြစ် နတ်သမီး ရင်းနှီးမြှုပ်နှံသူ ထက်စာရင်တော့ ဒါက အများကြီးပိုကောင်းသေးတယ်" ဟု ဆိုကာ ချီချန်းရန်ဘက် အကြည့်လွှဲလိုက်သည်။ ချီချန်းရန် ယခင်က ဤသည်ကို အကြံပေးခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားသည်။

ချီချန်းရန်သည် လုလီ၏အပြုအမူတိုင်းကို သဘောကျစွာဖြင့် ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။

All Chapters