← Chapters

Box Office (2)

Vol. 10 Ch. 145

Box Office (2)

Vol. 10 Ch. 145

'The Last Boy' ရုပ်ရှင်သည် ရုံတင်ရက် တတိယမြောက်နေ့တွင် ရုံတင်ဝင်ငွေ သန်း 100 ကျော်လွန်သွားကြောင်း တရား ဝင်ဘလော့ဂ်မှ ပိုစတာတစ်ခု ထုတ်ပြန်ခဲ့သည်။

စျေးကွက်စံနှုန်းနှင့်နှိုင်းယှဉ်လျှင် ထူးခြားသိသာသည့်အောင် မြင်မှုမျိုး မဟုတ်သော်လည်း၊ နာမည်ကြီး သရုပ်ဆောင်များနှင့် ရိုက်ကူးထားခြင်း မဟုတ်သော အနေအထားတွင် ဤရလဒ်မှာ သိသာထင်ရှားနေသည်။ဇာတ်လမ်းမှာ ခွေးသွေးဒရမ်မာ ဇာတ်လမ်းမျိုး မဟုတ်ဘဲ မိမိတို့ ချစ်မြတ်နိုးရာ ကျောင်းကို ကာကွယ်လိုသည့် လူငယ်တစ်စု၏ စိတ်ဓာတ် ပြင်းပြမှုကို ဖော်ကျူးထားသည့် ပေါ့ပေါ့ပေါ့ပါး လူငယ်ဇာတ်ကားတစ်ကားသာဖြစ်သည်။ 'The Last Boy’ရုပ်ရှင်ကို ကြည့်ရှုပြီး ပရိသတ်အများစုသည် လူမှုကွန်ရက်ပေါ်တွင် မျက်ခြေမပြတ် ဆွေးနွေးနေကြသည်။ သန်း 100 ကျော်လွန်သွားပြီးနောက် ရုံတင်ရက်ကို တိုးမြှင့်ခဲ့ပြီး ရုံတင်ဝင်ငွေမှာလည်း မြင့်သထက် မြင့်လာခဲ့သည်။ သရုပ်ဆောင်များနှင့် ဒါရိုက်တာ၏ Weibo စာမျက်နှာများလည်း မထင်မှတ်ထားသောနှုန်းဖြင့် အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ရုပ်ရှင်ရိုက်ကွင်း တည်ခဲ့သော အနောက်ပြည်နယ်ရှိ မြို့ငယ်လေးသည်လည်း နာမည်ကြီးလာပြီးနောက် ခရီးသွားဧည့်သည်များ အဆက်မပြတ် လာရောက်လည်ပတ်နေကြသည်။ ရုံတင်ဝင်ငွေသည် သန်း 200 မှသည် သန်း 300၊ သန်း 500ထိ တဖြည်းဖြည်း ခုန်တက်လာသည်။

လုလီသည် သန်း 100 မျှသာ ခန့်မှန်းထားသဖြင့် ရလဒ်များကို ကြည့်ပြီး ကျေနပ်အားရစွာဖြင့် အိပ်ယာထဲတွင် ရယ်မောနေခဲ့သည်။ ယခုဆိုလျှင် ရုံတင်ဝင်ငွေသည် သူ မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ကျော်လွန်နေပြီ ဖြစ်သည်။

လုလီသည် အစပိုင်းတွင် ၎င်းကို ဂရုမစိုက်သော်လည်း ဒုတိယအကြိမ် ရုံတင်ပြီးနောက်ပိုင်း လူသိများလာခဲ့ပြီး ဇာတ်ကား ထုတ်လုပ်သူများ စာရင်းတွင် လူလီ၏အမည်ကိုတချို့ကဖော်ဘပြလာကြသည်။

လုလီ...?

လုလီကို လူတိုင်းသိသွားကြပြီလား ? ဟုတ်ပါတယ်၊ လုလီကို လူတိုင်းသိနေကြပြီ ဖြစ်သည်။

ရုပ်ရှင်ပွဲထွက်ပြီးနောက် ဒါရိုက်တာသည် movie channels တွေ့ဆုံမေးမြန်းခံရစဉ် အကြောင်းအရာများစွာ ဖွင့်ဟခဲ့သည်။ ထိုတွေ့ဆုံခန်းတွင် သူသည် အထူးသဖြင့် လုလီအားကျေးဇူး တင်ကြောင်းဖော်ပြခဲ့ပြီး မျက်ရည်များပင်ကျနေခဲ့သည်။

"မစ်လု မရှိခဲ့ရင် ကျွန်တော်တို့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး၊ အစကတည်းက ကျွန်တော့်ကိုယုံယုံကြည်ကြည်နဲ့ ရင်းနှီးမြှုပ်နှံပေးတဲ့အတွက်ရော ဇာတ်ကားတစ်ခုလုံးကို ကျွန်တော့်စိတ်တိုင်းကျ ဖန်တီးခွင့်ပေးခဲ့ပြီး ပရိသတ်ရှေ့ချပြခွင့်ရခဲ့အတွက်ရော မစ်လုကိုကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်"

ထို့နောက် ဓါတ်ပုံအချို့လည်း ထုတ်ပြန်ခဲ့သည်။ အနောက်ပိုင်းပြည်နယ်၌ ရိုက်ကူးနေစဉ် လုလီ လာရောက်လည်ပတ်ခဲ့သည့်အချိန်က ရိုက်ကူးထားသောဓာတ်ပုံများဖြစ်သည်။ လုလီသည် မော်နီတာ နောက်တွင် ထိုင်ကာ ဇာတ်ကားအခြေအနေကို အလေးအနက် ကြည့်ရှုနေသည်။ လုလီ၏ပုံရိပ်သည် ရုတ်တ ရက် ပိုတန်ဖိုးမြင့်လာခဲ့သည်။ ထိုအမျိုးသမီးကို တနေ့ ၊ တနေ့ စားလိုက်၊ သောက်လိုက် စျေးဝယ်ထွက်လိုက်နဲ့ အချိန်ဖြုန်းနေသည်ဟု မည်သူပြောခဲ့သနည်း ?

သူ့လုပ်ငန်းများကို တိတ်တဆိတ်လည်ပတ်နေခဲ့ပြီး နာမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ ဤသည်မှာ အမှန်ပင် ရှားပါးလှသည်။ ထို့နောက် အမည်မဖော်လိုသူ တစ်ဦးမှ လျှို့ဝှက်သတင်း ထုတ်ဖော်လိုက်သည်။ ချီချန်းရန်သည် လုလီပျော်ရွှင်စေရန် ရင်းနှီးမြှုပ်နှံပေးခဲ့ခြင်းဖြစ်ပြီး၊ ငွေပမာ ဏမည်မျှပင်ကုန်ကျပါစေ ဇနီးသည်ပျော်ရွှင်လျှင် လုံလောက်ကြောင်း ကတိပြုခဲ့သည်ဟုဆိုသည်။ ချီချန်းရန်သည် လုလီအား အိမ်တွင် တန်ခိုးကြီးသော ဘုရားတစ်ဆူကဲ့သို့ ကိုးကွယ်ထားပုံရသည်။

လူအများသည် ၎င်းကိုယုံကြည်ခဲ့ကြပြီး အချို့ပရိသတ်များ သည် လုလီ၏ရုံတင်ဝင်ငွေနှင့် ချီချန်းရန် ပိုင်ဆိုင်မှုများကို နှိုင်းယှဉ်ခဲ့ကြသည်။ ပိုက်ဆံအနည်းငယ်ရှာပြပြီး အိမ်မှာ ဥက္ကဌကြီးကို အနိုင်ယူနိုင်သည့်ဇနီးဖြစ်နိုင်သည်။

အိုး... ချိုလိုက်တာ!

ဝူး... ဝူး... (မျက်ရည်နှစ်စက်..)

သူတို့အချိုတွေက တကယ်ပဲ မကုန်နိုင်ဘူး!

အမည်မဖော်လိုသူ၏ ထုတ်ဖော်ပြောဆိုချက်နှင့်အတူ Cp Fan များ ဝမ်းသာမျက်ရည်ကျနေသည်ကို လုလီ မြင်လိုက်ရသည်။

“...”

ဤသည်ကို မည်သူက စတင်ဖော်ထုတ်ခဲ့သနည်း?

ရုံတင်ဝင်ငွေ၏သုံးပုံတစ်ပုံခန့်မှာ ရင်းနှီးမြှုပ်နှံသူနှင့်ထုတ်လုပ် သူထံ ရောက်နိုင်ဖွယ်ရှိသည်။

လုလီနှင့်စာရင်းကိုင်သည် ၎င်းတို့၏ဝေစုကို တွက်ချက်ကြည့်သောအခါ ပြောဖွယ်ရာမရှိလောက်ဟု ဆိုနိုင်သော်ငြားလည်း ၎င်းတို့ မျက်နှာပေါ်ရှိအပြုံးကိုမူ ဖုံးကွယ်၍ မရခဲ့ချေ။ အမှန်အားဖြင့် ချီချန်းရန်အတွက်ဖြစ်စေ၊ လုလီအတွက်ဖြစ်စေ ထိုပိုက်ဆံများသည် ပြောပလောက်အောင် များပြားမနေပေမယ့် လုလီအတွက်မူ အဓိပ္ပါယ်ပြည့်ဝနေဆဲပင်။

လုလီ အကောင့်ကို စစ်ဆေးပြီးနောက် WeChat သို့သွားကာ 'လုရှောင်းလီ' ဟူသော We Chat နာမည်ကို ကြည့်ပြီး စိတ် ပျက်လက်ပျက်ဖြစ်သွားသည်။ သူသည် လောင်ကုန်းရှေ့တွင် လူရှေ့သူရှေ့ထွက်နေသကဲ့သို့ ဂုဏ်သိက္ခာရှိရန်မလိုအပ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောဖူးသော်လည်း ယခုအခါတွင် ဤအမည်ပြောင်သည် ယခု သူမနှင့် မထိုက်တန်ကြောင်းခံစားရသည်။

သူမ WeChat ဖြင့် ချီချန်းရန်ဆီသို့ ချက်ချင်းဖုန်းခေါ်လိုက်သည်။

[လောင်ကုန်း၊ ကျွန်မ WeChat နာမည် ပြောင်းချင်တယ်]

[လု Fupo ဒါမှမဟုတ် လုယီယွမ် ဘယ်ဟာပိုကောင်းလဲ?]

(Fupo - ကြွယ်ဝချမ်းသာသော အမျိုးသမီး၊ ယီယွမ် - စိတ်ကူးအိပ်မက် / ရည်မှန်းချက်)

All Chapters